ကချင်လူမျိုးကက်သလစ်ဆရာတော် (၃) ပါးက စစ်မှန်သောကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို တိုင်းရင်းသားများအားပေးရန် ကြေညာချက်တစ်စောင်ထုတ်ပြန်

63-bသြဂုတ်လ ၁၅ ရက်၊ ဗန်းမော်

ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင် တာဝန်ထမ်းဆောင်နေကြသော ကချင်လူမျိုးကက်သလစ်ခရစ် ယာန် ဆရာတော်များဖြစ်တော်မူကြသော ဆရာတော်သုံးပါး (မြစ်ကြီးနားဆရာတော် ဖရန်စစ်ဒေါတန်၊ ဗန်းမော်ဆရာတော် ရေမွန်ဆွမ်လုကမ်၊ လားရှိုးဆရာတော် ဖိလစ်ဇာဟောင်း)တို့က ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်ကို အဆုံးသတ်ကြပါရန် သြဂုတ်လ ၁၅ ရက်နေ့က ကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်သည်။ ဂလိုရီးယားသတင်းဂျာနယ်တိုက်သည် ၎င်းကြေညာချက်မိတ္တူကို ဆရာတော်ကြီး ရေမွန်ဆွမ်လုကမ်ထံမှ အီးမေးလ်ဖြင့် သြဂုတ်လ ၁၆ ရက်နေ့၊ ညနေ ၇ နာရီတွင်လက်ခံရရှိခဲ့သည်။

 

ဆရာတော်ကြီးများသည် ၎င်းကြေညာချက်ထဲတွင် အချက် (၄) ချက်ကို မီးမောင်းထိုး တောင်းဆိုထားပြီး ၎င်းအချက် (၄) ချက်များကမူ၊ (၁) တိုင်းပြည်ငြိမ်းချမ်းရေးသည် မြန်မာနိုင်ငံတွင် တကယ်ဖြစ်နိုင် ပါကြောင်း၊ တိုင်းရင်းသားများ၏ ဝိသေသ၊ ယဉ်ကျေးမှုနှင့် အရင်းအမြစ်များပေါင်းစည်းမှုကို အာမခံပေး မည့် စစ်မှန်သောဖက်ဒရယ်အုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးမှသာလျှင် ကချင်လူမျိုးနှင့်တခြား တိုင်းရင်းသား များ၏ အရေးကိစ္စကို ဖြေရှင်းနိုင်ဖြစ်ကြောင်း၊ (၂) တိုင်းရင်းသားများ၏ မိရိုးဖလာလယ်ယာမြေ ထုံးတမ်းဥပဒေကို လေးစားပေးရန်၊ ၂၀၁၂ ခုနှစ်က ထုတ်ပြန်လိုက်သော လယ်ယာမြေဥပဒေသည် တိုင်းရင်းသားများ၏ မိရိုးဖလာ လယ်ယာမြေကျင့်သုံးမှုကို ခြိမ်းခြောက်နေကြောင်း၊ လယ်ယာမြေကိစ္စ သည် တိုင်းပြည်၏အနာဂါတ်ငြိမ်းချမ်းရေးအတွက် အဓိကသော့ချက် ဖြစ်ကြောင်းဖြင့် မီးမောင်း ထိုး ပြတော်မူကြသည်။

 

ဆက်လက်ပြီး ဆရာတော်ကြီးများက၊ ““(၃) နှစ်ဖက်စလုံးက နိုင်ငံသားများ၏ အခြေခံလူ့အခွင့်အရေးများ ကို လေးစားကြရန်၊ ဒုက္ခသည်များ၏ လယ်မြေများကို သိမ်းယူသွားလိုသူများနှင့် ရွှေ့ပြောင်းခံသူများ၏မြေ ယာများကို ရယူလိုသူများ ရှိနေသည့်အတွက် မိမိတို့သည် လွန်စွာပင် စိတ်ပူပန်နေကြကြောင်း၊ လက်နက်ကိုင်ထားသူများအားလုံးအနေဖြင့် ဒေသခံများ ပြန်လာရေးအခွင့်အရေးကို လေးစားကြဖို့လိုအပ်ကြောင်း၊  မြေမြှပ်မိုင်းကို ဦးစွာရှင်းလင်းခြင်းသည် ဒုက္ခသည်များပြန်လာနိုင်ရေးအတွက် အဓိကလိုအပ် ချက်ဖြစ်ကြောင်း” ဖြင့် နိုင် ငံတော်အစိုးရနှင့် လက်နက်ကိုင်အဖွဲ့အစည်းများအား တောင်း ဆိုထားကြသည်။

 

နောက်ဆုံးအနေဖြင့်၊ ““(၄) စစ်ပွဲများက ပြည်သူများ၏ အသက်အိုးအိမ်နှင့် စားဝတ်နေရေးလုပ်ငန်းများကို ဖျက်ဆီးပစ်နေကြောင်း၊ များစွာ သော လူငယ်များသည် အသက်မွေးဝမ်းကျောင်းအခွင့်အလမ်း မရှိခြင်းကြောင်း အန္တရာယ်များသော အခြေအနေတွင် ရောက်ရှိနေကြကြောင်း၊ စစ်ပွဲများက လူကုန် ကူးမှုနှင့်မူးယစ်ဆေးဝါးများသုံးစွဲခြင်းတို့ကို ဖန်တီးပေးနေကြောင်း၊ နယ်စပ်ထိန်းချုပ်မှု အားနည်းခြင်းနှင့် တရား ဥပဒေစိုးမိုးမှုမရှိခြင်း တို့ကြောင့် လူဆိုးသူခိုးဓားမြများသည် ထင်ရာစိုင်း နေကြကြောင်း”” ဖြင့် ၎င်းကြေညာချက် တွင် ထည့်သွင်းဖော်ပြ ထားကြသည်။ ၀၁၁ ဂျိုးဇက်

1705  Views
Previous: ပထမဆုံးအကြိမ်ကက်သလစ်သီအော်လိုဂျီ (လိင်)ပိုင်းဆိုင်ရာဆွေးနွေးမည့်နေရာလိပ်စာပြောင်း
Next: တောင်ကိုးရီးယားဆရာတော်ကြီး ပီတာအူအီလ်ကန်းနှင့်တွေ့ဆုံမေးမြန်းခန်း