ထိုင်းနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းလိုက်ပြီ

17-b

ထိုင်းနိုင်ငံမှာ မာရှယ်လော စစ်အုပ်ချုပ်ရေး ဥပဒေ ပြဌာန်းပြီး ၂ ရက်အကြာ မေလ ၂၂ ရက်နေ့ ညနေပိုင်း မှာတော့ စစ်တပ်က တတိုင်းပြည်လုံးကို ထိန်းချုပ် လိုက်ပြီ ဖြစ်ပါတယ်။ သဘောထား အပြင်းအထန် ကွဲလွဲနေကြတဲ့ နိုင်ငံရေး အုပ်စုတွေကြား စစ်တပ်က ကြားဝင် စေ့စပ် ဆွေးနွေးမှုတွေ လုပ်နေတဲ့ တချိန်တည်းမှာပဲ ခုလို အာဏာ သိမ်းလိုက်တာလည်း ဖြစ်ပါတယ်။ အာဆီယံ အလှည့်ကျ  ဥကဋ္ဌ တာဝန်ယူထားတဲ့ မြန်မာနိုင်ငံကတော့ အခြေအနေ ကို စောင့်ကြည့်နေတဲ့ အကြောင်း ပြောပါတယ်။

စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေ အနေနဲ့ တိုင်းပြည် အာဏာကို ထိန်းချုပ်ဖို့ လိုအပ်တဲ့ အတွက် ခုလို လုပ်ဆောင်ရတာပါ။ တိုင်းပြည်မှာ နိုင်ငံရေး ပြုပြင်ပြောင်း လဲမှုတွေ ဖြစ်လာအောင် တွန်းအားပေးပြီး ငြိမ်ဝပ်ပိပြားမှု ပြန်လည် ရရှိလာအောင် စစ်တပ်က လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

1480  Views
Previous: မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများ၏ နှစ်ဝက်မျက်နှာစုံအစည်းအဝေးကို ဇွန်လ ၁၀ ရက်နေ့တွင် စတင်ကျင်းပမည်
Next: ခရစ်ယာန်ဂိုဏ်းပေါင်းစုံတစ်လုံးတဝတည်းဖြစ်ရေးနှင့် ဘာသာအချင်းချင်းအပြန်အလှန်ဆွေးနွေးခြင်းကော်မရှင်၏ ဆွေးနွေးပွဲကျင်းပ