ကက်သလစ်ဆရာတော်ကြီးများသည် ကလေးငယ်များအပေါ် လိင်ဆက်ဆံကျူးလွန်ကြသော ရဟန်းများကို ဖုံးကွယ်ပေးနေကြသည်ဟု ဖိလစ်ပိုင်ကာဒီနယ်တာကလေးက ဝန်ခံ


ဗာတီကန်၊ ဖေဖော်ဝါရီ ၂၂၊ ၂၀၁၉့ဃဗြ

ကက်သလစ်ဆရာတော်ကြီးများသည် ကက်သလစ်ရဟန်းများက ကလေးငယ်များအပေါ် လိင်ဆက်ဆံ ကျူးလွန်ကြသော ရဟန်းများကို ဖုံးကွယ်ပေးနေကြသည်ဟု ဖိလစ်ပိုင်ကာဒီနယ်တာကလေးက ““ကလေးသူငယ်များ အား လိင်နှင့်ဆိုင်သောကာကွယ်ခြင်းဆိုင်ရာ ကမ်္ဘာ့ကက်သလစ်ဆရာတော်ကြီးများ””၏ ညီလာခံ၌ ဖေဖော်ဝါရီလ (၂၁) ရက်နေ့က ဝန်ခံမိန့်ကြားတော်မူလိုက်သည်။
ကာဒီနယ်တာကလေးက ““ကျွန်တော်တို့ကက်သလစ်ဆရာတော်ကြီးများအနေနဲ့ဝန်ခံလိုတာက တော့၊ ကက်သလစ်ဆရာတော်ကြီးများဟာ မိမိတို့ကက်သလစ်ရဟန်းများ၊ ကိုရင်များ၊ သီလရှင်များ၊ ဆရာတော်များရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားခြင်းကို ခံစားကြရသော ကလေးငယ်များကို မကာကွယ်ဘဲ အပြစ်ကျူးလွန်သူများကိုသာ ဖုံးကွယ်ကာကွယ်ပေးတာကြောင့် ဒါဏ်ရာရရှိထားကြသူများအပေါ် ကျွန်တော် တို့က ထပ်မံကြေကွဲ စေကြပါတယ်။ တနည်းအားဖြင့် ပြောရရင် ခရစ်တော်ရဲ့ခန်္ဓာကိုယ်တစ်ခုလုံးကို ဒါဏ်ရာရစေကြပါတယ်”” ဟု ညီလာခံတက် ရောက်သူများအား မီးမောင်းထိုးပြတော်မူသည်။
ကာဒီနယ်တာကလေးက ““လိင်ပိုင်းဆိုင်ရာ စော်ကားခြင်းခံကြရသူများအပေါ် တုံ့ပြန်ကူညီပေးခြင်း ကင်းမဲ့နေခြင်းသည် စော်ကားခံရသူများကို နှင်ထုတ်ခြင်းဖြစ်သကဲ့သို့ စော်ကားသူများနှင့်စော်ကားသော အဖွဲ့အစည်းများကိုပါ ဖုံးကွယ်ကာကွယ် ပေးခြင်းသည် မကောင်းသော ပုံသက်သေဖြစ်သည်”” ဟု ““ကလေးသူငယ် များအား လိင်နှင့်ဆိုင်သောကာကွယ်ခြင်းဆိုင်ရာ ကမ်္ဘာ့ကက်သလစ်ဆရာတော်ကြီးများညီလာခံ”” သို့တက်ရောက် သော ကာဒီနယ်များ၊ ဆရာတော်ကြီးများ၊ ကိုရင်ကြီးများ၊ သီလရှင်များနှင့်ပညာရှင်များအား ဝေဖန်ပြစ်တင်တော် မူလိုက်သည်။
သူက ““ဒါဏ်ရာများကို ပြန်လည်ကုစားခြင်း၏အဓိကဆိုလိုခြင်းသည် မြောက်များစွာ ပညာရပ်ဘာသာရပ် တစ်ခုထက်ပိုသော လေ့လာခြင်းရဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်။ ကျွန်တော့်ယုံကြည်ချက်ကတော့၊ ကျွန်တော် တို့အားလုံးမှာ မိမိတို့ကို လမ်းပြပေးနိုင်မယ့် ယုံကြည်ခြင်းနှင့်ဘာသာရေးဆိုင်ရာခံယူချက်တွေအတွက် ပြန်လည် ကုစားဖို့နှင့်ဆက်လက်ထိန်းသိမ်းဖို့ လိုအပ်ပါတယ်”” ဟု ညီလာခံတက်ရောက်သူများအား ဆော်သြတော်မူသည်။

695  Views
Previous: ဗာတီကန်နိုင်ငံ၌ကျင်းပသော ““ကလေးသူငယ်များအား လိင်ပိုင်းဆိုင်စော်ကားခြင်းမှ ကာကွယ်ခြင်းဆိုင်ရာ ကမ်္ဘာ့ကက်သလစ်ဆရာတော်ကြီးများ”” ၏ ညီလာခံ၌ အချက် (၂၁) ချက်ကို ရဟန်းမင်းကြီး ဖရန်စစ်က အဆိုပြုတော်မူ
Next: ကက်သလစ်သာသနာတော်၏ဝတ်ပြုကိုးကွယ်ခြင်းသည် ခရစ်တော်ဘုရားနှင့်ကက်သလစ်ဘာသာဝင်များ၏ တွေ့ဆုံခြင်း ဖြစ်သည်ဟု ရဟန်းမင်းကြီးက မိန့်ကြား