ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် ၂၀၂၀ ခုနှစ် ဒုတိယနှစ်ဝက်အစည်း အဝေးမှထုတ်ပြန်ချက် နှင့် အောက်တိုဘာလ ၂ ရက်နေ့ ရက်စွဲပါ သိုးထိန်းဝတ္တရားဆိုင်ရာလမ်းညွှန်ချက်

October 3, Yangon

ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံ တော်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် ၂၀၂၀ ခုနှစ် ဒုတိယနှစ်ဝက်အစည်း အဝေးမှထုတ်ပြန်ချက် နှင့် အောက်တိုဘာလ ၂ ရက်နေ့ ရက်စွဲပါ သိုးထိန်းဝတ္တရားဆိုင်ရာလမ်းညွှန်ချက်

ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် ၂၀၂၀ ခုနှစ် ဒုတိယနှစ်ဝက်အစည်းအဝေးမှထုတ်ပြန်ချက် (ကောက်နှုတ်တင်ပြခြင်း)
စီဘီစီအမ် အလုပ်အမှုဆောင်အသစ်များ ရွေးချယ်ခန့်အပ်ခြင်း

 

ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ကက်သလစ်ဆရာ တော်ကြီးများအဖွဲ့ချုပ် ဥက္ကဋ္ဌ အဖြစ် ကာဒီနယ် ချားလ်စ်ဘို၊ ဘဏ္ဍာရေးဌာနအတွင်း ရေးမှူး အဖြစ် ဆရာတော်ဂျွန်စောယောဟန်၊ လူထုဆက်သွယ်ရေးကော်မရှင် ဥက္ကဋ္ဌအဖြစ် ဆရာတော်ပီတာလှ၊ ရိုးရာ ဓလေ့ အနုပညာနှင့်အားက စားကော်မရှင် ဥက္ကဋ္ဌ အဖြစ် ဆရာတော် လုကပ်စ် Dau Ze၊ ဘာသာတရားများနှီးနှော်ဖလှယ်ခြင်းကော်မရှင် အ တွင်းရေးမှူးအဖြစ် ဖာသာရ်မောရစ်ညွှန့်ဝေ နှင့် ခရစ်ယာန်များတစ်လုံးတစ်ဝတည်ပေါင်း စည်းညီညွတ်ရေးကော်မရှင် အတွင်းရေးမှူးအဖြစ် ဖာသာရ်ဆိုင်းမွန်းတင်မောင် တို့ကို ဆရာတော်ကြီးများမှ အသီး သီးရွေးချယ်ခဲ့ပြီး ၄င်းတို့မှာ ၂၀၂၁ ဇန်နဝါရီလမှ စတင်၍ တာဝန်ယူဆောင်ရွက်ကြမည်ဖြစ်သည်။

 

ရဟန်းဖြစ်သင်ကျောင်းများနှင့် ပက်သက်၍ ရဟန်းဖြစ်တက္ကသိုလ် (ရန်ကုန်) မှ စာချရဟန်းဖြစ်လာရန်ရည်ရွယ် ၍ပညာတော်သင်စေလွတ်ပေးရန် ထောက်ခံတင်ပြလာသူများအား ဆရာတော်ကြီးများမှ စေလွှတ်ရန်သဘောတူခြင်း၊ Society of Divine Word အသင်းဂိုဏ်းမှ ဖာသာရ် Devasagayan Savariyappan အား ဝိညာဉ်ရေးလမ်းညွှန်ဘုန်းတော်ကြီးအဖြစ်ခန့်အပ်ခြင်း၊ ရဟန်းဖြစ်သင်ကျောင်းသားတစ်ဦး၏ ၂၀၂၀-၂၀၂၁ အတွက် တစ်နှစ်စာကုန်ကျစရိတ် ကျပ် ၅ သိန်း သတ်မှတ်အတည်ပြုခြင်း
တို့ကို ဆုံးဖြတ်ခဲ့ပါသည်။

 

ပြင်ဦးလွင်ရဟန်းဖြစ်သင်ကျောင်း၌ ဖာသာရ် Paul Pi Pi of Loikaw (အချိန်ပိုင်း) ဖာသာရ် Lucas Run Nai Uk of Hakha (အမြဲ) တို့ကို စာချရဟန်းအဖြစ်ခန့်အပ်ခြင်း၊ ဖာသာရ် Patrick Alo စာချရဟန်းအဖြစ်အတည်ပြုခြင်း ကို ဆုံးဖြတ်ခဲ့ပါသည်။

 

တောင်ကြီး ရဟန်းဖြစ်သင်ကျောင်းတွင်လည်း ဖာသာရ် John Htun Htun Naing of Mandalayအား စည်းကမ်းထိန်းတာဝန်ဖြင့်လည်း ကောင်း၊ ဖာသာရ် Bruno Klein Kot of Pathein အား ဝိညာဉ်ရေးလမ်းညွှန် တာဝန်ဖြင့်လည်းကောင်း ခန့်အပ်ခဲ့သည်။
ဧဝံဂေလိတရားတော်ပြန့်ပွားရေးကော်မရှင်အနေဖြင့် အွန်လိုင်းအစီအစဉ်များမှ ကက် သလစ်သာသနာတော်၏ သွန် သင်ချက်များ ထုတ်လွှင့်ရန်နှင့် ဆရာတော်များ Archbishop Marco Tin Win, Archbishop Basilio Atha, Bishop. John Hsane Hgyi, Bishop. John Saw Yaw Han နှင့်အတူ ရဟန်းဖြစ်တက္ကသိုလ်မှ စာချရဟန်းတော်များ၊ လူထုဆက်သွယ်ရေးကော်မရှင် နှင့် ဖာသာရ်ပီတာစိန်လှိုင်ဦးတို့မှ အတူတကွပူးပေါင်းဆောင် ရွက်ရန် လမ်းညွှန်ချက်ပေးကာ ဆုံးဖြတ်ခဲ့ပါသည်။

 

ဂိုဏ်းအုပ် ဂိုဏ်းချုပ်သာသနာ အသီးသီး၌ လက်ထပ်ခြင်းခံယူရန် ပြင်ဆင်ပေးခြင်းသင်တန်းများထားရှိရန် လူ ငယ်ကော်မရှင်မှတင်ပြချက်ကို ဆရာတော်ကြီးများမှ အတည် ပြုခဲ့ပါသည်။

 

ဂိုဏ်းအုပ်/ဂိုဏ်းချုပ်သာသနာများ တိုက်နယ်သာသနာများ သူတော်စင်အသင်ဂိုဏ်းများ နှင့် သာသနာ့အဖွဲ့အစည်းများ သတ်မှတ်ခေါ်ဆိုရာ၌ “ ကက် သလစ်” နှင့် “ ကက်သလစ်ခရစ်ယာန်” ဟူသော သာသ နာတော်၏အမည်နာမကို ထည့်သွင်းအသုံးပြုကြရန် လမ်း ညွှန်ခဲ့ပါသည်။

အောက်တိုဘာလ ၂ ရက်နေ့ ရက်စွဲပါ သိုးထိန်းဝတ္တရားဆိုင်ရာလမ်းညွှန်ချက်

 

၄င်းလမ်းညွှန်ချက်တွင် COVID – 19 ရောဂါကူးစပ်မှုကာလအတွင်း ရှိနေသောကန့်သတ်မှုများ တွေ့ကြုံနေရ သောအခက်ခဲများကြား ဝိညာဥ်ရေးရာနှင့်ပက်သက်ပြီး ကျောင်းထိုင်ဘုန်းတော်ကြီးများနှင့်ဆက်သွယ်လမ်းညွှန်မှုခံယူနိုင်ရန်လည်းကောင်း၊
မိမိတို့၏ ကျောင်းထိုင်ဘုန်းတော်ကြီးများနှင့်အတူ ဝိညာဥ်လမ်းညွှန်မှုများ၊ အားပေးမှုများအတွက် ကူညီပေးမည့် ရဟန်းတော်များ….
ဖာသာရ်ဆိုင်းမွန်းတင်မောင်
(09260589819)
ဖာသာရ် မြင့်စိုး
(095055985)
ဖာသာရ် ဂျေရုမ်းဝင်းရွှေကြည်
(09250185868, 09796949240)
ဖာသာရ် ပီတာထွန်းထွန်း
(09795186544, 09250722445)
ဖာသာရ် ဂျော့ရွှေထွန်း
(09409999479)
ဖာသာရ် စတီးဗင်းအောင်မင်း
(094081741700)
ဖာသာရ် ဗစ်တာဦးသစ်
(0931733663)

 

တို့အား ဆက်သွယ်၍ လမ်း ညွှန်အားပေးမှုကိုခံယူနိုင်ရန်လည်းကောင်း ဖော်ပြထားပါသည်။

 

အောက်တိုဘာလ မယ်တော်သခင်မ အား အထူးသဒ္ဓါကြည်ညို၍ စိပ်ပုတီးစိပ်သည့်လတွင် COVID – 19 ရောဂါ ကမ္ဘာမြေပေါ်မှကင်းစင်သွားရန်၊ ငြိမ်းချမ်း၍တရားမျှတ သောရွေးကောက်ပွဲဖြစ်ပေါ်စေရန် ရည်ရွယ်ချက်များ နှင့် သာသနာနယ်အသီးသီး၏ ရည်ရွယ်ချက်များအတွက် ဆုတောင်းကြရန်၊ အွန်လိုင်းမှ ထုတ်လွှင့်နေသာ ကိုယ်တော်မြတ်ဖူးခြင်းတို့၌လည်း ပါဝင်ဆုတောင်းကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

 

ကက်သလစ်ရဟန်းဖြစ် တက္က သိုလ် (ရန်ကုန် နှင့် ပြင်ဦးလွင်) တို့မှ Online Teaching Program ဖြင့်အောက်တိုဘာလ ၁၂ ရက်နေ့တွင် သင်ကြားမှုစတင်မည်ဖြစ်ကြောင်း ကောက်နှုတ်တင်ပြအပ်ပါသည်။
Crd: CBCM OSC

939  Views
Previous: စစ်အစိုးရလက်ထက်က ပိတ်ထားသော သန်လျင်မြို့ရှိ ကက်သလစ်ရဟန်းဖြစ်တကသိုလ်အဆောက်အဦများနှင့်မြေ (၂၅ ဧကဝန်းကျင်) တို့ကို ဦးဖြိုးမင်းသိန်းဦးဆောင်သော ရန်ကုန်တိုင်းဒေသကြီးအစိုးရထံမှ ကက်သလစ်သာသနာတော်က ပြန်လည်ရရှိပြီ
Next: အသည်းရောင် စီ ပိုးကို ရှာတွေ့ခဲ့တဲ့ ဆေးပညာရှင်တွေ (၃) ဦးကို ဆေးဖက်ဆိုင်ရာ နိုဘယ်ဆု ချီးမြင့်