တကမ္ဘာလုံးဆိုင်ရာ ကက်သလစ်သာသနာတော်ဆရာတော်များ၏ ကက်သလစ်ခရစ်ယာန် မိသားစုများညီလာခံက နောက်ထပ်အိမ်ထောင်ပြုသူများအား ကိုယ်တော်မြတ်ပင့်ယူခွင့်ပြုရန်အဆိုကို မဲပေးပယ်ချလိုက်ပြီ

84-b

ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က ဦးဆောင်ပြီး ကျင်းပနေသော တကမ္ဘာလုံးဆိုင်ရာ ကက်သလစ် ဆရာတော်ကြီးများ၏ ကက်သလစ် ခရစ်ယာန်ဘာသာဝင်မိသားစုများ ညီလာခံမှ လိင်တူခြင်းဆက်ဆံနေ သူများနှင့် ပြန်လည်အိမ်ထောင်ပြုခြင်းမျိုးကို လက်မခံကြောင်းဖြင့် အောက်တိုဘာလ ၁၉ ရက်နေ့က မဲပေးဆုံးဖြတ်လိုက်သည်။

 

၎င်းညီလာခံကို ရဟန်းမင်းကြီး ဖရန်စစ်က ““သာသနာပြုခြင်းမူဘောင်ထဲက မိသားစု၏ ဘာသာရေးဆိုင် ရာ စိန်ခေါ်ချက်များ”” “ The pastoral challenges of the family in the context of evangelization ဟူသော ခေါင်းစဉ်ဖြင့် အောက်တိုဘာလ ၅ ရက်မှ ၁၉ ရက်နေ့အထိ ဗာတီကန် နန်းတော်တွင် ကျင်းပခဲ့ရာ ညီလာခံတက်ရောက်သူပေါင်း (၂၅၀) ရှိသည့်အနက် တကမ္ဘာလုံးမှ အိမ်ထောင်သည် ၁၄ ဦး၊ နိုင်ငံအသီးသီးမှ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ဥက္ကဌပေါင်း (၁၁၄) ပါး၊ အရှေ့တိုင်းကက်သလစ်သာသနာတော်မှ ဆရာတော်ကြီး (၁၃) ပါး၊ ဗာတီကန်ရုံးတော်မှ ကော်မရှင် တာဝန်ခံ ၂၅ ပါးနှင့် ရဟန်းမင်းကြီးမှ ညီလာခံအတွက် သီးသန့်ခန့်အပ်ထားသော ၂၆ ပါးတို့၊ လေ့လာ သူများအဖြစ် ၃၈ ဦး၊ ပညာတတ်သိရှင်ပေါင်း ၁၆ ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ ၎င်းညီလာခံတွင် လွန်စွာပင်အထိမခံ သော အကြောင်းအရာများဖြစ်ကြသည့် အတူတူနေထိုင်ခြင်း၊ အိမ်ထောင်ကွဲခြင်း၊ သန္ဓေတားခြင်းနှင့်တခြားလူမှုရေးနှင့်စီးပွားရေးဆိုင်ရာ ဖိအားပေးမှုများအကြောင်းကို ဦးစားပေးဆွေးနွေး ခဲ့ကြသည်။

ရဟန်းမင်းကြီးက ၎င်းညီလာခံစတင်ပြုလုပ်သည့် အောက်တိုဘာလ ၆ ရက်နေ့တွင် ““ရဲရဲရင့်ရင့်ပြော ဆိုဆွေးနွေးကြရန်နှင့် နှိမ့ိချစွာ နားထောင်ကြရန်လိုအပ်ကြောင်း၊ ဒါတော့ ငါမပြောဘူး။ အတော်ကြာသူတို့ က ငါ့ကို ဒီလိုထင်နေအုံးမယ် စတဲ့အတွေးမျိုးမရှိကြပါနဲ့။ ဒီမှာပါဝင်ကြတဲ့သူတိုင်းက ကိုယ့်ရဲ့ဘုရား ရှင်ရှေ့မှောက် တော်မှာ တာဝန်ရှိတဲ့အတိုင်း လူတွေရဲ့အထင်အမြင်ကို မထည့်တွက်ဘဲ ပြောဆိုကြဖို့ လိုအပ်ကြောင်း၊ တဖက်ကလည်း တခြားသူတွေ ပြောဆိုဆွေးနွေးတာတွေကို နှိမ့်နှိမ့်ချချနဲ့ ပွင့်ပွင့်လင်းလင်း နားဆင်ပေးကြဖို့လိုအပ်ကြောင်း”” ဖြင့် ညီလာခံတက်ရောက်သူ ၂၅၀ ဦးတို့အား မိန့်ကြားတော်မူလိုက်သည်။ ၎င်းညီလာခံတွင် အိမ်ထောင်ကွဲသူများနှင့်လိင်တူဆက်ဆံနေထိုင် သူများကို ကိုယ်တော်မြတ်ပင့်ယူခွင့်နှုင့်တခြားသော ကက်သလစ်သာသနာတော်၏နွေးထွေးမှုကို ပြသပေးနိုင်မည့် လုပ်ထုံးလုပ်နည်းများကို အခြေအတင် ဆွေးနွေးခဲ့ကြသည်။ ဆရာတော် သုံးပုံတစ်ပုံက ၎င်းဆွေးနွေးချက်ကို လက်ခံကျင့်သုံးလိုသော်လည်း ဆရာတော်အများစုကမူ ၎င်းကို ဆန့်ကျင်ကြသည်။

ရဟန်းမင်းကြီးကမူ၊ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တော်မြတ်ပင့်ယူခွင့်မရရှိသူများသည် ကက်သလစ် သာသနာတော်၏ အစိတ်အပိုင်းအဖြစ် မခံယူကြတော့ဘဲ တခြားခရစ်ယာန်များသို့ ကူးပြောင်းနေခြင်း အပေါ် ကက်သလစ်သာ သနာတော်က သူတို့အတွက် တစ်စုံတစ်ခုကို ပြုလုပ်ပေးရန်တာဝန်ရှိကြောင်း၊ ထိုသို့ပြုလုပ်ပေးခြင်းသည် ခရစ်တော်ဘုရားက မိန့်ကြားတော်မူခဲ့သော ပျောက်သောသိုးတစ်ကောင်ကို ရှာဖို့နေခြင်းပင် ဖြစ်သည်ဟု ခံယူထားသူ ဖြစ်သည်။ တချို့သော ညီလာခံတက်ရောက်သူများက ရဟန်းမင်း ကြီး၏ အဆိုပြုလွှာလက်ခံကြရင်း အိမ်ထောင်ကွဲခြင်းကြောင့် ကိုယ်တော်မြတ်မပင့်ယူနိုင်သူများကို အနည်းဆုံးကိုယ်တော်မြတ် ပင့်ယူချိန်တွင် ရဟန်းနားကိုလာကာ ကောင်းကြီးခံယူခြင်းမျိုး ကို ပြုလုပ် သင့်ကြောင်း သဘောတူကြသည်။ တချို့သောဆရာတော်ကြီးများက လည်း အကြောင်းအမျိုးမျိုးကြောင့် အိမ်ထောင်ကွဲသူများ (လင် (ဝါ) မယားက ကလေးမရနိုင်ခြင်း) ကို သာသနာပိုင်ဆရာတော်တစ်ပါးပါးက သူတို့၏လက်ထပ်ခြင်းကို ပျက်ပြယ်ခွင့် ပေးနိုင်သော နည်းလမ်းကိုလည်း အဆိုပြုထားကြသည်။

ဆက်လက်ပြီး ရဟန်းမင်းကြီးက ယခုကျင်းပနေသောမိသားစုဆိုင်ရာညီလာခံသည် ဆုံးဖြတ်ချက်များ ကို ပြုလုပ်ရန်မဟုတ်ကြောင်း၊ ၂၀၁၅ ခုနှစ်တွင် ထပ်မံပြုလုပ်မည့် ညီလာခံအတွက် ဆွေးနွေးဆုံးဖြတ်ရ မည့်အချက်များကိုသာ ကြိုတင်ဆွေးနွေးနေခြင်း ဖြစ်သည့်အပြင် ကက်သလစ်သာသနာတော်၏ ယုံကြည်ခြင်းဆိုင်ရာ သွန်သင်ချက်များအကြောင်းကို ဆွေးနွေးခြင်းမဟုတ်ဘဲ လက်တွေ့ဆိုင်ပြီး ယုံကြည်ခြင်း၏ အမှန်တရားရှုထောင့်မှ ခွဲမရသောလက်တွေ့ ကျင့်စဉ်များကို ဆွေးနွေးရန်ဖြစ်ကြောင်းဖြင့် ညီလာခံဥက္ကဌအဖြစ်ဆောင် ရွက်နေသော ဟန်ဂေရီနိုင်ငံမှ ကာဒီနယ်ဆရာတော်ကြီးက ကြိုတင် မိန့်ကြားတော်မူသည်။ ညီလခံကို အောက်တိုဘာလ ၁၈ ရက်နေ့က ပြီးဆုံးပြီးနောက် ဆွေးနွေးထားသော အချက်အလက်များကို ရဟန်းမင်းကြီး၏ ဆန္ဒအတိုင်း စာပိုဒ် (၆၂) ခုကို တစ်ပိုဒ်ချင်း မဲ (မဲပေးပိုင်ခွင့်ရှိသူ ဦးရေသည် ၁၈၁ ပါးဖြစ်သည်) ပေးဆုံးဖြတ်ခဲ့ကြသည်။

ထို့နောက် ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က ညီလာခံပိတ်ပွဲမိန့်ခွန်းကို မိန့်ကြားရာတွင် ယခုညီလာ ခံတွင် အတည်ပြုထားကြသော ဆုံးဖြတ်ချက်များနှင့် အတည်မပြုသော အချက်များသည် ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် ကျင်းပမည့် ဓမ္မညီလာခံတွင် ထပ်မံဆွေးနွေး မည်ဖြစ်ကြောင်း မိန့်ကြားတော်မူလိုက်သည်။ ၀၀၉ ဂျိုးဇက်

1688  Views
Previous: ဗာတီကန်အတွင်းရှိ အဏုမြူလက်နက်သည် အတင်းအဖျင်းပြောဆိုသော လက်နက်သာဖြစ်ကြောင်း ရဟန်းမင်းကြီး မိန့်ကြားတော်မူ
Next: သင်၏ယုံကြည်ခြင်းက အလှအပဝတ်တန်ဆာများဝတ်ဆင်နေရင် ချွတ်လိုက်ပါလို့ ရဟန်းမင်းကြီး ဖရန်စစ်မိန့်တော်မူ