ကျောထောက် နောက်ခံရှိ၍ ဥပဒေချိုးဖောက်မှု ဆက်တိုက်ကျူးလွန်တာလားဟု ရာဇာမင်းယာဉ်လိုင်းအပေါ် မေးခွန်းထုတ်လာ

24-b

ကြယ်စင်လင်း

ရန်ကုန်-မော်လမြိုင်သို့ ပြေးဆွဲမည့် ရာဇာမင်းကားအဝေးပြေးယာဉ်လိုင်းသည် အဝေးပြေးဂိတ်များသို့ ပညာပေး ကာလ ယာဉ်ကြံခိုင်မှုများ စစ်ဆေးမည်ဟုသတိပေးထားသည့်အချိန် မေလ(၂၀)ရက်နေ့ ညနေပိုင်းက သတ်မှတ် လိုင်စင်မပါရှိဘဲ စည်းကမ်းဖောက်ဖျက်ကာ ပြေးဆွဲနေမှုအပေါ် လှည်းကူးမြို့နယ် အမှတ်(၃) အမြန်လမ်း ရဲတပ်ဖွဲ့စခန်းရှေှ့၌ စစ်ဆေး တွေ့ရှိခဲ့သည်။

အဆိုပါ အဝေးပြေးကားသည် လုပ်ငန်းလိုင်စင်မကျသေးဘဲ လုပ်ထားဆဲဖြစ်ကြောင်းနှင့် ဝှီးတက်မပါရှိဘဲ စပယ်ယာ လိုင်စင်အတုများနှင့် ပြေးဆွဲလာသည့်အတွက် သတ်မှတ်လိုင်စင်ပါရှိသည့်ယာဉ်နှင့်ပြောင်း လဲ ပြေးဆွဲစေခဲ့ကြောင်းကိုလည်း သိရှိရသည်။

 “လိုင်စင်မပါရင် မောင်းခွင့်မှမရှိတာ။ တရားစွဲမှာ။ ယာဉ်မောင်းလိုင်စင်ဝှီးတက်မရှိရင် မောင်းလို့မရဘူး။ လိုင်စင်မရတဲ့ကားလမ်းပေါ်ပြေးဆွဲခွင့်ကိုမရှိဘူး။ အန္တရာယ်ရှိတာ မဟုတ်ပေမဲ့ ပြေးဆွဲခွင့်ကိုမရှိ တာ။ တွေ့ရင် တရားစွဲမှာ။ ပြစ်ဒဏ်ကိုတရားရုံးက ဆုံးဖြတ်လိမ့်မယ်။’’ဟုက.ည.န မှ ညွန်ကြားရေးမှူးချုပ် ဦးကျော်အေးလွင် က ပြောသည်။

လိုင်စင်အတုပြုလုပ်မှုအတွက်လည်း က.ည.န မှ ဥပဒေနှင့်အညီ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း လှည်းကူး မြို့နယ်၊ အမှတ်(၃)အမြန်လမ်း ရဲတပ်ဖွဲ့၊ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ယာဉ်ကြံခိုင်မှု စစ်ဆေးရေးအဖွဲ့မှ သိရှိရသည်။

ရာဇာမင်းကိစ္စနှင့်ပတ်သက်၍ အဆိုပါယာဉ်လိုင်းမှာ အထက်လူကြီးကျောထောက်နောက်ခံရှိနိုင်သဖြင့် ယခုကဲ့သို့စစ်ဆေးမည်ဟု သတိပေးထားသည့်ကြားက ဥပဒေ ချိုးဖောက် ခြင်းဖြစ်နိုင်ကြောင်း၊ လက်ရှိမှာ ပညာပေးကာလဖြစ်သည့်အတွက် အရေးမယူပဲလွှတ်ပေးခဲ့ခြင်းဖြစ်သည်ဟု ယာဉ်ကြံခိုင်မှုစစ်ဆေးရေး အဖွဲ့မှ တာဝန်ရှိသူအချို့က ဆိုသည်။

“အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းတစ်ခုလုပ်တဲ့အခါ ပြည်သူလူထူရဲ့သွားလာမှု အဆင်ပြေအောင် လုပ်သလိုပြည်သူလုထူရဲ့ ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်မရှိဖို့လည်း တာဝန်ရှိတယ်။ အဲဒီမှာယာဉ်နဲ့ ပတ်သက်တာရှိတယ်။လူနဲ့ပတ်သက် တဲ့အချက်တွေရှိတယ် ။ဒါတွေတော့ တိတိ ကျကျလိုက်နာဖို့ ကောင်းတယ်’’ ဟု ရန်ကုန်တိုင်းဒေသကြီးမော်တော်ယာဉ် လုပ်ငန်းပေါင်းစုံထိန်း သိမ်းရေး နှင့်ကြီးကြပ်မှု ဗဟို ကော်မတီဥက္ကဌ ဦးလှအောင်ကပြောသည်။

ရန်ကုန်-နေပြည်တော် ယာဉ်မတော်တဆမှုကြောင့် ယာဉ်လိုင်းပိတ်သိမ်းခဲ့ရသည့် ရာဇာမင်းယာဉ်မောင်း မှာ ရန်ကုန်မြို့တွင်း၌ ယာဉ်တိုက်မှုဖြစ်ကာလူသေ၍ လိုင်စင် ၃နှစ် ပိတ်ထားသူဖြစ်ပြီး မြို့တွင်းယာဉ်လိုင်း များကို ၎င်းအားမခန့်အပ်ရန် စာထုတ်ခံထားရသူတစ်ဦးဖြစ်သည်ဟ ုမထသဗဟိုအတွင်းရေးမှူးမှ မထသ လပါတ်အစည်းအဝေး၌ ပြောကြားထားသည်။

ပြီးခဲ့သည့် မေလ ၁၂ရက်နေ့ ညနေ ၆နာရီ၄၅ မိနစ် ရန်ကုန်-နေပြည်တော်သို့ပြေးဆွဲမည့် ရာဇာမင်းကားသည် လည်း နေပြည်တော်မှရန်ကုန်သို့မောင်းနှင်လာစဉ် ရန်ကုန်မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၁၉၇/၆အား တိုက်မိပြီး ဝက်လက်မီးရထားကုန်းကျော်တံတားထိပ်ကို ထပ်မံတိုက်မိ၍ တံတားအောက်သို့ကျသွားခြင်းကြောင့် ခရီးသည် (၄၆)ဦးအနက် ၁၄ဦးပွဲချင်းပြီး သေဆုံးခဲ့ ကာ၂၆ဦးဒဏ် ရာပြင်းထန်စွာ ရရှိခဲ့သေးသည်။

အဆိုပါယာဉ်လိုင်းမှာ ကားအစီးရေ ၂၀ ဝန်းကျင်ရှိကြောင်း လက်ရှိရန်ကုန်-မော်လမြိုင်ပြေးဆွဲ သည့် မော်တော် ယာဉ်မှ ကျပ်သိန်းပေါင်းနှစ်ထောင်ကျော်တန်ကြေးရှိသည်ဟု အဆိုပါကားယာဉ်မောင်း က ဆိုသည်။

ထို့ပြင် ၂၀၁၃ ခုနှစ်ဇွန်လပိုင်းကလည်း မွန်ပြည်နယ်၊သထုံမြို့နယ်တောင်စွန်းကျေးရွာအနီး ရန်ကုန် -မော်လမြိုင်  ကားမိုင်တိုင်အမှတ်၁၅၄/၄-၅ အကြား ဘုရားကုန်းကွေ့၌  လက်နက်ကိုင် (၅)ဦးမှ ခရီးသည်များထံမှ ရွှေ၊ငွေ၊ ပစ္စည်းစုစုပေါင်း ၄၈သိန်းကျော်ယူဆောင်သွားပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့မှုကြောင့် သေဆုံးမှုဖြစ်ပေါ်ခဲ့သေးသည်။

1749  Views
Previous: ဆရာတော်ဆိုတေးရိုဖာမောသည် ကျန်းမာရေးမကောင်းသောကြောင့် ဆရာတော့်တာဝန်မှ အနားယူတော်မူ
Next: နဝဒေးတံတားအောက်၌ အကြမ်းဖက်ခံရမှုနှင့်ပတ်သက်၍ ပြည်မြို့ခံတို့ ဆန္ဒထုတ်ဖော်