ကလေးမမွေးနိုင်တော့သည့်အဖွားအိုပမာ မနေထိုင်သင့်ကြောင်းဖြင့် ဥရောပသမဂ္ဂအဖွဲ့အားရဟန်းမင်းကြီးက တိုက်တွန်းတော်မူ

006-b

ရဟန်းမင်းကြီးသည် ပြင်သစ်နိုင်ငံ၊ စထရဘုတ်မြို့တွင်အခြေစိုက်သော ဥရောပသမဂ္ဂ၏ပါလီမန်အမတ် ၄၇ ဦးတို့အား ပုထုဇဉ်လူသားကို ဗဟိုပြုသော လုပ်ငန်းစဉ်များကိုသာ လုပ်ဆောင်သင့်ပြီး ကလေးမမွေးနိုင်တော့သည့်အဖွား အိုပမာ မနေထိုင်သင့်ကြောင်းဖြင့် နိုဝင်ဘာလ ၂၅ ရက်နေ့က မိန့်ကြားတော် မူလိုက် သည်။ ရဟန်းမင်းကြီးက လူ့အခွင့်အရေးကို မြင့်တင်လုပ်ဆောင်ခြင်း သည် ဥရောပသမဂ္ဂအဖွဲ့၏ အဓိကလုပ်ငန်း ဖြစ်ကြောင်း၊ သို့မှသာ ဥရောပ အဖွဲ့ဝင်နိုင်ငံများနှင့် အဖွဲ့ဝင်မဟုတ်သော နိုင်ငံများရှိ လူသားများ၏ ဂုဏ်သိက္ခာကို တိုးတက်စေနိုင်မည်ဖြစ်ကြောင်းဖြင့် မီးမောင်းထိုးပြတော်မူလိုက် သည်။ ဆက်လက်ပြီး ရဟန်းမင်းကြီးက လူ့အခွင့်အရေးအတွက်ရပ်တည် လုပ်ဆောင်ခြင်းသည် အရေးကြီးလှကြောင်း၊ အကြောင်းရင်းကား လူသားမြောက်များစွာသည် အခြေအနေမျိုးစုံထဲတွင် အရာဝတုကဲ့သို့ ဆက်ဆံ ခံနေရပြီး အသက်အရွယ်ကြီးပြင်းလာမှု၊ ဖျားနာမှုနှင့် ချိုတဲ့ခြင်းတို့ကြောင့် လူသားတို့သည် ပစ်ပယ်ခြင်းကို ခံရလာနိုင်ကြောင်း ဖြင့် မီးမောင်းထိုးပြတော် မူခဲ့သည်။

ရဟန်းမင်းကြီးက အဖွင့်မိန့်ခွန်းကို မိန့်ကြားရာတွင် ““ကမ္ဘာလုံးလွှမ်းခြုံသော စီးပွားရေးစနစ်နှင့် နိုင်ငံအချင်းချင်းဆက်ဆံရေး ပိုမိုတိုးတက် လာခြင်းတို့သည် ဥရောပသမဂ္ဂအဖွဲ့အား ဥရောပသမဂ္ဂအဖွဲ့ကို ဗဟိုပြုမှုအားနည်း လာစေကြောင်း အင်အားကြီးထွားပြီး ပိုမိုကျယ်ပြန့်လာ သော ဥရောပသမဂ္ဂ အဖွဲ့သည် တစ်ခါတလေတွင်မူ ဖာသိဖာသာနေထိုင်ပြီး ယုံကြည် မှုကင်း မဲ့ခြင်းနှင့် သံသယရှိနေသော ကမာတစ်ခုထဲတွင် အသက်အရွယ်ကြီးရင့်ပြီး မျက်တွင်းချောင်သော လူတစ်ဦးကဲ့သို့ ရုပ်ပေါ်နေကြောင်း”” ဖြင့် ဝေဖန်တော်မူ လိုက်သည်။ ရဟန်းမင်းကြီးက အရှေ့ဥရောပတွင် မကြာခင်က ဖြစ်ပွားခဲ့သော ပဋိပက္ခများကို အခြေခံပြီး မိန့်ကြားရာတွင် ““ဥရောပသမဂ္ဂအဖွ့ဲ၏ မြောက်မြား စွာသော ဝေဒနာများကို ခံထမ်းရပြီးမှ ဖြစ်ပေါ်လာသောလူ့အခွင့်အရေးကို အသိအမှတ်ပြုခြင်းကို ပြန်ပြောင်းသတိရရင်း၊ ၎င်းလူ့အခွင့်အရေးများကို အားနည်းချိုတဲ့သော လူအဖွဲ့အစည်များအကြားတွင် ပိုမိုမြှင့်တင်ရန် လိုအပ်နေသေးကြောင်းဖြင့် တိုက်တွန်း တော်မူသည်။

ရဟန်းမင်းကြီး ဖရန်စစ်က ““လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်မရှိဘဲ သို့မဟုတ် လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်မရှိဘဲ မည်သည့် ဂုဏ်သိက္ခာမျှ ရှိနိုင်မည်မဟုတ်၊ အာဏာရှင်အုပ် ချုပ်ခြင်းစနစ်ကို ကျော်လွှားနိုင်သော တရားဥပဒေစိုးမိုးခြင်းကို အားကောင်းရှင်သန်စေပြီး ရက်စက်ကြမ်းကြုတ်သော အုပ်ချုပ်မှုကို ထိန်းကွပ်ပေးမည့် တရားရေးဆိုင်ရာ မူဘောင်ကင်းမဲ့နေလျှင် လူ့ဂုဏ်သိက္ခာသည်လည်း တည်ရှိ နိုင်မည်မဟုတ်၊ အမျိုးသားနှင့် အမျိုးသမီးတို့သည် မျိုးစုံသော ခွဲခြားဆက်ဆံခြင်းကို ခံနေကြရလျှင် သူတို့သည် မည်ကဲ့သို့သော ဂုဏ်သိက္ခာ အပေါ် ဝမ်းသာခံစားကြရမည်နည်း။ လူသားသည် မိမိ၏အသက်ရှင်နိုင်ရေးအတွက် အခြေခံလိုအပ်သော အစားအစာနှင့် အခြေခံ လိုအပ် ချက်များကို မရရှိလျှင် မည်ကဲ့သို့သော ဂုဏ်သိက္ခာကို မျှော်လင့်နိုင်မည် နည်းဟု မေးခွန်းထုတ်လိုက်တော်မူသည်။ ရဟန်းမင်းကြီးက လူ့အခွင့်အရေး ကို မြှင့်တင်ပေးခြင်းသည် လိုအပ်သော်လည်း ထိုကဲ့သို့သောမြှင့်တင်ခြင်းကို အလွဲသုံးစားပြုလုပ် နိုင်ကြောင်း အထူးသဖြင့် တစ်ဦးစီး၏အခွင့်အရေးကို ကျင့်သုံးရာတွင် တလွဲအသုံးပြုနိုင်ကြောင်းဖြင့် သတိပေး တော်မူလိုက်သည်။

ဆက်လက်ပြီး ရဟန်းမင်းကြီး ဖရန်စစ်က တိုက်တွန်းရာတွင် အများပြည် သူကောင်းကျိုးကို လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ လူတစ်ဦးစီ၏ အခွင့်အရေး သည် အများပြည်သူ၏ကောင်းကျိုးနှင့်သဟဇာတမျှတစွာ ဆက်နွယ်နေပြီး အများပြည်သူ၏ကောင်းကျိုး ပိုမိုကြီးထွားခြင်းသို့  လိုက်လျောညီထွေမှု ရှိကြောင်းဖြင့် ဆော်သြတော်မူလိုက်သည်။ ထို့အပြင် ရဟန်းမင်းကြီးက ဥရောပနိုင်ငံများ၏ တူညီသောရောဂါတစ် ခုကမူ အထီးကျန်ဲခင်းဖြစ်ကြောင်း၊ ထို့ကြောင့်ဥရောပအပြင်ဖက်ရှိလူများက ဥရောပနိုင်ငံများကို လုံးဝတက်ကြမှု ကင်းမဲ့ပြီး ကလေးမမွေး နိုင်တော့သည့် အဖွားအိုပမာ ရှုမြင်နေကြရ ပြီဖြစ်ကြောင်း၊ တချိန်က ဥရောပနိုင်ငံများကို ခေတ်မီစေခဲ့သော အတွေးအခေါ် များသည် ယခုအခါအသုံးမဝင်တော့ကြောင်း၊ ၎င်းအတွေးအခေါ်များသည် ဆင်းရဲသားများကို လျစ်လျူရှုသော တစ်ကိုယ်ကောင်းဆန်ခြင်း နှင့်ဖာသိဖာ သာနေထိုင်သောအတွေးအခေါ်များ၏ လွမ်းမိုးခြင်းကို ခံနေရပြီဖြစ်ကြောင်းဖြင့် မှတ်ချက်ပြုတော် မူလိုက်သည်။ တိုးတက်လာ သော နည်းပညာများနှင့် စီးပွားရေးမူဝါဒများကြောင့်၊ လူသားတို့သည် စက်တစ်ခုထဲက နတ်တစ်လုံးပမာ ဆက်ဆံသဘောထားခြင်းကို ခံနေကြရပြီး နာတာရှည်ရောဂါသည်များ၊ အသက်ကြီးရင့်သူများ၊ ကလေးသူငယ်များနှင့် ရင်သွေးလောင်းများသည် ပစ်ပယ်ခံနေရခြင်း၊ လျစ်လျူရှုခံနေရခြင်းနှင့်သတ်ဖြတ်ခြင်းကို ခံနေကြရသည်ဟု မီးမောင်းထိုးပြတော်မူသည်။

နောက်ဆုံးအနေဖြင့် ရဟန်းမင်းကြီးက လူသားများ၏ကောင်းကျိုးကို အမြဲတမ်း ဗဟိုပြုပြီး မိမိတို့၏ နိုင်ငံရေးလုပ်ငန်းစဉ်များကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ တကမ္ဘာလုံးတွင် ဖြစ်ပွားနေသော အကြမ်းဖက်မှုများ သည် မြတ်စွာဘုရားသခင် ကို မေ့လျော့ခြင်းမှ စတင်ခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ကိုလည်း အမြဲတမ်း ရှင်သန်အောင် လုပ်ဆောင်ကြရန်လိုအပ်ကြောင်း၊ တစ်ခါတရံတွင်မူ ဒီမိုကရေ စီစနစ်သည် နိုင်ငံပေါင်းစုံ၏စီးပွားရေးဦးစားပေးခြင်းကြောင့် အားနည်း လာနေကြောင်း၊ မြေထဲပင်လယ်ကိုလည်း ကြီးမားသော သချိုင်းအဖြစ် မပြုလုပ်သင့်ကြောင်း၊ စက်လှေများဖြင့် မြေထဲပင်လယ်ကိုဖြတ်ကျော်ပြီး ဥရောပ သို့ဝင်ရောက်လာကြသော အမျိုးသား အမျိုးသမီးများကို ကံကြမ္မာကိုလည်း ဥရောပနိုင်ငံများအကြား အပြန်အလှန်ကူ ညီပေးခြင်းဖြင့် ဖြေရှင်းကြရ မည်ဖြစ်ကြောင်း ဖြင့် ဥရောသမဂလွှတ်တော်အမတ်များအား မိန့်ကြားတော်မူခဲ့ သည်။

ယခုကဲ့သို့ ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့က ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်၏ ပြင်သစ်နိုင်ငံ၊ စထရာစ်ဘွတ်ချ်မြို့ရှိ ဥရောပသမဂ္ဂပါလီမန်ကို သွားရောက်ကာ မိန့်ခွန်းမိန့်ကြားခြင်းသည် ပထမအကြိမ် ဖြစ်သည်။ ပျံလွန်တော်မူသော ရဟန္တာ ရဟန်းမင်းကြီး ယောဟန်ပေါလူး (၂) သည်လည်း ၁၉၈၈ ခုနှစ်တွင် ပြင်သစ်နိုင်ငံ၊ စထရာစ်ဘွတ်ချ်မြို့ရှိ ဥရောပသမဂ္ဂပါလီမန်ကို သွားရောက်ကာ မိန့်ခွန်းမိန့်ကြားခဲ့ဖူးသည်။ ၀၀၂ ဂျိုးဇက်

1741  Views
Previous: Persons of The Year 2014 ၂၀၁၄ ခုနှစ်၏ အထူးခြားဆုံးပုဂ္ဂိုလ်များ
Next: ဗာတီကန်နှင့်အမေရိကန်နိုင်ငံရှိကက်သလစ်သီလရှင်များအကြား ဆွေးနွေးခြင်းကို ဆက်လက်လုပ်ဆောင်ရန် သဘောတူညီ