မြန်မာ့တပ်မတော်အနေဖြင့် အပြစ်မဲ့ပြည်သူများရှိရာသို့ ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ် ခတ်ခြင်း၊ နေအိမ်များ၊ ဘုရားကျောင်းများ၊ ဆေးခန်းများအား ဖျက်ဆီးခြင်းတို့ကို ရပ်တန့်ပေးပါကြဖို့ ကက်သလစ် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုက ပန်ကြား

ကာဒီနယ် ချားလ်စ်ဘို၏ သဘောထားထုတ်ပြန်ချက်

မြန်မာစစ်တပ်အနေနဲ့ ဗုံးကြဲတာတွေ ပစ်ခတ် သတ်ဖြတ်တာတွေ ရပ်ပစ်ဖို့ နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကလည်း ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းကြဖို့ ကက်သလစ် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုက ပန်ကြားလိုက်ပါတယ်။

ဒီဇင်ဘာ ၂၆၊ ၂၀၂၁ ခုနှစ်
ချစ်လှစွာသော ညီအစ်ကိုမောင်နှမတို့၊
ကယား (ကရင်နီ) ပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်းရှိ မိုဆိုကျေးရွာ၌ အပြစ်မဲ့ပြည်သူ အနည်း ဆုံး (၃၅)ယောက် အစုလိုက်အပြုံလိုက် ရက်ရက်စက်စက် သတ်ဖြတ်ခံရသည့်ဖြစ်ရပ်ဆိုးမှာ လွန်စွာ မှပင် စိတ်နှလုံးကြေကွဲ ဝမ်းနည်းဖွယ်ရာဖြစ်ပေသည်။ ထိုသို့ရက်စက်ယုတ်မာသောလုပ်ရပ်ကို ကျွန်ုပ် လုံးလုံးလျားလျား ပြင်းထန်စွာ ရှုတ်ချလိုက်ပါသည်။ နှုတ်မှ ဖွင့်ဟမပြောနိုင်တော့သည့်တိုင်အောင် ဆိုးဝါးလှသော၊ ဤလူမဆန်သည့်ကျူးလွန်မှုအတွင်း၌ သေဆုံးခဲ့ရသူများ၊ ၎င်းတို့ချစ်ခင်မြတ်နိုးရသော သူများ၊ အသက်မသေဘဲ လွတ်မြောက်လာသူများ အားလုံးအတွက် ပူဆွေးနာကျင်သောစိတ်နှလုံးဖြင့် ကျွန်ုပ်ဆုတောင်းပေးလျက်ရှိပါသည်။
ခန္ဓာကိုယ်များပျက်ယွင်းသည်အထိ မီးရှို့သတ်ဖြတ်ခံထားရသောသူတို့၏ရုပ်အလောင်းများကို ခရစ္စမတ်နေ့၌ တွေ့ရှိရခြင်းကြောင့် ပို၍ပင် ဝမ်းနည်းတုန်လှုပ်မိပါသည်။ ကမ္ဘာ့နေရာဒေသအများစု၌ ယေဇူးခရစ်တော်၏မွေးနေ့ရက်မြတ်ကို ပျော်ရွှင်စွာ ကျင်းပနေချိန်တွင် မိုဆိုရွာသူရွာသားများမှာ ငရဲခန်းကို ဖြတ်သန်းခဲ့ကြရသည်။ ငြိမ်းချမ်းခြင်း၏သခင်ဖွားမြင်တော်မူခြင်းကြောင့် ခံယူရရှိသော အသက်တာနှင့် အလင်းကျေးဇူးကို လူအတော်များများ ပျော်ရွှင်စွာ ခံစားနေချိန်တွင် များစွာသော မြန်မာပြည်သူပြည်သားများမှာ သေခြင်းနှင့် ပျက်စီးခြင်းကို ရင်ဆိုင်ကြုံတွေ့နေကြရပေသည်။
ကျွန်ုပ်တို့ချစ်မြတ်နိုးရသော အမိမြန်မာပြည်တစ်ခုလုံး စစ်မြေပြင်အဖြစ်သို့ ကျရောက်သွားခဲ့ပြီ ဖြစ်သည်။ ခရစ္စမတ်အကြိုနေ့တွင်လည်း ကရင်ပြည်နယ်အတွင်း၌ လေကြောင်းမှ တိုက်ခိုက်မှုများပြု လုပ်ခဲ့သောကြောင့် ပြည်သူထောင်ပေါင်းများစွာ နယ်စပ်ဖြတ်ကျော်၍ အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ထွက် ပြေးခိုလှုံခဲ့ကြရသည်။ ချင်းပြည်နယ်ရှိ ထန်တလန်မြို့မှာလည်း အကြိမ်ကြိမ် ပစ်ခတ်တိုက်ခိုက် ဖျက်ဆီးခံခဲ့ရသည်။ နိုင်ငံ၏အခြားသောနေရာဒေသအတော်များများတွင်လည်း အလားတူ တိုက်ခိုက် ဖျက်ဆီးခြင်းမျိုး ခံခဲ့ရလေသည်။ ထိုဖြစ်ရပ်ဆိုးများအားလုံးမှာ ကျွန်ုပ်စိတ်နှလုံး၌ စွဲထင်နေပြီး သတိရ ဆုတောင်းပေးလျက်ရှိပါသည်။
ဤအဖြစ်ဆိုးများ မည်သည့်အချိန်တွင် အဆုံးသတ်မည်နည်း။ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော မြန်မာနိုင်ငံ၏ပြည်တွင်းစစ်မှာ မည်သည့်အချိန်တွင် အဆုံးသတ်ပါမည်နည်း။ စစ်မှန်သော ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်းနှင့် လွတ်လပ်ခြင်းကို မည်သည့်အချိန်တွင်မှ ကျွန်ုပ်တို့ခံစားရပါမည် နည်း။ ကျွန်ုပ်တို့အချင်းချင်း သတ်ဖြတ်နေကြသည့်လုပ်ရပ်များမှာ မည်သည့်အချိန်တွင် ရပ်တန့်မည် နည်း။ ညီအစ်ကိုမောင်နှမချင်း သတ်ဖြတ်ကြခြင်းကြောင့် ကျွန်ုပ်တို့၏ပြဿနာများ ပြေလည်သွားမည် မဟုတ်ပေ။ ဤပြဿနာများကို လက်နက်ကိုင်သည့်နည်းလမ်းဖြင့် ဖြေရှင်းနိုင်လိမ့်မည်မဟုတ်ချေ။
ပစ်ခတ်တိုက်ခိုက်ခြင်းမပြုကြရန် လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို ကျွန်ုပ်တောင်းဆိုလိုပါ သည်။ မြန်မာ့တပ်မတော်အနေဖြင့် အပြစ်မဲ့ပြည်သူများရှိရာသို့ ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ် ခတ်ခြင်း၊ နေအိမ်များ၊ ဘုရားကျောင်းများ၊ ဆေးခန်းများအား ဖျက်ဆီးခြင်းတို့ကို ရပ်တန့်ပြီး ဒီမို ကရေစီအရေးလှုပ်ရှားသူများနှင့်လည်းကောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်လည်းကောင်း တွေ့ဆုံဆွေးနွေးအဖြေရှာရန် ကျွန်ုပ်တိုက်တွန်းပါသည်။ လက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ (င်္ဏီ) များအနေဖြင့်လည်း လက်နက်ကိုင်ဖြေရှင်းသည့်နည်းလမ်းမှာ ပဋိပက္ခကို မဖြေရှင်းဘဲ ပို၍သာ ကြာရှည်သွားစေပြီး လူအများ ပိုမိုသေဆုံးခြင်း၊ ငတ်မွတ်ခြင်း၊ ကလေးသူငယ် များပညာရေးဆုံးရှုံးခြင်း၊ နိုင်ငံ၏စီးပွားရေးနှင့် ကျန်းမာရေးစနစ် ထိခိုက်ခြင်းတို့ကိုသာ ဖြစ်ပေါ်စေ ကြောင်းကို သတိရစေလိုပါသည်။
ဤဖြစ်ရပ်မျိုးနှင့်ပတ်သက်၍ ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ်(၂) အရှင်သူမြတ်က အောက်ပါ အတိုင်း မိန့်ကြားခဲ့ပါသည်။
]]ကျွန်ုပ်တို့ကမ္ဘာဟာ စစ်ပွဲတွေ၊ အကြမ်းဖက်မှုတွေကြောင့် ပျက်စီးနေပါပြီ။ နိုင်ငံအချင်းချင်း မသင့်မြတ်တာကို အကြောင်းပြုပြီး အနုမြူလက်နက်ဖြစ်စေ၊ အခြားသော ခေတ်မီလက်နက်တွေနဲ့ဖြစ် စေ အထိအခိုက် အကျအဆုံးများအောင် တိုက်ခိုက်ဖြေရှင်းနည်းဟာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိပါ ဘူး။ စစ်ပွဲဆိုတာ အတိတ်က ဝမ်းနည်းစရာသမိုင်းကြောင်းအနေနဲ့ပဲ ကျန်ရစ်ခဲ့ရမှာပါ။ လူသားမျိုး နွယ်ရဲ့ အနာဂတ်စီမံကိန်းမှာ စစ်ပွဲအတွက် နေရာမရှိအောင် လုပ်ရမှာပါ။}}
ချစ်လှစွာသော မြန်မာပြည်သူပြည်သားအပေါင်းတို့၊ ငြိမ်းချမ်းရေးအတွက် အဖြေမှာ ကျွန်ုပ်တို့ အကြားတွင်သာ ရှိပါသည်။ ကျွန်ုပ်တို့သည် နိုင်ငံတကာအသိုင်းအဝိုင်းအား ကျွန်ုပ်တို့အဖို့ ဆုတောင်း ပေးရန်၊ ကျွန်ုပ်တို့နှင့်အတူ ရပ်တည်ရန်၊ လူသားချင်းစာနာသောအထောက်အပံ့များပေးရန်၊ ငြိမ်းချမ်း ရေးနှင့် တရားမျှတရေးကို ဖော်ဆောင်ပြီး ပဋိပက္ခများအဆုံးသတ်နိုင်ရေးအတွက် သံခင်းတမန်ခင်း နည်းလမ်းမှ ဖိအားပေးရန် တောင်းဆိုနေကြသော်လည်း ၎င်းတို့လုပ်နိုင်သောအစွမ်းမှာ အကန့် အသတ်ရှိကြောင်း သိရှိထားကြပြီးဖြစ်သည်။ ၎င်းတို့သည် ကျွန်ုပ်တို့၏ပြဿနာအားလုံးကို ကျွန်ုပ်တို့ အတွက် ကြားဝင်ဖြေရှင်းမပေးနိုင်ပေ။ ကျွန်ုပ်တို့အချင်းချင်းအကြား ငြိမ်းချမ်းရေးရယူပြီး တရားမျှတ သော၊ ဖြောင့်မတ်သော၊ ပြန်လည်သင့်မြတ်သော၊ လွတ်လပ်သော အနာဂတ်နိုင်ငံတော်ကို အတူတကွ တည်ဆောက်ကြရမည်သာဖြစ်သည်။
ကျွန်ုပ်ထပ်မံတောင်းဆိုပါသည်။ တပ်မတော်အနေဖြင့် ဗုံးကြဲခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းများကို ရပ်တန့်ရန် ကျွန်ုပ်တိုက်တွန်းပါသည်။ ဒီမိုကရေစီအရေးလှုပ်ရှားသူများနှင့် တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့်လည်း ငြိမ်းချမ်းရေးကြိုးစားဖော်ဆောင်ကြရန် ကျွန်ုပ်တိုက် တွန်းပါသည်။ ဆယ်စုနှစ်ပေါင်းများစွာ၊ လပေါင်းများစွာ၊ ရက်ပေါင်းများစွာနှင့် မကြာသေးမီကမှ မြင် တွေ့ခဲ့ရသော ဖြစ်ရပ်ဆိုးများအတွက် ကျွန်ုပ်စိတ်နှလုံးထဲမှ အလေးအနက်ထား ဆုတောင်းပေးလျက်ရှိ ပါသည်။ မြန်မာပြည်အတွက် အရုဏ်ဦးအလင်းတန်း ထွက်ပေါ်လာပါစေ။ ရက်ရက်စက်စက် သတ် ဖြတ်ခံထားရသောသူတို့၏ဝိညာဉ်များ ငြိမ်းချမ်းစွာ အနားယူနိုင်ကြပါစေ။
တစ်ဆက်တည်းတွင် ခရစ္စမတ်ရက်မြတ်ဖြစ်သော (၂၅-၁၂-၂၀၂၁)ရက်နေ့၌ ပုပ်ရဟန်းမင်း ကြီး ဖရန်စစ် အရှင်သူမြတ်မိန့်ကြားခဲ့သော အောက်ဖော်ပြပါသတင်းစကားနှင့် ဆုတောင်းလွှာကို ကျွန်ုပ်ထည့်သွင်းဖော်ပြလိုပါသည်။
နာမည်ကျော် အီတာလျံ အတွေးအခေါ်ပညာရှင် ဒန်တေ ရေးသားခဲ့သည့်အတိုင်း ဆိုရလျှင် ]ကြည့်ပါ၊ ညအမှောင်ထုကြားမှ မျှော်လင့်ချက်အလင်းတန်းပေါ်ထွက်လေပြီ။ ၎င်းသည် နေနှင့် ကြယ် တို့ကို ရွေ့လျားစေနိုင်သော ချစ်ခြင်းမေတ္တာပင်ဖြစ်သည်။ ထိုချစ်ခြင်းမေတ္တာသည် လူ့အဖြစ်ကို ယူ တော်မူလေပြီ} (ဏမေadငျသယ ဌဌဌှုယ ၁၄၅) ။ ကိုယ်တော်ဘုရားရှင်သည် လူ့ဇာတိအဖြစ်ကို ယူကာ လူတို့၏ဆင်းရဲဒုက္ခကို ခံထမ်းပြီး ကျွန်ုပ်တို့အကြားရှိ မတူညီသောတံတိုင်းကို ဖယ်ရှားတော်မူခဲ့သည်။ ကိုယ်တော်သည် ချမ်းအေးလှသောညအချိန်၌ မိမိ၏သေးငယ်သောလက်အစုံကို ကျွန်ုပ်တို့ထံသို့ ဆန့် တန်းထားလေသည်။ ကိုယ်တော်၌ လိုအပ်သည့်အရာများစွာရှိသော်ငြားလည်း ကျွန်ုပ်တို့အား အလုံးစုံ ပေးသနားရန် ကြွလာတော်မူလေပြီ။ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်သောအစွမ်းသတ္တိကို ကျွန်ုပ်တို့ အား ပေးသနားတော်မူပါမည့်အကြောင်း ကိုယ်တော်ရှင်ထံတော်သို့ တောင်းလျှောက်ကြပါစို့။ ပျော်ရွှင် ဖွယ်ကောင်းသောမွေးနေ့ရက်မြတ်၌ လူသားအားလုံး၏စိတ်နှလုံးတွင် ပြန်လည်သင့်မြတ်လိုသောစိတ်၊ အများကောင်းကျိုးလိုလားသောစိတ်မျိုး တောင့်တလာစေရန် နှိုးဆော်ပေးတော်မူပါ။
ကိုယ်တော်ရှင်ထံတော်ပါးသို့ ကျွန်ုပ်တို့ ဆုပန်တောင်းလျှောက်ကြပါစို့။
အိုသူငယ်တော်ယေဇူးဘုရား၊ အရှေ့အလယ်ပိုင်းဒေသနှင့် ကမ္ဘာတစ်ဝန်းလုံး၌ ငြိမ်းချမ်းရေး ကျေးဇူးပေးသနား၍ အချင်းချင်းသင့်မြတ်စေတော်မူပါ။ အိုးအိမ်စွန့်ခွာထွက်ပြေးရသူများအတွက် လူသားချင်း စာနာသည့်အထောက်အပံ့ ပေးပို့နေသူများအားလုံးကို ခွန်အားကျေးဇူး ပေးသနား တော်မူပါ။ လူပေါင်းများစွာအား တိုင်းပြည်ကို စွန့်ခွာထွက်ပြေးစေသည့် နှစ်ပေါင်း(၄၀)ကျော် ပဋိပက္ခစစ်ပွဲများ အကြားမှ အာဖကန်ပြည်သူများကို နှစ်သိမ့်ဖေးမတော်မူပါ။
လူမျိုးအပေါင်းတို့၏ဘုရင်မြတ်၊ နှစ်ဖက်တင်းမာမှုနှင့် ပဋိပက္ခများကြောင့် ပြိုကွဲပျက်စီးနေ သော လူ့အဖွဲ့အစည်းများအကြား ငြိမ်းချမ်းရေးရရှိစေရန် နိုင်ငံရေးခေါင်းဆောင်များ ကြိုးစားဖော် ဆောင်နိုင်ပါမည့်အကြောင်း ကူညီမစတော်မူပါ။ မြန်မာပြည်သူပြည်သားများအားလည်း ခွန်အား ကျေးဇူးပေးသနားတော်မူပါ။ နိုင်ငံအတွင်း၌ အကြမ်းဖက်ပဋိပက္ခများဖြစ်ပေါ်နေပြီး ခရစ်ယာန် အသိုင်းအဝိုင်းနှင့် ၎င်းတို့ဝတ်ပြုရာနေရာများလည်း မကြာခဏ ထိခိုက်ပျက်စီးသဖြင့် အေးချမ်းဖော် ရွေသောလူမျိုး၏ပုံရိပ်ကိုပင် ဖုံးလွှမ်းသွားခဲ့ပြီဖြစ်သည်။
အတားအဆီးမည်မျှပင်ရှိပါစေ၊ တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်အပေါ် ယုံကြည်ပြီး ယင်းအတွက် ကြိုးစားအကောင်အထည်ဖော်နေကြသူအားလုံးအား အလင်းကျေးဇူးပေးသနား၍ ကူညီစောင်မတော် မူပါ။
တွေ့ဆုံဆွေးနွေးခြင်း၊ အပြန်အလှန်လေးစားခြင်း၊ လူသားတိုင်း၏ယဉ်ကျေးမှုတန်ဖိုးနှင့် အခွင့် အရေးများကို အသိအမှတ်ပြုခြင်း စသည်တို့ ရှိမှသာလျှင် လူတို့၏စိတ်နှလုံး၌ တစ်လုံးတစ်၀တည်း ရှိ ခြင်း၊ ပြန်လည်သင့်မြတ်ခြင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေလိုခြင်း စသည့်စိတ်ထားများကို မွေးမြူနိုင် ပေလိမ့်မည်။
ဘက်သလေဟင်မှ သူငယ်တော်မြတ်ဘုရား၊ စစ်ပွဲများကြောင့်ဖြစ်စေ၊ လက်ရှိပဋိပက္ခများ ကြောင့်ဖြစ်စေ၊ နိုင်ငံရေးခံယူချက်ကြောင့်ဖြစ်စေ အကျဉ်းကျခံနေရသူများအားလုံး မကြာမီတွင်ပင် မိမိတို့အိမ်သို့ ပြန်နိုင်ပါမည့်အကြောင်း ကယ်မတော်မူပါ။ ဒုက္ခအဖြစ်ဆိုးများကြောင့် မိမိတို့နေရပ်စွန့် ခွာပြီး တိုင်းတစ်ပါးသို့ သွားရောက်ခိုလှုံနေရသော ဒုက္ခသည်များအပေါ်၌ စာနာစိတ်ထားတတ်စေရန် စောင်မတော်မူပါ။ ကျွန်ုပ်တို့အနေဖြင့်လည်း ၎င်းတို့ကို မျက်နှာလွှဲမထားဘဲ ထိုသူတို့၏ဒုက္ခကို မိမိတို့ ၏ဒုက္ခကဲ့သို့ ခံယူကာ လူသားချင်းကူညီဖို့ရန် ၎င်းတို့၏မျက်လုံးများက အသနားခံလျက်ရှိပါသည်။
လူ့ဇာတိအဖြစ်ကို ယူတော်မူသော အိုထာ၀ရနှုတ်ကပါဠ်တော်၊ လူသားတို့ အမှုမဲ့အမှတ်မဲ့ဖြင့် ဖျက်ဆီးမိနေသော ကမ္ဘာမြေကြီးအား ပြန်လည်ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် အလင်းပေးလမ်းညွှန် တော်မူပါ။ နောင်လာမည့်လူသားမျိုးနွယ်အဆက်ဆက်တို့သည် အသက်ကို တန်ဖိုးထားသော သဘာ၀ ပတ်ဝန်းကျင်၌ နေထိုင်နိုင်ရန်အတွက် နိုင်ငံရေးခေါင်းဆောင်များအကြား ထိရောက်သည့် သဘောတူ ညီမှုများရရှိနိုင်ရန် အလင်းကျေးဇူးပေးသနားတော်မူပါ။
ချစ်လှစွာသောညီအစ်ကိုမောင်နှမတို့၊ မျက်မှောက်ခေတ်တွင် ကြုံတွေ့နေရသော အခက်အခဲ ပြဿနာများ မည်မျှပင်များပြားစေကာမူ တစ်ချိန်တွင် မျှော်လင့်ချက်များအကောင်အထည်ပေါ်လာပါ လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ]]သူငယ်တော်သည် ကျွန်ုပ်တို့အဖို့ ဖွားမြင်လေပြီ}} (ဟေ ၉း၆)။ ကိုယ်တော်သည် ဘုရားရှင်၏နှုတ်ကပါဠ်တော်ဖြစ်တော်မူသည်။ ထိုအရှင်သည် သူငယ်တော်ဘ၀၌ ငို ကြွေးရုံသာ တတ်နိုင်ပြီး အရာရာကိုလည်း လိုအပ်လေသည်။ သူငယ်တော်မြတ်ဘုရားသည် အခြား သောကလေးသူငယ်များကဲ့သို့ပင် စကားပြောဆိုရန် သင်ယူလိုသည်ဟူသောအချက်ကို ထောက်ရှုပါက ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏အဖဘုရားသခင်အားလည်းကောင်း၊ တစ်ပါးသူတို့အားလည်းကောင်း နား ထောင်တတ်ရန်နှင့် ၎င်းတို့နှင့် ညီအစ်ကိုမောင်နှမသဖွယ် ပြောဆိုဆွေးနွေးတတ်ရန် သင်ယူရပေမည်။
ကျွန်ုပ်တို့အဖို့ ဖွားမြင်တော်မူသော အိုခရစ်တော်ဘုရားရှင်၊ ကိုယ်တော်နှင့်အတူ ငြိမ်းချမ်းရေး လမ်းစဉ်၌ အတူတကွ လျှောက်လှမ်းနိုင်ရန် ကျွန်ုပ်တို့အား သွန်သင်ပေးတော်မူပါ။
လူသားအားလုံး ပျော်ရွှင်ဖွယ်ခရစ္စမတ်ကို ပိုင်ဆိုင်နိုင်ကြပါစေ။
ကာဒီနယ်ချားလ်စ်ဘို
ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်၊
မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ဥက္ကဋ္ဌ၊
အာရှကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ဥက္ကဋ္ဌ၊
450  Views
Previous: ကယားပြည်နယ်ထဲ လူအစုလိုက် အသတ်ခံရမှုကို စုံစမ်းစစ်ဆေးဖို့ ကုလတောင်းဆို
Next: အချိန်မရွေး မီးပြတ်နိုင်ကြောင်း စစ်ကောင်စီ လျှပ်စစ်ဝန်ကြီးဌာန ကြေညာ