ဗာတီကန်နိုင်ငံခြားရေးဝန်ကြီး ဆရာတော်ကြီးကာဒီနယ်ပါရိုလင်းက မြန်မာနိုင်ငံရေး၏အကြပ်အတည်းကို ဦးဆောင်ဖြေရှင်းကြရန် မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများကို လမ်းညွှန်လိုက်ပြီ

ဆလိုင်းကုန်ဇမှုန်း

မတ်လ (၁၄) ရက်နေ့က ထုတ်ပြန်လိုက်သော ရန်ကုန်ကက်သလစ်ဆရာတော်ကြီး၊ မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ဥကဌလည်းဖြစ်တော်မူသော ကာဒီနယ်ချားလ်စ်ဘိုက မြန်မာ့နိုင်ငံရေး၏အကြပ်အတည်းကို ဦးဆောင်ဖြေရှင်းကြရန် ဗာတီကန်နိုင်ငံခြားရေးဝန်ကြီး ဆရာတော်ကြီးကာဒီနယ်ပါရိုလင်းက မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအား မကြာသေးခင်က လမ်းညွှန်လိုက်ပြီဖြစ်သည်ဟု ကြေညာတော်မူလိုက်သည်။

ဗာတီကန်နိုင်ငံခြားရေးဝန်ကြီး ဆရာတော်ကြီးကာဒီနယ်ပါရိုလင်းသည် ဗာတီကန်နိုင်ငံနှင့်ကက်သလစ်သာသနာတော်၏ဦးသျှောင်ဖြစ်တော်မူသော ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်၏နိုင်ငံခြားရေးဝန်ကြီး ဖြစ်တော်မူသည်။

သို့သော် ရန်ကုန်ကက်သလစ်ဆရာတော်ကြီး၊ မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ဥကဌလည်းဖြစ်တော်မူသော ကာဒီနယ်ချားလ်စ်ဘို၏ထုတ်ပြန်ချက်တွင် နိုင်ငံတော်သမတဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ နိုင်ငံရေးသမားများနှင့်လူငယ်များကို လိပ်မူသော်လည်း မန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများက မည်ကဲ့သို့ ဝင်ရောက်ဖြေရှင်းကြမည်ကိုမူ တစ်ကြောင်းတစ်လေမျှ မရေးထားသေးပေ။

ထို့ကြောင့် ရန်ကုန်ကက်သလစ်ဆရာတော်ကြီး၊ မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ဥကဌလည်းဖြစ်တော်မူသော ကာဒီနယ်ချားလ်စ်ဘိုနှင့် မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများက မြန်မာ့နိုင်ငံရေး၏အကြပ်အတည်းကို မည်ကဲ့သို့ ဦးဆောင်ဖြေရှင်းမည်ကို စောင့်ကြည့်ကြရတော့မည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီကမူ မည်သည့်ကြားဝင်ညိုနှိုင်းပေးမှုမျိုးကိုမျှ လက်ခံမည်မဟုတ်ဟု မတ်လ (၁၁) ရက်နေ့က ကြေညာထားပြီဖြစ်သည်။

851  Views
Previous: ဘုရားသခင်သည်အပြစ်ကို ကောင်းကြီးမပေးနိုင်သကဲ့သို့၊ ကောင်း ကြီးလည်း မပေးပါ
Next: Vatican’s doctrinal office: Catholic Church cannot give blessings to same-sex unions