ခရစ်စမတ် အခါကြီးနေ့တွင်ရောမမြို့နှင့် ကမာ်္ဘအရပ်ရပ်ရှိ လူသားအပေါင်းတို့အား ရဟန်းမင်းကြီးက ပေးသည့် မင်္ဂလာကောင်းချီး သတင်းစကား


ဗာတီကန်၊ ဒီဇင်ဘာလ ၂၅၊ ၂၀၁၈ ဠအေငခညေ နြတျ

ချစ်လှစွာသော ညီအစ်ကို မောင်နှမ အပေါင်းတို့၊ ပျော်ရွှင်စရာ ခရစ်္စမတ်ပါစေကြောင်း နှုတ်ခွန်းဆက်သပါသည်။
ရောမမြို့ရှိယုံကြည်သူ အပေါင်းတို့၊ ဘုရားဖူး ခရစ်ယာန် အပေါင်းတို့၊ ကမ်္ဘာအရပ်ရပ်မှ ကျွနု်ပ်တို့နှင့် ရင်းနှီးခင်မင်သူ အပေါင်းတို့အား သင်တို့ထံသို့ ဗက်သလင်ဟင်မြို့၏ ဝမ်းမြောက်ဖွယ်ရာကြွေးကြော်သံအား ကျွန်ုပ် အသစ်တဖန်မိန့်ကြားလိုပါသည်။
““အမြင့်ဆုံးသော အရပ်၌ ဘုရားသခင်အား ဘုန်းတော်ဂုဏ်တော် ရှိစေသတည်း။ မြေကြီးပေါ်၌လည်း ဘုရားသခင် နှစ်သက်မြတ်နိုးသော သူတို့အား ငြိမ်းချမ်းခြင်း ရှိစေသတည်း (ရှင်လုကာ ၂း၁၄)””။
နွားတင်းကုပ်ရှိရာသို့ အမြန်ဆုံး ဦးစွာရောက်ရှိသည့် သိုးထိန်းများကဲ့သို့ ဘုရားသခင် ပေးသနားတော် မူသည့် အမှတ်အသားဖြစ်သော “အနှီးနှင့် ပတ်လျက် နွားစားခွက်၌ သိပ်ထားသော သူငယ်တော်” ရှေ့မှောက်တွင် မင်သက်စွာ ကြည့်ရှုကြပါစို့။ (လုကာ ၂း၁၂) တိတ်ဆိတ်စွာဖြင့် သူငယ်တော်ရှေ့မှောက် ကျွနု်ပ်တို့ ဒူးထောက်ကာ ရှိခိုးကိုးကွယ်ကြပါစို့။
ကညာစင် မာရီယာမှ ဖွားမြင်လာသော ဤသူငယ်တော်လေးသည် ကျွနု်ပ်တို့အတွက် မည်သည်ကို ဆောင်ကြဉ်းပေးပါသနည်း။ ခရစ်္စမတ်ဆိုင်ရာ သတင်းစကား အနှစ်ချုပ်မှာ အဘယ်နည်း။ ဘုရားသခင်သည် ကောင်းမြတ်သော ဖခင်ဖြစ်ကာ ကျွနု်ပ်တို့အားလုံးသည် ညီအစ်ကို မောင်နှမများ ဖြစ်ကြသည် ဟူသည့် အချက်မှာ ခရစ်္စမတ် အနှစ်ချုပ် သတင်းစကား ဖြစ်ပါသည်။
ထိုသို့သော ညီအစ်ကို မောင်နှမ စိတ်ထား ချစ်ခြင်းမျိုး ထားရှိရမည် ဟူသည့် အမှန်တရားသည် လူသားဆိုင်ရာ ခရစ်ယာန် ရှုထောင့်၏ အခြေခံအချက် ဖြစ်ပါသည်။ ကျွနု်ပ်တို့ အပေါ် ခရစ်တော် ထားရှိသည့် ညီအစ်ကို မောင်နှမစိတ်ထား ချစ်ခြင်းမျိုး မရှိလျှင် ပိုမို တရားမျှတသည့် ကမာ်္ဘကြီးအား တည်ဆောက်မည့် ကျွန်ုပ်တို့၏ လုပ်ဆောင်ချက်များသည်လည်း အချည်းနှီးဖြစ်တတ်သလို ကျွနု်ပ်တို့၏ အကောင်းဆုံး အစီအစဉ်များနှင့် စီမံကိန်းများသည်ပင် အဓိပ်္ပာယ်မဲ့၊ အလဟဿ ဖြစ်တတ်ပါသည်။
ထိုအကြောင်းချက်ကြောင့် ပျော်ရွှင်ဖွယ်ကောင်းသော ခရစ်္စမတ် အတွက် ကျွနု်ပ် ဆုမွန်ကောင်းတောင်းသည့် အခါ ညီအစ်ကိုမောင်နှမ စိတ်ထား ချစ်ခြင်းမျိုး ၤမအေနမညငအပ ထားတတ်ရန် အတွက် ဆုမွန်ကောင်း တောင်းခြင်း ဖြစ်ပါသည်။
နိုင်ငံတိုင်း ယဉ်ကျေးမှုတိုင်းရှိ လူတစ်ဦးယောက်စီတိုင်း ထားရှိရမည့် ညီအစ်ကို မောင်နှမ စိတ်ထား ချစ်ခြင်းမေတ်္တာမျိုးကို ဆိုလိုပါသည်။
မတူညီသော အတွေးအိုင်ဒီယာ ရှိသူများ အကြား အပြန်အလှန် လေးစားခြင်းနှင့် နားထောင်ခြင်းများဖြင့် ညီအစ်ကို မောင်နှမ စိတ်ထား ချစ်ခြင်းကို ဆိုလိုပါသည်။
မတူညီသော ယုံကြည်ကိုးကွယ်ရာ ဘာသာဝင်များ အကြား ညီအစ်ကို မောင်နှမစိတ်ထား ချစ်ခြင်းမေတ်္တာ ထားရှိခြင်းကို ဆိုလိုပါသည်။ ယေဇူးသခင်သည် ဘုရားသခင်၏ မျက်နှာတော်အား ရှာဖွေသော သူအားလုံးအား ဘုရားသခင်၏ မျက်နှာတော်ကို ဖော်ပြပေးရန် ကြွရောက်လာခဲ့ခြင်း ဖြစ်ပါသည်။
ဘုရားသခင်၏ မျက်နှာတော်သည် လူတစ်ဦး၏ မျက်နှာတွင် ထင်ရှားဖော်ပြနေတတ်ပါသည်။ ဘုရားသခင်၏ မျက်နှာတော်သည် ကောင်းကင်တမန်တော် ပေါ်တွင် ထင်ဟပ်မနေပါ၊ ထိုလူတစ်ဦးသည် အထူး အချိန်အခါ တစ်ခု၊ အထူး တည်နေရာတစ်ခုတွင် နေထိုင်ရှင်သန်ခဲ့ပါသည်။ လူ့အဖြစ်ကို ယူတော်မူသည့် သားတော်ဘုရားက ကျွနု်ပ်တို့အား ပြောကြားခဲ့သည်မှာ လူသားမျိုးနွယ် အချင်းချင်း ချစ်ခြင်းမေတ်္တာ၊ လက်ခံခြင်း၊ လေးစားမှု ရှိခြင်းတို့မှ တစ်ဆင့် ကယ်တင်ခြင်းကို ရရှိနိုင်သည် ဟူသည့် အချက် ဖြစ်ပါသည်။ လူသားမျိုးနွယ် ဟူသည်မှာ မတူကွဲပြားသော လူမျိုးစုနွယ်၊ ဘာသာစကားများနှင့် ယဉ်ကျေးမှု အမျိုးမျိုးတို့ကို ဆိုလိုပါသည်။ ဤလူသားမျိုးနွယ်၌ ကျွနု်ပ်တို့ အားလုံးသည် ညီအစ်ကို မောင်နှမများ ဖြစ်ကြပါသည်။
ကျွန်ု်ပ်တို့၏ မတူကွဲပြားမှုများသည် ထိခိုက်နစ်နာမှု သို့မဟုတ် ဘေးအန်္တရာယ် အဖြစ် တည်ရှိနေကြသည် မဟုတ်ပဲ အဖိုးတန်သော ရင်းမြစ်တစ်ခု အဖြစ် မှတ်ယူရပါမည်။ ကျောက်စီပန်းချီကားကို ပြုလုပ်သော အနုပညာရှင်သည် လက်အတွင်း၌ အရောင်အသွေး မတူကွဲပြားသော ကျောက်များ ရှိလျှင် အရောင်အသွေး အနည်းငယ်သာ ရှိသည်ထက် သာလွန်သကဲ့သို့ ဖြစ်ပါလိမ့်မည်။
ညီအစ်ကို မောင်နှမများ အကြား မတူကွဲပြားမှုများ ရှိကြောင်းကို မိသားစုတွင်း အတွေ့အကြုံများက ကျွနု်ပ်တို့ လေ့လာသိရှိစေပါသည်။ ကျွနု်ပ်တို့ အားလုံး အစဉ်အမြဲ သဘောတူညီမှု ရှိကြသည်တော့ မဟုတ်ပေ၊ သို့သော် ကျွနု်ပ်တို့ အကြား ခွဲခြား၍ မရသော စည်းလုံးသော နှောင်ကြိုး ရှိနေပါသည်။ မိဘများ၏ ချစ်ခြင်းမေတ်္တာသည် သားသမီး၊ ညီအစ်ကို မောင်နှမများ အချင်းချင်း ချစ်ကြရန် ပံ့ပိုးပေးပါသည်။ ပိုမိုကြီးမားသော မိသားစုတွင်လည်း ဤပုံအတိုင်း သွားနေပါသည်။ ဘုရားသခင်သည် လူသားထု တစ်ရပ်လုံးအတွက် “မိဘ” ဖြစ်ပါသည်။ “မိဘ” ဟူသည်မှာ ချစ်ခြင်းမေတ်္တာ၏ အခြေခံ အုတ်မြစ်၊ ခွန်အား ဖြစ်ပေသည်။
လူပုဂ်္ဂိုလ်တစ်ဦးချင်း အကြား လူမျိုးတိုင်းအကြား ချိတ်ဆက်ပေးသော ညီအစ်ကို မောင်နှမ စိတ်ထား ချစ်ခြင်းမေတ်္တာများ ဤခရစ်စမတ်တွင် ပြန်လည် ရရှိကြပါစေ၊ ထိုချစ်ခြင်းမေတ်္တာဖြင့် အစ်္စရေးနှင့် ပါလက်စတိုင်းသားများသည် ဒိုင်ယာလော့ ဆွေးနွေးပွဲများ ဆက်လက်ကျင်းပနိုင်ကြ၍ နှစ်ပေါင်း ၇၀ ကြာပြီဖြစ်သော ပဋိပက်္ခအဆုံးသတ်ပြီး ငြိမ်းချမ်းရေး ခရီးစဉ်အား လျှောက်လှမ်းနိုင်ကြပါစေ။ ပါလက်စတိုင်း ဒေသသည် ဘုရားသခင်၏ ချစ်ခြင်းမေတ်္တာကို ပြသရန် ဘုရားသခင် ခွင့်ပြုထားသော နယ်မြေဖြစ်ပါသည်။
ကျွနု်ပ်တို့ ချစ်မြတ်နိုးရသော၊ ဘေးအနာ်္တရာယ် ဝန်းရံနေသည့် ဆီးရီးယားနိုင်ငံသည်လည်း စစ်ပွဲနှစ်ကာလများ ဖြတ်သန်းပြီးနောက် သူငယ်တော် ယေဇူးအားဖြင့် ညီအစ်ကို မောင်နှမစိတ်ထား ချစ်ခြင်းမေတ်္တာ ရရှိကြပါစေ။ နိုင်ငံတကာ အသိုင်းအဝန်းသည်လည်း မွေးရပ်မြေကို စွန့်ခွာ၍ အခြားနေရာတွင် စစ်ပြေးအဖြစ် ခိုလှုံနေရသော ဆီးရီးယား ပြည်သူများ ငြိမ်းချမ်းစွာ နေရပ်ပြန်လည်ရေး အတွက် မတူကွဲပြားမှုများနှင့် ပါတီ အကျိုးစီးပွားတို့အား ဘေးဖယ်ထားနိုင်သော နိုင်ငံရေး ဖြေရှင်းချက် ရရှိနိုင်ရန် ပြတ်သားစွာ ဆုံးဖြတ်လုပ်ကိုင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးပါသည်။
ကျွနု်ပ်သည် ယီမင်နိုင်ငံ အကြောင်းလည်း တွေးမိပါသည်။ ယီမင်နိုင်ငံအတွက် နိုင်ငံတကာ အသိုင်းအဝန်းက ကြားဝင်ဆောင်ရွက်ပေးနေသော သဘောတူ စာချုပ်များသည် စစ်ပွဲနှင့် အငတ်ဘေး ဒဏ်ခံနေရသော နိုင်ငံတွင်းရှိ ကလေးငယ်များနှင့် လူထုတို့အပေါ် သက်သာဖြေလျှော့ပေးနိုင်ရန် မျှော်လင့်မိပါသည်။
သန်းပေါင်းများစွာသော ပြည်သူများ စစ်ပြေးဒုက်္ခသည်များ ဖြစ်နေကြကာ လူသားချင်း စာနာထောက်ထားမှု အကူအညီ၊ စားနပ်ရိက်္ခာ ဖူလုံရေး အထောက်အပံ့များ လိုအပ်နေကြသော အာဖရိက နိုင်ငံများအတွက်လည်း ကျွန်ု်ပ် စဉ်းစားမိပါသည်။ ငြိမ်းချမ်းခြင်း၏ ဘုရင်၊ သန့်ရှင်းသော သူငယ်တော်ယေဇူးသည် လက်နက်တိုက်ပွဲသံများအား တိတ်ဆိတ်စေလျက် အာဖရိက တစ်တိုက်လုံး ချစ်ခြင်းမေတ်္တာ နေ့သစ်အား ခွင့်ပြုပေးစေတော်မူပါ။ အာဖရိကတွင် နိုင်ငံရေးနှင့် လူမှုရေး သက်တာတွင် ပြန်လည် ကြေအေးသင့်မြတ်ရေး လမ်းစဉ်အား လုပ်ဆောင်နေကြသော သူများအားလုံး၏ ကြိုးစားအားထုတ်မှုများအား သူငယ်တော်ယေဇူး ကောင်းချီးပေးတော်မူပါစေ။
ဤခရစ်စမတ် ပွဲတော်ကြောင့် ကိုရီးယား ကျွန်းဆွယ်တွင် ကိုရီးယား နှစ်နိုင်ငံတို့သည် ချစ်ခြင်းမေတ်္တာဖြင့် နှောင်ဖွဲ့ပေါင်းစည်းနိုင်ကြပါစေ။ ပြန်လည် ပေါင်းစည်းရေး လမ်းစဉ်သို့ လျှောက်လှမ်းမှု အခြေအနေများ တိုးတက်ကောင်းမွန်ပါစေ၊ ကိုရီးယား ကျွန်းဆွယ်ရှိ လူအားလုံးသည် ဖွံ့ဖြိုးရေးနှင့် ဖူလုံရေးများ ရရှိနိုင်မည့် ဖြေရှင်းချက်များ သဘောတူညီမှု ရရှိကြပါစေ။
ဤကျေးဇူးတော်နှင့် ပြည့်နေသော ရာသီအချိန်အခါတွင် ဗင်နီဇွဲလား နိုင်ငံ၌ လူမှုရေး သဟဇာတမှု ပြန်လည် ရရှိနိုင်ကြကာ နိုင်ငံဖွံ့ဖြိုးရေးနှင့် လူထုအတွင်း အားအနည်းဆုံးသူများအတွက် ထောက်ပံ့ရေး လုပ်ငန်းစဉ်များ အတွက် ပူးပေါင်းလုပ်ဆောင်နိုင်ရန် နိုင်ငံသားများအား ခွန်အားပေးပါစေ။
ဖွားမြင်လာသော သခင်ယေဇူးအားဖြင့် ထာဝရ ငြိမ်းချမ်းရေး လိုလားနေသော ချစ်မြတ်နိုးစဖွယ် ယူကရိန်းမြေတွင် အကူအညီ အထောက်အပံ့များ ရရှိကြပါစေ။ နိုင်ငံတိုင်း၏ အခွင့်အရေးအား လေးစား အသိအမှတ်ပြုသော ငြိမ်းချမ်းရေးသည်သာလျှင် နိုင်ငံအတွင်း ဆင်းရဲဒုက်္ခအပေါင်းမှ ပြန်လည် ထူထောင်နိုင်စေမည်၊ နိုင်ငံသားတိုင်း၏ လူနေမှု အခြေအနေများအား ဂုဏ်သိက်္ခာ ရှိစေမည် ဖြစ်ပါသည်။ ထိုဒေသရှိ ခရစ်ယာန် အသိုင်းအဝန်းနှင့် ကျွနု်ပ်သည် ကိုယ်စိတ်တစ်သားတည်း ရှိပါသည်။ ထိုဒေသတွင်း ညီအစ်ကိုမောင်နှမ စိတ်ထား ချစ်ခြင်းတရားနှင့် ခင်မင်ရင်းနှီးမှု ဆက်ဆံရေးများ တိုးတက်ပါစေကြောင်း ကျွန်ု်ပ် ဆုတောင်းအပ်ပါသည်။
သူငယ်တော် ယေဇူး ရှေ့မှောက်တွင် ချစ်မြတ်နိုးရသော နီကာရာဂွာ နိုင်ငံရှိ နိုင်ငံသားများသည် နိုင်ငံတွင်းရှိ မတူကွဲပြားမှုများနှင့် ပဋိပက်္ခ ပြဿနာများသည် လျော့ကျသွားရန် အလို့ငှာ အချင်းချင်း ညီအစ်ကို မောင်နှမများ အဖြစ် ပြန်လည် ရှုမြင်ကြလျှက် ပြန်လည်သင့်မြတ်ရေး လမ်းစဉ်သို့ အားလုံး လျှောက်လှမ်းနိုင်ကြရန်နှင့် နိုင်ငံ၏ အနာဂတ်အား အတူတကွ တည်ဆောက်နိုင်ရန် အတွက် ကျွနု်ပ် ဆုတောင်းပေးပါသည်။
အိုင်ဒီယာအရ၊ ယဉ်ကျေးမှုနှင့် စီးပွားရေး ဆိုင်ရာ ကိုလိုနီပြုခြင်းကို ခံစားနေရသော သူများ အားလုံးအတွက်လည်း ကျွန်ုပ် ပြောလိုပါသည်။ ထိုသူတို့သည် လွတ်မြောက်ခြင်းကို စံစားရရန်နှင့် ထိုသူတို့၏ သင်္ကေတ အမှတ်လက်္ခဏာများ အသိအမှတ်ပြု လက်ခံခြင်း ခံရရန် ကျွန်ုပ် မြင်တွေ့လိုမိပါသည်။ ထို့အပြင် အငတ်ဘေး၊ ပညာရေးနှင့် ကျန်းမာရေး ဝန်ဆောင်မှု ကင်းမဲ့ခြင်း ဒုက်္ခ အပေါင်းမှ ကင်းရှင်းကြစေရန်လည်း ကျွနု်ပ် မျှော်လင့်ဆုတောင်းပေးပါသည်။
သူငယ်တော် ယေဇူးသခင်၏ မွေးနေ့အား ရန်လိုသည့် ပတ်ဝန်းကျင်တွင် မဟုတ်သော်လည်း ခက်ခဲသော ပတ်ဝန်းကျင်၌ လူနည်းစု ခရစ်ယာန် နိုင်ငံများတွင် ခရစ်္စမတ်ပွဲ ကျင်းပနေကြသော ညီအစ်ကို မောင်နှမ အပေါင်းတို့အတွက်လည်း ဆုတောင်းပေးပါသည်။ ထိုလူနည်းစု ခရစ်ယာန်များ အတွက် လူနည်းစုများအား ငြိမ်းချမ်းခြင်းနှင့် ၎င်းတို့၏ အခွင့်အရေးများ အသိအမှတ်ပြုခံရစေရန် အထူးသဖြင့် ဘာသာရေး လွတ်လပ်ခွင့် ရရှိကြစေရန် ဘုရားသခင်သည် အခွင့်ချမ်းသာ ပေးသနားပါစေကြောင်း ကျွန်ု်ပ် တောင်းလျှောက်ပါသည်။
ချမ်းအေးသော ညနက်တွင် နွားစားခွက်ထဲရှိ သူငယ်တော် ယေဇူးအား ထောက်ရှုသုံးသပ်၍ ကမာ်္ဘအဝှမ်းရှိ အားနည်းသော စွန့်ပစ်ခံရသော ကလေးသူငယ်များ အားလုံးအား ဂရုစိုက် စောင့်ကြည့်နိုင်ကြပါစေ။ ကျွနု်ပ်တို့ အားလုံးသည် ကယ်တင်ရှင် ယေဇူး၏ ဖွားမြင်တော်မူခြင်းမှ ငြိမ်သက်ခြင်းနှင့် စိတ်ချမ်းမြေ့မှုများ ရရှိကြပါစေ။ ကျွနု်ပ်တို့ အားလုံးသည် ကောင်းကင်ဘုံရှင် အဖ ခမည်းတော်ဘုရား၏ ချစ်ခြင်းကို စံစားကြလျှက် မိမိတို့ အချင်းချင်း ညီအစ်ကို မောင်နှမ စိတ်ထားဖြင့် ကျင့်ကြံနေထိုင်သွားကြမည်ဟု ယုံကြည်လက်ခံလာကြပါစေ။

670  Views
Previous: ကလေးမြို့၌ ခရစ်တော်မွေးနေ့အထိမ်းအမှတ် ခရစ်္စမတ်အကြို သံဃာတော်အပါး(၁၀၀)အား ရိုမန်ကက်သလစ် ကလေးသာသနာမှ နေ့ဆွမ်းဆက်ကပ်လှူဒါန်း
Next: ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင်ရှိသော စစ်ဘေးဒုက်္ခသည်များတွက် ကျပ်ငါးရာသုံးဆယ်ငါးသိန်းကျော်ရရှိ