ဗန်းမော်ကက်သလစ်ဆရာတော်ရေမွန်ဆွမ်လွတ်ကမ်နှင့်တွေ့ဆုံမေးမြန်းခန်း
ယခုတင်ဆက်ပေးလိုက်သော အင်တာဗျူး သည် ၂၀၁၅ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့၊ ညနေ (၃း၃၀) တွင် ရန်ကုန်မြို့ရှိ၊ မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများရုံးချုပ်တွင် ဗန်းမော်ကက်သလစ်သာသနာပိုင်ဆရာတော်ကြီး ရေမွန်ဆွမ်လွတ်ကမ်အား တွေ့ဆုံမေးမြန်း ထားသော အင်တာဗျူးဖြစ်ပါသည်။ ဂလိုရီးယား သတင်းဂျာနယ်၏ အယ်ဒီတာချုပ်က မေးမြန်းထား သော မေးခွန်းများနှင့် ဆရာတော်ကြီးရေမွန်၏ အသက်ဝင်သော ဖြေကြားချက်များအပေါ် စာဖတ်ပရိသတ်များအားလုံး ကျေနပ်နှစ်သက် ကြမည်ဟု မျှော်လင့်ပါသည်။
မေး။ အခုလိုဂလိုရီယားသတင်းဂျာနယ် တိုက်ကနေပြီးတော့ ဆရာတော်ဘုရားကို အင်တာဗျူးလုပ်ခွင့်ပေးတဲ့အတွက် တပည့် တော်အနေနဲ့ အထူးကျေးဇူးတင်ပါတယ်။ ဆရာတော်ဘုရားရဲ့မိသားစု နောက်ခံသိပါ ရစေ။
ဖြေ။ ကျွန်တော်က စတုံးရွာမှာ ၁၉၅၃ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့မှာ မွေးပါတယ်။ ရဟန်း သိက်္ခာကိုတော့ ၁၉၈၁ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့မှာ ရရှိပြီးတော့ ဆရာတော်သိက်္ခာ ကိုတော့ ၂၀၀၆ ခုနှစ် နိုဝင်ဘာလ ၁၈ ရက် နေ့မှာ ရရှိပြီး အဲဒီနေ့မှာပဲ ရဟန်းမင်းကြီးက ကျွန်တော့်ကို ပထမဆုံးသော ဗန်းမော် ကက်သလစ် ဆရာတော်အဖြစ် ခန့်အပ်ခြင်း ခံရပါတယ်။ ဗန်းမော်ကနေ မိုင် ၆၀ လောက် ဝေးတယ်။ အဲဒီရွာက အခုထိရှိသေးတယ်။
မိဘဘိုးဘွားတွေကတော့ နတ်စားတွေ ဖြစ်ကြ ပါတယ်။ အဖေဖြစ်သူကတော့ ဗန်းမော်မှာ တာဝန်ကျတဲ့နိုင်ငံခြား ဘုန်းတော်ကြီးရဲ့ စားပွဲထိုး လုပ်ပေးပြီးမှ ကျွန်တော်တို့မိသားစုက ကက်သလစ် ခရစ်ယာန်ဘာသာထဲကို ကူးပြောင်းလာခဲ့ကြပါတယ်။ ကျွန်တော်ရွာက ဗန်းမော်နဲ့ (၄) မိုင်လောက်ဝေးတယ်။ အဖေက ဘုန်းကြီးဆီမှာ သွားနေတော့ အိမ်ကို သုံးလေးလမှတစ်ခါပဲ ပြန်လာတယ်။ တစ်ခါ ကျတော့ ညနေ (၅) နာရီလောက်မှာ အိမ်ထဲမှာ အဖေက ဗန်းမော်ကနေ ရောက်ရောက်ချင်း မီးမွှေးနေတာကို ကျွန်တော်က မြင်တော့ ပြေးပြီးအားရပါးရ အဖေ့ပုခုံးပေါ်ကို တက်ခုန် လိုက်တော့ မီးဖိုထဲကို ကျသွားပြီး ကျွန်တော့ ချက်တစ်ဝိုက်မှာ အခုထိ မီးလောင်တဲ့အမာရွတ် ကျန်ခဲ့တယ်။
မေး။ ချင်းတောင်မှာဆိုရင် ရဟန်းတချို့၊ ဓမ်္မဆရာတစ်ချို့က မိသားစုတစ်ခုမှာ သား တစ်ဦးတည်းရှိရင် ရဟန်းဖြစ်သင်ကျောင်း သွားခွင့်မပြုကြဘူး။ အဲဒါဆိုရင် ကာနွန် ဥပဒေက တားထား တာမဟုတ်ဘူးလား။
ဖြေ။ အသင်းတော်က သားတစ်ဦးတည်းဆိုရင် ရဟန်းမဖြစ်ရဘူးလို့ မတားထားဘူး။ ချင်းတောင်မှာ အဲဒီလို တားတယ်ဆိုရင် ဒါက ရိုးရာအယူအဆကြောင့် ဖြစ်ပါလိမ့်မယ်။ ကျွန်တော့အမေဆိုရင် ကျွန်တော့ကို အိမ်ကနေအဝေးကို မသွားစေချင်ဘူး။ ဒါပေမယ့်အဖေဖြစ်သူက အဝေးမှာကျောင်း တက်ခွင့်ပြုလို့ အခုလိုမျိုး ရဟန်းဖြစ်သွား တယ်လို့ ထင်ပါတယ်။
မး။ မိဘဆီကနေရရမယ့် အမွေတွေကို ကိုယ်တော်ရလား။
ဖြေ။ မိဘတွေကတော့ ကျွန်တော်ဘုန်းကြီး ဖြစ်ပြီဆိုတော့ ဘာမှမလိုတော့ဘူးလို့ ယူဆပြီး ကျွန်တော့အမွေတွေကို အစ်မတွေကို ပဲ ခွဲပေးကြတယ်။ ဒါပေမယ့် ကျောင်းထိုင် ဘုန်းတော်ကြီး ဖြစ်လာတော့ မိဘမဲ့ ကျောင်းသားတွေကို ကျွေးဖို့လိုအပ်လာတဲ့ အခါမှာတော့ အဖေက လယ်တစ်ဝက် (၄ ဧက လောက် ရှိမယ်) ကို ကျွန်တော့ကို ပြန်ပေးပြီး ကျွန်တော်ရဲ့ ဘော်ဒါ ကျောင်းသားတွေကို အဲဒါနဲ့ ကျွေးခဲ့ရတယ်။
မေး။ ရဟန်းဘဝတုန်းက လုပ်ချင်ခဲ့ပေမယ့် လုပ်ခွင့်မရခဲ့တာတွေကို အခုဆရာတော် ဖြစ်လာတဲ့အခါမှာ လုပ်ဖြစ်သွားပြီလား။
ဖြေ။ ရဟန်းဖြစ်တုန်းကတော့ ဆရာတော်ဖြစ်ဖို့ တစ်ခါမျှ မစဉ်းစားခဲ့ဘူး။ ဘုန်းကြီးဘ၀ တုန်းကတော့ ကြီးကြီးမားမားလုပ်ချင်တဲ့ အရာလို့တော့ မရှိခဲ့ဘူး။ ဒါပေမယ့် ရဟန်း ဘဝတုန်းကတော့ ကိုယ်က ကိုယ့်ရဲ့တာဝန်ကျ နယ်မြေမှာဆိုရင် ဗိုလ်ပဲ။ ဘာသာတူတွေ ကလည်း ကိုယ်ဆုံးဖြတ်ရင် အားလုံးက သဘောတူတယ်။ ဆရာတော်ဖြစ်လာတဲ့အခါ မှာတော့ လုပ်ချင်တဲ့စီမံချက်တစ်ခုကို ရဟန်း တွေကို ဝိုင်းတိုင်ပင်ရတယ်။ ကိုယ်လုပ်ချင်တဲ့ အရာတစ်ခုကို ရဟန်းအများပိုင်းက သဘော မတူဘူးဆိုရင် လုပ်လို့မရတော့ဘူး ဖြစ်သွား တယ်။ အဲဒါကြောင့် တစ်ခါတလေမှာဆိုရင် ရဟန်းဘဝက အကောင်းဆုံးပဲလို့ တွေးမိနေခဲ့ တယ်။
မေး။ ဗန်းမော်သာသနာထဲက ကက်သလစ် ခရစ်ယာန်ဘာသာဝင်တွေရဲ့ယုံကြည်ခြင်းကို ဘယ်လိုသုံးသပ်ပါသလဲ။
ဖြေ။ ဗန်းမော်ကို ပထမဆုံးရောက်တဲ့ သာသနာပြု အဖွဲ့က ပြင်သစ်သာသနာပြုတွေဖြစ်ပါတယ်။ ဆိုလိုတာကတော့ ဗန်းမော်ဒေသခံ တွေဟာ ခရစ်ယာန်တို့ရဲ့ ယုံကြည်ခြင်းမျိုးစေ့က ကချင်ပြည်နယ်မှာဆိုရင် ဗန်းမော်က ပထမဆုံး ရရှိခဲ့သူ ဖြစ်ပါတယ်။ ပြင်သစ် သာသနာပြု တွေ ပြန်သွားတဲ့အခါမှာ ကိုလံဘန်သာသနာ ပြုတွေ ပြန်ရောက်လာပြီးတော့ ဗန်းမော်မှာ စခန်းချစတင်ခဲ့ကြတယ်။ အရင်တုန်းက ဘာသာဝင်တွေရဲ့ယုံကြည်ခြင်းက ပြင်းထန် တယ်။ အခုခေတ်ဘာသာဝင်တွေရဲ့ ယုံကြည်ခြင်း က နည်းနည်းကျလာတယ်လို့ မြင်တယ်။ ဗန်းမော်ကနေပဲအထက်ဖက် မြစ်ကြီးနားဖက် ကို သာသနာပြုခဲ့ကြတယ်။ ဒါပေမယ့် ဆရာတော်ပိုင်သာသနာ ထူထောင်ဖို့ လုပ်လာတဲ့အခါမှာတော့ ဗာတီကန်ကလည်း ပြည်နယ်ရဲ့မြို့တော်ကိုပဲ ရွေးလျက်ရှိတော့ ၁၉၆၂ ခုနှစ်မှာက မြစ်ကြီးနားက ဆရာတော် ရုံးစိုက်ရာ သာသနာဗဟိုဖြစ်သွားတယ်။ အဲဒီတော့ အစစအရာရာတိုးတက်မှုက မြစ်ကြီးနားဖက် ဖြစ်သွားပြီးတော့ ဗန်းမော် ဒေသကကျန်ခဲ့တယ်။ နောက်ပြီး အစိုးရတပ်နဲ့ ကေအိုင်အေတို့ စစ်ပွဲကလည်း ၁၉၆၂ ခုနှစ် မှာ စဖြစ်ကြတဲ့နေရာမှာ အဖြစ်များတဲ့စစ်ပွဲ တွေက ဗန်းမော်ဒေသပဲ ဖြစ်တော့ ကျောင်းတွေ အကုန်ပိတ်ရတယ်။ ဆရာတော်လည်း ကျောင်းသားဘဝတုန်းကဆိုရင် နှစ်နှစ်လောက် ကျောင်းမတက်ရဘူး။ အဲဒီတော့ကျွန်တော့် အမြင်အရဆိုရင်၊ စစ်ပွဲတွေဖြစ်တော့ ကျောင်း တွေပိတ်ရတယ်၊ စီးပွားရေးလည်း မကောင်း တော့ဘူး။ ဆက်သွယ်ရေးလည်း မကောင်း တော့ဘူး။ ဗန်းမော်က ခရိုင်မြို့ပဲ ဖြစ်တာ ကြောင့် ဘာသာတူ တွေရဲ့ယုံကြည်ခြင်း ဆိုင်ရာ ပညာပေးပျိုးထောင်ပေးမှုမှာ တော်တော်ခက်ခဲ သွားတယ်။ တဖက်ကလည်း ဗန်းမော်ဒေသက ပညာတတ်တဲ့ကချင်လူမျိုး တွေကလည်း ရေကြည်ရာမြက်နုရာ၊ စစ်မဖြစ်တဲ့ မြစ်ကြီးနားတို့ မန်္တလေးတို့၊ ရန်ကုန်ဖက်ကို ပြောင်းသွားကြတယ်။ ပညာ တတ်တဲ့သူတွေကလည်း ရာထူးတွေကြီးတယ်၊ ရာထူးတိုးတယ်ဆိုရင် မြစ်ကြီးနားဖက်ကိုပဲ ပြောင်းသွားကြတယ်။ အဲဒီလိုကြောင့် ဗန်းမော်ဖက်က ပညာတတ်ဘာသာဝင်တွေ ဟာ တခြားဒေသကို ယိုစိမ့်ကြကုန်တယ်။
မေး။ ဘာသာဝင်တွေရဲ့ သာသနာတော် အမှုတော်ထဲမှာပါဝင်မှုက ဘယ်လိုရှိပါသလဲ။
ဖြေ။ ဘာသာဝင်တွေရဲ့ သာသနာအမှုတော် ထဲမှာ ပါဝင်မှုက အင်မတန်မှ အားကောင်း တယ်။ အခက်အခဲတွေ ဘယ်လိုပဲ ရှိနေပါစေ ဗန်းမော်ကက်သလစ်သာသနာတော်ထဲက ဘာသာဝင်တွေရဲ့ ဘက်စုံပါဝင်မှုက အင်မတန် မှ အားကောင်းတယ်။
မေး။ လက်ရှိနဲ့အနာဂါတ်မှာ ဘာသာဝင်တွေ အတွက် ယုံကြည်ခြင်းကို ပျိုးထောင်ပေးဖို့ ၤငေအ့ ်သမာအေငသည ဘယ်လိုအစီစဉ် ရှိပါသလဲ။
ဖြေ။ ကျွန်တော့်အနေနဲ့ ဗန်းမော်ကက်သလစ် သာသနာရဲ့ ပထမဆုံးသောဆရာတော်အဖြစ် တာဝန်စယူချိန်ကနေစပြီးတော့ ဗန်းမော် သာသနာကို ဘယ်လိုတည်ဆောက်ကြမလဲ ဆိုတာကို ဗန်းမော်ကက်သလစ်သာသနာ ထဲက ရွာတိုင်းဆင်းပြီးတော့ ဘာသာဝင်တွေနဲ့ ရဟန်းသီလရှင်တွေအားလုံးကို ၂၀၁၂ ခုနှစ် မှာ စစ်တမ်းကောက်ပါတယ်။ စစ်ပွဲဖြစ်နေတဲ့ နေရာတွေကိုတော့ စစ်တမ်းမကောက်ဘဲ ထားခဲ့ရပါတယ်။ ၆၀% သော နေရာကို စစ်တမ်းကောက်နိုင်တယ်ဆိုရင် နိုင်ငံတကာ စံနှုန်းအရက တရားဝင်တယ်။ ရဟန်းပိုင် သာသနာက ၁၃ ခုရှိတဲ့အထဲက ရွာ ၃ ခုက စစ်ပွဲကြောင့် လုံးဝပျောက်ဆုံးသွားတယ်။ ရွာပျောက်ပေမယ့် အဲဒီရွာက လူတွေကတော့ စစ်ဘေးဒုက်္ခသည်စခန်းမှာ ရောက်နေကြတာ ပေါ့လေ။ မေးခွန်းစာရွက်ထဲက ဖြေဆိုတဲ့ စာရွက်က ရှစ်သောင်းကျော် ရရှိခဲ့တယ်။ ထွက်လာတဲ့ အဖြေအချက်အလက်တွေကို ကြည့်ပြီးတော့ တစ်ခါ သာသနာတော်အတွက် ဗန်းမော်ကက်သလစ် သာသနာ့ညီလာခံ ီငသခနျညေ ှပညသိ ကို ၂၀၁၄ ခုနှစ်မှာ ကျင်းပပြီးတော့ နည်းဗျူဟာ (၇) ချက်ကို ဝိုင်းရေးဆွဲကြပါတယ်။ အဲဒီစစ်တမ်းထဲက ဘာသာတူတွေရဲ့ (၁) တောင်းဆိုချက်ကတော့ ယုံကြည်ခြင်းကို ပျိုးထောင်ပေးခြင် (ဘုရား စကားသင်ပေးခြင်း၊ ဘာသာရေးဆိုင်ရာ သင်တန်းတွေ ဖွင့်လှစ်ပေးခြင်း) ပဲဖြစ်ပါ တယ်။ (၂) အချက်ကတော့ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ငတ်နေကြတယ်။ (၃) ပညာရေးကို တောင်းဆိုကြတယ်။ (၄) စားဝတ် နေရေး ကို ကူညီပေးဖို့ တောင်းဆိုကြတယ်။ (၅) ကျန်းမာရေးစောင့်ရှောက်မှုကို တောင်းဆို ကြတယ်။ (၆) တရားမျှတမှုနှင့်ငြိမ်းချမ်းရေးကို တောင်းဆိုကြတယ်။ (၇) စစ်ဘေးဒုက်္ခသည် တွေကို ကူညိပေးဖို့ တောင်းဆိုကြပါတယ်။ အဲဒီလမ်းပြမြေပုံ (၇) ခုထဲက ပထမအချက် ဖြစ်တဲ့ ဘုရားစကားသင်ကြားပေးခြင်းနဲ့ ပတ်သက်ပြီး ကလေးလူငယ်တွေကို ဆွဲဆောင် နိုင်ရန်ရည်ရွယ်ပြီး ဆယ်တန်းအောင်ပြီးတဲ့ လူငယ် တွေကို ခေါ်ပြီးတော့ သူတို့တတွေကို နှစ်ပတ် လောက် ဘုရားစကားသင်ပေးပြီး တော့ သူတို့တွေကို ဘုရားစကားသင်ကြား ရေး ဦးဆောင် ပေးသူများ ဃအေနခ့ငျာ ၤခေငူငအအေသမျ အဖြစ် ခန့်အပ်ပြီး ရွာတိုင်းမှာ သူတို့တတွေက အကတွေသီချင်းတွေနဲ့ ရောပြီး ဘုရားစကားတွေကို ကလေးလူငယ် တွေကို သင်ကြား ပေးနေပြီ ဖြစ်ပါတယ်။ (အခုလိုမျိုးသာသနာ တစ်ခုလုံးရဲ့အခြေအနေ ကို စစ်တမ်းကောက် ပြီးတော့ ဘာသာဝင်တွေ ပါဝင်တဲ့သာသနာ တော်ဖြစ်လာအောင် ဗန်းမော်သာသနာရဲ့ အနာဂါတ်လမ်းပြမြေပုံ (၇) ခုကို ချမှတ်နိုင်တဲ့ အတွက် တပည့်တော် အနေနဲ့ ဆရာတော် ဘုရားကို ဂုဏ်ယူပါ တယ်။ မြန်မာပြည် ကက်သလစ် ဆရာတော် တွေထဲမှာ သာသနာ တစ်ခုလုံးကို စစ်တမ်း ကောက်ပြီးတော့ သာသနာတော်ရဲ့အစီအစဉ် ကို ရေးဆွဲတာ ဆိုလို့ ဗန်းမော်ဆရာတော် ရေမွန်ပဲ ရှိပါသေးတယ် ဟု အယ်ဒီတာချုပ် က ကြားဖြတ်စကား ပြောပါတယ်)။
မေး။ ဒါဆိုရင် ဒီလမ်းပြမြေပုံ (၇) ချက်ကိုပဲ အချိန်ကာလအဖြစ် ဘယ်လိုသတ်မှတ်ပြီး လုပ်ဆောင်မလဲ။
ဖြေ။၂၀၁၅ ခုနှစ်ကနေစပြီးတော့ ဒီလမ်းပြ မြေပုံ (၇) ချက်ကို (၃) နှစ်အတွင်း ပထမ အဆင့်အဖြစ် အကောင်အထည် ဖော်နေ ပါတယ်။ ကျွန်တော် ဗန်းမော်ဆရာတော် အဖြစ် ရှိနေသရွေ့တော့ ဒီမူ (၇) ချက်က ဗန်းမော်သာသနာရဲ့အခြေခံမူ အဖြစ် တည်ရှိ နေမယ်။ (၃) နှစ်ပြီးတာနဲ့ အကောင်အထည် ဖော်ထားတာတွေကိုပြန်လည်ပြီး သုံးသပ်မယ်။ သုံးသပ်ပြီးတော့ လိုအပ်တာတွေကို ပြန်ဖြည့် တာတွေလုပ်မယ်။ အားလုံးက ဒီလမ်းပြမြေပုံ (၇) ချက်ကိုပဲ ဆက်ကျင့်သုံးမယ်ဆိုရင်တော့ ဒါကိုပဲ ဆက်လက်အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။
မေး။ လက်ရှိရဟန်းသူတော်စင်တွေနဲ့အရင်က ရဟန်းသူတော်စင်တွေရဲ့ဘဝကို သုံးသပ် ပေးပါဦး။
ဖြေ။ လက်ရှိဒေသခံရဟန်းသူတော်စင်တွေက နိုင်ငံခြားသာသနာပြုတွေကို မှီဖို့ဆိုတာ အဝေးကြီးပဲ။ ကျွန်တော်ကအစ ကချင်စကား ပြောတဲ့နေရာမှာဆိုရင် အရင်ကနိုင်ငံခြား ဘုန်းကြီးတွေကို မမှီနိုင်ဘူး။ နိုင်ငံခြားသာသနာ ပြုတွေက ကချင်စကားဆိုရင် တကယ့်နက်ရှိုင်း တဲ့ အသုံးအနှုန်းတွေကို သုံးပြီးတော့ တရား တွေဟောနိုင်တယ်။ အခုခေတ်ကျွန်တော်တို့ ဒေသခံဘုန်းကြီး တွေကရိုးရိုးစကား လောက်ပဲ ပြောနိုင်တယ်။ အရင်တုန်းကနိုင်ငံခြား ဘုန်းကြီးတွေဆိုရင် နယ်လှည့်ပြီဆိုရင် မြင်းနဲ့ ခက်ခက်ခဲခဲ နယ်လှည့်လာပြီးတော့ ရွာမှာည အိပ်ကြပြီး ရွာသားတွေနဲ့ညမှာ စကားစမြည် ပြောကြတယ်။ အခုခေတ် ကျတော့ လမ်းပန်း ဆက်သွယ်ရေးကကောင်း တော့ ဘုန်းကြီးတွေ က ဆိုင်ကယ်၊ ကားနဲ့ ရွာကိုလာပြီး ဘုရားရှိ ခိုးပြီးတာနဲ့ ရွာမှာ မအိပ်တော့ဘဲ ကိုယ့် ကျောင်းကို ချက်ချင်း ပြန်သွားကြတယ်။ အဲဒီလိုချက်ချင်း ပြန်သွား ကြတော့ ရဟန်းနဲ့ ဘာသာဝင်တွေအကြားထဲမှာ စကားစမြည် ပြောဖို့ အချိန်၊ မသိတာ တွေ မေးမြန်းလေ့လာ ဖို့အချိန်ဆိုတာမရှိ တော့ဘူး။ အဲဒီလိုမရှိတော့ တဲ့အတွက် ဘာသာတရား အကြောင်းကို ကြုံသလို လေ့လာလို့ရတဲ့အခွင့်အရေးက ဘာသာဝင် တွေက ဆုံးရှုံးသွားပြီ။ ရဟန်းက သြဝါဒပေးတဲ့ လမ်းကြောင်းတစ်ခုပဲရှိတယ်။ ဘာသာတူတွေ ဖက်ကနားမလည်တာ ပြန်မေးဖို့ ရဟန်းတွေမှာ အချိန်မပေး ချင်ကြဘူး။
မေး။ ဗန်းမော်မှာ ရဟန်းဖြစ်သင်ကျောင်း ရှိပါသလား။ ရဟန်းလောင်းကျောင်းသား တွေရော ဘယ်နှစ်ယောက်ရှိပါသလဲ။
ဖြေ။ အခုထိတော့ ဗန်းမော်မှာ ရဟန်းဖြစ်သင် ကျောင်း မရှိသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရဟန်းတွေက နည်းသေးတယ်။ တချို့နေရာ ဆိုရင် ရဟန်းတစ်ပါးက သာသနာနယ်နှစ်ခု ကို ကိုင်နေတာတွေရှိတယ်။ နောက်တစ်ချက် ကတော့ ရဟန်းဖြစ်သင် ကျောင်းကိုဆောက်ဖို့ လုပ်တော့ အစိုးရကနေပြီးတော့ လာပိတ်ပင် တယ်။ သူတို့ပြောတာကတော့ စာရွက်စာတမ်း မစုံဘူး လို့ပြောတယ်။ နောက်တစ်ခုကတော့ မြစ်ကြီးနားသာသနာနဲ့သဘောတူညီချက် ယူထားတာ ရှိပါတယ်။ ဗန်းမော်သာသနာက မြစ်ကြီးနားသာသနာကနေ ခွဲထုတ်တာဆိုတော့ (၁၀) နှစ်အတွင်းမှာတော့ ရဟန်းဖြစ်သင် ကျောင်းကိုတော့ ဗန်းမော်သာသနာ အနေနဲ့ မြစ်ကြီးနားသာသနာနဲ့ပဲ ပေါင်းဦးမယ်လို့ သဘောတူထားတယ်။ ဒါကြောင့် ဗန်းမော် နယ်က ရဟန်းလောင်းတွေကိုတော့ မြစ်ကြီးနား ရဟန်းဖြစ်သင်ကျောင်းမှာပဲ သွားတက် နေကြပါတယ်။ လောလောဆယ်တော့ ရဟန်း လောင်းတွေက ၂၁ ယောက်လောက် ရှိပါတယ်။
မေး။မြန်မာအစိုးရက ဒီမိုကရေစီအုပ်ချုပ်ရေး စနစ်ကို ကျင့်သုံးနေပြီဆိုပေမယ့် အခုလို ဘာသာရေးအဆောက်အဦဆောက်လုပ်ခွင့် ကို ပိတ်ပင်တာဟာ ဘာသာရေးလွတ်လပ်ခွင့် မရှိသေးဘူးလို့ ပြောချင်ပါသလား။
ဖြေ။ ဟုတ်ပါတယ်။ မြန်မာနိုင်ငံမှာ ဘာသာရေး လွတ်လပ်ခွင့်က တန်းတူလွတ်လပ်ခွင့် မရှိဘူး လို့ ပြောချင်ပါတယ်။ ဗုဒဘာသာကို ပေးထား တဲ့ဘာသာရေးလွတ်လပ်ခွင့်နဲ့ ခရစ်ယာန် ဘာသာတွေကို ပေးထားတဲ့ ဘာသာရေး လွတ်လပ်ခွင့်တွေ၊ တခြားဘာသာတွေကို ပေးထားတဲ့ ဘာသာရေးလွတ်လပ်ခွင့်တွေဟာ မညီမျှဘူး။ မညီမျှဘူးဆိုတော့ မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့်က တိုးတက်ရန် အများကြီး လိုအပ်ပါသေးတယ်။
မေး။ ဗန်းမော်သာသနာမှာ ရဟန်းဘောင် ခေါ်တော်မူခြင်း က ကောင်းပါသလား။
ဖြေ။ ဗန်းမော်သာသနာမှာ မကောင်းဘူး။ ခေါ်တော်မူခြင်းက တော်တော်နည်းတယ်။ မြစ်ကြီးနားသာသနာမှာ ခေါ်တော်မူခြင်းက တော်တော်များတယ်။ အခုလို ဗန်းမော် သာသနာမှ ခေါ်တော်မူခြင်းနည်းတာဟာ အစကပြောသလို ဘာသာဝင်တွေရဲ့ ကျဆင်း နေတဲ့ယုံကြည်ခြင်းနဲ့ ရွှေ့ပြောင်းမှုတွေကြောင့် လည်းဆိုင်ပါတယ်။ အရင်တုန်းကဆိုရင် ကချင်ပြည်နယ်က ရဟန်းတွေ အားလုံးနီးပါး က ဗန်းမော်နယ်ကပဲ ဖြစ်ခဲ့ကြတယ်။ အခု ကချင်လူမျိုးဆရာတော်တွေ (ဆရာတော်ပေါလ်၊ ဆရာတော်ဖရန်စစ်၊ ကျွန်တော်) အားလုံး လည်း ဗန်းမော်နယ်ကပဲ။ (အယ်ဒီတာက ကြားဖြတ်ဝင်ပြောတာက၊ တပည့်တော်က ဖာသာရ်ခါးလီတို့နဲ့ ကျောင်းနေဖက်ပါ)။ အော်၊ ခင်ဗျားတို့၊ ခါးလီတို့အတိုက်က တော်တော်စာရေးခဲ့ကြတယ်နော်။ အခုတော့ ခါးလီက ဘုန်းကြီးဖြစ်ပြီးနောက်ပိုင်း စာရေးတာ စာအုပ်ထုတ်တာ မတွေ့တော့ဘူး။
မေး။ ဆရာတော်ဖြစ်ရတာ ဘယ်လိုခံစားရသလဲ။
ဖြေ။ ဆရာတော် ဖြစ်ရတာ မလွယ်ဘူးလို့ပဲ ပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့၊ တောမှာနေပြီး ဆရာတော်ဖြစ်လာတော့ တော်တော်ကို ခဲ့တယ်။ သူများလို နိုင်ငံခြားမှာ ပညာတော်သင်လည်း မသွားခဲ့ရဘူး၊ နောက်ပြီး ဒီနေ့လိုမျိုး ဆရာတော်သိက်္ခာကို ရပြီး ချက်ချင်းပဲ မီနစ်အတွင်းမှာပဲ ဗန်းမော် သာသနာပိုင်ဆရာတော်အဖြစ် ခန့်အပ်ခံရ တော့ ဘယ်ကနေစလုပ်ရမှန်းမသိ ဖြစ်ခဲ့ တယ်။ နောက်ပြီး အဲဒီတုန်းကဆိုရင် အင်တာနက်တွေ ဖုန်းတွေက ဗန်းမော်မှာ မရသေးတော့သူများကို ဆက်သွယ်ပြီး အကူအညီတောင်းဖို့၊ မသိတာတွေ မေးဖို့ တော်တော်ခက်ခဲခဲ့တယ်။ အခုကတော့ သူ့ဟာနဲ့သူတော့ အဆင်ပြေလာပါပြီ။
မေး။ လွိုင်ကော်မှာ ရဟန်းဖြစ်တက်္ကသိုလ်ဖွင့်ဖို့ က ၂၀၁၅ ခုနှစ်မှာ ဖွင့်ဖြစ်မှာလား။ အပြင်မှာ က လွိုင်ကော်မှာ ကျောင်းဖွင့်ဖို့ အစဉ်မပြေ သလို ကြားရပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး တော့ ဘာများထူးသလဲ။
ဖြေ။ တောင်ကြီးဂိုဏ်းချုပ်သာသနာ လက်အောက်ခံ သာသနာတွေက သူတို့မှာ ရဟန်းဖြစ်တကသိုလ်ဖွင့်ဖို့ မြန်မာပြည် ဆရာတော် များအဖွဲ့ချုပ်ကို တင်ပြလာတော့ ကျွန်တော်တို့အားလုံးက သဘောတူလက်ခံ လိုက်ပါတယ်။ ဆရာတော်လည်း ဗန်းမော်က ရဟန်းလောင်းတွေကို လွိုင်ကော်ကျောင်းကို ပို့မယ်လို့တောင် အားပေးတဲ့အနေနဲ့ ပြောလိုက်ပါတယ်။ အဲဒီတော့ အခုလော လောဆယ်အထိတော့ ဒီနှစ်ထဲမှာ ဖွင့်ဖြစ်မယ် လို့ပဲ သိထားပါတယ်။
မေး။ ဘာဖြစ်လို့ မြန်မာနိုင်ငံကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ် ဃအေ့သူငခ ငြျ့သဈဒ ဃသည်နမနညခန သ် ပြညောမေ ဃဃြြ (ဃဃြယြ စီဘီစီအမ်) က အစိုးရရဲ့မူဝါဒတွေနဲ့ ပတ်သက်ပြီး ကြေညာ ချက်တစ်စောင် ထုတ်ပြန်တိုင်း ပြညောမေ ဃ့မငျအငညေ ဃသကညခငူ (ဃြဃ အမ်စီစီ) နဲ့တွဲထုတ်ရ သလဲ။ စီဘီစီအမ်က ကိုယ့်ဟာကိုယ် ထုတ်ပြန်လို့ မရဘူးလား။ အခုလိုမျိုး ယုံကြည်ချက်၊ သွန်သင်ချက်တွေ မတူညီတဲ့ အဖွဲ့အစည်း နှစ်ခုက စီဘီစီအမ်ရဲ့ထုတ်ပြန် ချက်တိုင်းလိုလိုမှာ အမ်စီစီပါဝင်နေ တာဟာ ကက်သလစ်သာသနာတော်ရဲ့ ခိုင်မာတဲ့မူဝါဒ၊ ရပ်တည်ချက်တွေနဲ့သွန်သင်ချက်တွေကို အားပျော့သွားစေတယ်လို့ မြင်ပါတယ်။ ဒါမှမဟုတ် စီဘီစီအမ်မှာ ပညာရှင်တွေ မရှိတာလား။ စီဘီစီအမ်မှာ မူဝါဒမရှိတာလား။
ဖြေ။ ဒီလိုမျိုးကြေညာချက်တွေထုတ်ပြန်တဲ့ နေရာမှာ စီဘီစီအမ်အနေနဲ့ အမ်စီစီနဲ့ပူးတွဲ ထုတ်ပြန် နေရတာမျိုးဟာ စီဘီစီအမ် ဦးဆောင် ကော်မတီတွေရဲ့ ဆုံးဖြတ်ချက် ဖြစ်ပါလိမ့်မယ်။ ကျွန်တော့်အနေနဲ့ကတော့ ခင်ဗျားလိုပဲ စီဘီစီအမ်ရဲ့ကြေညာချက်ကို စီဘီစီအမ်လက်မှတ်နဲ့ပဲ ထုတ်ပြန်စေချင်တာ ပေါ့။ နောက်ပြီး တစ်ခုရှိတာက အခုလိုမျိုး ကြေညာချက်တစ်ခုကို စီဘီစီအမ်နဲ့ အမ်စီစီ တို့ပူးတွဲထုတ်ပြန်တာမျိုးက ခရစ်ယာန်တွေရဲ့ စုစည်းတဲ့အင်အားကို ပြရာလည်း ဖြစ်နိုင် ပါတယ်။ ကြေညာချက်တိုင်းလည်း အမ်စီစီနဲ့ ပူးတွဲထုတ်ပြန်တာမျိုးတော့ မဟုတ်ပါဘူး။ တချို့ကြေညာချက်တွေက ကိုယ့်ဟာကိုယ်ပဲ ထုတ်ပြန်တာတွေ ရှိခဲ့သလို သူတို့ဖက်က ပူးတွဲထုတ်ပြန်ဖို့ လာပြောတာတွေကိုလည်း ဆရာတော်တို့ဖက်က ငြင်းတာမျိုးတွေလည်း ရှိပါတယ်။
မေး။ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလတုန်းက ကချင်ဆရာတော်သုံးပါးကနေ ထုတ်ပြန်တဲ့ ကြေညာချက်က ပြည်တွင်းပြည်ပကနေ ဘယ်လိုတုံ့ပြန်မှုတွေ ရရှိပါသလဲ။ အဲဒီ ကြေညာချက်ကို ဘယ်သူက ဘာကြောင့် ဦးဆောင်ထုတ်ပြန်ဖြစ်တာလဲဆိုတာ သိချင်ပါတယ်။
ဖြေ။ အဲဒီကြေညာချက်ကို ထုတ်ပြန်ဖို့ ကျွန်တော်ကပဲ ခပ်ကြောက်ကြောက်နဲ့ စတင်တာပါ။ ဒီလိုမထုတ်ပြန်ခင်မှာ လိုအပ်တဲ့ သတင်း အချက်အလက်တွေကို ဂရုဏာ ဒါရိုက်တာတွေနဲ့ဆွေးနွေးပြီး၊ ခိုင်လုံတဲ့ အထောက်အထားတွေ ရယူထားတယ်။ အဲဒါပြီးမှ မြစ်ကြီးနားဆရာတော် ဖရန်စစ် ဒေါ်တန်နဲ့ လားရှိုး ဆရာတော်ဖိလစ်ဇဟောင်း တို့ကို ဗန်းမော်ကို ဖိတ်ပြီးတော့ ကချင်ပြည်နယ် က ပြည်သူတွေရဲ့ဘဝဒုက်္ခတွေနဲ့ပတ်သက်ပြီး ကြေညာချက်တစ်ခုကို ပြင်ဆင်ထုတ်ပြန်ဖို့ ဗန်းမော်မှာ ဆွေးနွေးကြပြီး အဲဒီလိုထုတ်ပြန် လိုက်တာ ဖြစ်ပါတယ်။ ပြည်တွင်း အနေနဲ့ ကတော့ ကာဒီနယ်ချားလ်စ်ဘိုတစ်ပါးထဲပဲ အားပေးထောက်ခံတဲ့ အကြောင်း စာနဲ့ပေးပို့ လာပါတယ်။ တခြားဆရာတော်တွေ၊ ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်တွေ အနေနဲ့ကတော့ ဘာမှတုံ့ပြန်တာမျိုး မရှိ ပါဘူး။ ဒါပေမယ့် ပြည်တွင်းမှာရှိနေကြတဲ့ ကုလသမဂ်္ဂအဖွဲ့အစည်းတွေနဲ့ အန်ဂျီအိုတွေ ဖက်ကတော့ တော်တော်လေး တုံ့ပြန်လာကြ တယ်။ သူတို့တုံ့ပြန်လာတယ်ဆိုတာက ဥပမာ စစ်ဘေးဒုက်္ခသည်တွေရဲ့စာရင်းနဲ့ ပတ်သက်ပြီး မေးတာတွေ၊ လိုအပ်တဲ့ အကူ အညီတွေနဲ့ ပတ်သက်ပြီး ပြန်သုံးသပ်တာတွေ ရှိလာတယ်။ နိုင်ငံတကာကနေ ရောက်လာတဲ့ တုံ့ပြန်ချက်တွေကတော့ တော်တော်ထူးဆန်း တယ်လို့ပြောချင်ပါတယ်။ ကနေဒါနိုင်ငံမှာ ဆိုရင် သတင်းစာတစ်ခုမှာ ကျွန်တော်တို့ရဲ့ ထုတ်ပြန်ချက်ကို ထည့်သွင်းထားသလို ကျွန်တော့်ကိုလည်း လှမ်းဆက်သွယ်ပြီး မေးမြန်း လာပါတယ်။ ပထမအချက်ကတော့ ကျွန်တော် တို့ရဲ့ထုတ်ပြန်ချက်က နိုင်ငံတကာအဖွဲ့ အစည်းတွေအတွက် ကိုးကားစရာ စာရွက် စာတမ်းတစ်ခု ဖြစ်သွားတယ်။ ဒုတိယအနေနဲ့ ကတော့ အင်္ဂလန်အစိုးရရဲ့ ီၤှီုဌာနက နေတောင် ကျွန်တော်တို့ကို ဆက်သွယ်လာပြီး တော့ ကချင်ဒုက်္ခသည်တွေနဲ့ ပတ်သက်ပြီး တော့ အင်္ဂလန်နိုင်ငံကို ဖိတ်ပါတယ်။
မေး။ စီဘီစီအမ်မှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ရည်မှန်းချက်တွေ၊ လုပ်ငန်းစဉ်တွေ တစ်ခါမှ မဖတ်မိဘူး။ စီဘီစီအမ်လမ်းညွန် စာအုပ်မှာ စီဘီစီအမ်ရဲ့ရည်မှန်းချက်တွေနဲ့လုပ်ငန်းစဉ်တွေ အကြောင်း မဖော်ပြဘူး။ အဲဒါ ရှိလား၊ မရှိ ဘူးလားဆိုတာ သိချင်ပါ တယ်။
ဖြေ။စီဘီစီအမ်မှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ရည်မှန်းချက်တွေ၊ လုပ်ငန်းစဉ်တွေ မရှိဘူး။ ဆရာတော်တွေက ကိုယ့်သာသနာနဲ့ကိုယ် တော့ အကောင်းဆုံးရည်မှန်းချက်တွေနဲ့ လုပ်ငန်းစဉ်တွေကို ချမှတ်ကြပေမယ့် စီဘီစီအမ် အဖွဲ့အစည်းကြီးအနေနဲ့မရှိတာ တော့ မဖြစ်သင့်ဘူး။ သားသမီးတွေဖြစ်ကြတဲ့ သာသနာတွေမှာ ရည်မှန်းချက်တွေ၊ လုပ်ငန်းစဉ် တွေရှိကြပြီးတော့ တကယ့်မိဘအိမ်မှာ ရည်မှန်းချက်တွေ၊ လုပ်ငန်းစဉ်တွေမရှိတာတော့ မဖြစ်သင့်ဘူး။ အဲဒီ ကိစ်္စကို ဆရာတော်တွေ ရဲ့အစည်းအဝေးမှာ ကျွန်တော်ကတင်ပြလိုက် တော့ တခြားဆရာတော်တွေက ကျွန်တော့်ကို ဝိုင်းကြည့်ကြတော့ သြ…လူကြီးတွေရဲ့ အလုပ်ကို ဝင်ရှုပ်မိသလားဆိုပြီးတော့ ကျွန်တော် တော်တော်စိတ်မကောင်းဖြစ်သွား တယ်။ ဒါကိုကြည့်ခြင်းအားဖြင့် မြန်မာပြည်က ဆရာတော်တွေက စည်းလုံးမှုမရှိတာလား ဒါမှမဟုတ် တစ်သီးပုဂ်္ဂလဆန်ကြတာလား ဆိုတာမေးစရာ ရှိလာတယ်။ နောင်တော့ လည်း ရှိလာမယ်လို့ ယုံကြည်ပါတယ်။
မေး။ ဗန်းမော်သာသနာက တရုတ်နိုင်ငံနဲ့ ကပ်နေတော့ ဆရာတော်ကြီးအနေနဲ့ တရုတ်ပြည်ထဲကို သာသနာပြုလုပ်ငန်းတွေ လုပ်ဖို့ အစီအစဉ်ဘယ်လိုရှိပါသလဲ။
ဖြေ။ကျွန်တော့အနေနဲ့ရဟန်းဘဝတုန်းက ကျွန်တော့်ရဲ့နယ်မှာ ၁၃ နှစ်တာဝန်ကျတဲ့ အချိန်မှာ ရှေ့တန်းတရုတ်သာသနာပြုအဖွဲ့ လို့ ပြောရမယ် ၤမသညအငနမ ဃ့ငညေ ငြျျငသည ကို ဦးဆောင်ခဲ့ပါတယ်။ အဲဒီအဖွဲ့ထဲမှာ နယ်စပ်မှာ တာဝန်ကျနေကြတဲ့ ဘုန်းကြီး ငါးပါး ပါပါတယ်။ အဲဒါကို ဆရာတော်ကြီး ကလည်း အားပေးတယ်။ ဆရာတော်က ကျွန်တော်ကို ဒီအဖွဲ့ကို ဦးဆောင်စေပါ တယ်။ တရုတ်နိုင်ငံထဲမှာ ဖွံ့ဖြိုးရေးဂေဟာတွေ ဆောက်ပေးခဲ့တယ်။ ယက်ကန်းရက်တဲ့ ကျောင်းတွေကို ဖွင့်ပေးခဲ့တယ်။ လုပ်ခါစ တော့ တရုတ်ရဲဌာနကရော အာဏာပိုင်တွေ ဖက်ကရော ကျွန်တော့်ကို တော်တော် သံသယရှိခဲ့တယ်။ ဒါပေမယ့်နောက် ပိုင်းမှာ တော့ တရုတ်နိုင်ငံထဲက ကက်သလစ်ရဟန်း တွေနဲ့လည်း တော်တော်ရင်းနှီးခဲ့သလို တရုတ်အစိုးရနဲ့လည်း တော်တော် ရင်းနှီး ခဲ့တယ်။ သူတို့နဲ့ရင်းနှီးတယ်ဆိုတာကလည်း တရုတ်နိုင်ငံမှာ ရောက်ပြီဆိုရင် သူတို့ တားမြစ်ထားတဲ့ အတိုင်း ရဟန်းမင်းကြီး အကြောင်း၊ ဗာတီကန်အကြောင်းမပြောဘူး။ ခရစ်တော်အကြောင်းကိုတော့ ပြောခွင့် ပေးတယ်။ ဒါကြောင့်ကျွန်တော်က ခရစ်တော် ဘုရားအကြောင်းပဲ သူတို့ကိုပြောတယ်။ ဒီလိုလုပ်တာ နှစ်နှစ်လောက်ရှိလာတဲ့ အခါမှာတော့ သူတို့ရဲ့နှစ်သစ်ကူးပွဲတော် တွေမှာဆိုရင် ကျွန်တော့်ကို တရုတ်ပြည်က လာဖိတ်ကြပါတယ်။ ဒါပေမယ့်အခုကျွန်တော် က ဆရာတော်ဖြစ်လာတဲ့အခါမှာတော့ တရုတ်အစိုးရက ကျွန်တော်ဟာ ရဟန်းမင်းကြီး လက်အောက်မှာ ရှိနေတဲ့ဆရာတော်ဆိုတာ သိသွားတော့ ကျွန်တော်က တရုတ်နိုင်ငံထဲကို ဝင်ပြီး သာသနာပြုလုပ်ငန်း ဝင်လုပ်လို့ မကောင်းတော့ဘူး။ ပြသာနာတွေ ဖြစ်လာ နိုင်တယ်။ နယ်စပ်ပြဿနာရော၊ တရုတ်နိုင်ငံနဲ့ ဗာတီကန်အကြားမှာရော ပြသာနာတွေ ဖြစ်လာနိုင်တယ်။ အဲဒီလိုအခြေအနေမှာ တော့ တရုတ်နိုင်ငံထဲမှာ တရုတ်နိုင်ငံသားခံယူ ထားကြတဲ့ ကချင်လူမျိုး ဓမ်္မဆရာ (၁၇) ယောက်ကို ဗန်းမော်ကို ခေါ်ပြီးတော့ ဘုရား စကားတွေ သင်ပေးပြီး လိုအပ်တဲ့ငွေကြေးတွေ ကို ထောက်ပံ့ပေးပြီးတော့ သူတို့ကိုပဲ သာသနာပြုတွေအဖြစ် ပြန်စေလွှတ် နေပြီဖြစ်ပါတယ်။
မေး။ ရဟန်းမင်းကြီးဖရန်စစ်ရဲ့သာသနာတော် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်က ကိုယ်တော့်ရဲ့ သာသနာဦးဆောင်မှုအပေါ်မှာ ဘယ်လိုမျိုး အကျိုးဆက်တွေ သက်ရောက်ပါသလဲ။
ဖြေ။ ကျွန်တော်ကတော့ ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ လုပ်ပုံကျင့်စဉ်တွေကို မမှီနိုင်ဘူး။ သူကတော့ အဆင်းရဲဆုံးတွေအတွက် ဦးစား ပေးပြီးလုပ်ဆောင်ဖို့ ဆော်သြနေပါတယ်။ သူရဲ့လုပ်ဆောင်မှုတွေက ကျွန်တော့်ရဲ့ ဗန်းမော်သာသနာထဲမှာ လုပ်ဆောင်နေတဲ့ လုပ်ငန်း တွေကို ထောက်ခံအားပေးနေတယ် လို့ ခံစားရပါတယ်။
မေး။ ဗန်းမော်သာသနာနယ်ထဲမှာ ကချင်လူမျိုး အပြင် တခြားလူနည်းစုလူမျိုးတွေကိုရော ဘယ်လိုမျိုးထည့်သွင်းစဉ်းစားပြီး ကူညီပေးနေ သလဲ။
ဖြေ။ လူမှုဖွံ့ဖြိုးရေးကဏ္ဍမှာတော့ ကျွန်တော့် လက်အောက်မှာရှိကြတဲ့သူတွေအားလုံးကို တန်းတူကူညီပေးပါတယ်။ ဘုရားဝတ်ပြုတဲ့ နေရာမှာတော့ ဗမာလိုဝတ်ပြုကိုးကွယ်ခြင်းကို တနင်္ဂနွေနေ့ညနေမှာ ပြုလုပ်ပေးပါတယ်။ တခြားနေ့တွေမှာတော့ တစ်ရက်ကို ဘာသာ စကားတစ်မျိုးစီနဲ့ ဘုရားဝတ်ပြုခြင်းကို ပြုလုပ်ပေးပါတယ်။ ကချင်ပြည်နယ်မှာ ကချင်လူမျိုးပြီးရင် လူဦးရေအများဆုံးကတော့ ရှမ်းလူမျိုးပဲဖြစ်ပါတယ်။ ရှမ်းလူမျိုးတွေက သာသနာနယ် နှစ်ခုတောင်ရှိတယ်။ အဲဒီတော့ ရှမ်းလူမျိုးတွေကို ကူညီပေးနိုင်ဖို့ဆိုပြီး ဂျေဆွီရဟန်း အသင်းဂိုဏ်းမှာ ရှိနေတဲ့ ရှမ်းဘုန်းကြီးတစ်ပါးကို တောင်းထားပြီးတော့ အဲဒီဘုန်းကြီးက ရှမ်းရွာမှာ သာသနာပြုနေ ပါတယ်။ အဲဒီဘုန်းကြီးက ရှမ်းသာသနာပြု နည်းဗျူဟာတစ်ခု ှ့ညေ ငြျျငသည ှအမအေနါငခ ဏူညေညငညါ ကို ရေးဆွဲဖို့ ဂျေဆွီဘုန်းတော်ကြီး တွေနဲ့စတင်လုပ်ဆောင်နေပါပြီ။ ရှမ်းဘုန်းကြီး က ရှမ်းဘာသာစကား နဲ့ရှမ်းလူမျိုးတွေဆီကို သွားပြီး စစ်တမ်းကောက်ယူနေပါတယ်။ အဲဒီစစ်တမ်းကနေထွက်လာတဲ့ရလဒ်တွေကို အခြေခံပြီးတော့ ကျွန်တော်တို့က ရှမ်းလူမျိုး တွေကို ကူညီပံ့ပို့ပေးသွားမှာ ဖြစ်ပါတယ်။
မေး။ မကြာခင်မှာ ဗာတီကန်မှာ မိသားစု ညီလာခံဒုတိယပိုင်းကို ကမ်္ဘာ့ဆရာတော်ကြီး များက ပြန်ကျင်းပကြမယ်။ အဲဒီထဲမှာအရေး ကြီးတဲ့အကြောင်းအရာတစ်ခုကတော့ အိမ်ထောင်ကွဲသွားတဲ့ဘာသာဝင်တွေကို ကိုယ်တော်မြတ်ပင့်ယူခွင့်ပေးဖို့၊ မပေးဖို့ ဆိုတဲ့ အချက် ဖြစ်ပါတယ်။ ကိုယ်တော့်အနေနဲ့ရော ဘယ်လိုအကြံပေးချင်ပါသလဲ။
ဖြေ။ ဒီဖြစ်ရပ်က တော်တော်စဉ်းစားရ ခက်တယ်။ လင်မယားတွေ ကွဲသွားတာ ကတော့ ဘာမှမဟုတ်တဲ့ကိစ်္စလေးမှာ ကွဲတာ မျိုးတော့ စိတ်မကောင်းဘူး။ ဒီနှစ်အစမှာပဲ ဗန်းမော်သာသနာမှာလည်း တော်တော် အားကိုးရတဲ့ ဓမ်္မဆရာရဲ့ အမျိုးသမီးက သူ့ယောင်္ကျားနဲ့သားသမီးကလေးလေးယောက်ကို ထားခဲ့ပြီးတော့ တခြားယောင်္ကျားနောက်ကို လိုက်သွားတယ်။ အဲဒီအခါကျ တော့ ဓမ်္မဆရာက ကိုယ်တော်မြတ်ပင့်ယူလို့မရ တော့သလို ဘာသာရေးခေါင်းဆောင်လည်း လုပ်လို့မရတော့ဘူး။ ပိုဆိုးတာက ကချင်ရိုးရာ အရဆိုရင် အဲဒီဓမ်္မဆရာက သူ့မိန်းမရဲ့ညီမကို ပြန်ယူရမယ့်ထုံးစံရှိနေတယ်။ ကျွန်တော်တို့ လည်း ဘာလုပ်ပေးရမှန်းမသိ ဖြစ်နေတယ်။ ဒါပေမယ့် ခရစ်တော်ဘုရားမိန့်ကြားခဲ့သလိုပဲ အသင်းတော်က ချည်တဲ့အရာဆိုရင် ကောင်းကင်နိုင်ငံမှာလည်း ချည်နှောင်ခြင်း ခံရမှာ ဖြစ်သလို ဖြေလွှတ်ထားရင်လည်း ကောင်းကင်နိုင်ငံမှာ ဖြေလွှတ်ခြင်း ခံကြရ မှာပဲ။ နောက်ဆုံးမှာတော့ ရဟန်းမင်းကြီးရဲ့ ဆုံးဖြတ်ချက်ကိုပဲ ကျွန်တော်တို့အားလုံးက လိုက်နာကျင့်သုံးရမှာ ဖြစ်ပါတယ်။
မေး။ အခုကချင်ပြည်နယ်မှာ ရှိနေကြတဲ့ စစ်ဘေးဒုက်္ခသည်တွေအတွက် နိုင်ငံတကာ ကက်သလစ်လူမှုရေး အဖွဲ့အစည်းရော၊ မြန်မာအစိုးရဆီကရော ဘယ်လိုမျိုးအကူအညီ တွေ ရကြသလဲ၊ ဘယ်လိုမျိုးအခက်အခဲတွေ ကြုံကြရသလဲ။
ဖြေ။ နိုင်ငံတကာရဲ့လုပ်ထုံးလုပ်နည်းအရက နိုင်ငံတကာရဲ့ စစ်ဘေးဒုက်္ခသည်တွေအပေါ် ပေးတဲ့အကူအညီဟာ သုံးနှစ်ပဲ ပေးတဲ့သဘော ရှိတယ်။ သုံးနှစ်ကျော်လာပြီဆိုရင် ဘာဖြစ်လို့ အခုထိမငြိမ်းချမ်းသေးတာလဲဆိုပြီးတော့ အလှူရှင်တွေဖက်က စပြောလာကြပြီ။ တချို့ နိုင်ငံတွေမှာက တချို့အဖွဲ့တွေကလည်း ဒီစစ်ပွဲကို အကြောင်းပြုပြီး ကိုယ်ကျိုးငွေ ရှာတာမျိုးတွေ ရှိသလို တချို့အဖွဲ့အစည်း တွေကျတော့ ဒီလိုမျိုးစစ်ပွဲကို ပိုကြာအောင်လုပ်ပြီးတော့ ငွေကြေးအကူအညီရှာတာမျိုးတွေ ရှိခဲ့တယ်လို့ ကြားဖူးပါတယ်။ ဒါမျိုးက ကချင်ပြည်နယ်ရဲ့ စစ်ပွဲမှာ ဖြစ်နေသလားလို့လည်း အလှူရှင် တွေက စိုးရိမ်နေပြီ။ နိုင်ငံတကာအဖွဲ့ အစည်း တွေဖက်ကတော့ ဒုက်္ခသည်တွေကိုပေးတဲ့ အထောက်အပံ့တွေကို ၂၀% လျှော့လိုက်ပြီး တော့ စစ်ဘေးဒုက်္ခသည်တွေကိုလည်း ပြန် လို့ရတဲ့သူတွေ၊ ပြန်လို့ရတဲ့နေရာမှာ စစ်ဆေး ပြီးတော့ မြန်မြန်ပြန်ခိုင်းဖို့ အလှူရှင်တွေ ဖက်က ဖိအားပေးလာပြီ။ဒီနှစ်အစမှာတော့ အလှူရှင်တွေဖက်က ဒုက်္ခသည်တွေကို ဟင်းဖိုးပဲပေးတယ်။ အခုကျတော့ ငွေရှာ နိုင်တဲ့သူတွေလည်း ရှိနေတယ်ဆိုပြီး ဆန်၊ ဆီ၊ ဆားတွေပဲ ဒုက်္ခသည်တွေကို ပေးတော့တယ်။ ဆိုလိုတာကတော့ အလှူရှင်တွေဖက်က တဖြည်းဖြည်း တင်းကြပ်လာတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ထုတ်ပြန်ချက်တစ်ခုကြောင့် နိုင်ငံတကာက ကက်သလစ်ဘာသာရေး ဆိုင်ရာ အဖွဲ့အစည်းတွေဖက်ကတော့ ပြန်လည်ကူညီဖို့ စဉ်းစားလာကြပါတယ်။ တကယ့်အလှူရှင်တွေဖြစ်ကြတဲ့ ဂျာမနီက အဖွဲ့တွေ၊ အိုင်ယာလန်နိုင်ငံကအဖွဲ့တွေကလည်း သူတို့ဆီကိုလာရောက်ဆွေးနွေးဖို့ ကျွန်တော် တို့ကို ဆက်သွယ်လာပါတယ်။ ဒါကြောင့်မို့ ကျွန်တော်က မြန်မာနိုင်ငံဂရုဏာရုံးရဲ့ ဒါရိုက်တာ ဒေါက်တာထွန်းကြည်နဲ့ အဲဒီ နိုင်ငံတွေကို သွားရောက်ပြီး စစ်ဘေးဒုက်္ခသည် တွေအတွက် နောက်ထပ်အကူအညီတွေ ရအောင် သွားဆွေးနွေးဖို့ ပြင်ဆင်နေပါတယ်။ အစကတော့ ကိုယ့်ရဲ့ကြေညာချက် က ဒါလောက်ထိတောင် ကျယ်ပြန့်ပြီး ထိရောက် မယ်လို့တောင် မစဉ်းစားမိခဲ့ဘူး။ အခုတော့ ကျွန်တော်တို့သုံးပါးရဲ့ကြေညာချက်က တော်တော်ကို ထိရောက်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။
မေး။ မြန်မာနိုင်ငံမှာ ကာဒီနယ်တစ်ပါး ရရှိတဲ့ အပေါ်မှာ ဘယ်လိုမြင်ပါသလဲ။
ဖြေ။ အခုလိုရန်ကုန်ဆရာတော်ကြီး ချားလ်စ်ဘိုက ကာဒီနယ်အဖြစ် အရွေးခံရတာ က ကျွန်တော်တို့အတွက် ဂုဏ်ယူစရာတင် မကဘူး၊ အားတစ်ခု၊ နေရာတစ်ခုရသွားတယ် လို့ ခံစားပါတယ်။ ဥပမာ ကချင်ပြည်နယ်က စစ်ဘေးဒုက်္ခသည်တွေရဲ့ လျော့နည်းလာတဲ့ အကူအညီတွေကို ကျွန်တော်တို့သာမန် ဆရာတော်တွေက တောင်းဆိုတဲ့အပေါ် ကာဒီနယ်က ထောက်ခံလိုက်ရင် ပိုပြီးတော့ အားရှိသွားစေပါတယ်။ နောက်တစ်ချက်က တိုင်းပြည်အရေးကိစ်္စလိုမျိုးမှာ ကချင် ဆရာတော်က ပြောလိုက်ရင် အစိုးရဖက်က ကချင်မို့လို့ ဆိုတာမျိုးပြောစရာ ရှိနိုင်ပေမယ့် ကာဒီနယ်ချားလ်စ်ဘိုက ဗမာလူမျိုးဖြစ်တော့ အစိုးရအနေနဲ့ သူ့ကိုလက်ခံတဲ့ ပုံစံက တိုင်းရင်းသားဆရာတော်တွေကို လက်ခံတဲ့ ပုံစံနဲ့ ကွာခြားနိုင်တယ်။ အဲဒီတော့ မြန်မာ နိုင်ငံမှာ ကာဒီနယ်တစ်ပါးရတာဟာ တိုင်းပြည် အတွက် ကောင်းကြီးတော်တစ်ခုလို့ မြင်ပါတယ်။
မေး။ မြန်မာနိုင်ငံကက်သလစ်သာသနာတော်ရဲ့ အရေးအားလုံးကို ကိုယ်တော်တို့ ဆရာတော် တွေပဲတစ်နှစ်မှာ နှစ်ခါထိုင်ပြီး ဆွေးနွေး ဆုံးဖြတ်တာက မဖြစ်သင့်ဘူးလို့ မြင်ပါတယ်။ အဲဒါကြောင့် ကိုယ်တော်တို့ ဆရာတော်တွေရဲ့ မျက်နှာစုံ နှစ်ပတ်လည် အစည်းအဝေးတွေမှာ သာမန်ကက်သလစ်ဘာသာဝင်တွေအနည်းဆုံး တစ်ယောက်နှစ်ယောက်လောက်ကို တက်ခွင့်ပြုဖို့ မဖြစ်သင့်ဘူးလား။
ဖြေ။ ဒါကတော့ စီဘီစီအမ်ရဲ့ဖွဲ့စည်းပုံနဲ့ ဆိုင်မယ်ထင်ပါတယ်။ သူတော်စင်တွေဆိုရင် ဆရာတော်တွေရဲ့အစည်းအဝေးမှာ လာရောက် တင်ပြခွင့်ပြုထားပါတယ်။ ကော်မရှင် တွေလည်း သူ့ကော်မရှင်နဲ့သူတော့ တင်ပြကြ ပါတယ်။ အဲဒီတော့ သာမန် ဘာသာဝင်တွေရဲ့ ကော်မရှင်ကနေပြီးတော့ သာမန်ဘာသာဝင် တစ်ဦးကို ဆရာတော်တွေရဲ့အစည်းအဝေးမှာ တက်ရောက်တင် ပြခိုင်းမယ်ဆိုရင်တော့ ဘောင်ဝင်တာပေါ့လေ။
မေး။ စီဘီစီအမ်အနေနဲ့ ရဟန်းတော်တွေကို နိုင်ငံခြားမှာ ပညာတော်သင် ပို့နေပါတယ်။ ဒါပေမယ့် သာမန်ဘာသာဝင်တွေကိုတော့ တစ်ယောက်မှ မပို့သေးဘူး။ ဒီလိုမပို့တာက စီဘီစီအမ်အနေနဲ့ သာမန်ဘာသာဝင်တွေကို သာသနာလုပ်ငန်းထဲမှာ ပါဝင်လုပ်ဆောင်ခွင့် ပေးဖို့ အစဉ်သင့်မဖြစ်သေးဘူးလို့မြင်ပါတယ်။ ဒါကြောင့် ကိုယ်တော့်အနေနဲ့ အခုလာမည့် ဆရာတော်တွေရဲ့ အစည်းအဝေးမှာ သာမန် ဘာသာဝင်တွေထဲက လူတစ်ချို့ (ဥပမာ တစ်နှစ်မှာ သာသနာတစ်ခုကနေ တစ်ယောက်ဆိုပြီး အလှည့်ကျပို့တာမျိုး) ကို နိုင်ငံခြား ပညာတော်သင်ပို့ပေးဖို့အတွက် ဆရာတော် တွေကို တင်ပြပေးလို့ရမလား။
ဖြေ။ ကျွန်တော့်အမြင့်ပြောရရင်တော့ ဒါမျိုးက သာမန် ဘာသာဝင်တွေရဲ့ ကော်မရှင်ကနေ ပြီးတော့ ဆရာတော်တွေရဲ့ အစည်းအဝေးမှာ တင်ပြလာရမှာဖြစ်တယ်။ အဲဒီလိုတင်ပြ လာရင် ဆရာတော်များက ခွင့်ပြုမယ်လို့ ယုံကြည်ပါတယ်။ ဒါမျိုးက ဖြစ်လည်း ဖြစ်သင့်ပါတယ်။ နောက်တစ်ချက်က မြန်မာ နိုင်ငံကက်သလစ်သာသနာတော်မှာ မြန်မာနိုင်ငံလုံး ဆိုင်ရာသာမန် ဘာသာဝင် များ၏ညီလာခံ ြအေငသညေူ ဏျေအသမေူ ဃသကညခငူ လိုမျိုးကို ကျင်းပသင့်ပါတယ်။ အဲဒီညီလာခံကနေ ထွက်ပေါ်လာတဲ့ဆုံးဖြတ် ချက်တွေကို ဆရာတော်များအဖွဲ့ကို တင်ပြလိုက်ရင် တော်တော်ကောင်းမယ်ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗန်းမော်မှာဆိုရင် နှစ်ပတ်လည် ဗန်းမော်သာသနာလုံးဆိုင်ရာ အစည်းအဝေး ီငသခနျညေ ဏျေအသမေူ ဃသကညခငူ လုပ်ပြီးတော့ အဲဒီမှာ သာမန်ဘာ သာဝင်တွေ ဖက်က တင်ပြလာတာတွေဟာ တကယ် လုပ်ပေးရမယ့်အချက်တွေ ဖြစ်နေတာကို တွေ့ရှိရပါ တယ်။ အဲဒီလိုမျိုး လုပ်ဖို့ဆိုတာက စီဘီစီအမ်မှာ ရည်မှန်းချက်၊ လုပ်ငန်း ဆောင်ရွက်ချက်ဆိုတာမျိုး မရှိတော့ ပြဿနာ ဖြစ်နေ ပါတယ်။
မေး။ တပည့်တော်တို့ရဲ့ ဂလိုရီးယားသတင်း ဂျာနယ်ကို ဝေဖန်ပေးပါဦး။
ဖြေ။ ကချင်ပြည်နယ်မှာတော့ ဂလိုရီးယား သတင်းဂျာနယ်ကို လူတွေစာဖတ်ချင် လာအောင် ဖန်တီးပေးတယ်လို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဂလိုရီးယားသတင်း ဂျာနယ်မှာက သတင်း (နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေး) နဲ့ဗဟုသုတစုံလင်တယ်။ ဒါကြောင့်မို့ ကချင်ပြည်နယ်က လူတွေက ဂလိုရီးယားသတင်းဂျာနယ်ကို အားပေးဖတ်ရှု ကြတာ ဖြစ်ပါတယ်။ နောက်တစ်ချက် ကတော့ ခင်ဗျားတို့လည်း အချိန်ကာလ ကြာလာသည့်နှင့်အမျှ အတွေ့အကြုံတွေ၊ ရင့်ကျက်မှုတွေ ရလာမှာပါ။ ဆရာတော် တွေ၊ ရဟန်းတွေ၊ အစိုးရတွေကို တစ်ခါတလေ ဝေဖန်တဲ့စာတွေ ဂလိုရီးယားသတင်းဂျာနယ် ထဲမှာ ဖတ်ရပါတယ်။ ကျွန်တော့် အနေနဲ့ တော့ အဲဒါမျိုးဝေဖန်တာကို ကြိုက်တယ်။ သူများတော့ မသိဘူး။ သတင်းဂျာနယ်ရဲ့ တာဝန်တစ်ခုက လူတန်းစားအလွှာ စုံက အကြီးအကဲတွေရဲ့လုပ်ပုံကိုင်ပုံကို အကောင်းဖက် ဦးတည်တဲ့ဝေဖန်မှုတော့ ပြုလုပ်ဖို့လိုအပ်ပါတယ်။ တချိန်လုံးလူကြီးတွေ ကို ဖားတာမျိုးမလိုပါဘူး။ အဲဒီလိုဝေဖန်မှပဲ လူကြီးတွေက ကိုယ့်ရဲ့လုပ်ပုံကို ပြန်သုံးသပ် ပြင်ဆင်နိုင်မှာ ဖြစ်တယ်။ ဝေဖန်တဲ့ နေရာမှာ တော့ အသုံးအနှုန်းကို သေချာရွေးတတ်ဖို့ လိုအပ်ပါတယ်။
မေး။ ကိုယ်တော့်ရဲ့ဖြေကြားချက်ကို ဖတ်ရှုကြမယ့် ပရိသတ်တွေကို စကား နည်းနည်းလောက် မိန့်ကြားပေးပါဦး။
ဖြေ။ ဂလိုရီးယားသတင်းဂျာနယ်ကို ဖတ်ရှုကြတဲ့စာဖတ်ပရိသတ်များအနေနဲ့ ဂလိုရီးယားသတင်းဂျာနယ်အနေနဲ့ ကက်သလစ် သတင်းဂျာနယ်တစ်ခုအဖြစ် ရေရှည်အောင်မြင်ရပ်တည်နိုင်ဖို့အတွက် ဒီဂျာနယ်ရဲ့သတင်းတင်ဆက်ပုံ၊ ရေးသားပုံ၊ ပါဝင်သော အကြောင်းအရာများနဲ့ ပတ်သက် ပြီး ဝေဖန်အကြံပြုပေးကြပါလို့ ဖိတ်ခေါ် ချင်ပါတယ်။
အယ်ဒီတာ။ ဂလိုရီးယားသတင်းဂျာနယ်ကို ဆရာတော်ဘုရားရဲ့သာသနာနယ်ထဲမှာ ရောင်းချဖြန့်ချိခွင့်ပေးတဲ့အတွက် ကိုယ်တော့် ကို တပည့်တော်တို့မိသားစုက အထူးကျေးဇူး တင်ပါတယ်ဘုရား။
ဆရာတော်။ ဗန်းမော်သာသနာမှာရှိကြတဲ့ ဘာသာဝင်တွေရဲ့ အသိတရားတိုးတက်မှုကို အားပေးတဲ့ဂလိုရီးယားသတင်းဂျာနယ်ကို ကျွန်တော်အမြဲတမ်း အားပေးကြိုဆိုပါတယ်။
ဂျိုးဇက်
1843 Views