မော်လမြိုင်ဆရာတော်ကြီး ရေမွန်ဖိုးရေအား မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ဒုတိယဥက္ကဌအဖြစ် ရွေးချယ်ခန့်အပ်

53-b

ဇူလိုင် (၁၁)၊ ရန်ကုန်။

မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်က မော်လမြိုင်ဆရာတော်ကြီး ရေမွန်ဖိုးရေအား  မြန်မာနိုင်ငံကက်သလစ်ဆရာတော် ကြီးများအဖွဲ့ချုပ်၏ ဒုတိယဥက္ကဌအဖြစ် ခန့်အပ်ရွေးချယ်လိုက်သည်ဟု သတင်းရရှိ သည်။ မြန်မာနိုင်ငံကက် သလစ်ဆရာတော်ကြီးများသည် မိမိတို့၏နှစ်ဝက်မျက်နှာစုံအစည်းအဝေးကို လွန်ခဲ့သော ဇွန်လ ၁၀-၁၃ ရက်နေ့အထိ ရန်ကုန်မြို့ ရှိမြန်မာနိုင်ငံကက်သလစ်ဆရာ တော်ကြီးများအဖွဲ့ချုပ်ရုံးတွင် ကျင်းပခဲ့စဉ် ၂၀၁၅ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ မြန်မာနိုင်ငံကက်သလစ်ဆရာတော် ကြီးများအဖွဲ့ကို ဦးဆောင်မည် ဒုတိယဥက္ကဌကို ထိုကဲ့သို့ ရွေးချယ်လိုက်ကြခြင်း ဖြစ်ပေသည်။ လက်ရှိဒုတိယဥက္ကဌကမူ ကလေးကက် သလစ်သာသနာမှ ကလေးဆရာ တော်ကြီး ဖေးလစ်လျန်ခဲန်းထန် ဖြစ်ပြီး သူ၏သက်တမ်းသည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် ကုန်ဆုံးမည် ဖြစ်သည်။

မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများသည် မိမိတို့ကို ဦးဆောင်နိုင်မည် ဆရာတော်တစ်ပါးအား မိမိတို့၏ဒုတိယဥက္ကဌအဖြစ် သုံးနှစ်လျှင်တစ်ကြိမ် မဲပေးရွေးချယ်တော်မူကြသည်။ ၎င်းသုံးနှစ်သက်တမ်း သည် နှစ်ကြိမ်ဆက်တိုက် ထမ်းဆောင်ခွင့်လည်း ရှိထားသည်။ ထို့ကြောင့် မြန်မာနိုင်ငံကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ်၏ဒုတိယဥက္ကဌများသည် များသောအား ဖြင့် သုံးနှစ်သက်တမ်းရှိ ဒုတိယဥက္ကဌ တာဝန်ကို နှစ်ကြိမ်ဆက်တိုက် ထမ်းဆောင်ခဲ့ကြရသည်။

ဆရာတော်ကြီး ရေမွန်ဖိုးရေသည် ၁၉၈၇ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင် ရန်ကုန်သာသနာပိုင် ဆရာတော်ကြီးမန်းတိုဟေး၏ လက်ထောက် ဆရာတော်အဖြစ် ဘိသိက်ပေးခြင်းကို ခံရသည်။ ထို့နောက် ၁၉၉၃ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင်မူ၊ ရဟန်းမင်းကြီး ဂျွန်ပေါလ် (၂) က မော်လမြိုင်သာသနာအဖြစ် ရန်ကုန်သာသနာမှ သီးသန့်ခွဲထုတ်တည်ထောင်လိုက်ပြီး ဆရာတော်ကြီး ရေမွန်ဖိုးရေ အား မော်လမြိုင် ဂိုဏ်းအုပ် ဆရာတော်အဖြစ် ခန့်အပ်ကာ ၁၉၉၃ ခုနှစ် မေလ ၂၇ တွင် မော်လမြိုင်သာသနာကို စတင်တရားဝင် ဦးဆောင်လာတော်မူသည်။ ၀၀၂ ကုန်ဇမှုန်း

1662  Views
Previous: ဗာတီကန်ဘဏ်အတွက် ဥက္ကဌအသစ်ကို ခန့်အပ်တော်မူ
Next: လွိုင်ကော်မြို့တွင် ရဟန်းဖြစ်တက္ကသိုလ် (သီအော်လိုဂျီ)ကို ဖွင့်လှစ်တော့မည်