နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) က ပြည်တွင်းသတင်းဌာန ၅ ခုကို ထုတ်ဝေခွင့်ရပ်ဆိုင်းကြောင်း ကြေညာ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) က DVB ၊ Mizzima ၊ ခေတ်သစ်မီဒီယာ၊ Myanmar Now နဲ့ 7 Day သတင်းဌာန  ၅ ခုကို ထုတ်ဝေခွင့်ရပ်ဆိုင်းကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက မတ်လ ၈ ရက် နေ့စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။

အရင်က ထုတ်ဝေခွင့်ပြုပေးခဲ့တဲ့ DVB ၊ Mizzima ၊ ခေတ်သစ်မီဒီယာ၊ Myanmar Now နဲ့ 7 Day သတင်းဌာနတို့ရဲ့ ထုတ်ဝေခြင်းလုပ်ငန်းအသီးသီးကို ဒီကနေ့မှ စပြီး ပိတ်သိမ်းလိုက်ကြောင်း အဆိုပါ သတင်းဌာနတွေအနေနဲ့ မီဒီယာ အမျိုးအစားတခုခုကို အသုံးပြုလို့ ဖြစ်စေ နည်းပညာတစ်ရပ်ရပ်ကို အသုံးပြုလို့ ဖြစ်စေ ရေးသားထုတ်လွှင့်ဖော်ပြခြင်းမပြုဖို့ ကြေညာတဲ့ အကြောင်းဖော်ပြထားပါတယ်။

ဒီကြေညာချက်ကို MRTV နဲ့ မြဝတီရုပ်မြင်သံကြားတို့ကနေ ဒီကနေ့ညမှာ သတင်းထုတ်ပြန်ကြေညာ သွားတာဖြစ်ပါတယ်။

577  Views
Previous: ဂျပန်က ချေးငွေမပေးတော့၍ ဟံသာဝတီလေဆိပ်စီမံကိန်းရပ်ဆိုင်း
Next: Full text: Pope Francis’ in-flight press conference from Iraq