စစ်ရဟတ်ယာဉ်ပျက်ကျမှု သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီ အတည်ပြု

ကချင်ပြည်နယ်မှာ ကချင်လက်နက်ကိုင် KIA နဲ့ဖြစ်တဲ့တိုက်ပွဲမှာ စစ်ရဟတ်ယာဉ်တစင်း ပျက်ကျခဲ့ပြီး စစ်အရာရှိ ၃ ယောက်ကျဆုံးတယ်လို့ နစက စစ်ကောင်စီက ဒီနေ့ Online ကနေလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ အတည်ပြုပြောပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဖြစ်နေတဲ့ တိုက်ပွဲအခြေအနေတွေအပြင်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းတို့ဘက်မှာ ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ဖြစ်နေတဲ့ တိုက်ခိုက်မှုတွေနဲ့ပါတ်သက်လို့ မစုမြတ်မွန်ကမေးမြန်းခဲ့တာကို နစကအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင် ဗိုလ်မှူးကောင်းထက်စံက ဖြေကြားခဲ့တာဖြစ်ပါတယ်။

နစက စစ်ကောင်စီအနေနဲ့ငြိမ်းချမ်းရေးကို အမြဲဦးတည်ပြီး ဆက်လက်လုပ်သွားမှာဖြစ်တယ်လို့လည်းဒီနေ့ Online ကနေလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ာ ပြောကြားသွားပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဖြစ်နေတဲ့ တိုက်ပွဲအခြေအနေေတွေအပြင် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းတို့ဖက်မှာ ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ဖြစ်နေတဲ့ တိုက်ခိုက်မှုတွေနဲ့ပါတ်သက်လို့ နစကအုပ်ချုပ်ရေးကောင်စီသတင်းစာရှင်းပွဲမှာ မစုမြတ်မွန်ကမေးမြန်းခဲ့တာကို သတင်းထုတ်ပြန်ရေးအဖွဲ့ဝင် ဗိုလ်မှူးကောင်းထက်စံက ဖြေကြားခဲ့တာဖြစ်ပါတယ်။

672  Views
Previous: Myanmar’s Central Bank Says Deposits Are Safe Amid Cash Crunch
Next: တိုင်းပြည်စီးပွားပျက်အောင် လှုံ့ဆော်မှုတွေကြောင့် ဘဏ်တွေမှာ ငွေအကန့်အသတ်နဲ့ ထုတ်ပေးနေ (ဗဟိုဘဏ် ဒုဥက္ကဌ)