HIV ဝေဒနာဖြင့် သေဆုံးသူများအတွက် ဘာသာကြီးလေးခုမှ ပြည်မြို့၌ ဆုတောင်းပွဲပြုလုပ်

28-b

သီဟလွင်

မေလ(၂၃)ရက်၊ ပြည်။

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်မြို့တွင် မေလ(၂၂)ရက်နေ့ ညပိုင်းတွင် မြန်မာနိုင်ငံတဝှမ်းလုံး တွင် သေဆုံးသွားသော HIV ဝေဒနာရှင်များအတွက် ရည်စူး၍ ဘာသာကြီးလေးခုမှ စုပေါင်း၍ ဆုတောင်းပွဲတစ်ခုပြုလုပ်ခဲ့သည်။

အဆိုပါ ဆုတောင်းပွဲကို သေဆုံးသွားသော HIV ဝေဒနာရှင်များအတွက် အောက်မေ့သတိရခြင်း၊ HIV (AIDS) နှင့် သက်ဆိုင်သော လုပ်ငန်းများတွင်လုထုများပူးပေါင်းပါဝင်လာရန်နှင့် အဆိုပါလုပ်ငန်းများ သည် လူတိုင်းနှင့် သက်ဆိုင်ကြောင်း သိရှိလိုသည့်ရည်ရွယ်ချက်ဖြင့်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

HIVဝေဒနာရှင်တွေဟာ ခုချိန်ထိခွဲခြားဆက်ဆံခံနေရတုန်းပဲ ဥပမာ HIVဝေဒနာရှင်တွေဆိုရင် အလှူတွေ မှာ မလာခိုင်းတာမျိုး၊ HIV ရှိမှန်းသိရင် အလုပ်ရှင်တွေက အလုပ်ထုတ်ပစ်လိုက်တာမျိုးတွေ ဟာ မြန်မာနိုင် ငံမှာ ရှိနေတုန်းပဲ၊ သူတို့ကို ခွဲခြားဆက်ဆံနေတာ ရပ်တန်းကရပ်ကြဖို့လိုပါတယ်။ဟု ဆုတောင်းပွဲအား စီစဉ်သူ မြန်မာနိုင်ငံ HIV နှင့်နေထိုင်သူများအသင်း ပြည်ရုံးခွဲ ပရောဂျက် မန်နေဂျာ ဦးထင်လင်းဦး ကပြောသည်။

အဆိုပါ ဆုတောင်းပွဲအား ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလမ်ဘာသာနှင့်ဟိန္ဒူဘာသာ တို့၏ ဘာသာရေးခေါင်းဆောင်များမှ ဦးဆောင်ကာ သေဆုံသွားသော HIVဝေဒနာရှင်များအတွက် ရည်စူး၍ ဝတ်ပြုဆုတောင်းခြင်း၊ ငြိမ်သက်ခြင်း၊ဆီမီးထွန်းကာ ဧရာဝတီမြစ်အတွင်းသို့ မျှောခြင်းများပြုလုပ်ခဲ့သည်။

ကျွန်တော်က အစ္စလမ်ဘာသာဝင်တစ်ယေက်အနေနဲ့ လူမျိုးတိုင်းမှာရှိကြတဲ့ သေဆုံးသွားတဲ့ HIV ဝေဒနာရှင်တွေအတွက် ထိုက်တန်တဲ့နေရာတွေရှိကြစေဖို့ ဆုတောင်းပေးခဲ့တယ်။ အဲဒီလိုပွဲ မျိုးတွေလည်း မကြာခဏပြုလုပ်သင့်တယ်လို့ထင်တယ်။ ဒါမှလူတွေကျယ်ကျယ်ပြန့်ပြန့်သိလာကြမှာ။ဟု မြန်မာနိုင်ငံလုံး ဆိုင်ရာမြန်မာ-မွတ်ဆလင်လူငယ် ဘာသာရေးအဖွဲ့ ပဲခူးတိုင်း ဥက္ကဌ ဦးခင်မောင်မြင့် ကပြောသည်။

အဆိုပါ ဆုတောင်းပွဲများကို မကွေး၊ မိထ္ထိလာ၊ မော်လမြိုင်မြို့များတွင် မြန်မာနိုင်ငံ HIV နှင့် နေထိုင်သူများ အသင်းအနေဖြင့် ထပ်မံ၍ ပြုလုပ်သွားမည်ဖြစ်ပြီး ထားဝယ်နှင့်ပြည်မြို့များ၌ပြုလုပ်ခဲ့ပြီးဖြစ်သည်။

မြန်မာနိုင်ငံတွင် HIV ကူးစက်ခံနေရသူ နှစ်သိန်းကျော်ခန့်ရှိသည်ဟု ခန့်မှန်းထားပြီး ARTဆေးဝါး ရရှိရန် လိုအပ်သူ တစ်သိန်းနှစ်သောင်းကျော်ခန့်ရှိပြီး ခုနှစ်သောင်းဝန်းကျင်သာ ARTဆေးဝါးရရှိပြီး ငါးသောင်း ကျော်မှာ ဆေးဝါးမရရှိသေးကြောင်း ကုလသမဂ္ဂ အေအိုင်ဒီအက်စ်အစီအစဉ် (UN AIDS) မှ ခန့်မှန်းတွက်ချက်ထားသော စာရင်းဇယားများ၌ ဖော်ပြထားကြောင်း မြန်မာနိုင်ငံ HIV နှင့် နေထိုင်သူ များအသင်းမှ သိရှိရသည်။

1552  Views
Previous: လူများကို တိုက်မိမည်စိုး၍ ဓါတ်တိုင်ကို ဝင်တိုက်လိုက်ရသည့်ယာဉ်တိုက်မှု လှည်းတန်း၌ ဖြစ်ပွား
Next: မြန်မာနိုင်ငံသို့ ကက်သလစ်သာသနာရောက်ရှိခြင်း နှစ်(၅၀၀) ဂျူဗလီအတွက် စာမူဖိတ်ခေါ်ခြင်း