သားဖြစ်သူ၏ပုပ်ဖရန်စစ်နှင့်အမှတ်မထင်တွေ့ဆုံမှုသည်ခံစားနေရသောရောဂါကိုပျောက်ကင်းစေခဲ့ဟုမိခင်ဖြစ်သူကပြောကြား

သားဖြစ်သူ၏ပုပ်ဖရန်စစ်နှင့်အမှတ်မထင်တွေ့ဆုံမှုသည်ခံစားနေရသောရောဂါကိုပျောက်ကင်းစေခဲ့ဟုမိခင်ဖြစ်သူကပြောကြား

 

ဤဖြစ်ရပ်သည် (၂၀၂၁) ခုနှစ်က ဗာတီကန်၌ဖြစ်ပျက်ခဲ့ပြီး၊ လူမှုကွန်ရက်၌ လူကြည့်အလွန်များခဲ့သည်။ အဖြစ်အပျက်မှာ အနွေးထည်အကျီလက်ရှည်အနက်ရောင်၀တ်ထားပြီး၊ မျက်မှန်တပ်ကာ နှာခေါင်းစီး ထားသော ကောင်လေးတစ်ဦးသည် လူအုပ်ကြီးအလယ်မှ ရုတ်တရက်ထွက်လာပြီး ရဟန်းမင်းကြီး အားနုတ်ဆက် ရန်တန်းသွားနေ၏။ ဤအဖြစ်အပျက်မှာ အောက် တိုဘာလကဖြစ် ပျက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကောင်လေးသည် အသက် (၁၀) နှစ်ခန့်ရှိပြီဖြစ်ပြီး၊ ၀က်ရူးပျံနှင့်အောက်တင်ဆမ် (ဦး နှောက်ဖွံ့ ဖြိုးမှုနှေး ကွေးသောရောဂါ) ကိုခံစားနေရသူလေးဖြစ်သည်။ ယခုနှစ်ပိုင်း၌ သူ၏ရောဂါ သည်ပိုမိုဆိုး ရွား လာခဲ့ သည်။ ဤ ရောဂါ၏နှောက်ဆက်တွဲအနေဖြင့် ဆရာ၀န်များက ဦးနှောက် ကင်ဆာ ဖြစ်လာ မည် ကိုစိုးရိမ်နေခဲ့သည်။

ကောင်လေး၏အမည်ကား ‘Paolo Bonavita’ ဟုခေါ်သည်။ ထိုနေ့က အဆိုပါကောင်လေးသည် ဆေးစစ် ရန်အတွက် ရောမသို့ရောက်ရှိနေချိန်ဖြစ်သည်။ မိခင်ဖြစ် သူ ‘Elsa Morra’  က သူ၏သားသည် ပုပ်ရဟန်းမင်းကြီးနှင့်အမှတ် မထင်တွေ့ဆုံလိုက်ရခြင်းကြောင့် သူခံစားနေခဲ့ရ သော ရောဂါကိုပျောက်ကင်းသွားစေခဲ့ကာ သူ၏မိသားစုအတွက်မှာမှု ‘အံ့ဖွယ် တန်ခိုးပင်ဖြစ်ကြောင်း CNA သတင်းဌာနသို့၀မ်းသာအားရဖြေကြားခဲ့သည်။

ဘုရားသခင်သည် ထိုနေ့က ကောင်လေးနှင့်ရှိနေခဲ့သည်။

ရဟန်းမင်းကြီးသည် ဗုဒ္ဓဟူးနေ့တိုင်း ကမ္ဘာအရပ်ရပ်မှရောက်လာကြသော ဘုရားဖူးများ နှင့်စိန့်ပီ တာ ရင်ပြင်၊ သို့မဟုတ် ရာသီဥတုအကြောင်းကြောင်းကြောင့်ဆိုလျှင်  ထိုအဖြစ် အပျက်ဖြစ် သွား သော နေ့ ကား အောက်တိုဘာလ (၂၀) ရက်နေ့ဖြစ်သည်။ အဘယ်သူမျှ မျှော်လင့်မထား သော အချိန်၌ ကောင် လေး သည်မတ်တပ်ထရပ်၍ ရဟန်းမင်းကြီးထိုင်နေရာဆီသို့တန်းသွားခဲ့သည်။ ပုံမှန်အရဆိုလျှင် ကောင် လေးသည် စင်မြှင့်ပေါ်သို့တက်သွားရန်အင်အားမရှိ။ ခါတိုင်းဆိုလျှင် လှေကား များဆင်း သည့် အခါဖြစ်စေ၊ အဆင်းများ၌ သူ့အား ဖေးပေးရသည်။ ထူးဆန်းအံ့ဩစွာဖြင့် ထိုနေ့က သူသည် အဘယ် ကအင် အားဖြင့် အဆိုပါစင်မြှင့်၏လှေကားထစ်များပေါ်သို့ တက်ရောက်နိုင်ခဲ့သည်မသိ။ အဘယ်သူ၏ အကူ အညီမျှမယူဘဲ သူတစ်ဦးတည်းတက်သွားနိုင်ခဲ့သည်။ သူသည် နှစ်ကြိမ်၊ သုံး ကြိမ်မျှ ခလုတ် တိုက် ပြီးလဲလုလဲခင်ဖြစ်ခဲ့သော်လည်း ပြန်လည်မတ်တပ်ထရပ်နိုင်ခဲ့သည်။ ထိုနေ့က ဘုရားသခင်သည် သူနှင့်အ တူရှိနေခဲ့သည်။ ဘုရားသခင်သည် သူ့အားလဲကျမသွားစေရန်တွဲထူပေးနေခဲ့သည်ဟု မိခင် ဖြစ်သူ က သားဖြစ်သူ၏ဖြစ်စဉ်ကို ကြည့်၍လုံး၀ယုံကြည်နေသည်။

ဧဝံဂေလိကျမ်းစာ၌ ယေဇူး သခင်က ‘သင်တို့ သည် ကလေးများကဲ့သို့အကျင့်မပြောင်းလဲလျှင် ကောင်းကင် နိုင်ငံတော် သို့မ၀င်ရကြ’ ဟုမိန့် ပါ သည်. ယေဇူးသခင်ကိုချဉ်းကပ်ရန် ကြောက်စရာ မလိုပေ။ ယေဇူးသခင်၏တို့ထိမှု ကိုခံရန် အသင့် ဖြစ် နေရမည်။ ဤကလေးက ပေးလိုက်သော သင်ခန်းစာအတွက် သူ့ကိုလည်းကျေးဇူးတင်မိပါသည်။ ကောင် လေးသည် ရဟန်းမင်းကြီးထံသို့ ချဉ်းကပ် သွားသောအခါ ရဟန်းမင်းကြီးက ကောင်လေး ၏ လက် ကိုဆုပ်ကိုင်လိုက်ပြီး၊ ပြုံးပြခဲ့ သည်။

ရဟန်းမင်းကြီး၏ အမှုကိစ္စများကိုလုပ်ဆောင်ပေးရသောတာ၀န်ရှိသည့် မွန်ဆီညှော် Leonardo Sapienza က ထိုအ ဖြစ်အပျက်ဖြစ်နေစဉ်၌ ရဟန်းမင်းကြီး၏ ညာဘက်တွင်ထိုင်နေခဲ့သည်။ မွန်ဆီ ညော် သည်မတ်တပ်ထရပ်ပြီး ကောင်လေးအား သူ့ထိုင်ခုံကိုပေးလိုက်၏။ ထိုအဖြစ် အပျက်ကို မြင်တွေ့ လိုက်ရသော ဘုရားဖူးလူထုကြီးက အလွန်သဘောကျသွားသောကြောင့် လက်ခုပ်တီးလိုက်ရာ ကောင် လေးသည်လည်း ရောယောင်၍ အားပါးတရလက်ခုပ်လိုက်တီးခဲ့သည်။ ကောင်လေးသည် သူ၏ လက်ဖြင့်ခေတ္တခုထိုင်လိုက်ပြီး၊ သူ၏ခြေကိုလွှဲနေလိုက်သည် ထိုအခါ ရဟန်းမင်းကြီး ဆောင်းထားသော ဦးထုပ်အဖြူလေးထံ သူ ၏အာရုံရောက်သွားခဲ့သည်။ မွန်ဆီညော် ဖက်သို့လှည့်လိုက်ပြီး၊ ထိုဦးထုပ်ဖြူလေးကိုလိုချင်သည်ဟုဆိုလိုသည့်သဘောဖြင့် လက်ညိုးထိုး ပြလိုက်၏။ ထိုအခါ ကျမ်းစာဖတ်သည့်အချိန်ရောက်လာရာ ကျမ်းစာဖတ်မည့်တာ၀န်ကျရဟန်းအား ကောင်းလေး က ခေါ်သွားပြီး၊ ရဟန်းမင်းကြီး၏ဦးထုတ်ဖြူလေးကိုအတင်းပြခိုင်း၏။ နောက်ဆုံး၌ ကောင်လေးသည်လည်း ရဟန်းမင်းကြီး ကဲ့သို့ ဦးထုတ်ဖြူတစ်လုံးကိုဆောင်း၍ ကျေနပ်စွာဖြင့် သူတက်လာခဲ့သောလျှောက်လမ်းအတိုင်းပြန်ဆင်းလာခဲ့သည်။

ရဟန်း မင်းကြီးသည် ဘုရားဖူးများအား တရားရေအေးတိုက်ကျွေးစဉ်တွင် ကောင်လေးအား ကျေးဇူး တင် ကြောင်းမိန့်ကြားခဲ့သည်။  ယေဇူးသခင်ကိုချဉ်းကပ်ရန် မကြောက်သင့်။ ယေဇူး၏တို့ထိ ခြင်းကို ခံယူရန်အသင့်ပြင်ဆင်ထားသင့်သည်။ ကောင်းလေးခံစား နေရသောရောဂါကြောင့် သာမန်ခလေး တစ်ဦးမဖြစ်နိုင်သော်လည်း သူ၏ကြီးထွားခြင်း၌ ဘုရားသခင်သူအားကူညီစောင့် ရှောက်ပေးတော် မှုပါစေ။ အဘယ်ကြောင့်ဆိုသော် ယခုအပြုအမူသည် သူ၏နှလုံးသား ထဲမှရိုးသား ဖြူစင်စွာစီး ထွက်လာ သော သက်သေဖြစ်သည်။ ကလေးများသည် နှလုံးသားမှထွက်လာသောအရာကို ဘ၀၌ တိုက်ရိုက်အသုံးချနိုင်သောအစွမ်းမရှိ။ ၄င်း တို့၏ဘ၀၌ နှလုံးသားကသာဦးဆောင်သွားသည်။

သင်၌ ‘မဖြစ်နိုင်’ သည့်အရာမရှိ။

ကောင်လေး၏မိသားစုသည် အီတလီ တောင်ပိုင်း၌နေထိုင်သည်။ ယခုရောမသို့ရောက်ရှိနေစဉ်၌မူ စိန့်ပီတာ ရင်ပြင်နှင့် မလှမ်းမကမ်း၌ရှိသော ဟိုတည်တစ်ခု၌တည်းနေသည်။ ထိုဗုဒ္ဓဟူးနံနက်ပိုင်း၌ သားအမိ သည် နံနက်စာကိုစားကြပြီးနောက်၊ ရောမမြို့၏ရူခင်းကိုလှည့်ပတ်ကြည့်ရူနိုင်သော ဘစ်ကား ဖြင့်ရူခင်းကိုကြည့်ရူရန်ရည်ရွယ်ခဲ့ကြသည်။ ဗာတီကန်ရင်ပြင်အား ဖြတ်လျှောက်သွားစဉ် လူတန်း ရှည်ကြီးတန်းစီနေကြသည်ကိုသတိထားလိုက်မိ၏။ မိခင်ဖြစ်သူက အဘယ် ကြောင့် လူများတန်းစီ နေကြ သည်ကို ဘေးမှလူများကိုမေးမြန်းကြည့်ရာ ရဟန်းမင်းကြီး ဘုရားဖူး များနှင့်တွေ့ဆုံ သည့် အစီ အစဉ်ရှိကြောင်းသိလိုက်ရ သည်။ မိခင်ဖြစ်သူက ထိုတွေ့ဆုံခြင်း၌ပါ၀င်ချင်သည်။ သို့သော် ကြိုတင် လက်မှတ်ယူမထား၍ မျှော်လင့်ချက်မဲ့နေခဲ့သည်။ ထို့ ကြောင့်သားဖြစ်သူက အတော်စိတ် ပျက်လက်ပျက်ဖြစ်သွားသည်ကို အနီးအနားကဖြတ်သွားသူတစ်ဦးကသတိထားလိုက်သည်။ အဘယ် ကြောင့် ဤမျှစိတ်ပျက်လက်ပျက်ဖြစ်ရသနည်းဟုမေးမြန်းရာ သားဖြစ်သူသည် ရဟန်းမင်းကြီးနှင့် တွေ့ဆုံလိုသည်မှာ နှစ်နှင့်ချီကြာခဲ့ပြီဖြစ်ကြောင်းမိခင်ဖြစ်သူကရှင်းပြလိုက်၏။ သားအမိ အားမေးမြန်းသူမှာ Unitalsi (မကျန်းမာသူများ၊ သက် ကြီးရွယ်များ၊ မသန်မစွမ်းများ အားဘုရားဖူးသွားသည့်အခါ၌ ကူညီစောင့်ရှောင်ပေးသည့်အဖွဲ့) အဖွဲ့၏ခေါင်းဆောင်ဖြစ်နေ သည်။ သူသည် ခမ်းမဆောင်ထဲသို့ခေါ်ဆောင်သွားနိုင်ကြောင်းပြောပြလေ၏။ သို့ဖြင့် ခမ်းမထဲသို့ ၀င်ရောက် သွားခဲ့ပြီး၊ ရှေ့ဆုံးမှရေလျှင်လေးတန်းမြောက်တွင်နေရာချပေးထားလေသည်။ သို့သော် နောက်ပိုင်း၌ ၄င်းတို့သည် ရှေ့ဆုံးတန်းတွင်နေရာ ချပေးထားလေ၏။

မိခင်ဖြစ်သူသည် သားဖြစ်သူ၏ဦးထုပ်၊ လည်ပတ်၊ အနွေးထည်တို့ကိုချွတ်ပေးလိုက်၏။ ထို့နောက်မှသူ၏အနွေးထည် ကိုချွတ်ရန်ရှုပ်နေစဉ် သားဖြစ်သူသည် ရုတ်တရက်လမ်းလျှောက်ထွက်သွားပြီး၊ ရဟန်းမင်းကြီးထံသို့သွားလေ၏။ ပြန်ခေါ်သော် လည်းမမှီတော့။ သားဖြစ်သူကလည်းအရေးမစိုက်တော့ပေ။ မိခင်ဖြစ်သူဗျာများနေသည်ကိုတွေ့၍ ဗာတီကန်လုံခြုံရေးရဲက စိတ်မပူရန်၊ ရဟန်းမင်းကြီးသည် ကလေးများသူ့ထံလာလေ့ရှိသည်ကိုပျော်ကြောင်းလာရောက်ရှင်းပြလိုက်၏။ ဘုရားဖူးများနှင့် တွေ့ဆုံအပြီး၌ ရဟန်းမင်းကြီးဖရန်စစ်သည် မိခင်ဖြစ်သူနှင့်သီးသန့်လာရောက်တွေ့ဆုံနှုတ်ဆက်သည်။ မိခင်ဖြစ်သူ၏လက်ကို ကိုင်၍ ‘အမျိုးသမီး၊ အားယူပါ။ မဖြစ်နိုင်သောအရာသင့်အတွက်မရှိ။ ဆုတောင်းခြင်း၌သင်၏အနီးအပါးတွင်ရှိနေမည်။ ဆက် လက်ပြီး အားတင်လျှောက်လှမ်းပါ။ သင့်သားအတွက် သင်အတော်လုပ်ပေးခဲ့ပြီးပြီ။ သင်ဟာ မဟာမိခင်ပါ’ ဟုအားပေးမိန့်ကြား ခဲ့သည်။

ထူးခြားလွန်းသော ဆေးစစ်ချက်အဖြေ

ထိုနေ့ညနေ၌ မိခင်ဖြစ်သူထံဖုန်း၀င်လာသည်။ သားဖြစ်သူကို ၄င်းတို့နေထိုင်သောမြို့ဖြစ်သည့် Bari သို့ဆေးစစ်ရန်လို အပ်၍ နောက်တစ်နေ့ပြန်ခေါ်လာရန်ပြောပါသည်။ ဆရာ၀န်များသည် သူ၏သားဖြစ်သူ၏ကျန်းမာရေးအခြေအနေကိုအလွန်စိုး ရိမ်နေကြသည်။ အဘယ်ကြောင့်ဆိုသော် ပရိုတင်းများသည် စီးထွက်မှုမြင့်မားသောကြောင့် ၀က်ရူးပျံဖြစ်ပွားမှုမြင့်မားလာမည့် ကိုစိုးရိမ်ရသည်။ သို့ဖြင့်သားအမိသည် အောက်တိုဘာလ (၂၁) ရက်နေ့က ဆရာ၀န်နှင့်တွေ့၍ဆေးစစ်လိုက်သည်။ သုံးရက် မြောက်သောနေ့၌ ဆရာ၀န်ကမိခင်ဖြစ်သူအား အံ့အားသင့်သွားဖွယ် ဆေးစစ်ချက်  ရလာဒ်ကို ပြောပြလာပါသည်။ သားဖြစ်သူ၏ ပရိုတင်းမှာ (၁၅၇) ရှိနေရာမှ (၁၀၆) သို့ထိုးဆင်းသွားကြောင်း၊ အဘယ်သို့ဖြစ်သွားသည်ကိုဆေးပညာအနေဖြင့်မပြောပြတတ်၊ မရှင်းပြတတ်ကြောင်းပြောရှာသည်။ ၄င်းတို့သားအမိသည် နို၀င်ဘာလ (၅) ရက်နေ့က ရောမသို့တဖန်ဆေးစစ်ရန် ပြန်သွားခဲ့ သည်။ နှစ်ပတ် အတွင်း၌ သားဖြစ်သူ၏ပရိုတင်းမြင့်နှုန်းမှာ (၂၆) အထိကျဆင်း သွားပြန်သည်ကို ထူးခြားစွာ သိလိုက်ရပြန်သည်။ ဆရာ၀န်များက သားဖြစ်သူသည် ဦးနှောက်ကင်ဆာဖြစ်နိုင် ချေရှိသည့်သံသယရှိနေခဲ့ကြသည်။ ယခုသိလိုက်ရသော ဆေးစစ် ချက်ကြောင့် မိခင်ဖြစ်သူမှာ သား၏ခွဲစိပ်မှုအတွက်စိတ်ပူနေခဲ့ရာမှစိတ်အေးသွားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ခွဲစိတ်မှုပြု လုပ်ပြီးနောက် သားဖြစ်သူသည် ဘီးတပ်လှည်းဖြင့်သာသွားလာရမည်ဆိုလျှင်၊ သို့မဟုတ် ဆုံးပါးသွားလျှင်ဟူကြိတ်ပူနေခဲ့သည့် အပူလုံးကျဆင်းသွားခဲ့သည်။ ပြီးခဲ့သော နို၀င်ဘာလက မိခင်ဖြစ်သူသည် CBS သတင်းဌာနနှင့်တွေ့ဆုံမေးမြန်းရာတွင် မိခင်ဖြစ် သူအနေဖြင့် သားဖြစ်သူ၏ဘ၀ကို ပြောင်းလဲသွားစေသည့်အတွက် ရဟန်းမင်းကြီး ဖရန်စစ်အားဘာ ပြောချင် သနည်း ဟုမေး မြန်းရာ ‘တန်ခိုးအံ့ဖွယ်ရာအတွက် ကျေးဇူးတင်ကြောင်း’ ပြောလိုသည် ဟုဖြေကြားခဲ့သည်။

 

RVA ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

322  Views
Previous: မြန်မာခရီးစဉ် တိုးတက်မှုအဆင့်တဆင့်ရခဲ့” ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး
Next: ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် (စီဘီစီအမ်) ၏ ၂၀၂၂ ခုနှစ် ဇန္နဝါရီလ ၁၁ ရက်မှ ၁၄ ရက်နေ့ထိ ပြုလုပ်သော ပထမအကြိမ် အထွေထွေညီလာခံမှ သဘောထား ထုတ်ပြန်ချက်