ဘုရားရှင်မြတ်၏ အမှန်တရား၊ ချစ်ခြင်းမေတ်္တာနှင့် ကောင်းမြတ်တော်မူခြင်းတို့က မိမိတို့အား သန့်ရှင်းစေတော်မူဟု အငြိမ်းစားရဟန်းမင်းကြီး ဘေနေဒစ်က မိန့်ကြားတော်မူ

06

ဗာတီကန်၊ စက်တင်ဘာ ၁၊ CNA

အငြိမ်းစားရဟန်းမင်းကြီး ဘေနေဒစ်အရှင်သူမြတ်က ဘုရားရှင်မြတ်၏ အမှန်တရား၊ ချစ်ခြင်းမေတ္တာနှင့် ကောင်းမြတ်တော်မူခြင်းတို့က မိမိတို့အားသန့်ရှင်းစေတော်မူသည်ဟု အငြိမ်းစားရဟန်းမင်းကြီးဘေနေဒစ်က သြဂုတ်လ (၃၀) ရက်နေ့က မိမိ၏ကျောင်းသားဟောင်း များနှင့် တွေ့ဆုံပွဲတွင် မိန့်ကြားတော်မူလိုက်သည်။

ရဟန်းမင်းကြီးဘေနေဒစ်က ဘုရားသခင်ထံတော်မှလာသောအမှန်တရား၊ ချစ်ခြင်းမေတ္တာနှင့် ကောင်းမြတ်တော်မူခြင်းတို့သည် မိမိတို့ ကိုသန့်ရှင်းစေတော်မူပြီး ၎င်းတို့သည် နှုတ်ကပတ်တော်တွင် တွေ့ဆုံကြကြောင်း၊ ၎င်းနှုတ်ကပတ်တော်သည် ခမည်းတော်ဘုရား ကို မေ့လျော့နေသော ကမ်္ဘာကြီးမှ မိမိတို့ကို ကယ်နှုတ်တော်မူသည်ဟု မိမိ၏ကျောင်းသားဟောင်း (၇၀) အား မီးမောင်း ထိုး ပြတော်မူသည်။

ရာဇင်းဂါကျောင်းသားဟောင်းများသည် ရဟန်းတော် ဂျိုးဇက်ရာဇင်းဂါအဖြစ် ကက်သလစ်တက္ကသိုလ်တွင် စာချဘုန်းတော်ကြီးတာဝန်ကို ထမ်းဆောင်ပြီး ကက်သလစ်ဆရာတော်အဖြစ်ရွေးချယ်ခြင်းခံရပြီး မကြာခင်တွင် ရာဇင်းဂါကျောင်းသားဟောင်းများအဖွဲ့ကို ၁၉၇၈ ခုနှစ်ကစတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ကာဒီနယ်ဆရာတော်ကြီး ဂျိုးဇက်ရာဇင်းဂါသည် ရဟန်းမင်းကြီးအဖြစ် ရွေးချယ်ခြင်းကို ခံရ သောအခါ မိမိအမည်အား “ဘေနေဒစ် (၁၆)” ဟု ပြောင်းလဲလိုက်ခြင်းဖြစ်သည်။ ထိုအချိန် (၁၉၇၈ ခုနှစ်) မှစပြီး လက်ရှိ အငြိမ်းစား ရဟန်းမင်းကြီးဘဝအထိ ဘေနေဒစ်(၁၆)သည် မိမိ၏ ကျောင်းသားဟောင်းများ၏ နှစ်စဉ်တွေ့ဆုံပွဲသို့ တက်ရောက်အားပေးပြီး မစ္ဆားပူဇော် ဆုတောင်းပေးခြင်းကို ပြုလုပ်ပေးလျက်ရှိတော်မူသည်။ ၎င်းကျောင်းသားဟောင်းများအဖွဲ့က ဘေနေဒစ်ဖောင်ဒေးရှင်းကို ထူထောင်လိုက်ကြသည် ဟု သတင်းရရှိသည်။

အရှင်သူမြတ်၏ကျောင်းသားဟောင်းတစ်ဦးဖြစ်သော ကာဒီနယ် ခရစ်စတိုဖာ စကွန်ဘွန်းက “ မိမိတို့၏အတွင်းစိတ်ကို အတွင်းမှသာ မဟုတ်ဘဲ အပြင်ဖက်ကနေပါ သန့်ရှင်းအောင်မလုပ်သင့်ဘူးလား ” ဟူသော မေးခွန်းနှင့် မကောင်းဆိုးဝါးသည် အတွင်းမှသာလာ သလော သို့မဟုတ် မကောင်းဆိုးဝါးသည် အပြင်မှရောလာသလား ” ဟူသောမေးခွန်းများ၏ မေးမြန်းချက်ကို ရဟန်းမင်းကြီး ဘေနေဒစ် က ဖြေကြားရာတွင် “ ၎င်းမေးခွန်းများ၏အဖြေသည် နှုတ်ကပတ်တော်တွင်သာ အခြေခံရမည်ဖြစ်ကြောင်း၊ ကက်သလစ် သာသနာတော် ကို တိုက်ခိုက်နေသော မကောင်းဆိုးဝါးသည် ကမ္ဘာကြီးမှလာသလောဟူသောအမေးသည် မိမိတို့ကမိမိတို့အား ခြိမ်းခြောက်မှုပြုနေသော ကပ်ရောဂါများနှင့် မြောက်များစွာသော ရောဂါများအပေါ် ပြင်ပသန့်ရှင်းမှုဖြင့်သာ ပြန်လည်တုံ့ပြန်သင့်သည်ဟု မိန့်ကြားတော်မူသည်။

ဘေနေဒစ်က “ ထိုကဲ့သို့သော စိတ်သဘောထားသည် လိုအပ်ပါကြောင်း၊ သို့မှသာ သေခြင်းတရားသည် ရှုံးနိမ့် မည်ဖြစ်ကြောင်း၊ ကောင်းမြတ်တော်မူခြင်းကိုမစဉ်းစားဘဲ လူသားအား မိမိကိုယ်ကိုသာစဉ်းစားစေသော တခြားသော ညစ်ပတ်သော အရာများနှင့် အကျင့်ပျက်ခြစားခြင်းသို့ ပို့ဆောင်စေသော အတွင်းပိုင်းရောဂါကို တိုက်ဖျက်ရာတွင် အတွင်းပိုင်းရောဂါ သည် နှလုံး၏ကပ်ရောဂါ ဖြစ်နေကြောင်း၊ ခရစ်တော်ယေဇူး၏ တရားတော် (နှုတ်ကပတ်တော်) က လူ့နှလုံးသားကို သန့်ရှင်းစေကြောင်းဖြင့် ခရစ်တော်က မိမိ၏တပည့်တော်များအား ဟောကြားတော်မူခဲ့သည် ” ဟု ရှင်းပြတော်မူသည်။

ကျောင်းသားဟောင်းများထဲမှ တစ်ဦးအပါအဝင် ဖြစ် သော ဘုန်းတော်ကြီးသောမတ်ဟာလစ် (ချက်နိုင်ငံသားရဟန်း နှင့် ဒသနိက ပညာရှင်) က ယခုနှစ် သြဂုတ်လ ၂၈-၂၉ ရက်နေ့ ကပြုလုပ်သောတွေ့ဆုံပွဲတွင် ဦးဆောင်မိန့်ကြားရာတွင် “ မယုံ ကြည်သူ များနှင့် တွေ့ဆုံစကားပြောဆိုခြင်း ” ဟူသောခေါင်းစဉ်ဖြင့် ဟောပြောပို့ချသည်။ ၎င်းဘုန်းတော်ကြီးက မိမိတို့ ကာဒီနယ်ရာဇင်းဂါ၏ တပည့်သစ် များသည် ရာဇင်းဂါ၏ အတွေးသစ်များနှင့်ပြည့်ဝနေကြောင်း၊ လူအတော်တော်များက ခရစ်ယာန်ဘာသာ သည် သေနေ သည်ဟု ပြောဆိုသူများ ရှိနေကြသကဲ့သို့ တချို့ကလည်း ခရစ်ယာန်ဘာသာသည် ပျက်စီးနေသည်ဟုလည်း ရှုမြင်နေကြကြောင်း၊ ဒီစကားကို ပြန်သုံးသပ်ရင် ခရစ်ယာန်ဘာသာသည် နေ့လည်တွင်အနားယူနေသော ရဟန်းများကဲ့သို့ ခဏအနားယူနေသည်ဟု မှတ်ချက်ပြုလိုပါ ကြောင်းဖြင့် သုံးသပ်သွားသည်။ ကျောင်းသားဟောင်းများသည် ထိုကဲ့သို့တွေ့ဆုံကြပြီး နောက် ရဟန်းမင်း ကြီးဘေနေဒစ်ခန်းမဆောင်ကို ဗာတီကန် နန်းတော်ထဲ၌ ဖွင့်ပွဲပြုလုပ်ကြသည်ဟု သတင်းရရှိသည်။              ဝင်းလှိုင်ဦး

1388  Views
Previous: ရဟန်းမင်းအမတ် ကာဒီနယ်ချားလ်စ်ဘိုက အမျိုးစောင့်ဥပဒေအား ကျင့်သုံးစမြန်မာ့ ဒီမိုကရေစီကို ခြိမ်းခြောက်သောဥပဒေဟု ဝေဖန်လိုက်တော်မူ
Next: အင်္ဂလန်ကာဒီနယ် နီကော်လပ်စ်က ရွှေ့ပြောင်းသူများကို ပိုမိုရက်ရောစွာဖြင့် လက်ခံရန် အင်္ဂလန်အစိုးရအား တိုက်တွန်းတော်မူ