တရုတ်ကွန်မြူနစ်အစိုးရက ပရောတက်စတန့်ခရစ်ယာန်ဂိုဏ်းကွဲဘုရားကျောင်းတစ်ခုကို ဖြိုလဲဖျက်ဆီး

bii

          တရုတ်ကွန်မြူနစ်အစိုးရက ပရောတက်စတန့်ခရစ်ယာန်ဂိုဏ်းကွဲဘုရားကျောင်းတစ်ခုကို ဖြိုလဲဖျက်ဆီးလိုက်သည်။ ၎င်းဘုရားကျောင်းသည် တရုတ်နိုင်ငံ ဝဲန်ဇူးမြို့တွင် တည်ဆောက်ထားသော ပရောတက်စတန့် ဆန်ဂျိုင်းဘုရားကျောင်းဖြစ်ပြီး ဘုရားကျောင်း၏ဂေါပကများနှင့်အာဏာပိုင်အကြားတွင်တည်ဆောက် ပုံဒီဇိုင်းနှင့် စပ်လျဉ်းပြီး သဘောထားကွဲလွဲခဲ့သောကျောင်းဖြစ်သည်။ လွန်ခဲ့သော ဧပြီလလယ်မှစတင်ပြီး ဘုရားကျောင်း၏ ခေါင်းလောင်စင်ပတ်လည်တွင်တည်ဆောက် ထားသော လက်ဝါးကားတိုင် (၁၄) ခုကို အစိုးရက ဖြုတ်ပစ်ခိုင်းသည်ဟု ဒေသခံများထံမှ ကြားသိရသည်။ အမည်မဖော်လိုသူက “ဒီမနက်ကနေစပြီးဒီဘုရားကျောင်းကို သွားရတဲ့ လမ်းကို ရဲက ပိတ်လိုက်ပါပြီ။ လက်နက်ကိုင်ရဲအများကြီးကိုလည်း ဒီမြို့ထဲမှာ အစိုးရကဖြန့်ကျက်ထားနေပါပြီ”ဟုပြောသည်။နောက်ဆုံးရရှိထားသော သတင်းများအရ၊ ရဲများသည် ဘုရားကျောင်း၏ အကြီးအကဲဖြစ်သူ ၅ဦးနှင့် လာရောက်ကန့်ကွက်ကြသူ ရာနဲ့ချီတဲ့ဘာသာဝင်များကို ဖမ်းဆီးလိုက်ပြီဟု ကြားသိရသည်။ ထိုကဲ့သို့ ရဲများက ဘုရားကျောင်းကို လာရောက်မဖျက်ဆီးခင် တစ်ပတ်အလိုတွင်လူ ၃၀၀၀ ကျော်က ၎င်းဘုရားကျောင်းကို မဖျက်ဆီးရန် အစိုးရအား ဆန္ဒပြတောင်းဆိုခဲ့ကြသည်။ ထိုကဲ့သို့ ဘုရားကျောင်းကြီး ဖြိုချခံရပြီးနောက် အစိုးရသည် ၎င်းပရောတက်စတန့် ခရစ်ယာန်ဘာသာဝင်များအား ဘေးနားရှိခြောက်ထပ် တိုက်၏လေးထပ်မြောက်တွင် ဘုရားရှိခိုး ရန်ပြောင်းရွှေ့ပေးလိုက်ကြောင်း သတင်းရရှိသည်။ ဆက်လက်ပြီး အစိုးရက ဤဘုရားကျောင်းဆောက်လုပ်ရန် အတွက် ထောက်ပံ့ခဲ့ကြသော စီးပွားရေးလုပ်ငန်းရှင် များကိုပါ အရေးယူရန် စတင်လုပ်ဆောင်နေသည်ဟု ကြားသိရသည်။ အစိုးရ၏ သဘောထားအရကမူ၊ ဤမြို့တွင်အလွန်ကြီးမားလှသော လက်ဝါးကားတိုင် စိုက်ထူ ထားခြင်းကို ဖျက်ဆီးရန်သာ လိုလားသည် ဟု သိရှိရသည်။ ထိုကဲ့သို့သော လက်ဝါးကားတိုင်များကို ပစ်မှတ်ထားခြင်းသည် မကြာခင်ကနိုင်ငံတကာ၏ အစီရင်ခံစာ တစ်ခုတွင် ““ခရစ်ယာန်ဘာသာတရားသည် တရုတ်နိုင်ငံ၏အကြီးမားဆုံးသော ဘာသာတရား အဖြစ်သို့ ရောက်ရှိလာတော့မည်” ဟု မှတ်ချက်ပြုပြောဆိုခဲ့ခြင်းအပေါ် အစိုးရက တုံ့ပြန်လိုက်ခြင်း ဖြစ်ပေသည်။ ၎င်းအစီရင်ခံစာကို နာမည်ကြီးသော Global Times သို့ ဘာသာရေးဆိုင်ရာ အကြီးအကဲဟောင်းဖြစ်သူ ရီရွင်းဝင်းက “ဒီအစီရင်ခံစာက ပုံကြီးခဲျ့တာပါ။ ဘယ်နှစ် ယောက်က ခရစ်ယာန်ဘာသာကို ယုံကြည်လို့လဲ” ဟု ပြန်လည်မေးခွန်းထုတ်လိုက်သည်။

                                                                                                                                                                                     ကုန်ဇမှုန်

1745  Views
Previous: ခွင့်လွှတ်ခြင်းတရားပါရမီ ကာတွန်း
Next: မန္တလေးဆရာတော်နီကော်လပ်စ်မန်းထန်အား တာဝန်လွှဲခြင်း ကျင်းပမည်