ဘာသာရေးဆိုင်ရာသွန်သင်ချက်များနှင့်ဘာသာရေးလုပ်ငန်းများသည် လက်တွဲနေသည်ဟု ရဟန်းမင်းကြီးဖရန်စစ်က သတိပေးတော်မူ
ဗာတီကန်၊ စက်တင်ဘာ ၄၊
ရဟန်းမင်းကြီးဖရန်စစ်က ဘာသာရေးဆိုင်ရာသွန်သင်ချက်များနှင့်ဘာသာရေးလုပ်ငန်းများသည် အစဉ်လက်တွဲနေသည်ဟု နိုင်ငံတကာ ဓမ်္မသဂြိုလ်ပညာရှင်များ၏ညီလာခံ၌ စက်တင်ဘာလ ၃ ရက်နေ့က သတိပေးမိန့်ကြားတော်မူလိုက်သည်။ ရဟန်းမင်းကြီးက ““ကက်သလစ်သာသနာတော်၏သွန်သင်ချက်များနှင့်ဘာသာရေးလုပ်ငန်းများသည် ဆန့်ကျင်ဖက်ဖြစ်နေပြီး ၎င်းတို့နှစ်ခုသည် တစ်ခုနှင့်တစ်ခု ဆက်စပ်မှု မရှိဟု ပြောဆိုမှုများသည် မှားယွင်းသောအတွေးအခေါ်တစ်ခု ဖြစ်သည်ဟု ရှုတ်ချတော်မူလိုက်သည်။
အရှင်သူမြတ်က ““ကျွန်ုပ်တို့သည် ဘာသာရေးဆိုင်ရာအယူဝါဒ (ယုံကြည်ချက်) ကို ရှေ့အယူစွဲဝါဒနှင့် ခေတ်နောက်ကျ ခြင်း အဖြစ် သဘောထားကြပြီး သိုးထိန်း (ဘာသာရေး) လုပ်ငန်းကိုမူ အခြေအနေအပေါ်မူတည်ပြီး သင့်တော်သကဲ့သို့ လုပ်ဆောင်ခြင်း၊ လျှော့ချခြင်း၊ အဆင်ပြေအောင် လုပ်ဆောင်ခြင်းအဖြစ်၊ တစ်ခုနှင့်တစ်ခု မဆက်စပ်သကဲ့သို့ တွေးခေါ်လိုကြသည်”” ဟု ဝေဖန်တော်မူလိုက်သည်။ ထို့အပြင် သူက ““ဒုတိယဗာတီကန်ကောင်စီအစည်းအဝေးသည် ယုံကြည်ခြင်း နှင့်လူ့ဘဝ၊ ဓမ်္မသဂြိုလ်ပညာရပ်နှင့်သိုးထိန်းတာဝန်များ အကြားတွင် ရှိနေသော ကွဲပြားခြားနားမှုကို ကျော်လွှားနိုင်ရန်အတွက် လုပ်ဆောင်သော ကြိုးပမ်းမှုတစ်ရပ် ဖြစ်သည်ဟု မီးမောင်းထိုးပြတော်မူလိုက်သည်။
ဆက်လက်ပြီး ရဟန်းမင်းကြီးက ““ကမ်္ဘာပေါ်တွင် ဝိညာဉ်တော်ဘုရား၏လုပ်ငန်းများနှင့်အရှိတရားများကို ပိုင်ဆိုင်ပြီး အနက်ပြန်ဆို ခွင့်ရှိသော သီးခြားရပ်တည်သော အသင်းတော်ဟူ၍ မရှိကြောင်း၊ ဒေသအခြေအနေကို လျစ်လျူရှုပြီး မသိချင် ယောင်ဆောင်သော တကမ်္ဘာလုံးနှင့်ဆိုင်သော အသင်းတော်ဟူ၍လည်း မရှိသကဲ့သို့၊ မည်ကဲ့သို့သော ဆရာတော်ပိုင် ကက်သလစ်သာသနာတစ်ခုကမျှ ဝိညာဉ်တော်ဘုရား၏ လုပ်ငန်းများကို မူပိုင်ဆွဲပြီး ထင်ရာစိုင်းကာ မိမိလိုချင်သကဲ့သို့ အနက်ဖွင့်ဆိုခွင့်လည်း မရှိ”” ဟု သတိပေးတော်မူ လိုက်သည်။
ရဟန်းမင်းကြီးက ခရစ်ယာန်ဘာသာဝင်များက ခရစ်ယာန်အသက်တာကို ရှင်သန်ရာတွင် တစ်ဦးနှင့်တစ်ဦး၊ နေရာတစ်ခုနှင့်တစ်ခု ကွဲပြားသောကြောင့်၊ ဓမ်္မပညာရှင်များ၏အဓိက တာဝန်မှာ ယနေ့၊ ဒီနေရာ၊ ဒီအချိန်တွင် ခရစ်ယာန်တစ်ဦးဖြစ်နေခြင်းကို စဉ်းစား ထောက်ရှုရန်နှင့်သုံးသပ်ရန်တို့သာ ဖြစ်သည်ဟု ရှင်းပြတော်မူသည်။
ဆက်လက်ပြီးအရှင်သူမြတ်က ““ဓမ်္မပညာရှင်များ၏ လေ့လာသုံးသပ်မှုသည် ခရစ်တော်၏တရားတော်ထဲက ပါဝင်သောအကြောင်း အရာများကို သစ်္စာဖောက်ခြင်းသို့ ပို့ဆောင်ပေးနိုင်မည်မဟုတ်ကြောင်း၊ ယင်းကဲ့သို့သော ဓမ်္မပညာရပ်ဆိုင်ရာသုံးသပ်ခြင်း ကင်းမဲ့ နေခြင်းသည် မိမိတို့အား လုပ်ဆောင်ရန် ဖိတ်ခေါ်ထားသော လုပ်ငန်းတာဝန်မှ လမ်းသွေဖိခြင်း ဖြစ်ကြောင်း၊ ဘာသာရေးဆိုင်ရာ သွန်သင်ချက်သည် မေးခွန်းမရှိ သံသယမဲ့ပြီး အသက်ဝင်လှုပ်ရှားမှုမဲ့သော ပုဂ်္ဂလစနစ်၊ ပိတ်ဆို့ထားသော စနစ်မဟုတ်ဘဲ၊ ခရစ်ယာန် အယူဝါဒသည် မျက်နှာရှိခြင်း၊ ကိုယ်ခန်္ဓာရှိပြီး အသက်ဝင်နေသော ယေဇူးခရစ်တော်ဘုရားပင် ဖြစ်ကြောင်း၊ ခရစ်တော်ဘုရား၏ လူ့အဖြစ်ယူဆောင်ခြင်းကို လေးနက်စွာသုံးသပ်လျှင် ဓမ်္မပညာရှင်များသည် လူသားများထံမှ ရောက်ရှိ လာသော မေးခွန်းများ၊ ပူပင်သောကများ၊ အငြင်းအခုန်များ၊ စိတ်ကူးယာဉ်များနှင့် ကြိုးစားရုန်းကန်မှုများကို မသိ ချင်ယောင်ဆောင်ပြီး နေထိုင်နိုင်မည်မဟုတ်”” ဟု ထောက်ရှုတော်မူသည်။
ပုပ်က ““ကျွန်ုပ်တို့၏ယုံကြည်ခြင်းဆိုင်ရာပုံသွင်းခြင်းများသည် မသတ်မှတ်ရသေးသော အကြောင်းအရာများပေါ်တွင် ပိုပြီး ထောက်ရှုရန် ဖိတ်ခေါ်ရင်း၊ မတူညီသော ယဉ်ကျေးမှု၊ လူ့အဖွဲ့အစည်းများ၊ နိုင်ငံများနှင့်တွေ့ဆုံမှု၊ ဆွေးနွေးမှု၊ နှိုင်းယှဉ်မှုတို့မှ ပေါက်ဖွားလာကြောင်း၊ ထို့ကြောင့် တခြားသူများ၏ဝေဖန်မှုကို မခံနိုင်သော ခရစ်ယာန်ဘာသာဝင်တစ်ဦးသည် သံသယဖြစ် ဖွယ် ဖြစ်ကြောင်း၊ ပြည်သူ များနှင့် ပြည်သူများ၏ ပဋိပက်္ခများ၊ ဆင်းရဲမှုများသည် ယုံကြည်ခြင်းကို ပိုပြီးကောင်းမွန်စွာ နားလည်နိုင်ရန် အတွက် လိုအပ်သော အရာများ ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့သည် ဓမ်္မသဂြိုလ်ပညာရပ်နှင့်ဆက်စပ်ပြီးလုပ်ဆောင်ရာတွင် မည်သူ့ကို ထည့်သွင်းစဉ်း စားကြောင်း မေးမြန်းကြရန် လွန်စွာပင် အရေးကြီးသည်ဟု ဓမ်္မသဂြိုလ်ပညာရှင်များအား မီးမောင်းထိုးပြ သည်။
နောက်ဆုံးအနေဖြင့် ပုပ်က ““မိမိတို့သည် ဆုတောင်းမေတ်္တာပြုနေသူများထဲတွင် ကိန်းဝပ်တော်မူသော သန့်ရှင်းသောဝိညာဉ်တော် ဘုရားကို ဓမ်္မပညာရပ်၏ဘာသာရပ်ဖြစ်ကြောင်းကို မမေ့လျော့ရန် လိုအပ်ကြောင်း၊ ၎င်းအချက်ကို မေ့လျော့သော ဓမ်္မပညာရပ် သည် လှပသောအကြောင်းအရာများကိုပေးနိုင်သော်လည်း စစ်မှန်သော အကြောင်းအရာများကိုမူ ပေးနိုင်မည်မဟုတ်ကြောင်း၊ ဓမ်္မပညာရှင် သည် ခရစ်တော်ဘုရား၏သားသမီးများထဲမှ သားတစ်ဦး ဖြစ်ကြောင်း၊ ဒုတိယအချက်ကမူ၊ ဓမ်္မပညာရှင်သည် ယုံကြည်သူ ဖြစ်ရန်နှင့် ခရစ်တော်ဘုရားကို ဘဝထဲတွင် တွေ့ကြုံခံစားသူဖြစ်ရန်နှင့် ခရစ်တော် မပါလျှင် မိမိသည် အသက်ရှင်ရန်မဖြစ်နိုင် ကြောင်းကို နားလည်သူ ဖြစ်ရမည်ဟု ဆုံးမတော်မူလိုက်သည်။ ၀၀၂ ကုန်ဇမှုန်း
1459 Views