“ကက်သလစ်သာသနာတော်တွင် Dogma ယုံကြည်ရာအချက်ပေါင်း ၂၅၅ ခုရှိသည်” နောက်ဆုံးအပိုင်း (၃)

4

ရန်ကုန်၊ မတ်လ ၂၀၊ ၂၀၁၆
ဂလိုရီယာသတင်းဂျာနယ်တိုက်မှ မတ်လ (၂၀) ရက်နေ့၌ တတိယအကြိမ်အဖြစ် ဦးဆောင်ကျင်းပသော “ကက်သလစ် သာသနာတော် ၏ ယုံကြည်ရာအချက်များဆိုင်ရာ ဟောပြောဆွေးနွေးပွဲ” ၌ ဟောပြောဆွေးနွေးပေးတော်မူသော ရန်ကုန်မြို့တော်ရှိ စိန်မေရီ ကာသီဒြယ်ကျောင်းထိုင်ဘုန်းတော်ကြီး ဒေါက်တာဒေါမိနစ်သက်တင်က “ကက်သလစ်သာသနာတော်တွင် ယုံကြည်ခြင်းအချုပ်သည် (၁၂) ချက်သာရှိသော်လည်း ၎င်း (၁၂) ချက်အောက်တွင် ယုံကြည်ရာအချက်ပေါင်း ၂၅၅ ချက်နှင့် ယုံကြည်ရာအချက်အဆင့်သို့ မရောက်သေးသော အမှန်တရားအပေါင်း (၁၀၂) ခု ရှိသည်” ဟု  မိန့်ကြားတော်မူလိုက်သည်။
(၂၀၁၆ ခုနှစ် မေလထုတ် ဂလိုရီယာသတင်းဂျာနယ်တွင် ဖော်ပြထားသော ကက်သလစ်သာသနာတော်၏ယုံကြည်ရာအချက် (၂၅၅) ချက်များထဲမှ ကျန်နေသေးသောအချက်များ၏ အဆက် (၃) ကို အောက်တွင် ဖော်ပြပေးထားပါသည်။)

အဆက် (၃)

၁၇၅။ ဆေးကြောခြင်းစက္ကရမင်းတွင် အရေးကြီးဆုံးသောအရာမှာ စစ်မှန်သဘာဝရေပင် ဖြစ်သည်။
၁၇၆။ ဆေးကြောခြင်းစက်္ကရမင်းသည် ဖြောင့်မတ်ခြင်းကျေးဇူးတော်ကို အပ်နှင်းတော်မူသည်။
၁၇၇။ ဆေးကြောခြင်းစက္ကရမင်းသည် ယာယီနှင့် ထာဝရခံထမ်းရအံ့သော အပြစ်ဒါဏ်အားလုံးကို လျှော့ချပေးသည်။
၁၇၈။ မထိုက်တန်စွာဖြင့် လက်ခံရယူသော်လည်း တရားဝင်သောဆေးကြောခြင်းစက္ကရမင်းသည် ၎င်းဆေးကြောခြင်းစက္ကရမင်းကို လက်ခံသူ၏ဝိညာဉ်အပေါ်တွင် တံဆိပ်နှင့် ဖျက်ဆီးမရသော ဝိညာဉ်ရေးဆိုင်ရာအမှတ်လက္ခဏာကို ခပ်နှိပ်တော်မူသောကြောင့် ၎င်းဆေးကြောခြင်းစက္ကရမင်းကို ထပ်ခါတလဲလဲ ခံယူ၍မရပေ။
၁၇၉။ ရေဖြင့် ဆေးကြောခြင်းသည် နှုတ်ကပတ်တော်ကို ကြေညာဟောပြောချိန်ကတည်းကလူသားများ၏ကယ်တင်ခြင်းအတွက် ချွင်းချက်မရှိ လိုအပ်သောအရာဖြစ်သည်။
၁၈၀။ လူတိုင်းက ဆေးကြောခြင်းစက္ကရမင်းကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်သည်။
၁၈၁။ ဆေးကြောခြင်းကို မခံယူသေးသောလူသားများသည် ဆေးကြောခြင်းစက္ကရမင်းကို ခံယူနိုင်ကြသည်။
၁၈၂။ နုနယ်သေးသော ကလေးငယ်များအား ဆေးကြောခြင်းစက္ကရမင်းကို ပေးခြင်းသည် တရားဝင်ပြီး အောင်မြင်သည်။
၁၈၃။ ခရစ်္စမားအားပေးခြင်းစက္ကရမင်းသည် စစ်မှန်သောစက်္ကရမင်း ဖြစ်သည်။
၁၈၄။ ခရစ္စမားအားပေးခြင်းစက္ကရမင်းသည် ဝိညာဉ်အပေါ်တွင်ဖျက်ဆီးမရသော ဝိညာဉ်ရေးဆိုင်ရာအမှတ်လက္ခဏာကို ခပ်နှိပ်တော် မူသောကြောင့် ၎င်းစက္ကရမင်းကို ထပ်ခါတလဲလဲ ခံယူ၍မရပေ။
၁၈၅။ ခရစ်္စမားအားပေးခြင်းစက္ကရမင်းကို အမှန်တကယ်ကျင်းပခွင့်ရှိသော အမှုတော်ဆောင်သူမှာ ဆရာတော်ကြီး တစ်ပါး သာ ဖြစ်ပေသည်။
၁၈၆။ အရှင်မြတ်ယေဇူးခရစ်တော်၏ အသွေးတော်နှင့်ခန္ဓာတော်တို့သည် အမှန်တကယ်စစ်မှန်ပြီး ကိုယ်တော်မြတ်ထဲတွင် အမှန် တကယ် တည်ရှိနေတော်မူသည်။
၁၈၇။ အရှင်ယေဇူးခရစ်တော်သည် စက္ကရမင်းကျင်းပသော ပလ္လင်ပေါ်တွင် မုန့်၏အနှစ်သာရတစ်ခုလုံးကို အရှင်မြတ်၏ ခန္ဓာတော် အဖြစ်နှင့် စပျစ်ရည်၏ အနှစ်သာရတစ်ခုလုံးကို အရှင်မြတ်၏ အသွေးတော်အဖြစ်သို့ အသွင်သဏ္ဍာန်ပြောင်းလဲခြင်းအားဖြင့် တည် ရှိနေလေသည်။
၁၈၈။ မုန့်နှင့် စပျစ်ရည်တို့၏ အနှစ်သာရတို့သည် အနှစ်သာရပိုင်းတွင် ပြောင်းလဲသွားပြီးနောက် ဆက်လက်တည်ရှိနေလေသည်။
၁၈၉။ ခရစ်တော် ဘုရားရှင်ခန္ဓာတော်နှင့် အသွေးတော်တို့သည် အရှင်မြတ်၏ဝိညာဉ်နှင့် ဘုရားအဖြစ်တော်တို့နှင့်အတူ ခရစ်တော် ဘုရား၏ တစ်ကိုယ်လုံးသည် ကိုယ်တော်မြတ်စက္ကရမင်းထဲတွင် တည်ရှိနေလေသည်။
၁၉၀။ ခရစ်တော်ယေဇူး၏ ခန္ဓာတစ်ခုလုံးသည် အသွေးတော်နှင့် အသားတော်ဟူသော ဥစာအမျိုးအစား (ဝါ) မျိုးစိတ်ထဲတွင် တည်ရှိနေလေသည်။
၁၉၁။ ပူဇော်ဆက်ကပ်ထားသော အသွေးတော်နှင့်အသားတော်တို့ကို ခွဲလိုက်သောအခါ ခရစ်တော်၏တစ်ကိုယ်လုံးသည် ၎င်းမျိုးစိတ် တစ်ခုစီတွင် တည်ရှိနေတော်မူသည်။
၁၉၂။ မုန့်နှင့် စပျစ်ရည်တို့ကို ကောင်းကြီးပေးဖန်ဆင်းထားပြီးနောက် အသွေးတော်နှင့် အသားတော်တို့သည် ကိုယ်တော်မြတ် မင်္ဂလာ ထဲတွင် အမြဲတမ်းကိန်းအောင်း တည်ရှိနေတော်မူသည်။
၁၉၃။ ကိုယ်တော်မြတ်မင်္ဂလာမုန့်ထဲတွင် ကိန်းဝပ်စံပယ်တော်မူသော ယေဇူးခရစ်တော်ဘုရားကိုသာ ရှိခိုးကိုးကွယ်ခြင်းကို ပြုလုပ်ကြရ မည်ဖြစ်သည်။
၁၉၄။ ကိုယ်တော်မြတ်သည် ယေဇူးခရစ်တော်ဘုရားက တည်ထောင်တော်မူခဲ့သော စစ်မှန်သည့်မင်္ဂလာမြတ်တစ်ပါး ဖြစ်သည်။
၁၉၅။ ကိုယ်တော်မြတ်မင်္ဂလာကိုပင့်ယူရာတွင် အသုံးပြုရမည့် အရာဝတ္တုသည်ကား မုန့်နှင့် စပျစ်ရည်တို့သာဖြစ်ကြသည်။
၁၉၆။ ကလေးသူငယ်များသည် စဉ်းစားသိတတ်သောအသက်အရွယ်ကို မရောက်မှီတွင် ကိုယ်တော်မြတ်ကိုပင့်ယူခြင်းသည် ကယ်တင်ခြင်းအတွက် မလိုအပ်သေးပေ။
၁၉၇။ ကက်သလစ်ဘာသာဝင်များသည် ကယ်တင်ခြင်း၏ နည်းလမ်းကြောင့်သော်လည်းကောင်း သို့မဟုတ် ဘုရားသခင်၏ ပညတ်ချက်အရသော်လည်းကောင်း၊ ကိုယ်တော်မြတ်ကိုပင့်ယူရာတွင် အသွေးတော်နှင့် ခန်္ဓာတော်နှစ်ခုစလုံးကို ပင့်ယူရန်မလိုအပ်ပေ။
၁၉၈။ မုန့်နှင့် စပျစ်ရည်တို့ကို ကောင်းကြီးပေးဖန်ဆင်းနိုင်သော တန်ခိုးအာဏာတော်သည် ရဟန်းသိက်္ခာကို အောင်မြင်စွာရရှိထားသော ရဟန်းအပေါ်တွင်သာ မူတည်သည်။
၁၉၉။ ဆေးကြောခြင်းခံယူပြီးသော ကက်သလစ်ဘာသာဝင်တိုင်းသည် ကလေးငယ်များအပါအဝင် ခရီးသွားနေသော အခြေအနေတွင် ပင် ကိုယ်တော်မြတ်စက်္ကရမင်းတူးကို တရားဝင်ပင့်ယူနိုင်သည်။
၂၀၀။ ကိုယ်တော်မြတ်ကို ထိုက်တန်စွာပင့်ယူနိုင်ရန်အလို့ငှါ ကျေးဇူးတော်အခြေအနေနှင့် ကောင်းမွန်ပြီးသဒ်္ဓါကြည်ညိုသော အခြေအနေများသည်လိုအပ်ပေသည်။
၂၀၁။ သန့်ရှင်းမွန်မြတ်သော ကျေးဇူးချီးမွမ်းရာယဇ် (မစ္ဆားပူဇော်ခြင်း) သည် စစ်မှန်ပြီး ကောင်းမွန်သော ယဇ်ပူဇော်ခြင်းဖြစ်သည်။
၂၀၂။ ကျေးဇူးချီးမွမ်းရာယဇ်ထဲတွင် ယေဇူးခရစ်တော်ဘုရား၏ ကားတိုင်တံကျင်ပေါ်တွင် ကျေးဇူးချီးမွမ်းရာယဇ်အတွင်း ယဇ်ပူဇော်ခြင်းကို တည်ရှိစေတော်မူလျက် ၎င်း၏အောက်မေ့သတိရခြင်းကို ကျင်းပခြင်း၍ ၎င်း၏ကယ်တင်ခြင်း အကျိုးကျေးဇူးတော်ကို အကျိုး သက်ရောက်စေသည်။
၂၀၃။ ကျေးဇူးချီးမွမ်းရာယဇ်နှင့် ယေဇူးခရစ်တော်ဘုရား၏လက်ဝါးကားတိုင်ပေါ်တွင်ပြုသော ယဇ်ပူဇော်သကာများထဲတွင် ယဇ်ပူဇော်ခြင်းဆိုင်ရာ ယဇ်ကောင်တော်နှင့် ကနဦးယဇ်ပူဇော်နေသော ရဟန်းတော်တို့သည် ထပ်တူဖြစ်သော်ငြားလည်း ပူဇော်ခြင်း၏ သဘာဝနှင့် နည်းနာနိသယတို့သည်ကား ကွဲပြားခြားနားပေသည်။
၂၀၄။ စားသောက်ပွဲဆိုင်ရာပူဇော်ခြင်းသည် ချီးမွှမ်းခြင်းနှင့် ကျေးဇူးတင်ခြင်းယဇ်ပူဇော်ခြင်း သက်သက် သာမဟုတ် ဘဲ ကျေနပ်အောင်ပေးဆပ်ခြင်းနှင့် တောင်းပန်ခြင်းဆိုင်ရာယဇ်ပူဇော်ခြင်းလည်း ဖြစ်ပေသည်။
၂၀၅။ အသင်းတော်ကြီးသည် ဆေးကြောခြင်းခံယူပြီးနောက် ကျူးလွန်ထားသောအပြစ်များကို အခွင့်လွှတ်နိုင်သော အာဏာတော် ကို ယေဇူးခရစ်တော်ဘုရားထံတော်မှ ရရှိခဲ့သည်။
၂၀၆။ ကက်သလစ်သာသနာတော်၏ အပြစ်ခွင့်လွှတ်ပေးခြင်းဖြင့် အပြစ်များအားလုံးသည် ချက်ခြင်းနှင့် အမှန်တကယ် ဖြေလွှတ်ခြင်းကို ခံကြရသည်။
၂၀၇။ ကက်သလစ်သာသနာတော်၏ အပြစ်များကို အခွင့်လွှတ်ပိုင်ခွင့်အာဏာသည် အပြစ်များအားလုံးကို ချွင်းချက်မရှိသော အခြေအနေအထိ ဖြေလွှတ်နိုင်သည်။
၂၀၈။ ကက်သလစ်သာသနာတော်၏ အပြစ်ခွင့်လွှတ်ပိုင်ခွင့်ကို ကျင့်သုံးခြင်းသည် တရားစီရင်ခြင်းဆိုင်ရာလုပ်ဆောင်ချက် ဖြစ်သည်။
၂၀၉။ အပြစ်ဒါဏ်ဆပ်ဖြေရခြင်း၏ တရားခွင့်ထဲတွင်တည်ရှိနေသော အပြစ်များကို အခွင့်လွှတ်ပေးခြင်းသည် စစ်မှန်ပြီး ကောင်းမွန်သော မင်္ဂလာမြတ်တစ်ပါးဖြစ်ပြီး ယင်းသည် နှစ်ဆေးမင်္ဂလာမြတ်နှင့် သီးခြား ဖြစ်လေသည်။
၂၁၀။ မင်္ဂလာမြတ်ပြင်ပတွင်ရှိသော ဖြောင့်မတ်ခြင်းကို အာပတ်ဖြေမင်္ဂလာမြတ်ကို ခံယူလိုသောစိတ်ဆန်္ဒနှင့် ဆက်စပ်မှုရှိသော အချိန်တွင် စွဲယူသောစစ်မှန်သည့်ဝမ်းနည်းခြင်းအားဖြင့်သာ ရရှိမည် ဖြစ်သည်။
၂၁၁။ ကြောက်ရွံ့ခြင်းစိတ်မှ ထွက်ပေါ်လာသောကြေကွဲသောစိတ်သည် ကိုယ်ကျင့်တရားဆိုင်ရာတွင်မူ ကောင်းမွန်ပြီး သဘာဝထက် လွန်ကဲသောအပြုအမှုတစ်ခုဖြစ်သည်။
၂၁၂။ မင်္ဂလာမြတ်ဆိုင်ရာအာပတ်ဖြေခြင်းသည် အဖဘုရားသခင်က စီရင်ချက်ချမှတ်တော်မူပြီး ယင်းသည် ကယ်တင်ခြင်းအတွက် မရှိမဖြစ်လိုအပ်သောအရာ ဖြစ်သည်။
၂၁၃။ ဘုရားသခင်၏ပညတ်တော်ကြောင့် ကြီးလေးသောအပြစ်များကို အမျိုးအစားနှင့် အရေအတွက်နှင့် ယင်း၏သဘောသဘာ၀ ကို ပြောင်းလဲပေးနိုင်သည့် အခြေအနေများကိုပါ အာပတ်ဖြေ လျှောက်ထားရန် တာဝန်ရှိပေသည်။
၂၁၄။ သေးငယ်သောအပြစ်အတွက် အာပတ်ဖြေရန်မလိုအပ်သော်လည်း အခွင့်ပြုထားသည့်အပြင် အကျိုးလည်းရှိပေသည်။
၂၁၅။ မြတ်စွာဘုရားသခင်က အပြစ်ကြောင့် စိတ်မသန့်မှုနှင့် ထာဝရဒါဏ်ခတ်ခြင်းနှင့်အတူ ယာယီအပြစ်ဒါဏ်ခံရခြင်းများအား အမြဲတမ်းအပြစ်မခွင့်လွှတ်ချေ။
၂၁၆။ ကက်သလစ်ရဟန်းသည် အပြစ်များ၏ပင်ကိုယ်သဘာဝနှင့် အာပတ်လာဖြေသူ၏ စွမ်းဆောင်ရည်ပေါ်မူတည်ပြီး အပြစ်ခွင့် လွှတ်ခြင်းနှင့် ကယ်တင်ခြင်းအကျိုးရှိစေမည့် သင့်လျော်သောအလုပ်များ ကို ပြုလုပ်ခိုင်းသည့်အခွင့်နှင့် တာဝန်ရှိသည်။
၂၁၇။ အာပတ်ဖြေခြင်းမင်္ဂလာပြင်ပတွင် ဒါဏ်ဆပ်ဖြေသောအလုပ်များ (မိမိ၏ဆန္ဒအရ အပြစ်ဒါဏ်အဖြစ် မေတ္တာတရားလုပ်ငန်းကို လုပ်ခြင်းနှင့် ဘုရားသခင်ထံမှလာသော စမ်းသပ်ခြင်းကို သည်းခံ ခြင်းဖြင့်) ပြုလုပ်ခြင်းသည် ကျေနပ်စရာကောင်းသောတန်ဖိုးများကို ပိုင်ဆိုင်ထားလျက်ရှိပေသည်။
၂၁၈။ အာပတ်ဖြေခြင်းမင်္ဂလာမြတ်၏ ပုံသေနည်းတွင် နှုတ်ဖြင့်ရွတ်ဆိုရသော အပြစ်ခွင့်လွှတ်ခြင်းစာသားများပါဝင်သည်။
၂၁၉။ နောင်တရသောအပြစ်သား၏အပြုအမှုနှင့် ဆက်စပ်ပြီး အပြစ်လွှတ်ခြင်းသည် အပြစ်များ၏အခွင့်လွှတ်ခြင်းကို အကျိုးရှိစေသည်။
၂၂၀။ အာပတ်ဖြေခြင်းမင်္ဂလာမြတ်၏ အခြေခံအကျိုးထိရောက်မှုသည် အပြစ်ရှိသူက မြတ်စွာဘုရား သခင်နှင့် ပြန်လည်ကျေအေးခြင်းဖြစ်သည်။
၂၂၁။ အာပတ်ဖြေခြင်းမင်္ဂလာမြတ်သည် ဆေးကြောခြင်းကိုခံယူပြီးနောက် ကြီးလေးသောအပြစ်ထဲသို့ ကျရောက်သွားသော လူသားများ ၏ ကယ်တင်ခြင်းအတွက် မရှိမဖြစ်လိုအပ်သည်။
၂၂၂။ ကက်သလစ်သာသနာတော်၏ အပြစ်ခွင့်လွှတ်ပေးပိုင်ခွင့်ကို ပိုင်ဆိုင်သူများသည်ကား ဆရာတော်ကြီးများနှင့် ရဟန်းတော်များ သာ ဖြစ်ကြပေသည်။
၂၂၃။ ဦးပဥင်းကြီးများ၊ သာမန်ကက်သလစ်ဘာသာသူများနှင့် တဆင့်နိမ့်ရဟန်းများမှပေးအပ်လိုက်သော အပြစ်ခွင့်လွှတ်ခြင်းသည်  မင်္ဂလာမြတ်ဆိုင်ရာ အပြစ်ခွင့်လွှတ်ခြင်းမဟုတ်ပေ။
၂၂၄။ ဆေးကြောခြင်းကိုခံယူပြီးနောက် အပြစ်ကြီး သို့မဟုတ် အပြစ်ကလေးထဲသို့ကျသွားသော ဘာသာသူတိုင်းသည် အာပတ်ဖြေခြင်း မင်္ဂလာမြတ်ကို ခံယူနိုင်သည်။
၂၂၅။ ကက်သလစ်သာသနာတော်သည် အထူူးလွှတ်ငြိမ်းချမ်းသာခွင့် (အင်္ဂလိပ်ဘာသာဖြင့် အင်ဒူဂျင်လျှား) များကို ပေးအပ်နိုင်သော အခွင့်အာဏာကို ပိုင်ဆိုင်ထားသည်။
၂၂၆။ အထူူးလွှတ်ငြိမ်းချမ်းသာခွင့်များကို အသုံးပြုခြင်းသည် ယုံကြည်သူဘာသာဝင်များအတွက် အကျိုးရှိပြီး ကယ်တင်ခြင်း အကျိုး ခံစားခွင့်ကိုလည်းပေးသည်။
၂၂၇။ ဖျားနားသူအား ပရိတ်တော်ဆီလူးခြင်းသည် ယေဇူးခရစ်တော်ဘုရားမြတ်က တည်ထောင်တော်မူသော စစ်မှန်ပြီးကောင်း မွန်လျော်ကန်သော မင်္ဂလာမြတ်တစ်ပါး ဖြစ်သည်။
၂၂၈။ ဖျားနာသူအားပရိတ်တော်ဆီလူးခြင်းမင်္ဂလာမြတ်တွင် ဆီသည် အခရာ ဖြစ်သည်။
၂၂၉။ ရဟန်းတော်က ဖျားနားသူအား ဆုတောင်းမေတ်္တာရွတ်ဆိုခြင်းနှင့် တပြိုင်တည်း ဆီလိမ်းကျံခြင်းကို ပြုလုပ်ရသည်။
၂၃၀။ ဖျားနားသူအား ပရိတ်တော်ဆီလူးပေးခြင်းသည် ၎င်းဖျားနာသူကို ခွန်အားပေး ရန်နှင့် ပြန်လည်ကျန်းမာလာနိုင်စေရန် အတွက် ဖြောင့်မတ်ခြင်း ကျေးဇူးတော်ကို ပေးတော်မူသည်။
၂၃၁။ ဖျားနားသူအား ပရိတ်တော်ဆီလူးပေးခြင်းသည် ဖျားနာသူတွင် စွဲကပ်နေသေးသော အပြစ်ကြီးများနှင့် အပြစ်ကလေးများကိုပါ အခွင့်ကညာ လွှတ်ခြင်းကျေးဇူးတော်ကို ပေးတော်မူသည်။
၂၃၂။ ဖျားနားသူအား ပရိတ်တော်ဆီလူးပေးခြင်းသည် တစ်ခါတရံတွင်မူ လူနာ၏ဝိညာဉ်အတွက်အကျိုးရှိမည်ဖြစ်ပါက လူမမာဖြစ်နေသော ခန်္ဓာကိုယ် ကိုပါ ပြန်လည်ကျန်းမာလာစေသည်။
၂၃၃။ ဆရာတော်ကြီးများနှင့် ရဟန်းတော်များသာ ဖျားနားသူအား ပရိတ်တော်ဆီလူးပေးခြင်းကို တရားဝင်ပြုလုပ်ခွင့်အာဏာကို ပိုင်ဆိုင်ထားကြသည်။
၂၃၄။ ဖျားနားသူအား ပရိတ်တော်ဆီလူးပေးခြင်းကို ပြင်းထန်စွာဖျားနာသူကိုသာ ပေးရမည်ဖြစ်သည်။
၂၃၅။ ရဟန်းသိက္ခာသည် ခရစ်တော်ယေဇူးဘုရားက တည်ထောင်တော်မူခဲ့သော စစ်မှန်၍လျော်ကန်သည့် မင်္ဂလာမြတ် တစ်ပါးဖြစ်သည်။
၂၃၆။ ရဟန်းတော်များကို သိက္ခာပေးခြင်းသည် မင်္ဂလာမြတ်တစ်ပါးဖြစ်သည်။
၂၃၇။ ဆရာတော်ကြီးများသည် ရဟန်းတော်များထက် ပို၍အဆင့်မြင့်ကြသည်။
၂၃၈။ ရဟန်းသိက္ခာတင်မြှောက်ခြင်းမင်္ဂလာမြတ်သည် ၎င်းသိက်္ခာကို ခံယူသောပုဂ်္ဂိုလ်အပေါ်၌ ဖြောင့်မတ်ခြင်းကျေးဇူးတော်ကို အပ်နှင်းပေးသည်။
၂၃၉။ ရဟန်းသိက္ခာတင်မြှောက်ခြင်းမင်္ဂလာမြတ်သည် ၎င်းသိက္ခာကို ခံယူသောပုဂ်္ဂိုလ်အပေါ်၌ မပျောက်ပျက်နိုင်သောအမှတ်တံဆိပ်ကို ခပ်နှိပ်တော်မူသည်။
၂၄၀။ ရဟန်းသိက္ခာတင်မြှောက်ခြင်းမင်္ဂလာမြတ်သည် ၎င်းသိက္ခာကိုရရှိသောရဟန်းအပေါ်၌ မပျောက်ပျက်နိုင်သော ဝိညာဉ်နှင့် ဆိုင်သော တန်ခိုးအာဏာကို အပ်နှင်းတော်မူသည်။
၂၄၁။ မင်္ဂလာမြတ် (စက္ကရမင်းတူး) နှင့် မင်္ဂလာမြတ် (စက်္ကရမင်းတူး) မဟုတ်သော ဘာသာရေးသိက္ခာအဆင့်များကို တင်မြှောက်ပေးနိုင်သူသည်ကား တရားဝင်သိက်္ခာကို ခံယူရရှိတော်မူသော ဆရာတော်ကြီးသာဖြစ်ပေသည်။
၂၄၂။ လက်ထပ်ခြင်းစက္ကရမင်းတူးသည် မြတ်စွာဘုရားသခင်က တည်ထောင်တော်မူခဲ့သော စစ်မှန်ပြီးကောင်းမွန်သော စက္ကရမင်းတူး တစ်ပါးဖြစ်သည်။
၂၄၃။ လက်ထပ်ထိမ်းမြားခြင်း၏ စက္ကရမင်းတူးဆိုင်ရာသဘောတူစာချုပ်မှ လင်မယားတို့အား ရာသက်ပန်အတူတူ မကွဲ မခွာ ပေါင်းသင်းနေထိုင်၍ သက်ဝေသိုက်မြုံတွင်းချုပ်နှောင်ထားသောသော လက်ထပ်ထိမ်းမြားခြင်း၏ခံဝန်ချုပ် ထွက်ပေါ်လာသည်။
၂၄၄။ လက်ထပ်ထိမ်းမြားခြင်း၏ စက်္ကရမင်းတူးသည် ခံဝန်စာချုပ်လက်မှတ်ရေးထိုးကြသော စုံတွဲများအပေါ် တွင် ဖြောင့်မတ်ခြင်းကျေး ဇူးတော်ကို သွန်းလောင်း ပေးတော်မူသည်။
၂၄၅။ ကယ်တင်ခြင်းဖြစ်စဉ်တွင် သေခြင်းတရားသည် အပြစ်အတွက် အပြစ်ဒါဏ်ပေးခြင်းသာဖြစ်ပေသည်။
၂၄၆။ အပြစ်ရင်းတွင်ရှိနေကြသော လူသားများအားလုံးသည် သေခြင်းတရား၏လက်အောက်တွင် ရှိကြသည်။
၂၄၇။ သေဆုံးချိန်တွင် အပြစ်ကြီးကင်းမဲ့ပြီး အပြစ်ဒါဏ်ခံရခြင်းမှ ကင်း လွတ်သော ဖြောင့်မတ်သူတို့၏ ဝိညာဉ်များ သည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ကြပါသည်။
၂၄၈။ ကောင်းကင်နိုင်ငံတော်၏ သုခချမ်းသာသည် ထာဝရတည်သော ပျော်ရွှင်ခြင်းဖြစ်သည်။
၂၄၉။ ဖြောင့်မတ်သောသူတို့တွင်ပေးအပ်ထားသော ပီတိသောမနာဖြစ်ရသောရူပါရုံ၏ ပြည့်စုံခြင်းဂုဏ်ထူးအဆင့်သည် တစ်ဦးစီ၏ ကုသိုလ်နှင့် အချိုးကျညီမျှစွာ ပေးထားသည်။
၂၅၀။ အပြစ်ကြီးဖြင့် သေဆုံးသွားတို့၏ဝိညာဉ်များသည် ငရဲထဲသို့ ရောက်ရှိသွားကြသည်။
၂၅၁။ ငရဲထဲတွင် အပြစ်ဒါဏ်ပေးခြင်းသည် အစဉ်ထာဝရခံထမ်းရသော အပြစ်ဒါဏ် ဖြစ်သည်။
၂၅၂။ သေဆုံးချိန်တွင် ဖြောင့်မတ်သောဝိညာဉ်များသည် အပြစ်ငယ်များဖြင့် သေဆုံးလျှင်မူ ယာယီအပြစ်ဒါဏ်ဆပ်ဖြေရန်အတွက် ငရဲငယ်ထဲသို့ ဆိုက်ရောက်သွားကြသည်။
၂၅၃။ ကမ်္ဘာကုန်ဆုံးသောအချိန်တွင် ခရစ်တော်ယေဇူးဘုရားသည် လူသားတို့ကို တရားစီရင်ရန်အလို့ငှါ ဘုန်းဂုဏ်တော်ဖြင့် ပြန်လည်ကြွမြန်းလာတော်မူ မည်။
၂၅၄။ သေလွန်ပြီးသောသူတို့သည် နောက်ဆုံးသောနေ့တွင် သူတို့၏ခန်္ဓာကိုယ်နှင့်တကွ ပြန်လည်ထမြောက်ကြလိမ့်မည်။
၂၅၅။ ယေဇူးခရစ်တော်ဘုရားသည် ဒုတိယအကြိမ်ကြွလာတော်မူသောအခါ လူသားများအားလုံးကို စီရင်တော်မူမည်။

1412  Views
Previous: အာဂျင်တီးနားနိုင်ငံရှိ ဆန်နီကော်လားမြို့တွင် မယ်တော်မာရီယားက အမျိုးသမီးတစ်ဦးထံ ကိုယ်ရောင်တန်ခိုးပြတော်မူ
Next: အုပ်စုကွဲနေကြသောအောက်သဒေါ့အသင်းတော်မှ ဘာသာရေး ခေါင်းဆောင်ကြီးများက နှစ်ပေါင်း (၁၀၀၀) ကျော်အကြာတွင် ပထမဆုံးအကြိမ် ထိပ်သီးညီလာခံကျင်းပ