ပုံနှိပ်နှင့်သတင်းစာနယ်ဇင်းလုပ်ငန်းများသည် ကမ်္ဘာတည်သရွေ့ လူ့မှုအသိုင်းအဝန်းအတွက် မရှိမဖြစ်သော ဝန်ဆောင်မှုတစ်ခုအဖြစ် အမြဲရှိနေအုံးမည်။

ယခုတလော၊ ကျွန်ုပ်၏မိတ်ဆွေများက ဂလိုရီယာသတင်းဂျာနယ်၏ ရေရှည်ရပ်တည်နိုင်မည့် အလား အလာနှင့် ဈေးကွက်အခြေအနေများကို စိတ်ဝင်စားမှုကြောင့်လည်းကောင်း၊ စိတ်ပူပေးမှုကြောင့်လည်းကောင်း၊ အားပေးမှုကြောင့်လည်းကောင်း မေးမြန်းလာကြသည်။
ယနေ့ (၂၁) ရာစုခေတ်က သတင်းနည်းပညာခေတ်လို့ ခေါ်ဝေါ်သတ်မှတ်ကြပါသည်။ အင်တနက်ပညာ ထွန်းကားရာက စပြီး ပုံနှိပ်သတင်းစာနယ်ဇင်းလုပ်ငန်းတွေဟာ တဖြည်းဖြည်း တိမ်ကောလာသလို စာဖတ်ပရိသတ် များကလည်း ပုံနှိပ်စာအုပ်များနှင့်ပုံနှိပ်သတင်းဂျာနယ်များကို ဝယ်မဖတ်ကြတော့ဘဲ အင်တနက်ပေါ်တွင် ဖတ်နိုင်သည်ဟု ဆိုကြပြီး ဖေ့စ်ဘုတ်ကိုအခြေခံသည့် သတင်းဖတ်သည့်အကျင့်များနှင့်စာဖတ် သည့်အလေ့အကျင့် များသို့ ပြောင်းလဲသွားလေသည်။

ဂလိုရီယာသတင်းဂျာနယ်နှင့်ပတ်သက်ပြီး ရရှိလာသော မေးခွန်းများကို ပြန်ဖြေပေးလိုသည်မှာ၊ ပုံနှိပ်စာအုပ်များနှင့်ပုံနှိပ်သတင်းဂျာနယ်များသည် လူသားများအတွက် မရှိမဖြစ်သော၊ အခြေခံလိုအပ်ချက်များ အဖြစ် လူသားများ ရှိနေသရွေ့ ရှိနေအုံးမည်ဟု ဦးစွာ ဖြေချင်ပါသည်။
အကြောင်းရင်းမှာ ဖေ့စ်ဘုတ်ပေါ်တွင် တင်ထားသော ဗဟုသုတများနှင့်သတင်းသည် နေ့စဉ်တက်လာ သောဗဟုသုတများနှင့်သတင်းများကြောင့် သိမ်းထားရန်ခက်ခဲခြင်း၊ မိမိသုံးစွဲသောဖေ့စ်ဘုတ်လည်း ပျက်စီးနိုင်ခြင်း နှင့် အင်တနက်သုံးရန်အတွက် ငွေကြေးကုန်ကျမှုများ ရှိနေခြင်းနှင့် ပညာရေးပိုင်း၌ မှီငြမ်းထားသော စာတမ်း အရင်းအမြစ်များအဖြစ် တရားဝင်လက်ခံနိုင်ခြင်းတို့ မရှိခြင်းတို့ကြောင့် ဖြစ်သည်။

ဂလိုရီယာသတင်းဂျာနယ်နှင့်တခြားသတင်းစာ/ဂျာနယ်များသည် ဖတ်သူက မိမိဖတ်ပြီးသည့်အခါ သိမ်း ထားနိုင်ခြင်း၊ ပြန်ဖတ်လို၊ ပြန်ကိုးကားလိုသည့်အခါ ငွေကြေးမကုန်ဘဲ ပြန်လည်အသုံးပြုနိုင်ခြင်း၊ အဆင့်မြင့်ပညာ ရေးတွင် တရားဝင်သော စာတမ်းမှီငြမ်းအရင်းအမြစ်များအဖြစ် တည်ရှိနေခြင်းတို့ကြောင့် ပုံနှိပ်စာအုပ်များနှင့်ပုံနှိပ် သတင်းဂျာနယ်များသည် လူသားများအတွက် မရှိမဖြစ်သော၊ အခြေခံလိုအပ်ချက်များအဖြစ် လူသားများ ရှိနေသရွေ့ ရှိနေအုံးမည်ဟု ဖြေဆိုလိုခြင်း ဖြစ်ပါသည်။

ဂလိုရီယာသတင်းဂျာနယ်၏ ဈေးကွက်ကား တစ်နှစ်ပြီးတစ်နှစ် တဖြည်းဖြည်း တိုးတက်လာသည်ဟု ဆိုချင်ပါသည်။ သို့သော် ဤဂလိုရီယာသတင်းဂျာနယ်လုပ်ငန်းသည် ကျွန်ုပ်၏အဓိက စီးပွားရေးလုပ်ငန်းမဟုတ်ပေ။ ကျွန်ုပ်သည် ၂၀၁၆ ခုနှစ်မှစပြီး ဤဂလိုရီယာသတင်းဂျာနယ်လုပ်ငန်းမှ နှစ်စဉ် ကျပ်သိန်း (၆၀) ဝန်းကျင် ရှုံးနေသည်။ သို့သော် ကျွန်ုပ်၏တခြားလုပ်ငန်းများမှ ရရှိလာသော အမြတ်ငွေများဖြင့် ဤဂလိုရီယာ သတင်းဂျာနယ် လုပ်ငန်းကို မိမိ၏စာပေဝါသနာအရလည်းကောင်း၊ မိမိ၏ခရစ်တော်တရားတော် ဖြန့်ချီရေးအမှုတော်၌ ပါဝင် လုပ်ဆောင်လိုခြင်းတို့ကြောင်း ဆက်လက်ထုတ်ဝေနေအုံးမည် ဖြစ်ကြောင်း အသိပေးလိုပါသည်။

ကျွန်ုပ်သည် ဤဂလိုရီယာသတင်းဂျာနယ်လုပ်ငန်း ဆက်လက်ရပ်တည်လည်ပတ်နိုင်ရေးအတွက် လည်း၂၀၁၆ ခုနှစ်မတိုင်ခင်က ရရှိခဲ့သောအမြတ်ငွေများကို မြေလုပ်ငန်းများတွင် ရင်းနှီးမြှပ်နှံထားပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် တချိန်ချိန်တွင် ၎င်းမြေကွက်များမှ ရရှိလာသော အမြတ်ငွေများကို အသုံးချပြီး ဤဂလိုရီယာ သတင်းဂျာနယ်လုပ်ငန်းကို ချဲ့ထွင်ခြင်းများ ပြုလုပ်နိုင်ရေးအတွက် ဆက်လက်ကြိုးစားသွားမည် ဖြစ်ကြောင်း စာဖတ်ပရိသတ်များအား လေးစားစွာဖြင့် အသိပေးရှင်းပြလိုပါသည်။ အယ်ဒီတာချုပ်

1018  Views
Previous: ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က မန္တလေးဂိုဏ်းချုပ်ဆရာတော်ကြီးမာကုတင်ဝင်းကို ရဟန်းမင်းကြီးရုံးတော်၏ဘာသာတရားများနှီးနှောဖလှယ်ခြင်းဆိုင်ရာ အဖွဲ့ဝင်သစ်အဖြစ် ခန့်အပ်
Next: Cardinal Charles Bo urges his People to Make a Discerned Choice in the Myanmar Elections