ရဟန်းမင်းကြီးဖရန်စစ်သည် ကိုဗစ်ကာကွယ်ဆေးကို ထိုးနှံကြရန် စိတ်တွန့်ဆုတ်နေကြသော ပြည်သူလူထုအား အားပေးတိုက်တွန်းလိုက်သည်။ အရှင်သူမြတ်က ဘုရားသခင်၏ကျေးဇူးတော်အတွက် ကျေးဇူးတင်ပါသည်။ ထို့အတူ လူအမြောက်များ၏စုပေါင်းအားကြောင့် ယခုအခါ ကိုဗစ် (၁၉) ကိုကာကွယ်နိုင်သော ကာကွယ်ဆေးရရှိပြီဖြစ်သည် ဟု သြဘာပေးတော်မူလိုက်သည်။
ရဟန်းမင်းကြီးနှင့်အတူ အမေရိကန်ပြည်ထောင်စု၊ အမေရိကားတောင်ပိုင်းနှင့်ဗဟိုမှကာဒီနယ် (၆) ပါး နှင့်ဂိုဏ်းချုပ်ဆရာတော်များလည်း ရဟန်းမင်းကြီးနှင့်အတူ ကိုဗစ်ကာကွယ်ဆေးကို ထိုးနှံကြရန် စိတ်တွန့်ဆုတ်နေကြသော ပြည်သူလူထုအား ထောက်ခံခဲ့ကြသည်။ ရဟန်းမင်းကြီးဖရန်စစ်၏ ‘ချစ်ခြင်းမေတ္တာ အမှု’ ဟု ခေါင်းစဉ်တပ်ထားသောသတင်းစကားတိုလေး၌ ‘ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းသည် အချင်းချင်းကိုစာနာဂရုစိုက်သည့် ချစ်ခြင်းမေတ္တာအမှုဖြစ်သည်။
THAILAND – 2021/08/09: Thai medical personnel receives a booster dose of COVID-19 Pfizer vaccine at the Bangkok Metropolitan Administration General Hospital in Bangkok. Thailand begin vaccinating booster doses with Pfizer Covid-19 vaccine to the medical personnel and frontline health workers (Photo by Vichan Poti/Pacific Press/LightRocket via Getty Images)
အရှင်သူမြတ်က ကိုဗစ်ကာကွယ်ဆေးကို ထိုးနှံကြရန် စိတ်တွန့်ဆုတ်နေကြသော ပြည်သူလူထုအား အားပေးတိုက်တွန်း နေခြင်းသည် အထူးသဖြင့်အလွန်ချို့တဲ့နွမ်းပါးသူများအတွက်ဖြစ်ပါသည်။ လူတိုင်းသည် မိမိတို့တတ်နိုင်သောအသေးအဖွဲကိစ္စများကိုလုပ်ဆောင်ကြရန်ဘုရားသခင်ထံဆုတောင်းပါသည်’ ဟုမိန့်ကြားထားသည်။ ကိုဗစ်ကာကွယ်ဆေးနှင့် စပ်လျဉ်း၍ ‘သင့်အပေါ်မူတည်သည်’ ဟုဆိုကာလှုပ်ရှားမှုပြုလုပ်နေကြသည်။ ဤလှုပ်ရှားမှုကို ကိုဗစ်ကောင်စီမှကြီးမှူးပြုလုပ်သည်။ ဤအဖွဲ့အစည်းသည် အစိုးရအဖွဲ့အစည်းမဟုတ် လူမှုရေးအခက်အခဲပြဿနာများကို မည်သည့်အကျိုးအမြတ်မျှမယူဘဲ ဝိုင်း၀န်းကူညီပေးနေသောလူမှုအသင်းအဖွဲ့တစ်ဖွဲ့ဖြစ်သည်။
ဤအဖွဲ့သည် ဒုတိယကမ္ဘာစစ်ကာလက စတင်ဖွဲ့စည်းတည် ထောင်ခဲ့သည်။ ဤအဖွဲ့ အနေဖြင့် ကာကွယ်ဆေးထိုးနှံခြင်းသည် အရေးကြီးကြောင်း၊ ဤလှုပ်ရှားမှု၌ အထင်ကရပုဂ္ဂိုလ်များ ဖြစ်သော အမေရိကန်သမ္မတဟောင်းများပင် ပါဝင်နေကြသည်။
Ref:Rome Reports
ဘာသာပြန်: ဖာသာရ်ကလေးမင့်အားတယ်