ကချင်ပြည်နယ်မှ ဦးဟင်နရီ ဖော်လား ဂမ်ဖန် (ဗန်းမော်) အား ဂလိုရီယာသတင်းဂျာနယ်၏ ၂၀၂၀ ခုနှစ်အတွက် ဂုဏ်ပြုထိုက်သူ Person of The Year 2020 in Myanmar အဖြစ် ကြေညာခြင်း

ဂလိုရီယာသတင်းဂျာနယ်၏ ၂၀၂၀ ခုနှစ်အတွက် ဂုဏ်ပြုထိုက်သူအဖြစ် မြစ်ကြီးနားကက်သလစ် ဂိုဏ်းအုပ်သာသနာ၊ ကချင်ပြည်နယ်မှ ဦးဟင်နရီ ဖော်လား ဂမ်ဖန် (ဗန်းမော်) အား ဂုဏ်ယူစွာနှင့်ဝမ်းသာစွာဖြင့် ရွေးချယ်ကြေညာ လိုက်ပါသည်။

 

ဦးဟင်နရီ ဖော်လား ဂမ်ဖန် (ဗန်းမော်) သည် နန်ဆန်ယန်ကျေးရွာမှ စစ်ဘေးရှောင်ပြည်သူများအား မိမိတို့၏ နန်ဆန်ရွာသို့ ပြန်လည်နေထိုင်ရန်အတွက် ကိုယ်ကျိုးစွန့်ပြီး ရဲရင့်သော သတ်္တိဖြင့် မေတ်္တာစေတနာ အနစ်နာခံပြီး မြန်မာ့တပ်မတော်နှင့်ကချင်လွတ်မြောက်ရေးလက်နက်ကိုင်အဖွဲ့ (ကေအိုင်အေ) တို့နှစ်ဖွဲ့အကြား ကြားဝင်ညှိုနှိုင်းပေးခဲ့မှုကြောင့် (၈) နှစ်အကြာတွင် နန်ဆန်ယန်ကျေးရွာမှ စစ်ဘေးရှောင် ပြည်သူများသည် မိမိတို့ဇာတိရွာသို့ ငြိမ်းချမ်းစွာနှင့်လုံခြုံစွာဖြင့် ပြန်လည်ရောက်ရှိလာကြပြီး ဖြစ်သည်။

 

ထို့ကြောင့် ဂလိုရီယာသတင်းဂျာနယ်၏ အယ်ဒီတာချုပ်က ဦးဟင်နရီ ဖော်လား ဂမ်ဖန် (ဗန်းမော်) အား ဂလိုရီယာသတင်းဂျာနယ်၏ ၂၀၂၀ ခုနှစ်အတွက် ဂုဏ်ပြုထိုက်သူအဖြစ် ရွေးချယ်ကြေညာလိုက်ခြင်း ဖြစ်ပါသည်။

 

 

With joy and pride, it is our great pleasure to announce that Mr. Henry Hpaula Kam Hpang (Banmaw), who is a pious Catholic Christian, is selected as Person of the Year 2020 by Board of Editors for Gloria News Journal for his tireless zeal and dedication amid deadly circumstances for an official return of war internal displaced persons (IDPs) to their original native land in (8) years.

 

He has successfully cemented an official, peaceful return and resettlement of IDPs, to their native village; known as Nam San Yang village in (8) years of running from their village, again, ensued by fighting between Myanmar military and Kachin Independents Army since 2000. He was awarded a certificate of congratulatory recognition for his efforts by Cardinal Charles Bo, Archbishop of Yangon and Apostolic Administrator of the Diocese of Myitkyina on 26 December 2020.

 

 

 

 

2156  Views
Previous: Happy New Year 2021 To You All
Next: ဦးလာဇရူးအား ဂလိုရီယာသတင်းဂျာနယ်၏ ၂၀၂၀ ခုနှစ်အတွက် ဂုဏ်ပြုထိုက်သူ Person of The Year 2020 in Myanmarအဖြစ် ကြေညာခြင်း