ကိုဗစ်ကပ်ရောဂါကြောင့် ကက်သလစ်ရဟန်းတစ်ပါးသည် ခရစ်စမတ်နေ့၊ ဘုရား၏မယ်တော်ပွဲနေ့ (ဇန်နဝါရီလ ၁ ရက်)၊ ပညာရှင်မင်းသုံးပါးပွဲနေ့တို့တွင် တစ်ရက်လျှင် ဘုရားဝတ်ပြုခြင်းမိစားကို (၄) ကြိမ်အထိ ကျင်းပပြုလုပ်ခွင့် ပြု

ကက်သလစ်သာသနာတော်၏ဘုရားသခင်အားဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာဝန်ကြီးဌာန၏အကြီးဆုံးဖြစ်တော်မူသော ကာဒီနယ်ရောဘတ်ဆာရာ (အောက်ပုံ)က ကက်သလစ်ရဟန်းတစ်ပါးသည် ခရစ်စမတ်နေ့၊ ဘုရား၏မယ်တော်ပွဲနေ့ (ဇန်နဝါရီလ ၁ ရက်)၊ ပညာရှင်မင်းသုံးပါးပွဲနေ့တို့တွင် တစ်ရက်လျှင် ဘုရားဝတ်ပြုခြင်းမိစားကို (၄) ကြိမ်အထိ ကျင်းပပြုလုပ်ခွင့် ပြုလိုက်သည် ဟု ဒီဇင်ဘာလ (၁၆) ရက်နေ့က ကြေညာတော်မူလိုက်သည်။

 

၎င်းကြေညာချက်တွင် ဂိုဏ်းအုပ်ကက်သလစ်ဆရာတော်တိုင်းသည် မိမိသာသနာအတွင်း ကိုဗစ်ကပ်ရောဂါ၏ဆိုးဝါးသောအခြေအနေကို သုံးသပ်ပြီး မိမိလက်အောက်ရှိ ကက်သလစ်ရဟန်းတိုင်းအား အထက်ဖော်ပြပါ ပွဲနေ့ (၃) ခုတွင် တစ်ရက်လျှင် ဘုရားဝတ်ပြုခြင်းမိစားကို (၄) ကြိမ်အထိ ကျင်းပပြုလုပ်ခွင့် ပြုနိုင်သည် ဟု လမ်းညွန်ပေးထားသည်။

 

ပုံမှန်အခြေအနေတွင်မူ ကက်သလစ်သာသနာတော်၏ကာနွန်ဥပဒေ ပုဒ်မ (၉၀၅) အရက ကက်သလစ်ရဟန်းတစ်ပါးသည် တစ်ရက်လျှင် ဘုရားဝတ်ပြုခြင်းမိစားကို (၁) ကြိမ်သာ ကျင်းပပြုလုပ်ခွင့် ပြုထားခြင်းဖြစ်သည်။

868  Views
Previous: Vatican permits priests to say up to four Masses on Christmas Day
Next: Happy New Year 2021 To You All