ရဟန်းမင်းကြီးက ဦးဆောင်ပြီး ရိုဟင်ဂျာ (ဘင်္ဂလီလူမျိုး)အရေး နိုင်ငံတကာညီလာခံကို ဗာတီကန်တွင် ကျင်းပပေးရန် မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများက တောင်းဆို

ဗာတီကန်၊ မေလ ၉၊ ၂၀၁၈

မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများသည် ရဟန်းမင်းကြီး အရှင်သူမြတ် ဖရန်စစ်အား ဗာတီကန်နိုင်ငံရှိ ရဟန်းမင်းကြီး၏ ရုံးခန်း၌ မေလ (၈) ရက်နေ့က သွား ရောက်တွေ့ဆုံကြစဉ်၌ မြန်မာ့နိုင်ငံရေးနှင့်ကက်သလစ်သာသနာ တော် အရေးတို့ ပတ်သက်သောကဏ္ဍပေါင်းစုံကို အကျယ်တဝင့်ဆွေးနွေးခဲ့ကြသည်ဟု သတင်းရရှိပါသည်။
၎င်းခရီးစဉ်တွင် လက်ရှိမြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်နေကြသော ကက်သလစ်ဆရာတော်ကြီးများ (ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာမှ သာသနာပိုင်ဆရာတော်ကြီးကာဒီနယ်ချားလ်စ်ဘိုနှင့် လက်ထောက် ဆရာတော်ကြီး ဂျွန်စောယောဟန်၊ ပုသိမ်ကက်သလစ်ဂိုဏ်းအုပ်သာသနာမှ ဆရာတော်ဂျွန်မန်းဆိန်းဟှီ၊ ဖားအံကက် သလစ်ဂိုဏ်းအုပ်သာသနာမှ ဆရာတော်ဂျက်စတင်းစောမင်းသိုက်၊ မော်လမြိုင်ကက်သလစ်ဂိုဏ်းအုပ်သာသနာမှ ဆရာတော်ရေမွန်စောဖိုးရေ၊ ပြည်ဂိုဏ်းကက်သလစ်အုပ်သာသနာမှ ဆရာတော်ပြုံးချို၊ တောင်ငူကက်သလစ်ဂိုဏ်း အုပ်သာသနာမှ ဆရာတော်အိုက်ဇက်ဓါနု၊ ဖယ်ခုံကက်သလစ်ဂိုဏ်းအုပ်သာသနာမှ ဆရာတော်ပီတာလတ်၊ လွိုင်ကော် ကက်သလစ်ဂိုဏ်းအုပ်သာသနာမှ ဆရာတော်စတီးဗင်းတျေဖေ၊ တောင်ကြီးကက်သလစ်ကက်သလစ်ဂိုဏ်းချုပ် သာသနာမှ ဆရာတော်ဘာစီးလီအိုအာသိုက်၊ ကျိုင်းတုံကက်သလစ်ဂိုဏ်းအုပ်သာသနာမှ ဆရာတော်ပီတာဂျာခူး၊ လားရှိုးကက်သလစ်ဂိုဏ်းအုပ်သာသနာမှ ဆရာတော်ဖိလစ်ဇာဟောင်း၊ မန်္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာမှ ဆရာတော် နီကော်လပ်စ်မန်းထန်၊ ဟားခါးကက်သလစ် ဂိုဏ်းအုပ်သာသနာမှ ဆရာတော် လူစီအူးစ် ဟရယ်ကုန်း၊ မြစ်ကြီးကက်သ လစ်ဂိုဏ်းအုပ် သာသနာမှ ဆရာတော်ဖရန်စစ် ဒေါတန်နှင့် ဗန်းမော်ကက်သလစ်ဂိုဏ်း အုပ်သာသနာမှ ဆရာတော်ရေမွန်ဆွမ်လုကမ်) နှင့် အမှုဆောင် အတွင်းရေးမှူး ဘုန်းတော်ကြီးမောရစ်ညွှန့်ဝေတို့ တက်ရောက်ခဲ့ကြသည်။
သို့သော် မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ဥက်္ကဌ၊ ကလေးကက်သလစ်ဂိုဏ်းအုပ် သာသနာမှ သာသနာပိုင်ဆရာတော်ကြီးဖေးလစ်လျန်ခဲန်းထန်သည် ၎င်းခရီးစဉ်မတိုင်ခင်က နေမကောင်းခြင်းကြောင့် ဤခရီးစဉ်တွင် လိုက်ပါသွားခြင်း မရှိကြောင်း သိရှိရပါသည်။
ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုက မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီး များနှင့် ရဟန်းမင်းကြီးတို့သည် ပွင့်ပွင့် လင်းလင်းနဲ့ သိ ချင်တာတွေကို မီနစ် (၉၀) ဝန်းကျင်ဆွေးနွေးခဲ့ကြကြောင်း၊ ၎င်းဆွေးနွေးကြရာတွင် မြန်မာနိုင်ငံအတွင်း အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ မြန်မာနိုင်ငံအတွင်း အမျိုးသား ပြန်လည်သင့်မြတ်ရေးအပေါ် ကက်သလစ်သာသနာတော်၏ အခန်းကဏ္ဍ၊ ရခိုင်ပြည်ကပဋိပက်္ခ၊ ရိုဟင်ဂျာတို့၏ပြသာနာ၊ တရုတ်နိုင်ငံအစိုးရနှင့်ဗာတီကန်နိုင်ငံအစိုးရ၏ ဆွေးနွေးနေမှုများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်ဟု စီအဲန်အေ ကက်သလစ်သတင်းဌာနသို့ မိန့်ကြားတော်မူလိုက်သည်။
ထို့အပြင်၊ မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများက ရိုဟင်ဂျာများ အတွက် အများပြည်သူရှေ့တွင် တရားဝင် ဆုတောင်းပေးခြင်းကို ပြုလုပ်ပေးရန်နှင့် ရိုဟင်ဂျာများ နှင့်ပတ်သက်သော နိုင်ငံတကာညီလာခံတစ်ခုကို ရဟန်းမင်းကြီးက ဦးဆောင်ကျင်းပပေးပါရန် ရဟန်းမင်းကြီးအား တောင်းဆိုခဲ့ကြသည်ဟု ကာဒီနယ်ချားလ်စ်ဘိုက စီအဲန်အေ ကက်သလစ်သတင်းဌာနသို့ မိန့်ကြားတော်မူလိုက်သည်။ ၎င်းတောင်းဆိုချက် အပေါ် ရဟန်းမင်းကြီးက ၂၀၁၈ ခုနှစ်အတွင်း ရိုဟင်ဂျာများနှင့် ပတ်သက် သော နိုင်ငံတကာ ညီလာခံ တစ်ခုကို ကျင်းပနိုင်ရေးအတွက် ဗာတီကန် နိုင်ငံခြားရေးဝန်ကြီးနှင့်ညိုနှိုင်းလုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း မိန့်ကြားတော်မူသည်ဟု သိရှိရသည်။
ကာဒီနယ်ချားလ်စ် ဘိုက ““ရိုဟင်ဂျာ လူဦးရေက ပြည် တွင်းမှာ (၁၀) သိန်းနှင့်ပြည်ပမှာ (၁၀) သိန်း ဝန်းကျင် ဆို တော့ သိန်း (၂၀) လောက်ရှိကြပြီး ဒီလူတွေက နိုင်ငံမဲ့ ဖြစ်နေကြပြီး ဘယ်နိုင်ငံကမှသူတို့ကို နိုင်ငံသားအဖြစ် လက်မခံကြဘူး။ အခုဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုရင် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ နေထိုင်နေကြတဲ့ရိုဟင်ဂျာများအတွက် နိုင်ငံတကာအကူအညီတွေကို လက်ခံရရှိနေပေမယ့် ဒီလူတွေကို နိုင်ငံသားပေးမပေးက မသေချာတော့၊ သူတို့ဟာ တော်တော်သနားဖို့ ကောင်းကြပါတယ်။ ဒါကြောင့်မို့ ရဟန်းမင်းကြီးက ဦးဆောင်ပြီးတော့ ရိုဟင်ဂျာ အရေး နိုင်ငံတကာ ညီလာခံ တစ်ခုကို ဦးဆောင် ကျင်းပပေးဖို့ တောင်းဆိုတာ ဖြစ်ပါတယ်”” ဟု မီးမောင်းထိုး ပြတော်မူသည်။
ဆက်လက်ပြီး ကာဒီနယ်ချားလ်စ်ဘိုက ကချင်ပြည်နယ်ထဲ တပ်မတော်နှင့်ကေအိုင်အေလက် နက်ကိုင်များ အကြားဖြစ် ပွားနေသော တိုက်ပွဲများ အမြန်ပြေငြိမ်းရေးအ တွက် ဒေါ်အောင်ဆန်း စုကြည်နှင့် ဗိုလ်ချုပ်မှူး ကြီးမင်းအောင် လှိုင်တို့ထံသို့ စာရေးပေး ပါရန် ရဟန်းမင်းကြီးအား မေတ်္တာရပ်ခံခဲ့ပြီး မိမိ၏ မေတ်္တာရပ်ခံမှုအပေါ် ရဟန်းမင်း ကြီးက ရေးသားပေးပို့မည်ဖြစ်ကြောင်း ကတိပြုတော်မူသည်ဟု ကာဒီနယ်ချားလ်စ်ဘိုက မိန့်ကြားတော်မူသည်။ ၀၀၂ ကုန်ဇမှုန်း

983  Views
Previous: ကာဒီနယ် (ရဟန်းမင်းအမတ်) များသည် သြဇာ ရှိကြသည်။
Next: တရုတ်နှင့်ဗာတီကန်နိုင်ငံနှစ်ခု၏ သံတမန်လမ်းကြောင်းမှ ကချင်ပြည်နယ်ငြိမ်းချမ်းရေးကို ဖြစ်ထွန်းစေနိုင်ဟု မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများက မျှော်လင့်