မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ်မှ ဩဂုတ်လ (၂) ရက်နေ့က မြန်မာပြည်သူပြည်သားများ အတူအကွ ဆုတောင်းဖို့ရန် တိုက်တွန်းနှိုးဆော်စာ

မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ်မှ ဩဂုတ်လ (၂) ရက်နေ့က မြန်မာပြည်သူပြည်သားများ အတူအကွ ဆုတောင်းဖို့ရန်အတွက် စာတစ်စောင်ထုတ်ပြန်ခဲ့ပါသည်။

၎င်းစာထဲတွင် ရောဂါပိုးသည်သာ ကျွန်ုပ်တို့၏ ဘုံရန်သူဖြစ်ကြောင်း ၊ ဤအရေးပေါ်အခြေအနေကိုရင်ဆိုင်ရန် ဆေးသေတ္တာ ၊ အောက်ဆီဂျင်ဗူးများကို ယူဆောင်ပြီး သွားရောက်ကူညီ ကြရန်လည်း တိုက်တွန်းထားပါသည်။

ဆက်လက်ပြီး စာထဲတွင် ” အမှောင်ထုကြီးစိုးရာ ကျွန်ုပ်တို့မိသားစုမှာ ချစ်ခြင်းမေတ္တာသည်သာ တစ်ခုတည်းသော ကိုးကွယ်ရာဖြစ်စေပါ။ ယုံကြည်ကိုးစားရာ မခွဲခြားဘဲ အွန်လိုင်းတွင် အတူတကွ ပါဝင်ဆုတောင်းကြပါစို့။ အပြန်အလှန် ဆုတောင်းပေးခြင်းဖြင့် အတူတကွ ရိုင်းပင်းကြပါစို့ ” ဟု ပြောကြားထားပါသည်။

ကက်သလစ် ဘာသာဝင် မိသားစုများ ၊ ဘုရာကျောင်းများတွင် ဆုတောင်းခြင်း ၊ ပုတီးစိပ်ခြင်း၊ ကိုယ်တော်မြတ်ဖူးမြှော်ခြင်းများ စဉ်ဆက်မပြက် ပြုလုပ်ကြရန် နှိုးဆော်ထားပါသည်။

မြန်မာပြည်တစ်ပြည်လုံးရှိ ကက်သလစ်ဂိုဏ်းချုပ်/ဂိုဏ်းအုပ် သာသနာများ၌ ဩဂုတ်လ (၃) ရက်နေ့မှ စတင်ကာ မိမိတို့ သာသနာအလိုက် ဆုတောင်းရန် ရက်များကိုလည်းသတ်မှတ်ပေးထားပါသည်။

1. (3.8.2021) Yangon Archdiocese

2. (4.8.2021) Pathein Diocese

3. (5.8.2021) Mawlamyaing Diocese

4. (6.8.2021) Pyay Diocese

5. (7.8.2021) Hpa-an Diocese

6. (8.8.2021) Mandalay Archdiocese

7. (9.8.2021) Myitkyina Diocese

8. (10.8.2021) Banmaw Diocese

9. (11.8.2021) Lashio Diocese

10. (12.8.2021) Kalay Diocese

11. (13.8.2021) Hakha Diocese

12. (14.8.2021) Taunggyi Archdiocese

13. (15.8.2021) Loikaw Diocese

14. (16.8.2021) Taungngu Diosece

15. (17.8.2021) Pakhon Diocese

16. (18.8.2021) Kyaingtong Diocese

စသဖြင့် သာသနာအလိုက် ဆုတောင်းရမည့် နေ့ရက်များကို သတ်မှတ်ပေးထားပါသည်။

ဒုက္ခပြဿနာများတောင်လို မောက်စေကာမူ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းဖြင့် ရင်ဆိုင်သွားကြပါစို့ ။ ဘုရားသခင်၏ ကုသခြင်းကျေးဇူး လူသားတိုင်း ခံစားကြရပါစေ ။

လူသားတိုင်း၏ နှလုံးသားမှ ဆုတောင်းသံများကို ဘုရားသခင် နားညောင်းတော်မူပါမည့်အကြောင်း ယနေ့မှစ၍ ရက်သတ္တပတ် နှစ်ပတ်တိုင်တိုင် ဆုတောင်းပတ္ထနာ ပြုကြပါစို့ ဟု တိုက်တွန်းနှိုးဆော်ထားပါသည်။

” သင်တို့တွင် မုန်ညင်းစေ့မျှလောက်သော ယုံကြည်ခြင်းရှိပါလျှင် ဤတောင်ကို ဤနေရာမှ ထိုနေရာသို့ ပြောင်းရွှေ့လိမ့်မည် ။ သင်တို့ မတတ်နိုင်သော အရာလည်း ရှိလိမ့်မည် မဟုတ် ” ( မာတေဦး ၁၇:၂၀)။

710  Views
Previous: Myanmar: Myanmar Catholic Bishops launch interreligious prayer effort amid Covid Surge
Next: ဘရူနိုင်းနိုင်ငံ၏ ဒုတိယနိုင်ငံခြားရေးဝန်ကြီးကို မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်