စစ်ကောင်စီက ခြောက်လအကြာမှာ အိမ်စောင့်အစိုးရလို့ ပြင်ဆင်ဖွဲ့စည်း

စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းပြီးနောက် ဖွဲ့စည်းထားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ကို ခြောက်လအကြာ သြဂုတ်လ ၁ ရက် ဒီနေ့မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရ အဖြစ် ပြင်ဆင်ဖွဲ့စည်းလိုက်တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

အဲဒီအိမ်စောင့်အစိုးရအဖွဲ့မှာ ဝန်ကြီးချုပ်အနေနဲ့ စစ်ကောင်စီ ဥက္ကဋ္ဌက တာဝန်ယူဆောင်ရွက်မှာဖြစ်သလို ဒုတိယဝန်ကြီးချုပ်အဖြစ် စစ်ကောင်စီ ဒုတိယ ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်နဲ့ အမြဲတမ်းအတွင်းဝန် အိမ်စောင့်အစိုးရအဖွဲ့ရုံးတို့ ပါဝင်မယ်လို့ ထုတ်ပြန်ထားပါတယ်။

 

အာဏာသိမ်း ခြောက်လပြည့် ၂၀၂၁ သြဂုတ် ၁ ရက်နေ့မှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်းပြောကြားစဥ်

 

နိုင်ငံတော်တာဝန်တွေကို ပိုပြီးလျင်မြန်ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီတွေကိုလည်း တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရအဖွဲ့များအဖြစ် ဝန်ကြီးချုပ်နဲ့ သက်ဆိုင်ရာဌာနတွေအလိုက် ဝန်ကြီးတွေ ခန့်အပ်သွားမယ်ဆိုပြီး ဒီနေ့ နောက်ဆတ်တွဲ ထုတ်ပြန်ချက်တွေထဲမှာ ပါဝင်တယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်းဒေသကြီးရှိ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တွေကိုလည်း တာဝန်မှ အနားယူခွင့်ပြုလိုက်ကြောင်း စစ်ကောင်စီက ကြေညာခဲ့ပါတယ်။

361  Views
Previous: ကိုဗစ်ကို ပြည်သူလူထု ပူးပေါင်းမှုဖြင့် ကျော်လွှားမည်ဟု စစ်ခေါင်းဆောင်ပြေ
Next: A Catholic priest and catechist abducted by armed group in Chin State, Myanmar