ကက်သလစ်သာသနာတော်ကို ခေတ်နှင့်ညီအောင် ဦးဆောင်ပြုပြင်ခဲ့သော ပျံလွန်တော်မူပြီးသော ရဟန်းမင်းကြီး ပေါလူး (၆)အား သူတော်မြတ်အဆင့်သို့ တင်မြှောက်ပြီ

80-b

ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က ကက်သလစ်သာသနာတော်ကို ခေတ်နှင့်ညီအောင် သတိရှိရှိ ဦးဆောင်ပြုပြင်တော်မူခဲ့သော ပျံလွန်တော်မူ ပြီးသော ရဟန်းမင်းကြီး ပေါလူး (၆)အား သူတော်မြတ် အဖြစ် အောက်တိုဘာလ ၁၉ ရက်နေ့က တင်မြှောက်ပေး တော်မူလိုက်သည်။ ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်က သူတော်မြတ်ရဟန်းမင်းကြီးပေါလူး (၆)ကို ““အောင်မြင်သောရဟန်းမင်းကြီး၊ ရဲရင့်သော ရဟန်းမင်းကြီး၊ မမောမပန်းသော တမန်တော်၊ ဘုရားသခင်နှင့်ဆိုင်သောအရာကို ဘုရားသခင်အား ပေးဆပ်သူ””ဟု တင်စားခေါ်ဝေါ်တော်မူလိုက်သည်။

စတူးဘဲန်ဗီလဲမြို့မှ ဖရန်စစ်စကိုင်းတက္ကသိုလ်မှ ဓမ္မပညာရှင်ပါမောက္ခဖြစ်သော ဒေါက်တာ အလန်စရက် က ““ရဟန်းမင်းကြီး ပေါလူး (၆) က ဒုတိယ ဗာတီကန် ကောင်စီအစည်းအဝေးကျင်းပပြီးနောက် ၎င်းအစည်းအဝေးရဲ့ဆုံဖြတ်ချက်ကို ဆန့်ကျင်တဲ့ အဖွဲ့တွေ ကက်သလစ်သာသနာတော်ထဲမှာ ကြီးထွား လာပြီး အသင်းတော်ကို ဆန့်ကျင်တဲ့ ကမ္ဘာတစ်ဝှမ်းကလူတွေရဲ့ ဒါဏ်ကို အကြီးအကျယ် ခံခဲ့ရပါတယ်။ ဒါပေမယ့် သူကခရစ်တော် နဲ့ဝိညာဉ်တော်ဘုရားမြတ်ရှင်များပေါ်တွင် ခွန်အားယူပြီး ရှင်သန်ခဲ့သူဖြစ်ပါ တယ်”” ဟု မှတ်ချက်ပြုသည်။ ရဟန္တာပေါလူး ၆ က ကာဒီနယ်ဆရာတော် အဖြစ် ရွေးချယ်ခန့်အပ်ခဲ့သော လက်ရှိအငြိမ်းစားရဟန်းမင်းကြီးဘေနေဒစ် (၁၆) ကလည်း ရဟန်းမင်းကြီး ပေါလူး (၆) ၏ ရဲရင့်သော ပါရမီကို အသိအမှတ်ပြုရင်း သူ့ကို ရိုသေထိုက်သူ ဠနညနမဘေူန အဆင့် (ရိုသေထိုက် Venerable သူ၊ သူတော်မြတ် Blessed၊ ရဟန္တာ Saint ဟူ၍ အဆင့်သုံးဆင့်ထဲက ပထမအဆင့်) အဖြစ်သို့ ၂၀၁၂ ခုနှစ်က ကြေညာပေးတော်မူခဲ့သည်။

ဗာတီကန်ရုံးတော်မှ အတည်ပြုထားသော ရဟန်းမင်းကြီးပေါလူး (၆) ၏ တန်ခိုးတော်ကမူ၊ ၁၉၉၀ ခုနှစ်က အမေရိကန်နိုင်ငံတွင် ဦးနှောက်နှင့်ဆီးအိတ် မကောင်းသော မိခင်၏ဝမ်းထဲက ရင်သွေးလေးကို ကိုယ်ဝန်ဖျက်ချရန် ဆရာဝန်များက အကြံပေးထားသော်လည်း မိခင်ဖြစ်သူက ရဟန်းမင်းကြီးပေါလူး (၆) ဝတ်ဆင်ခဲ့သောသင်္ကန်းပိတ်စကို သူမ၏ဝမ်းဗိုက်ပေါ်တွင် တင်ထားရင်း ဘုရားသခင်ထံ ကြားဝင် ဆုတောင်းပေးရန် အားကိုးခြင်းကြောင့် ၎င်းကလေးငယ်သည် ကျန်းမာစွာ မွေးဖွားနိုင်ခဲ့သည့်အပြင် ၎င်းကလေးသည် ယနေ့တိုင် အသက်ရှင်နေကြောင်း သိရှိရသည်။

သူတော်မြတ်ရဟန်းမင်းကြီးပေါလူး (၆) ၏အတွင်းရေးမှူး၂၁၁အဖြစ် တာဝန်ထမ်းဆောင်ပေးခဲ့သော ကာဒီနယ်ဆရာတော်ကြီး (အငြိမ်းစား) ဂျိူဝါးနီ ဘာတီစတားရယ်က ရဟန်းမင်းကြီးသည် သူအသက်ရှင် စဉ်တုန်းက ခေတ်ကာလရဲ့စိန်ခေါ်မှုတွေအပေါ် သတိရှိရှိဖြင့် အသင်းတော်ကြီးကို အုပ်ချုပ်ခဲ့ သူ၊ တွေးခေါ်ခဲ့သူ၊ သူများကို လေးလေးစားစား တွေ့ဆုံဆွေးနွေးသူနဲ့ဘုရားတရားပြည့်ဝသော ရဟန်း မင်းကြီးအားလုံးရဲ့ ပထမဆုံးရဟန်း မင်းကြီး ဖြစ်ကြောင်းဖြင့် ပြန်ပြောင်းသတိရရင်း မှတ်ချက်ပြုတော်မူ သည်။ ရဟန်းမင်းကြီး ပေါလူး (၆)သည် ရဟန်းမင်းကြီး ယောဟန် (၂၃)က ၁၉၆၃ ခုနှစ် ရုတ်တရက် ပျံလွန်တော်မူရာ ၁၉၆၃ ခုနှစ်မှ ၁၉၇၈ ခုနှစ်အထိ ကက်သလစ်သာသနာတော်၏ ရဟန်းမင်းကြီး အဖြစ် ရွေးကောက်တင်မြှောက်ခြင်းကို ခံရပြီး ရဟန်းမင်းကြီး ပေါလူး (၆) စတင်ခဲ့သော ဒုတိယဗာတီ ကန်ကောင်စီကို ဆက်လက်ဦးဆောင်ကျင်း ပရင်း ၎င်းညီလာခံကို ၁၉၆၅ ခုနှစ်တွင် အောင်မြင်စွာကျင်း ပပြီးဆုံးတော်မူခဲ့သည်။  ထို့အပြင် ရဟန်းမင်းကြီးသည် ကက်သလစ်သာသနာတော်သမိုင်းထဲတွင် လွန်စွာပင် ဂန္တဝင်မြောက်သော စာချွန်တော် များဖြစ်ကြသည့် လူ့ဘဝအသက်တာ (ဤစာချွန်တော်သည် ကိုယ်ဝန်ဖျက်ချခြင်းကို တားမြစ်ထားသော စာချွနတော်ဖြစ်သည်)၊ လူသားတို့၏ဖွံ့ဖြိုးတိုး တက်ခြင်း စသော စာချွန်တော် (၇) ခုကို ရေးသား တော်မူခဲ့သည်။

သူတော်မြတ်ပေါလူး ၆ သည် အီတလီနိုင်ငံ၊ ဘရက်စီယာမြို့တွင် ၂၆ ရက် စက်တင်ဘာလ ၁၈၉၇ ခုနှစ်တွင် မွေးဖွားတော်မူပြီး ၁၉၂၀ ခုနှစ်တွင် ကက်သလစ်ရဟန်းသိက္ခာကို ရရှိတော်မူသည်။ သူသည် ၁၉၂၂ ခုနှစ် ၁၉၅၄ ခုနှစ်အထိ ဗာတီကန်နိုင်ငံ၏ အတွင်းရေးမှူး (နိုင်ငံခြားရေးဝန်ကြီး) ဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၁၉၅၄ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် အီတလီနိုင်ငံ၏ အကြီးဆုံး ကက်သလစ်သာသနာဖြစ်သော မီလန်မြို့၏ ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်အဖြစ် ရဟန်းမင်းကြီး ပီအူးစ် ၁၂ က ခန့်အပ်တော်မူ လိုက်သည်။  တဖန် ၁၉၅၈ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင်မူ ရဟန်းမင်းကြီး ယောဟန် ၂၃ က သူ့အား ကာဒီနယ်ဆရာ တော်ကြီးအဖြစ် ရွေးချယ်ခန့်အပ်ခြင်းကို ခံရတော်မူသည်။ သူသည် ရဟန်းမင်း ကြီး ယောဟန် (၂၃)ကို ဆက်ခံရန် ရဟန်းမင်းကြီးအဖြစ် ၁၉၆၃ ခုနှစ်တွင် ရွေးချယ်ခန့်အပ်ခြင်းကို ခံရတော်မူပြီး မိမိအမည်ကို ပေါလူး (၆) အဖြစ် ရွေးချယ်ပြောင်း လဲတော်မူခဲ့သည်။ ရဟန်းမင်းကြီးသည် လေယာဉ်စီးပြီး တကမ္ဘာလုံးကို သာသနာပြုတော်မူသော ပထမဆုံးရဟန်းမင်းကြီး၊ ခရစ်တော်မွေးဖွားရာ ပါလက်စတိုင်းဒေသကို သွားရောက်တော်မူသော ပထမဆုံးရဟန်းမင်းကြီးနှင့် ရဟန်းမင်းကြီးအဖြစ် အရွေးခံရချိန်တွင် သရဖူဆောင်းပေးခြင်းစနစ်ကို ဖျက်သင့်သော ပထမဆုံးရဟန်းမင်းကြီးအဖြစ် နာမည်ကြီးသူ ဖြစ်တော်မူသည်။ ရဟန်းမင်းကြီးသည် ၁၉၇၈ ခုနှစ် သြဂုတ်လ ၆ ရက်နေ့တွင် နာတာရှည်ရောဂါဖြင့် ပျံလွန်တော်မူခဲ့ခြင်း ဖြစ်သည်။

ကက်သလစ်ခရစ်ယာန်သာသနာတော်သည် သေဆုံးသွားသော မိမိ၏ဘာသာဝင်များထဲမှ လူတစ်ဦးအား ရဟန္တာ ှငေညအ အဆင့်သို့ တင်မြောက်နိုင်ရန်အတွက် လုပ်ဆောင်ရာတွင် အဆင့်သုံးဆင့် ဖြစ်သော ရိုသေထိုက်သူ ဠနညနမဘေူန အဆင့် (ရိုသေထိုက် Venerable သူ၊ သူတော်မြတ် Blessed၊ ရဟန္တာ Saint) တို့ကို တဆင့်ပြီးတဆင့် လုပ်ဆောင်တင်မြောက် ပေးသော့ မူဝါဒကို ကျင့်သုံးနေပါသည်။ ၀၀၈ ကုန်ဇမှုန်း

1604  Views
Previous: ဖိလစ်ပိုင်သမ္မတက မင်နားဒိုးကျွန်းရှိမွတ်စလင်သူပုန်များ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနိုင်ရန်အတွက် ဥပဒေကြမ်းတစ်ခုကို ဖိလစ်ပိုင်လွှတ်တော်အား တင်သွင်း
Next: မြန်မာနိုင်ငံသို့ ကက်သလစ်သာသနာတော် ရောက်ရှိခြင်း နှစ် (၅၀၀) ဂျူဗလီပွဲတော်သို့ ရဟန်းမင်းကြီးက ကာဒီနယ်ဆရာတော်ကြီး အိုဆွေဂရားစီယားကို ကိုယ်စားလှယ်အဖြစ်စေလွှတ်တော်မူ