ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က ဝါတွင်းကာလအတွင်း ခရစ်ယာန်များက ကျင့်ကြံလိုက်နာကြရမည့် အချက် (၃) ခုကို မီးမောင်းထိုးပြတော်မူ

014

ဗာတီကန်၊ ဖေဖော်ဝါရီလ ၇၊ ၂၀၁၇

ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က ဝါတွင်းကာလအတွင်း ခရစ်ယာန်များက ကျင့်ကြံလိုက်နာကြရမည့် အချက်(၃) ခုကို ဖေဖော်ဝါရီလ (၇) ရက်နေ့တွင် ထုတ်ပြန်တော်မူလိုက်သည်။ ရဟန်းမင်းကြီး၏ဝါတွင်းတရားတော်သည် အောက်ပါ အတိုင်း ဖြစ်ပါသည်။

ချစ်လှစွာသော ညီအစ်ကိုမောင်နှမအပေါင်းတို့၊ ဝါတွင်းကာလသည် အသစ်ကို စတင်ခြင်း၊ ပါစကားပွဲတော်၏ တိကျသောပန်းတိုင်ဖြစ်သော ခရစ်တော်ဘုရားရှင်၏ သေခြင်းကို အောင်မြင်ခြင်းသို့ ဦးတည်လျှောက်လှမ်းခြင်း ဖြစ်ပါ ပေသည်။ ဤအချိန်ကာလက ကျွန်ုပ်တို့အားလုံးကို အကျင့်တရားများ ပြောင်းလဲကြရန် ဖိတ်ခေါ်နေပါသည်။ ခရစ်ယာန် များသည် သာမညောင်ညဘဝကို ငြင်းဆန်ပြီး ယေဇူးဘုရားမြတ်နှင့် ရင်းနှီးခင်မြင်ခြင်းထဲ၌ ကြီးထွားရန် အလို့ဌါ မြတ်စွာဘုရားသခင်ထံတော်သို့ နှလုံးအပြည့်အဝဖြင့် (ယောလ ၂း၁၂) ပြန်လာကြရန် ဖိတ်ခေါ်ခြင်း ခံကြရသည်။ ယေဇူးခရစ်တော်ဘုရားသည် ကျွန်ုပ်တို့ကို မည်သည့်အခါမျှ မစွန့်လွှတ်ဘဲ သေချာရှိတော်မူသော မိတ်ဆွေ ဖြစ်တော်မူ သည်။ မိမိတို့က အပြစ်ပြုမိလျှင်ပင်၊ အရှင်မြတ်သည် မိမိတို့၏ သူ့ထံသို့ ပြန်လာမည့်အချိန်ကို စိတ်ရှည်စွာ စောင့်ဆိုင်း နေတော်မူပြီး စိတ်ရှည်သောမျှော်လင့်ခြင်း အားဖြင့် အရှင်ခရစ်တော်သည် ကျွန်ုပ်တို့ကို အခွင့်လွှတ်ရန် အဆင်သင့် ရှိတော်မူခြင်းကို ပြသနေတော်မူသည်။

ဝါတွင်းကာလသည် ဝါရှောင်ခြင်း၊ ဆုတောင်းခြင်းနှင့်လှူဒါန်းခြင်းတို့အား မိမိတို့အား စွန့်ကြဲတော်မူသော ဖြောင့်မတ်ခြင်း ကို ရရှိစေသည့် လမ်းစဉ်များအားဖြင့် ကျွန်ုပ်တို့၏ဝိညာဉ်ရေးအသက်တာကို ခိုင်မာနက်ရှိုင်းစွာ တည်ဆောက်ရမည့် အခွင့်သာသော အချိန်ကာလဖြစ်ပေသည်။ အရာခပ်သိမ်းတို့၏ အခြေခံအုတ်မြစ်သည် နှုတ်ထွက်စကားတော် ဖြစ်တော် မူပြီး ၎င်းကို ကြားနာပြီး လေးနက်စွာထောက်ရှုကြရန် ကျွန်ုပ်တို့သည် ဖိတ်ခေါ်ခြင်းကို ခံကြရပေသည်။ ယခုအချိန် တွင်မူ ကျွန်ုပ်သည် သူဌေးတစ်ဦးနှင့်ဆင်းရဲသားလာဇရုတို့၏ ပုံပြင် (လုကား ၁၆း၁၉-၃၁) ကို အနည်းငယ်ထောက် ရှုလိုပါသည်။

(၁) တခြားလူတစ်ဦးသည် ဘုရားရှင်၏လက်ဆောင် ဖြစ်သည်။

ဤပုံပြင်သည် အဓိကဇာတ်ကောင်နှစ်ခုဖြင့် စတင်သည်။ ဆင်းရဲသားတစ်ဦးသည် ထရန်ပင်ခွန်အားမရှိဘဲ ဒုက်္ခရောက် နေသူအဖြစ် ဖော်ပြထား သည်။ သူဌေးတစ်ဦး၏တံခါးဝတွင် လဲနေလျက်၊ သူဌေး၏စားပွဲပေါ်မှ ပြုတ်ကျသောအရာများ ကို ကောက်စားရသည်။ သူ၏ခန်္ဓာကိုယ်သည် အနာများဖြင့် ပြည့်နှက်လျှက် ခွေးများက သူ့အနာ၏အရည်များကို လျက်ကြရသည်။ ၎င်းဆင်းရဲသားကို လာဇရုဟု ခေါ်ဆိုသည်။ လာဇရုဟူသော အမည်၏အနက်သည်ကား ““ဘုရား သခင်က ကူညီတော်မူသည်”” ဟု အနက်ရသည်။ လာဇရု၏အနေအထားသည်ကား လူတစ်ဦးသည် မည်မျှပင် ဆင်းရဲ ညစ်ပတ်နေပါလေစေ၊ ဘုရားသခင်သည် ၎င်းလူသားကို ချစ်ခင်လျက် ပြုစုတော်မူပေသည်။ လာဇရုဖြစ်ရပ်က တခြား လူတစ်ယောက်သည် ဘုရားသခင်၏လက်ဆောင် ဖြစ်သည်ဟူသော အချက်ကို သင်ပေးပါသည်။ တခြားသူများနှင့် မှန်ကန်သောပေါင်းသင်းဆက်ဆံမှုပြုခြင်းသည် ၎င်းလူတွင်ရှိနေသော တန်ဖိုးများကို ကောင်းမွန်စွာ အသိအမှတ်ပြုခြင်း လည်း ပါဝင်သည်။ သူဌေးအိမ်တံခါးဝရှေ့တွင် လဲကျနေသော ဆင်းရဲသားသည် မိမိအတွက် စိတ်အနှောင့်အယှက် ပေးသူမဟုတ်ဘဲ မိမိ၏ဘဝကို ပြုပြင်ပြောင်းလဲရန် ဖိတ်ခေါ်နေခြင်း ဖြစ်သည်။ ဤပုံပြင်က ကျွန်ုပ်တို့အား မိမိတို့၏ နှလုံးသားတံခါးများကို ဘုရားရှင်၏လက်ဆောင်တော်ဖြစ်သော တခြားသူများအတွက် ဖွင့်လှစ်ပေးရန် ကျွန်ုပ်တို့ကို ဖိတ်ခေါ်နေခြင်း ဖြစ်သည်။ ဝါတွင်းကာလသည် ခရစ်တော်ရှင်၏မျက်နှာတော်ကို အကူအညီလိုအပ်နေသူများ၏ ဘဝထဲတွင် တွေ့မြင်နိုင် ရန်နှင့်တံခါးများကို ဖွင့်ထားပေးရန် အကောင်းဆုံးသောအချိန် ကာလ ဖြစ်ပေသည်။ ကျွန်ုပ်တို့၏ နေ့စဉ်ကြုံတွေ့ရသော ဘဝတိုင်းသည် ကြိုဆိုလက်ခံခြင်း၊ လေးစားခြင်းနှင့်ချစ်ခြင်းမေတ်္တာတို့နှင့်ထိုက်တန်သော လက်ဆောင်တော် ဖြစ်ပေသည်။ မြတ်စွာဘုရားရှင်၏ နှုတ်ထွက် စကားတော်သည် ကျွန်ုပ်တို့က ခွန်အားနည်းပြီး ပျက်စီး လွယ်သော လူ့သားများကို ကြိုဆိုရန်နှင့်ချစ်ခင်နိုင်ရန် မိမိတို့၏မျက်စိများကို ဖွင့်ထားနိုင်ရန် ကူညီတော်မူပါစေ။ ကျွန်ုပ်တို့သည် ဤကဲ့သို့အမှန်တကယ်လုပ်ဆောင်နိုင်ကြရန်အလို့ဌာ၊ နှုတ်ထွက်စကားတော်က မိမိတို့အား မြွက်ကြား တော်မူသော သူဌေးတစ်ဦး၏ဖြစ်ရပ်ကို လေးလေးနက်နက် ထောက်ရှုကြရပေမည်။

(၂) အပြစ်က ကျွန်ုပ်တို့ကို မျက်ကန်းဖြစ်စေသည်

ဤကျမ်းချက်ကိုကြည့်လျှင် ဆင်းရဲသား၌အမည် (လာဇရု) ဟု ရှိသော်လည်း သူဌေး၏အမည်ကို (ချမ်းသာအမျိုးသား) ဟုသာ ဖော်ပြထားပြီး တိကျသော အမည်ကိုမူ ကျမ်းစာတော်၌ မဖော်ပြထားပေ။ သူဌေး၏ချမ်းသာကြွယ်ဝမှုကို သူ၏ဈေးကြီးသော ဝတ်စားဆင်ယင်မှုက ဖော်ပြနေသည်။ ခရမ်းနုရောင်အဝတ်အစားသည် ရွှေနှင့်ငွေထက် ပိုပြီး ဈေးကြီးကာ ဘုရားအဆင့်ရှိသူများနှင့် ဘုရင်များအတွက်သာ သီးသန့်ဖယ်ထားသော အဝတ်အစား ဖြစ်သည် (ယေရမိ ၁၀း၉၊ တရားသူကြီး ၈း၂၆)။ ဗီသွာလျှော်ဖြင့်ရက်သောအထည်သည် မြင့်မြတ်သောစရိုက်လက်္ခဏာကို ဆောင်သော လူကိုသာ ပေးလေ့ ရှိသည်။ သူဌေးသည် မိမိ၏စည်းစိမ်ကို နေ့စဉ်အသုံးပြုခြင်းဖြင့် ကြွားဝတတ်သူ ဖြစ်သည် (အခန်းငယ် ၁၉)။ ကျွန်ုပ်တို့သည် သူ၏အဆင့်သုံးဆင့်ဖြစ်သော ငွေကိုမက်မောခြင်း၊ ဘဝင်မြင့်ခြင်းနှင့် မာနထောင်လွှားခြင်းတို့ဖြင့် သူ၌အကျင့်ပျက်ခြင်း အပြစ်၏အရိပ်ခနဲကို ကွက်ကွက်ကွင်းကွင်း တွေ့မြင်နိုင်ကြပါသည်။ တမန်တော်ကြီးရှင်ပေါလူးက ငွေကိုခင်တွယ်ခြင်းသည် မကောင်းမှုတို့၏ရင်းမြစ် ဖြစ်သည် (၁တိမောတေ ၆း၁၀) ဟု ကျွန်ုပ်တို့အား သွန်သင်တော်မူ သည်။ ငွေသည် အကျင့်ပျက်ချစားခြင်း၏အဓိကအကြောင်းရင်း၊ မနာလိုဝန်တိုခြင်း သံသယဖြစ်ခြင်းနှင့်ခိုက်ရန် ဖြစ်ပွားခြင်းတို့၏ရင်းမြစ်လည်း ဖြစ်ပေသည်။ ငွေသည် ကျွန်ုပ်တို့ကို လွှမ်းမိုးချုပ်ကိုင်နိုင်ပြီး ကြောက်မက်ဖွယ်ကောင်း သော ရုပ်တုအဆင့်သို့ ရောက်စေနိုင်သည်။ ကျွန်ုပ်တို့၏လိုအပ်ချက်များနှ င့်တခြားသူများ၏လိုအပ်ချက်များကို ဖြည့်ဆည်း ဝယ်ယူခြင်းနှင့်တခြားသူများအား တစ်လုံးတဝတည်းဖြစ်ခြင်းကို ပြသခြင်း၌ အသုံးပြုရသော ကိရိယာပမာ မဖြစ်ဘဲ၊ ငွေသည် ငြိမ်းချမ်းခြင်းကို ဟန့်တားပြီး ချစ်ခြင်းတရားကင်းမဲ့သော အတ်္တသမားအဖြစ်သို့ ကမ်္ဘာကြီးနှင့် ကျွန်ုပ်တို့ တစ်ဦးစီကို ရောက်စေနိုင်သည်။ ဤပုံပြင်က သူဌေးသည် မိမိ၏လောဘစိတ်က သူ့ကို အချည်းအနှီးဖြစ်စေ သည်။ သူ၏ကိုယ်ရည်ကိုယ်သွေးကား၊ သူ၏လုပ်နိုင်စွမ်းကို တခြားသူများအား ပြသခြင်းတွင် ဖော်ပြထားသည်။ သို့သော် ပြင်ပပေါ်လွင်သောရုပ်ရည်သည် ဗလာနတ်္တိဖြစ်နေသော သူ၏အတွင်းကိုယ်ရည်ကိုယ်သွေးကို ဖုံးကွယ်ထားလေသည်။ သူ့ဘဝသည် သူ၏အပြင်ပန်းပေါ်လွင်မှု၏အကျဉ်းသား ဖြစ်ပြီး အဆံမရှိအပေါ်ယံတဒင်္ဂကိုတွင်သာ အသက်ရှင်နေ သည်။ ဤကိုယ်ကျင့် တရားပျက်စီးခြင်း၏အနိမ့်ဆုံးသောဂုဏ်အဆင့်တန်းသည် မာနထောင်လွှားခြင်းပင် ဖြစ်သည်။ သူဌေးသည် ဘုရင်ကဲ့သို့ ဝတ်ဆင်ပြီး ဘုရားကဲ့သို့ ပြုမှုသော်လည်း သူ၏ကိုယ်ကျင့်တရားကိုမူ မေ့လျော့နေသည်။ စည်းစိမ်ကို မက်မောခြင်းဖြင့် အကျင့်ပျက်သူများသည် အတ်္တသမားများသာ ဖြစ်ကြသည်။ သူတို့၏အနားတွင် ရှိနေကြ သူများသည် သူတို့၏မြင်နိုင်သောအနားသို့ မရောက်လာကြပေ။ ငွေကိုတပ်မက်စွဲလမ်းခြင်း၏ ရလဒ်သည်ကား မျက်ကန်း ခြင်းတစ်မျိုးပင် ဖြစ်ပေသည်။ သူဌေးသည် အစာငတ်နေပြီး ဒုက်္ခရောက်နေကာ မိမိ၏တံခါးဝတွင် လဲနေသော ဆင်းရဲသားကို မမြင်နိုင်တော့ပေ။ ဤဖြစ်ရပ်ကိုကြည့်ရလျှင် အဘယ်ကြောင့်ခရစ်တော်၏တရားတော်က ငွေကြေးကို မက်မောခြင်းအား ခါးသီးစွာ ရှုတ်ချသနည်းဟူသော အချက်ကို ကျွန်ုပ်တို့ နားလည်နိုင်ကြပါသည်။ ကျမ်းစာ၌ကား၊ ““မည်သူမျှ သခင်နှစ်ပါးကို အစေမခံနိုင်။ အကြောင်းမူကား သူသည် သခင်တစ်ပါးကိုမုန်းပြီး ကျန်တစ်ပါးကို ချစ်၍သော် လည်းကောင်း၊ သခင်တစ်ပါးကို သစ်္စာခံပြီး ကျန်တစ်ပါးကို မထီမဲ့မြင်ပြု၍သော်လည်းကောင်း ရှိလိမ့်မည်။ သင်တို့သည် ဘုရားသခင်နှင့် ဥစ်္စာဓန နှစ်ပါးစလုံးကို အစေမခံနိုင် (မာတေးဦး ၆း၂၂)”” ဟု မြွက်ကြားထားတော်မူသည်။

(၃) ဘုရား၏နှုတ်ကပတ်တော်သည် လက်ဆောင်တော်ဖြစ်သည်။

သူဌေးနှင့်လာဇရုတို့ကို ဖော်ကျူးထားသော နှုတ်ကပတ်တော်သည် ပါစကားပွဲတော်အတွက် ကောင်းမွန်သောပြင်ဆင် ခြင်းမျိုးကို မိမိတို့အား ပြုလုပ်နိုင်ရန် ကူညီပေးလေသည်။ ပြာခံသောဗုဒ်္ဓဟူးနေ့ကြီးကလည်း ချမ်းသာသောအမျိုးသား ကဲ့သို့ပင် တူညီသောတွေ့ကြုံခြင်းကို ရရှိရန် ဖိတ်ခေါ်လေသည်။ ရဟန်းက မိမိတို့နဖူးပေါ်တွင် ပြာသုတ်သောအခါတွင်၊ ““သင်သည်မြေမှုန့်ဖြစ်ပြီး မြေမှုန့်သို့ ပြန်သွားရမည်ကို သတိရလော့”” ဟု မြွက်ဆိုလေသည်။ တဖက်ကကြည့်လျှင်၊ သူဌေးနှင့်ဆင်းရဲသားတို့နှစ်ဦးစလုံးသည် သေဆုံးကြပြီး ပိုပြီးကြီးမားသော အစိတ်အပိုင်းသည် သေဆုံးပြီးနောက်မှ ဖြစ်ပျက်သွားသည်။ ဤဖြစ်ရပ်ကား၊ ကျွန်ုပ်တို့သည် ဗလနတ်္တိဖြင့် မွေးဖွားလာကြပြီး ဗလနတ်္တိဖြင့် သေဆုံးကြရသည် (ပထမတိမောတေ ၆း၇)။ သေဆုံးသွားပြီးလျှင် လူ့ဘဝသည် မည်ကဲ့သို့ ဖြစ်သည်ကို ကျွန်ုပ်တို့ တွေ့ရှိရပါသည်။ သူဌေးက အာဘရဟမ်အား ““အဖေ”” (လုကား ၁၆း၂၄၊ ၂၇) ဟု ခေါ်လျက် စကားပြောဆိုခြင်းသည် ၎င်းသူဌေးသည် ဘုရားရှင်မြတ်၏လူမျိုးတော်နှင့်ပတ်သက်ခြင်းလက်္ခဏာ ဖြစ်သည်။ ဤအချက်က သူ၏ဘုရားရှင်နှင့်ဆက်သွယ်ခြင်းကို မဖော်ပြသည့်အချိန်အထိ သူ့ဘဝနှင့်လုံးဝခြားနားသွားသည်ကို မီးမောင်းထိုးပြသည်။ အမှန်စင်စစ်၊ သူ့ဘဝထဲတွင် ဘုရားသခင်ကို လုံးဝနေရာမပေးပေ။ သူ၏ဘုရားသည်ကား သူ့ကိုယ်သူသာ ဖြစ်လေသည်။

သူဌေးသည် ဆင်းရဲသားလာဇရုကို သေဆုံးပြီးနောက်ခံထမ်းရသော ဒုက်္ခဝေဒနာကို ကြုံတွေ့ချိန်မှသာ သတိပြုမိလေ သည်။ သူသည် မိမိ၏ရေငတ်ခြင်းဝေဒနာကို လာဇရုထံမှ ရေတစက်ဖြင့် ပျောက်ကင်းစေလိုသည်။ သူ တောင်းဆိုသော အရာလေးသည် လာဇရုအပေါ် ပြုနိုင်သောအရာမျှသာ ဖြစ်သော်လည်း သူ မပြုခဲ့ပေ။ ထိုအခါ၊ အာဘရဟမ်က ““သင်အသက်ရှင်နေစဉ်၊ သင်သည် ကောင်းသောအရာများဖြင့် ပြည့်နှက်နေခဲ့ပြီး လာဇရုမှုကား ဆိုးသောအရာများ ဖြင့်သာ ပြည့်နှက်နေခဲ့သည်။ ယခုအခါတွင်မူ သူ (လာဇရု)သည် နှစ်သိမ့်ခြင်းကို ခံရချိန်တွင် သင်သည် ငိုကြွေးနေရပြီ။ သေဆုံးပြီးနောက်တွင်မူ တရားမျှတခြင်းတစ်မျိုးသည် စိုးမိုးလာပြီး လူ့ဘဝ၏မကောင်းမှုများ သည် ကောင်းမြတ်ခြင်းဖြင့် မျှတစေလေသည်”” ဟု သူဌေးအား ပြောဆိုလေသည်။

ဤပုံဥပမာသည် ခရစ်ယာန်များအားလုံးအတွက် သတင်းစကားကို ပေးနေသည်။ သူဌေးက လာဇရုကို အသက်ရှင် နေကြသေးသော သူ၏ညီအစ်ကို များထံသို့ သွားရောက်ပြီး သတိပေးပါရန် အာဘရဟမ်အား တောင်းဆိုခဲ့သည်။ သို့သော်အာဘရဟမ်က ““သူတို့တွင် မိုးဇက်နှင့်ပရောဖက်များ ရှိကြပြီး သူတို့ကို နားထောင်ကြပါစေ (အခန်း ၂၉)။ သူဌေး၏တောင်းဆိုချက်များကို တုံ့ပြန်ရင်း၊ အာဘရဟမ်က ““သူတို့သည် မိုးဇက်သို့မဟုတ်ပရောမဖက်များကို နားမ ထောင်လျှင်၊ သူတို့သည် သေခြင်းမှပြန်ရှင်သောသူ၏ စကားကိုလည်း လက်ခံကြမည်မဟုတ် (အခန်း ၃၁)”” ဟု ပြန်လည်ချေပလေသည်။ သူဌေးလုလင်၏အမှန်တကယ်ပြဿနာသည် အရှေ့ကို ရောက်နေသည်။ သူ၏ မကောင်းခြင်း များအားလုံးသည် ဘုရားရှင်၏နှုတ်ကပတ်တော်ကို နားထောင်ရန်ပျက်ကွက်ခြင်းပင် ဖြစ်သည်။ ၎င်းရလဒ်အားဖြင့် သူသည် ဘုရားသခင်ကို လုံးဝမချစ်နိုင်တော့ဘဲ သူ၏အိမ်နီးနားချင်းကို ဝမ်းနည်းကြေကွဲစေခဲ့သည်။ မြတ်စွာဘုရားသခင် ၏နှုတ်ထွက်စကားတော်သည် အသက်ရှင်ပြီး တန်ခိုးကြီးကာ စိတ်နှလုံးသားများကို ပြောင်းလဲစေနိုင်ပြီး ဘုရားသခင်ထံ တော်သို့ ပို့ဆောင်ပေးနိုင်သည်။ ကျွန်ုပ်တို့သည် မိမိတို့၏နှလုံးသားကို ဘုရားရှင်၏နှုတ်ထွက်စကားတော်အတွက် မဖွင့် ပေးထားလျှင်မူ မိမိတို့၏ညီအစ်ကိုမောင်နှမများ၏ လက်ဆောင်အပေါ် နှလုံးသားကို ပိတ်ထားခြင်းပင် ဖြစ်သည်။

မိတ်ဆွေအပေါင်းတို့၊ ဝါတွင်းကာလသည် ကျွန်ုပ်တို့က မိမိ၏နှုတ်ကပတ်တော်၊ မင်္ဂလာမြတ်များ (စကရမင်းများ) နှင့် ကျွန်ုပ်တို့၏ အိမ်နီးနားချင်းများထဲတွင် အသက်ရှင်နေတော်မူသော ခရစ်တော်ဘုရားနှင့် တွေ့ဆုံနိုင်ကြရန်အတွက် ပြန်လည်မွမ်းမံကြရမည့်အချိန်သာမယ ဖြစ်ပေသည်။ သဲကန်္တာရထဲတွင် ရက်ပေါင်းလေးဆယ်တိတိ နတ်ဆိုး၏ဖြား ယောင်းသွေးဆောင်ခြင်းကို အောင်မြင်ကျော်လွှားခဲ့သော သခင်ယေဇူးဘုရားမြတ်သည် မည်ကဲ့သို့သော လမ်းမျိုးကို လျှောက်လှမ်းသင့်ကြောင်းကို ကျွန်ုပ်တို့အား ပြသပေးတော်မူသည်။ သန့်ရှင်းသောဝိညာဉ်တော်ဘုရားသည် အကျင့်တရား ပြောင်းလဲသော လမ်းခရီးထဲသို့ ကျွန်ုပ်တို့ကို လမ်းပြတော်မူလျက်၊ မိမိတို့ကို မျက်ကန်းဖြစ်စေသော အပြစ်ကို သန့်စင်စေ လျက် အကူအညီလိုအပ်နေသောမိမိတို့၏ညီအစ်ကိုမောင်နှများထဲတွင် ကျိန်းအောင်းတော်မူသော ယေဇူးအရှင်မြတ်ကို အစေခံနိုင်ကြရန်အလို့ဌာ၊ မြတ်စွာဘုရားသခင်၏လက်ဆောင်တော်နှုတ်ကပတ်တော်ကို ကျွန်ုပ်တို့အား ပြန်လည်မြင် တွေ့ပေးတော်မူပါစေသား။ ကျွန်ုပ်အနေဖြင့် တကမ်္ဘာလုံးရှိ ကက်သလစ်အဖွဲ့အစည်းများက ပြုလုပ်နေကြသော ဝါတွင်းခြိုးခြံအလှူထည့်ခြင်းလှုပ်ရှားမှုတွင် ပါဝင်ကြခြင်းအားဖြင့် ဝိညာဉ်ရေးဆိုင်ရာ အသစ်တဖန် ရှင်သန်ခြင်းကို ပြုလုပ်ကြလျှင် တစ်ခုတည်းသော ပုထုဇဉ်မိသားစုထဲတွင် တွေ့ဆုံကြခြင်းယဉ်ကျေးမှုကို အားပေးခြင်းအား ထုတ်ဖော် ကြပါရန် ခရစ်ယာန်ဘာသာဝင်များအားလုံးကို တိုက်တွန်းဆော်သြလိုက်ပါသည်။ ခရစ်တော်ယေဇူး၏ အောင်မြင်ခြင်းကို ဝေမျှကြလျက် အားနည်းသူများနှင်ဆင်းရဲသားများကို ကျွနု်ပ်တို့က တံခါးဖွင့်ပေးနိုင်ကြရန်၊ အချင်းချင်း ဆုတောင်းပေးကြ ပါစို့လား။ သို့ပြုလျှင် ကျွန်ုပ်တို့သည် ပါစကားပွဲတော် (ခရစ်တော်ဘုရား၏ရှင်ပြန်ထမြောက်ခြင်း၏ ဝမ်းမြောက်ခြင်း) ကို မြည်းစမ်းခံစားကြလျက် ဝေမျှနိုင်ကြမည် ဖြစ်ပေသည်။
(Catholic Herald UK မှ ထုတ်ပြန်ထားသော ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်၏ ဝါတွင်းနှိုးဆော်ချက်တရားတော်ကို အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ဦးဂျိုးဇက်ကုန်ဇမှုန်းက ဆီလျော်အောင် ပြန်ဆိုထားခြင်း ဖြစ်ပါသည်)။ ၀၀၇ ကုန်ဇမှုန်း

1165  Views
Previous: ၂၀၁၇-ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ““စစ်ပွဲများ ရပ်စဲကြပါ””ဆိုတဲ့စာသားပါတဲ့ ကဒ်တွေ၊ အလံတွေ သယ်ဆောင်သွားကြပါစို့။
Next: Myanmar’s Cardinal Bo calls for ‘green theology of liberation’