ဂလိုရီယာသတင်းဂျာနယ်၏ ၂၀၂၀ ခုနှစ်အတွက် ဂုဏ်ပြုထိုက်သူများ Persons of The Year 2020 in Myanmar အဖြစ် ကြေညာခြင်း

ဂလိုရီယာသတင်းဂျာနယ်၏ ၂၀၂၀ ခုနှစ်အတွက် ဂုဏ်ပြုထိုက်သူများအဖြစ် ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာမှ ကက်သလစ်ရဟန်းစောယူဂျင်၊ မြစ်ကြီးနားကက်သလစ် ဂိုဏ်းအုပ်သာသနာ၊ ကချင်ပြည်နယ်မှ ဦးဟင်နရီ ဖော်လား ဂမ်ဖန် (ဗန်းမော်) နှင့် ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာမှ ဦးလာဇရူးတို့ (၃) ဦးအား ဂုဏ်ယူစွာနှင့်ဝမ်းသာစွာဖြင့် ရွေးချယ်ကြေညာ လိုက်ပါသည်။

ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာမှ ကက်သလစ်ရဟန်းစောယူဂျင်းသည် ဘာသာလူမျိုးမရွေးဘဲ ကက်သလစ်ရဟန်းသင်္ကန်းကို အမြဲဝတ်ဆင်ကာ လူမှုအတိဒုခရောက်သူများထံသို့ လက်မနှေး အမြဲရောက်ရှိကူညီနေသူဖြစ်သည်။ ထို့ကြောင့် သူ၏ လူမှုအတိဒုခရောက်သူများအတွက် ကြိုးစားလုပ်ကိုင်နေမှုကို ဂုဏ်ပြုအားပေးသောအားဖြင့် ဂလိုရီယာသတင်းဂျာနယ်၏ ၂၀၂၀ ခုနှစ်အတွက် ဂုဏ်ပြုထိုက်သူအဖြစ် ရွေးချယ်လိုက်ခြင်း ဖြစ်ပါသည်။

 

ဦးလာဇရူးသည် သာသနာတော်အတွက် ကိုယ်ကျိုးစွန့်ဦးဆောင်လုပ်ဆောင်ခြင်းကြောင့် ပိတ်ထားသော သန်လျင်မြို့ရှိ ကက်သလစ်ရဟန်းဖြစ်တကသိုလ် အဆောက်အဦများနှင့်မြေ (၂၅ ဧကဝန်းကျင်) ကို ပြန်ရတယ်၊ ပေါ်တူဂီဘုရားကျောင်းလို့နာမည်ကြီးတဲ့ သန်လျင်က ဘာသာရေးမြေကိုလည်း ပြန်ရတယ်၊ ညောင်လေးပင်က မြေကိုလည်း ပြန်ရတယ်ဟု သေဆုံးသော ဦးလာဇရူးကို ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ချားလ်စ်ဘိုက ချီးကျူးဂုဏ်ပြုစကား မိန့်ကြားတော်မူသည်။ ဦးလာဇရူးသည် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်နေ့က ကင်ဆာရောဂါဖြင့် သေဆုံးသွားပြီး ဖြစ်သည်။

သူ၏သာသနာတော်အတွက် ကြိုးစားအားထုတ်မှုကို ဂုဏ်ပြုအသိအမှတ်ပြုသောအားဖြင့် ဂလိုရီယာသတင်းဂျာနယ်၏ ၂၀၂၀ ခုနှစ်အတွက် ဂုဏ်ပြုထိုက်သူအဖြစ် ရွေးချယ်လိုက်ခြင်း ဖြစ်ပါသည်။

၎င်းမြေများကို အစိုးရထံမှပြန်ရယူရန် လုပ်ဆောင်ရာတွင် ပါဝင်ခဲ့သော ရှေ့နေကြီးဦးစောဒေမီယမ်က၊ သာသနာမြေတွေကို ပြန်ရအောင် ဦးလာဇရူးက လူရော၊ စိတ်ရော၊ ငွေရော၊ အချိန်ရော ပေးဆပ်ပြီး လုပ်ခဲ့တာ၊ ငါတို့ကတော့ သူ့အဖွဲ့ဝင်တွေပါပဲ။ သူက အစိုးရလူကြီးတွေနဲ့လည်း ပေါက်တယ်လေ၊ ဟု မှတ်ချက်ပြုသည်။

 

 

ဦးဟင်နရီ ဖော်လား ဂမ်ဖန် (ဗန်းမော်) သည် နန်ဆန်ယန်ကျေးရွာမှ စစ်ဘေးရှောင်ပြည်သူများအား မိမိတို့၏ နန်ဆန်ရွာသို့ ပြန်လည်နေထိုင်ရန်အတွက် ကိုယ်ကျိုးစွန့်ပြီး ရဲရင့်သော သတ်္တိဖြင့် မေတ်္တာစေတနာ အနစ်နာခံပြီး မြန်မာ့တပ်မတော်နှင့်ကချင်လွတ်မြောက်ရေးလက်နက်ကိုင်အဖွဲ့ (ကေအိုင်အေ) တို့နှစ်ဖွဲ့အကြား ကြားဝင်ညှိုနှိုင်းပေးခဲ့မှုကြောင့် (၈) နှစ်အကြာတွင် နန်ဆန်ယန်ကျေးရွာမှ စစ်ဘေးရှောင် ပြည်သူများသည် မိမိတို့ဇာတိရွာသို့ ငြိမ်းချမ်းစွာနှင့်လုံခြုံစွာဖြင့် ပြန်လည်ရောက်ရှိလာကြပြီး ဖြစ်သည်။

 

ထို့ကြောင့် ဂလိုရီယာသတင်းဂျာနယ်၏ အယ်ဒီတာချုပ်က ဦးဟင်နရီ ဖော်လား ဂမ်ဖန် (ဗန်းမော်) အား ဂလိုရီယာသတင်းဂျာနယ်၏ ၂၀၂၀ ခုနှစ်အတွက် ဂုဏ်ပြုထိုက်သူအဖြစ် ရွေးချယ်ကြေညာလိုက်ခြင်း ဖြစ်ပါသည်။

2511  Views
Previous: ကက်သလစ်ရဟန်းစောယူဂျင်းအား ဂလိုရီယာသတင်းဂျာနယ်၏ ၂၀၂၀ ခုနှစ်အတွက် ဂုဏ်ပြုထိုက်သူ Person of The Year 2020 in Myanmarအဖြစ် ကြေညာခြင်း
Next: ရန်ကုန်မြို့ရှိ စိန့်ဂျွန်းမောင်ထော်လေးကက်သလစ်သာသနာသည် (၃၇)ကြိမ်မြောက် ဆုတောင်းပြည့် လုဒ်မယ်တော်သခင်မပွဲတော်ကြီးအား (29.1.2021) မှ (7.2.2021) ထိကျင်းပမည်