စေတမန်သီလရှင်များ၏ သင်္ကန်းပေးပွဲ

43-b

နှစ်စဉ်ကျင်းပလျက်ရှိသော စေတမန်အသင်းဂိုဏ်း၏ မွေးနေ့ပွဲတော်ကြီးကို ဖယ်ခုံဂိုဏ်းအုပ် ကက်သလစ်သာသနာရှိ မိုးဗြဲမြို့ စေတမန်ဗ[ိုတွင် ပထမသစ္စာနှင့် တသက်သစ္စာခံစစ္စတာရ်များ မေလ (၂၀) ရက် နံနက် (ရး၀၀) နာရီတွင် တောင်ကြီးဂိုဏ်းချုပ်ဆရာတော်ကြီး မာတီးယားဦးရွှေမှအမှူးပြုပြီး ဖယ်ခုံ ဂိုဏ်းအုပ်ဆရာတော် ပီတာလှနှင့် ရဟန်းတော် (၃၅) ပါးတို့ မစ္ဆားတရားတော်မြတ်တွင် ပါဝင်ပူဇော် ခဲ့ကြသည်။ တစ်နှစ်တာသစ္စာပြန်လည်ရွတ်ဆိုသောစေတမန်များလည်း စုပေါင်း၍ ၎င်းပွဲရက်ည(၆း၀၀) တွင် ဆရာတော်ကြီး မာတီးယားဦးရွှေနှင့် စေတမန် တာဝန်ခံဘုန်းတော်ကြီး ဂျိုးဇက်ကန့်တို့ဦးဆောင် ပြီး စေတမန်စေလွတ်ခြင်း အခမ်းအနားကို ကျင်းပခဲ့ကြသည်။

စေတမန်ဟောင်းများလည်း တစ်ရက်တာဝတ်စောင့်ခြင်းပြုလုပ်ပြီး ၎င်းင်းပွဲတော်ကြီး၏ မစ္ဆား တရားတော်မြတ်တွင်လည်း ပါဝင်ပူဇော်ခဲ့ကြသည်။ xိုပွဲတော်ကြီး၏အကြို (၁၉) ရက်နေ့ ည ဖျော်ဖြေရေးအစီအစဉ်တွင် နန်းကဲကျေးရွာမှ လူငယ်မောင်မယ်များ၏ သရုပ်ပြဇတ်အက၊ ဖယ်ခုံမြို့ပေါ် သံတာအားနာအသင်းမှ ခေတ်မှီကယန်းရိုးရာအက၊ စေတမန်စစ္စတာရ်များမှ ဆန်းပြားသော ဝိညဉ်တော် အကနှင့် ရပ်နီးရပ်ဝေးမှ ဧည့်သည်တော်များတို့လည်း ရိုးရာအကအမျိုးမျိုးဖြင့် တင်ဆက်ကပြခဲ့သည်။ ထို့အပြင် ပွဲတော်တွင်လာရောက်သော ဆရာမဘီတိုးရီယားက မိမိဘဝကို ဘုရားအတွက် အများအတွက် စွန့်လွတ်စွန့်စားရဲပြီး လှိုက်လှိုက်လှဲလှဲဆက်ကပ်ရဲတဲ့ စေတမန်နဲ့ စေတမန်စစ္စတာရ်များတို့ကို အရမ်းဂုယ်ယူလေးစားမိတယ်။ နောက်ပြီး ဒီပွဲတော်ကြီးဖြစ်မြောက်ဖို့အတွက် ဘာသာခြားညီအစ်ကိုများ လည်း ပါဝင်လျူဒါန်းတာရှိကြောင်း သိရတော့ အင်မတန်မှဝမ်းသာအားရမိကြောင်း”” လို့ပြောကြားခဲ့ သည်။ တဖန် စေတမန်ဟောင်း တစ်ဦးဖြစ်သော ဆရာမ ဘက်နဒဲတာမရှုပ်ကလည်း ရဟန်း ဘုန်းတော်ကြီးနေအိမ်မှစတင်ပြီး ပွဲရှင်စစ္စတာရ်တို့ရဲ့ မိဘများက မိမိတို့သိပ်ချစ်ရပါသော သမီးရတနာ စစ္စတာရ်များတို့ကို ဘုရားကျောင်းဆီသို့လိုက်ပို့စဉ် တွေ့မြင်ရတဲ့ကျမအဖို့ မျက်ရည်ကျလုမတတ်ဖြစ်ခဲ့ မိတယ်။  စေတမန် စစ္စတာရ်လူဦးရေ တိုးတက်လာတာတွေ့ရတော့ ဝမ်းသာမိတယ်။ စေတမန် စစ္စတာရ်ဖြစ်ချင်တဲ့စိတ်လည်း ဖြစ်ပေါ်မိတယ်။ ဆက်ကပ်စေတမန်ညီမငယ်များ တို့ကိုလည်း ဂုဏ်ယူမိတယ်”” လို့ပြောကြားခဲ့သည်။ ထိုပွဲတော်သို့ ဆရာတော် (၂) ပါးနှင့် ရဟန်း (၃၅) ပါး၊ ဧည့်သည် စစ္စတာရ် (၁၀) ပါး၊ ပွဲလာမိဘဆွေမျိုးများနှင့်ပရိတ်သတ်ပေါင်း (၁၅၀၀) ခန့် တက်ရောက်ခဲ့ကြပြီး ပွဲတော်ကြီးကို အောင်မြင်စွာ ကျင်းပခဲ့သည်။ Sr. Dominic Phan

1647  Views
Previous: အလှူငွေအကြောင်း
Next: ပေါင်းစည်းရန် ဝေးနေသေးသော်လည်း ၎င်းပန်းတိုင်သည် ရှင်သန်နေဆဲဖြစ်ကြောင်းဖြင့် ရဟန်းမင်းကြီးက အင်္ဂလီကန်သာသနာပိုင်ချုပ်အား မိန့်ကြားတော်မူ