ဂျပန်နိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်က နူကလီယားစွမ်းအင်အသုံးပြုခြင်းစနစ်ကို စွန့်လွှတ်ရန် ဂျပန်ဝန်ကြိးချုပ်အာဘေးကို တောင်းဆို

40-b

ဇွန်လ ၆၊ ဂျပန်

ဂျပန်နိုင်ငံ၊ နီကာတာကက်သလစ်သာသနာမှ ဆရာတော်ကြီး အီဇကီကူချီက မိမိတို့သည် နူကလီယား စွမ်းအင်အသုံးပြုခြင်းစနစ်ကို စွန့်လွှတ်ရန် ဂျပန်ဝန်ကြိးချုပ်အာဘေးကို တောင်းဆိုနေပြီဖြစ်ကြောင်း၊ တဖက်ကလည်း ဂျပန်လူမျိုးများသည် မိမိတို့၏လူနေမှုပုံစံကို ပြုပြင်ရန်လည်းလိုအပ်ကြောင်း၊ ထိုကဲ့သို့ မပြုပြင်ပါက မိမိတို့၏တောင်းဆိုချက်သည် အကျိုးရှိမည်မဟုတ်ကြောင်းဖြင့် သတင်းထုတ်ပြန်လိုက်သည်။ ဆရာတော်ကြီးသည် လွန်ခဲ့သော သုံးနှစ်က ဂျပန်နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော ဆူနာမီနောက်ပိုင်း ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးတို့ကို ဆောင်ရွက်ရာတွင် ထင်ရှားလာခြင်း ဖြစ်သည်။

ဆရာတော်ကြီးသည် ဂျပန်ဝန်ကြီးချုပ်က ရဟန်းမင်းကြီးဖရန်စစ်အား သွားရောက်ဖူးမျှော်ရန် ပြင်ဆင်ချိန် တွင် ထိုကဲ့သို့ မိန့်ကြားတော် မူလိုက်ခြင်း ဖြစ်သည်။ ၂၀၁၄ ခုနှစ်ဖေဖော်ဝါရီလ မှစတင်ပြီး ဝန်ကြီးချုပ်ရာထူးကို လက်ခံပြီးနောက် ရှင်ဆိုအာဘေး သည် နူကလီယားစွမ်းအင်သည်သာ လျှပ်စစ်မီး အတွက် ရည်ရှည်အသုံးပြုနိုင်မည့် အကောင်းဆုံးအရင်းအမြစ် ဖြစ်ကြောင်းပြော ဆိုလိုက်သည့်အပြင် အရင်တုန်းကပိတ်ထားသော ဓါတ်ပေါင်းဖို (၅၀) ခုကို ပြန်လည်လည်ပတ်ရန် အမိန့်ထုတ်ပြန်လိုက်သည်။

ဂျပန်နိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်သည် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလတုန်းက နူကလီယား စွမ်းအင်ကို အသုံးပြုခြင်းကို လုံးဝဖျက်သိမ်းပြီး အစားထိုးနိုင်မည့် တခြားစွမ်းအင်အရင်းအမြစ်များကို အသုံးပြုရန်အတွက် ဂျပန်အစိုးရကို တောင်းဆိုခဲ့ဖူးပြီး ဖြစ်သည်။ သို့သော် အာဘေးအစိုးရ က နူကလီယားစွမ်းအင်သည်သာ လျှပ်စစ်မီးအတွက် ရည်ရှည်အသုံးပြုနိုင်မည့် အကောင်းဆုံး အရင်းအမြစ် ဖြစ်ကြောင်းပြောဆိုလိုက်ပြီးနောက် ယခုတဖန် ဆရာတော်ကြီးများ၏ မိမိတို့၏ရပ်တည်ချက် ကို ပြန်လည်ထုတ်ပြန် လိုက်ခြင်း ဖြစ်သည်။

ဆရာတော်ကြီး အီဇကီကူချီက ပြန်လည်ရှင်သန်နိုင်သော စွမ်းအင်အရင်းအမြစ်ကို အသုံးပြုခြင်း၌ အားပေးခြင်းသည် ပုထုဇဉ် လူသားများနှင့်ပတ်ဝန်းကျင်တို့ကို ကာကွယ်ပေးရန်ဖြစ်သည့် အပြင် ပြန်လည်ရှင်သန်နိုင်သော စွမ်းအင်အရင်းအမြစ်သည် သာလျှင် ဂျပန်နိုင်ငံ၏အနာဂါတ်မျိုးဆက် သစ်များအတွက် ကောင်းကျိုးကို ဖန်တီးပေးရာ ရောက်သည်ဟု မီးမောင်းထိုးပြ တော်မူသည်။ ဆက်လက်ပြီး သူက၊ ပြန်လည်အစားထိုးနိုင်သော စွမ်းအင်ကို အသုံးပြုခြင်းအတွေးအခေါ်သည် မိမိတို့၏ လူနေမှုပုံစံကို ပြောင်းလဲ ခြင်းဖြင့် တဖြည်း ဖြည်း လုပ်ဆောင်သွားရန်ဖြစ်ကြောင်း၊ လက်ရှိလူနေမှုပုံစံ သည် စွမ်းအင်ကို အဆမတန်အသုံးပြုသော လူနေမှု ပုံစံဖြစ်နေကြောင်း၊ မိမိတို့သည် ဘုရားရှင်၏ဖန်ဆင်း ခံများအားလုံး၊ မိမိတို့၏သားသမီးများ၊ လူသားများ၏ အများကောင်းကျိုး အတွက် တစ်ခုခုကိုတော့ စွန့်လွှတ်ရမည် ဖြစ်ကြောင်းဖြင့် မိန့်ကြားတော်မူလိုက်သည်။

ဆရာတော်ကြီး အီဇကီကူချီသည် ဘုရားရှင်၏နှုတ်ကပတ်တော်ဟူသော သူတော်စင်အသင်းဂိုဏ်း ဝင် ဖြစ်တော်မူပြီး အသက်တော် (၅၆) နှစ်ရှိကာ ဂျပန်နိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏  ကာရီတာစ် (ဂရုဏာကော်မရှင်) ဥက္ကဌ ဖြစ်တော်မူသည်။ ၀၀၅ (ဝင်းလှိုင်ဦး)

1717  Views
Previous: အိန္ဒိယနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွ့ဲချုပ်က အိန္ဒိယနိုင်ငံ၏ဝန်ကြီးချုပ်အသစ်ပေါ် အကောင်းဖက် မျှော်လင့်ချက်ရှိကြောင်း ထုတ်ဖော်ပြောကြား
Next: အယ်ဒီတာ့အာဘော်