ဗာတီကန်နိုင်ငံရဲ့ရွှေချောင်းတွေကို ဘယ်မှာစုဆောင်းထားသလဲ။

55-b

ရဟန်းမင်းကြီးရုံးတော်သည် ဗာတီကန်နိုင်ငံ၏ စာမျက်နှာ ၁၀၇ ပါသော ၂၀၁၃ ခုနှစ် ဗဟိုဘဏ်ငွေစာရင်းအစီရင်ခံစာကို ဇူလိုင်လ ၁၄ ရက်နေ့က ထုတ်ပြန်လိုက်သည်။ ၎င်းအစီရင်ခံစာအရ၊ ဗာတီနိုင်ငံဗဟိုဘဏ်သည် ၂၀၁၃ ခုနှစ်တွင် အမြတ်ငွေ အမေရိကန်ဒေါ်လာ သန်းထောင်ပေါင်း ၃.၉ ရရှိသည်ဟု ဖော်ပြထားသည်။

၎င်းအစီရင်ခံစာအရ ဗာတီကန်နိုင်ငံသည် အမေရိကန်ဗဟိုဘဏ်တွင် အမေရိကန်ဒေါ်လာ သန်းထောင်ပေါင်း တစ်သောင်းကျော် တန်ဖိုးရှိသော ရွှေချောင်းများနှင့်ရွှေပြားများကို အာမခံအဖြစ် စုဆောင်းထားပြီး လက်ရှိ၎င်းရွှေများ၏ တန်ဖိုးမှာ ကမ္ဘာ့ရွှေဈေး ကျဆင်းနေခြင်းကြောင့် ၂၀၁၂ ခုနှစ်တုန်းကထက် အမေရိကန်ဒေါ်လာ သန်းထောင်ပေါင်း ၂၈.၃ ကျော်ရှိသော်လည်း ၂၀၁၃ ခုနှစ်တွင်မူ အမေရိကန်ဒေါ်လာ သန်းထောင်ပေါင်း ၂၀ ကျော်ထိ ကျဆင်းသွားကြောင်းသတင်းထုတ်ပြန် ထားသည်။ ၎င်းဘဏ်တွင် အမေရိကန် ဒေါ်လာ သန်းထောင်ပေါင်း ၃.၂ ကို လူမှုရေးလုပ်ငန်းများလုပ်ဆောင်ရာ တွင် ထောက်ပံ့ရန်အတွက် သီးသန့်ထားရှိရာ သူတော်စင်များ၏ လုပ်ငန်းများကို ကူညီရန်နှင့် မစ္ဆားထောက်ပံ့ကြေးများကို ကူညီရန်အတွက် ဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင်  မစ္ဆားထောက်ပံ့ကြေး အတွက် အမေရိကန်ဒေါ်လာ ခြောက်သောင်းလောက်သာ အသုံးပြုခဲ့သည်။

ထို့အပြင် ဗာတီကန်ဘဏ်သည် ကုမ္ပဏီတစ်ခုအဖြစ် အီတလီနိုင်ငံတွင် မှတ်ပုံတင်ထားပြီး ၎င်းဘဏ်၏ပိုင်ဆိုင်မှုမှာ အမေရိကန်ဒေါ်လာ သန်းထောင်ပေါင်း ၂၁.၇ ရှိသည်။ ဗာတီကန်ဘဏ်သည် အမေရိကန်ဒေါ်လာ သန်းထောင်ပေါင်း ၂၅၀.၇ ကို ရင်းနှီးမြှပ်နှံထားပြီး ၉၉%သော ငွေကြေးကိုမူ ဥရောပရှိဘဏ်များ တွင် ထားရှိပြီး ၁%သော ငွေကြေးကိုမူ အမေရိကန်ဘဏ်တွင် စုဆောင်းထား ရှိကြောင်းဖြင့် ၎င်းအစီရင်ခံစာတွင် ဖော်ပြထားသည်။  ဂျိုးဇက်

1670  Views
Previous: လွိုင်ကော်မြို့တွင် ရဟန်းဖြစ်တက္ကသိုလ် (သီအော်လိုဂျီ)ကို ဖွင့်လှစ်တော့မည်
Next: အင်္ဂလီကန်အသင်းတော်က အမျိုးသမီးရဟန်းများအား ဆရာတော်ဖြစ်ပိုင်ခွင့် ပြုလိုက်ပြီ