စိန်ပေါလ်သာသနာပြုအသင်းဂိုဏ်းမှ ရဟန်းများနှင့်ကိုရင်များက အသင်းဂိုဏ်း၏ (၂၅) နှစ်မြောက် ဂျူဗလီပွဲတော် ကျင်းပ သာသနာပြုရာတွင် ယုံကြည်ခြင်းသည် အခြေခံလိုအပ်ချက်ဖြစ်ဟု ဆရာတော်မန်းဆိန်းဟှီ မိန့်ကြား

 

မြက်တို၊ မေလ ၂၆

ပုသိမ်ကက်သလစ် သာသနာပိုင် ဆရာတော်ကြီး ဂျွန်ဆိန်းဟှီက ယုံကြည်ခြင်းသည် သာသနာပြုပုဂ်္ဂိုလ်တို့၏ အဓိက အသက်သွေးကြော ဖြစ်ကြောင်းဖြင့် မေလ ၂၅ ရက်နေ့က မြက်တို ကျေးရွာတွင် ကျင်းပသော စိန်ပေါလ် သာသနာပြုအသင်းဂိုဏ်းမှ ရဟန်း များနှင့် ကိုရင်များက အသင်းဂိုဏ်း၏ (၂၅) နှစ်မြောက် ဂျူဗလီပွဲတော်တွင် ဟောကြားတော်မူလိုက်သည်။ ၎င်းင်းပွဲတော်တွင် ပုသိမ် ဆရာတော်ကြီး ဆိန်းဟှီနှင့်အတူ ဖားအံကက်သလစ် ဆရာတော်ကြီး ဂျက်စတင်းစောမင်းသိုက်၊ ရန်ကုန်ကက်သလစ်သာသနာ ပိုင်ချုပ်၏ လက်ထောက်ဆရာတော်ကြီး ဂျွန်စောယောဟန်နှင့်အတူ ရဟန်းတော် (၁၅) ပါးနှင့်အတူ ရပ်နီး ရပ်ဝေးမှ သူတော်စင် သီလရှင်ကိုရင် များ၊ စိန်ပေါလ်ကျောင်းသားဟောင်း များ၊ ဖိတ်ကြားထားသော အထူး ဧည့်သည်တော်များနှင့် ဘာသာဝင် ဓမ်္မမိတ်ဆွေ ပေါင်း ၁၀၀၀ နီးပါး လာရောက်ဆုတောင်းရင်း ဘုရား သခင်အား ကျေးဇူးတင်ချီးမွမ်း ခဲ့ကြသည်။
၎င်းငွေစင်ဂျူဗလီ ပွဲတော်၌ ဆရာတော်ကြီး ဂျွန်ဆိန်းဟှီ ကသြဝါဒမိန့်ကြားရာတွင် သာသနာပြုတစ်ဦးက စွန့်လွှတ်စွန့်စား ပြီး ဘုရားသခင်နှင့် အများအတွက် အလုပ်လုပ်ရာတွင် ယုံကြည်ခြင်းသည် ပထမဆုံးသော လိုအပ်ချက်ဖြစ်ကြောင်း၊ ဘုရားသခင်ကို ယုံကြည်ရန်လိုအပ် ကြောင်း၊ ကျွန်တော်တို့တွေရဲ့နေ့စဉ် ဖြတ်သန်းရ တဲ့လမ်းခရီးများအားလုံး သည် ဘုရားသခင်၏အလိုတော် အတိုင်းဖြစ်ကြောင်းကို ယုံကြည်နရန် လိုအပ်ကြောင်း၊ ဟေရုဒ် မင်းကြီးက ခရစ်တော်ဘုရားကို ဖမ်းဆီးထားပြီး မေးမြန်းရာတွင် မင်းကြီးက “ငါမေးတာကိုဖြေပါ၊ ငါဟာ မင်းကို လွှတ်ပိုင်ခွင့် ရှိတယ်၊ သတ်ပိုင်ခွင့်လည်းရှိတယ်” ဟု ခရစ်တော်အား ပြောရာတွင် ခရစ်တော် ဘုရားက “အထက်က အလိုတော်မရှိလျှင် ဘာမှမဖြစ်နိုင်” ဟု ဟေရုဒ်ဘုရင်အား အမိန့်တော် ရှိသည့် ယုံကြည်ခြင်းမျိုးကို သာသနာပြုသူတို့တွင် ရှိရန်လိုအပ် ကြောင်း၊ ယုံကြည်ခြင်းက အားနည်း လာပြီဆိုလျှင် ကျွန်တော်တို့ဘ၀ ထဲတွင် ကြောက်ရွံ့ခြင်း၊ စိုးရိမ်ခြင်း စိတ်များ ဝင်လာမည်ဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ်သည် သူတော်စင်များနှစ် ဖြစ်သည့်နှင့်အညီ ရဟန်းမင်းကြီးက သူတော်စင်များ၏ မြင်သာထင်သာ သောအမှတ်လက်္ခဏာသည် ဝမ်းမြောက်ရွှင်လန်းခြင်းပင် ဖြစ်သည် ဟု မိန့်ကြားထားကြောင့်၊ အကြောင်း ရင်းကား ခရစ်တော်ဘုရားကို ယုံကြည် သူများသည် “ဘုရားသခင်က ငါ့ကို ချစ်နေတယ်” ဟူသော ခံစားချက်မျိုး ကို ရှိနေရန် လိုအပ်ကြောင်း၊ ထိုသို့ ရှိမှသာ စိုးရိမ်ကြောက်လန့်ခြင်း မရှိကြတော့ဘဲ ဝမ်းမြောက်ရွှင်လန်း ခြင်းကိုသာ ပိုင်ဆိုင်ကြရပြီ ဖြစ် ကြောင်း၊ နောက်ဆုံး အနေဖြင့် ဂါလားဆီယာ (၂ း ၂၀) ထဲက စိန်ပေါလ်ဟောကြားထားသော ကျမ်းပိုဒ်အတိုင်း ကျွန်တော်တို့ အားလုံးသည် “ယခုအသက် ရှင်လျက် ရှိသည်မှာ ငါမဟုတ်တော့ဘဲ ငါ၌ ကိန်းအောင်းတော်မူသော ခရစ်တော် ဘုရားဖြစ်၏” ဟူသော ယုံကြည်ခြင်း မျိုးကို ပိုင်ဆိုင်နိုင်ကြမည် ဖြစ်ကြောင်းဖြင့် ဘုရားဖူးသူတော်စင် များအား ဟောကြားတော်မူခဲ့သည်။
စိန်ပေါလ်သူတော်စင် အသင်းဂိုဏ်းကို တည်ထောင်တော်မူ သော ကာဒီနယ်ဆရာတော်ကြီး ချားလ်စ်ဘိုသည် အီတလီနိုင်ငံတွင် ကျင်းပပြုလုပ်သောဆလေးရှင်း အသင်းဂိုဏ်းဝင်ဆရာတော်ကြီးများ၏ အစည်းအဝေးသို့ တက်ရောက် နေသောကြောင့် မိမိတည်ထောင်ခဲ့ သော အသင်းဂိုဏ်း၏ငွေစင်ဂျူဗလီ ပွဲနေ့တွင် မိမိကိုယ်တိုင် လာရောက် ဝတ်ပြုဆိုတောင်းခြင်းကို မပြုလုပ် နိုင်ခဲ့သော်လည်း သဝဏ်လွှာ တစ်စောင်ကို မိမိ၏အကူဆရာတော် ဂျွန်စောယောဟန်မှတဆင့် စိန်ပေါလ် ရဟန်းကိုရင်သူတော်စင်များထံသို့ ပေးပို့ ခဲ့သည်။ ၎င်းင်းသဝဏ်လွှာတွင် ဆရာတော်ကြီးချားလ်စ်ဘိုက မိမိသည် စိန်ပေါလ်သူတော်စင် အသင်းဂိုဏ်းအား ချစ်ခြင်းမေတ်္တာကို အခြေခံပြီး ထူထောင်ခဲ့ပါကြောင်း၊ ဤ ၂၅ နှစ်အတွင်းတွင် အသင်းဂိုဏ်း သည် အောင်မြင်မှုများ၊ ဆုံးရှုံးမှုများ၊ အခက်အခဲများကို ကြုံတွေ့ခဲ့ရ သော်လည်း ကောင်းမြတ်တော်မူ လှသော အဖဘုရားရှင်၏ ကျေးဇူး တော်ကြောင့် ရှင်သန်ကြီးထွား နေရကြောင်း ရေးသားထားသကဲ့သို့ မိမိကို ကူညီအားပေးခဲ့ကြသော ဆလေးရှင်းရဟန်းများကိုလည်း အထူးကျေးဇူးတင်ကြောင်းနှင့် အသင်းဂိုဏ်း၏ကျေးဇူးရှင် အလှူရှင် များကိုလည်း ကျေးဇူးတင်ကြောင်းဖြင့် ရေးသားထားသော သဝဏ်လွှာကို ဆရာတော်ဂျွန်စောယောဟန်က ဖတ်ကြား တော်မူသည်။
ဖားအံကက်သလစ်ဆရာ တော်ကြီး ဂျက်စတင်းစောမင်းသိုက် ကလည်း စိန်ပေါလ်သာသနာပြု အသင်းဂိုဏ်းမှ ရဟန်းများနှင့် ကိုရင်များ အသင်း ဂိုဏ်း၏ (၂၅) နှစ်မြောက် ဂျူဗလီပွဲတော်အပေါ် ဂုဏ်ပြုအမှာစကားမိန့်ကြားရာတွင်၊ ရဟန်္တာပေါလူးသည် အမှန်တရားကို ဟောပြောသူဖြစ်သောကြောင့် ရန်သူ လည်းပေါများခဲ့ပါကြောင်း၊ သို့သော် ရဟန်္တာပေါလူးသည် ရန်ကို မကြောက်ဘဲ အမှန်တရားအပေါ်တွင် အဆုံးတိုင်တည်ကြည်ခဲ့ပါကြောင်း၊ ထို့ကြောင့် စိန်ပေါလ်သာသနာပြု အသင်းဂိုဏ်းမှ ရဟန်းများနှင့် ကိုရင် သီလရှင်များအနေဖြင့် အမှန်တရား ကို ရဲဝံ့စွာဟောပြောရဲသော သာသနာပြုများ ဖြစ်ရန်ကြိုးစားကြ သင့်ကြောင်း၊ လွန်ခဲ့သော ၂၅ နှစ်ကို ပြန်ကြည့်လျှင် အောင်မြင်မှုများ ကိုသာ ဂုဏ်ယူရန်မဟုတ်ဘဲ ဆုံးရှုံးမှု များနှင့် အားနည်းချက်များကို ပြန်လည်သုံးသပ်ရန်လည်း လိုအပ် ကြောင်းဖြင့် စိန်ပေါလ်သာသနာပြု အသင်းဂိုဏ်းမှ ရဟန်းများနှင့် ကိုရင်များအား ဆုံးမစကား ချွေတော် မူခဲ့သည်။
စိန်ပေါလ်အသင်းဂိုဏ်း၏ ဂိုဏ်းအုပ်ဘုန်းတော်ကြီး ရောဘတ် ဟောက်ဇမုန်က အသင်းဂိုဏ်းရဲ့ ၂၅ နှစ်ဂျူဗလီပွဲနေ့မှာ ထူးဆန်းတာ က သစ်္စာဆိုထားတဲ့စိန်ပေါလ်ရဟန်းနဲ့ ကိုရင်စုစုပေါင်းဦးရေဟာလည်း (၂၅) ပါးကွတ်တီးဖြစ်နေတယ်”” ဟု မိန့်ကြားပေးသည်။ ကျောင်းသား ဟောင်း ကိုပါစကားကလည်း၊ အခု ၂၅ နှစ်ဂျူဗလီက ကျွန်တော်တို့ ကျောင်းသားဟောင်းတွေကို ပြန်ပြီး တွေ့ဆုံခွင့်ပေးတဲ့ပွဲ ဖြစ်တယ်ဟု သူ၏အမြင်ကို ပြောပြသကဲ့သို့ လွန်ခဲ့သော ၁၀ နှစ်ကျော်က ကျောင်း သားဟောင်းတွေနဲ့ ၂၀၁၀ ခုနှစ် နောက်ပိုင်းထွက်သွားသော ကျောင်းသား ဟောင်းများကိုလည်း တွေ့ဆုံခွင့် ပြုခဲ့ပြီး အချင်းချင်းခင်မင်ခွင့် ပေးသော ဂျူဗလီလည်း ဖြစ်သည်။ ဒေါ်အေမီကလည်း ““ဒီစိန်ပေါလ် အသင်းဂိုဏ်းရဲ့ ၂၅ နှစ်ဂျူဗလီပွဲကို လာရင်းနဲ့ ပုသိမ်ဆရာတော် မန်းဆိန်းဟှီကို သူ့ရဲ့ကျောင်းတော် မှာ သွားရောက်တွေ့ဆုံဖူးမျှော်ခွင့် ရခဲ့တယ်။ ဂလိုရီယားသတင်း ဂျာနယ်ကို ပုသိမ်သာသနာမှာ ပြန်လည်ရောင်းချခွင့် ရအောင် ဆရာတော်ကို လျှောက်ထားခွင့် ရခဲ့တယ်။ ဆရာတော်ကလည်း ဒီဂျာနယ်ကို သူ့ရဲ့သာသနာတော်မှာ ပြန်လည်ဖြန့်ဝေခွင့် ပြုတယ်။ ဒီဂျူဗလီက ကျွန်မအတွက်ကတော့ ဆရာတော်ရဲ့ သဘောထားကြီးမှုကို ရရှိစေတဲ့အခါတော်မြတ် ဖြစ်ပါ တယ်”” ဟု သူမ၏ဘဝဖြစ်စဉ်ကို ပြောပြသည်။
စိန်ပေါလ်သီလရှင် အသင်းဂိုဏ်းသည်မိမိတို့ အသင်း ဂိုဏ်း၏ ၂၅ နှစ်ဂျူဗလီပွဲတော်ကို လာမည့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့၊ အသင်းဂိုဏ်းဌာနချုပ် ရှိရာ သန်လျင်မြို့တွင် ကျင်းပပြုလုပ် မည် ဖြစ်ကြောင်း သိရှိရသည်။ စိန်ပေါလ်သာသနာပြု အသင်းဂိုဏ်းသည် ၁၉၉၀ ခုနှစ် မေလ ၂၅ ရက်နေ့တွင် လားရှိုး ကက်သလစ် သာသနာ၏ ပထမဆုံး သော ဆရာတော်ဖြစ်တော်မူသော (လက်ရှိရန်ကုန်ကက်သလစ် သာသနာပိုင်ချုပ် ရဟန်းမင်းအမတ်) ဆရာတော်ကြီးချားလ်စ်ဘိုက လားရှိုးမြို့တွင် စတင်ထူထောင်ခဲ့ခြင်း ဖြစ်သည်။ ဆရာတော်ဘိုသည် ၎င်းင်းအသင်းဂိုဏ်းတွင် အမျိုးသား ရဟန်းနှင့်ကိုရင်များကတစ်ဖွဲ့၊ သီလရှင်များက တစ်ဖွဲ့ဟူ၍ ထူထောင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ၁၉၉၉ ခုနှစ်တွင် လားရှိုးကက်သလစ် သာသနာတော်မှ ဆရာတော်နှင့် ရဟန်းတော်များ၏ စိန်ပေါလ်သီလရှင်နှင့် ကိုရင်များအဖွဲ့ကိုသာ လက်ခံပြီး စိန်ပေါလ်ရဟန်းအသင်းဂိုဏ်းကို မောင်းထုတ်ခြင်းကြောင့် စိန်ပေါလ် ရဟန်းကိုရင်များအဖွဲ့သည် ဂိုဏ်း တည်ထောင်သူရှိရာ ပုသိမ်သာသနာ တော်၊ မြောင်းမြသို့ ၁၉၉၉ ခုနှစ် ဒီဇင်ဘာလတွင် စတင်ပြောင်းရွှေ့ ခဲ့ကြသည်။ ၂၀၀၀ ခုနှစ်တွင်မူ ပုသိမ်မြို့နယ်ရှိ၊ မြက်တိုကျေးရွာရှိ ပုသိမ်သာသနာ ပိုင်မြေတွင် ပြန်လည်နေရာချပြီး နေထိုင်လာခဲ့ ကြသည်။ ၂၀၀၄ ခုနှစ်တွင်မူ ပုသိမ်ဆရာတော်ကြီးဖြစ်တော်မူသော စိန်ပေါလ်အသင်း ဂိုဏ်းထူထောင်သူ ဆရာတော်ကြီး ချားလ်စ်ဘိုသည် ရန်ကုန်ကက်သလစ်သာသနာသို့ ဂိုဏ်းချုပ်ဆရာတော်အဖြစ် ရဟန်း မင်းကြီး၏ ပြောင်းရွှေ့ခန့်အပ်ခြင်းကို ခံရသောအခါ၊ ဆရာတော်ချားလ်စ်ဘို က မြက်တိုတွင် ဗဟိုချထားသော စိန်ပေါလ်အသင်းဂိုဏ်းကို မိမိ၏ ရန်ကုန် ဆရာတော်အုပ်ချုပ်မှု လက်အောက်သို့ ထည့်သွင်း လိုက်ကြောင်း သိရှိရသည်။ စိန်ပေါလ် အသင်းဂိုဏ်းတွင် လက်ရှိ ရဟန်း၊ ကိုရင်၊ သီလရှင်တို့၏ စုစုပေါင်းဦးရေ သည် ၁၀၀ ကျော်ရှိနေပြီး မြန်မာ နိုင်ငံရှိ ကက်သလစ်သာသနာတော် (၈) ခုတွင် ဘုရားသခင်၏ အမှုတော် မြတ်ကို ထမ်းဆောင်လျက် ရှိနေကြ သည်ဟု သတင်းရရှိသည်။
ဆရာတော်ကြီး ချားလ်စ်ဘို သည် ပင်ကိုယ်အရ မြန်ဆန်သော စိတ်ထားအပေါ်တွင် မေတ်္တာတရား ကို အခြေခံပြီး တာဝန်ကျရာ ဒေသ များတွင်ရှိနေကြသော ဒေသခံ ဘာသာဝင်များနှင့် ပြည်သူများ အတွက် အကောင်းဆုံးသော အရာ များကို အတတ်နိုင်ဆုံး လုပ်ဆောင် ခဲ့သည်။ သို့သော် တချို့သော ဆရာတော်များနှင့် ရဟန်းတော်များ က ဆရာတော်ချားလ်ဘိုအပေါ် မကောင်းကြံမှုများဖြင့် ဘက်စုံ ဒုက်္ခပေးနေကြသော်လည်း ဟန့်တား ပိတ်ဆို့မရသော ဘုရားရှင်၏ကျေးဇူး တော်က သူ့အား ချီးမြှောက်လျက် ရှိနေသည်ဟု သုံးသပ်နေမိသည်။ ဆရာတော်ချားလ်ဘိုသည် မိမိ၏ ဆရာတော်ဝါတော် (၂၅) နှစ်ငွေစင် ဂျူဗလီပွဲတော်ကြီးကိုလည်း ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၂-၁၄ ရက်နေ့ တွင် ချက်မြုပ်ရာ မုံလှရွာတွင် ကျင်းပရန် စီစဉ်နေပြီဖြစ်ကြောင်း သတင်းရရှိပါသည်။

ဝင်းလှိုင်ဦး

1879  Views
Previous: စာသင်ချိန် လက်ကိုင်ဖုန်း နှင့် ဂိမ်းမကစားရန် မိုင်းရယ်မြို့နယ်မှ သင်ကြားရေးဆရာ၊ ဆရာမများအား ညွှန်ကြား
Next: ရိုးသားစွာဖြင့် စစ်မှန်သောငြိမ်းချမ်းရေးကို ယူကရိန်းနိုင်ငံတွင် ရရှိရန်လုပ်ဆောင်သင့်ကြောင်း ရဟန်းမင်းကြီးဖရန်စစ်က ရုရှားနိုင်ငံသမ်္မတပူတင်အား တိုက်တွန်းတော်မူ