““ကဲ တွေ့ပြီလာ၊ မူးမြစ်မှာ တကယ် မင်းထွန်းပြီဗျို့”” မြန်မာနိုင်ငံ၏ပထမဆုံးသော ရဟန်းမင်းအမတ် ကာဒီနယ်လ်ဆရာတော်ကြီးချားလ်စ်ဘို

006-b

ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၈

ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည်လက်ရှိရန်ကုန်ကက်သလစ်သာသနာပိုင်ချုပ် ဆရာတော်ကြီးချားလ်စ်ဘိုအား ရဟန်းမင်း အမတ် (အင်္ဂလိပ်စကားအရ ပြောရ လျှင် ကာဒီနယ်လ်) အဆင့်သို့ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ဗာတီကန်နိုင်ငံရှိ စိန်ပီတာဘုရားကျောင်းတော်ကြီးထဲတွင် တရားဝင် တင်မြှောက်ပေးလိုက်ပြီ ဖြစ်သည်။ ဆရာတော်ကြီးချားလ်စ်ဘို၏ ရဟန်းမင်း အမတ်အဖြစ် တဆင့် တင်မြှောက်ခြင်း ခံရချိန်သည် ဆရာတော်ဘုရား၏ ဆရာတော်ဝါတော် ငွေစင်ဂျူဗလီနှစ်နှင့် အရှင်သူမြတ် တည်ထောင်ထားသော စိန်ပေါလ်သာသနာပြုသူတော်စင်အသင်းဂိုဏ်း၏ ငွေစင်ဂျူဗလီနှစ်တို့နှင့်တိုက်ဆိုင်လှပေရာ ၂၀၁၀ ခုနှစ်တုန်းက မုံလှရွာက သူငယ်ချင်းဦးဇော်လွင်ဦး၏ဖခင်ပြောပြဖူးသလို ““မူးမြစ်မှာ မင်း (ဘုရင်) ပေါ်ထွန်းမယ်သိလား ချင်းကလေး”” ဟူသော စကားကို ပြန်ပြောင်းသတိရစေမိသည်။

အယ်ဒီတာချုပ်ဖြစ်သူက ရဟန်းအမတ်ဆရာတော်ကြီးချားလ်စ်ဘိုအား ““ရဟန်း မင်းကြီးက ကိုယ်တော့်ကို ကာဒီနယ်ဦးထုပ်အနီကို ဆောင်းပေးပြီးနောက် ဘာများမိန့်ကြားသလဲ”” ဟု မေးမြန်းရာ ရဟန်းအမတ်ဆရာတော်ကြီးချားလ်စ် ဘိုက ““ရဟန်းမင်းကြီးက မြန်မာနိုင်ငံမှာ ကက်သလစ်ခရစ်ယာန်ဘာသာဝင် လူဦးရေက နည်းတယ်နော်။ ဒါပေမယ့် မကြောက်မရွံ့ဘဲ သူတို့တတွေကို ရဲရဲဝံ့ဝံ့ဦးဆောင်မှု ပြုပါ”” ဟု အီတလီစကားဖြင့် မိမိအား တိုးတိုးလေး အမိန့် ရှိတော်မူသည်ဟု ဂလိုရီးယားသတင်းဂျာနယ်၏အယ်ဒီတာချုပ် အား မေဖော်ဝါရီ လ ၂၃ ရက်ညနေ ၇ နာရီတွင် ဖြေကြားပေးတော်မူသည်။

ဂလိုရီးယားသတင်းဂျာနယ်သည် အများပြည်သူဝေဖန်ပြောဆိုသကဲ့သို့ ဂျာနယ် ထုတ်တိုင်း ဆရာတော်ချားလ်စ်ဘို၏ သြဝါဒ တရားတော်များကို အထူးသတင်း အဖြစ် တင်ဆက်နေခဲ့ရာမှ ယခုအကြိမ်တင်မူ ဆရာတော်ချားလ်စ်ဘိုကိုယ်တိုင် က ဂလိုရီးယား သတင်းဂျာနယ်၏ သတင်းဖြစ်လာလေတော့သည်။ အယ်ဒီတာချုပ်

1475  Views
Previous: ချုံကြားမှ ဘုံဖျားသို့ ရောက်လာကြသော တက်္ကသိုလ်ကျောင်းသူ/သားများ၏ အမျိုးသားပညာရေးဥပဒေတိုက်ပွဲ
Next: အမှန်တရား၏ဖက်တော်သားများ ဖြစ်ကြရန် ကာဒီနယ်ဆရာတော်သစ်များကို ရဟန်းမင်းကြီးက မိန့်ကြားတော်မူ