ရဟန်းမင်းကြီးက ဗာတီကန်တွင်တာဝန်ထမ်းဆောင်နေကြသော ရဟန်းမင်းအမတ်ကာဒီနယ်များ၏လစာကို ၁၀% လျှော့ချ

ဆလိုင်းကုန်ဇမှုန်း

ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်ဟာ ဗုဒ္ဓဟူးနေ့က ဗာတီကန်နန်းတော်ထဲတွင် အမှုထမ်းနေကြသော ဝန်ထမ်းများ၏ လစာကို လျှော့ချလိုက်ပါတယ်။ ရဟန်းမင်းကြီးက ဝန်ကြီးဌာနများရဲ့ ဘတ်ဂျက်ဟာ ၂၀၂၁ ခုနှစ်မှာဒေါ်လာသန်း ၆၀ လိုငွေပြမှုရှိမယ်လို့ခန့်မှန်းထားပြီးကုန်ကျစရိတ်တွေကိုထိန်းသိမ်းနိုင်ဖို့ဗာတီကန် ဝန်ထမ်းတွေကို အလုပ်ဖြုတ်မယ့်အစား သူတို့ရဲ့လစာများကိုသာ ဖြတ်တောက်လိုက်တာဖြစ်ပါတယ်။

ရဟန်းမင်းကြီးက ဗာတီကန်တွင်တာဝန်ထမ်းဆောင်နေကြသော ရဟန်းမင်းအမတ်ကာဒီနယ်များ၏လစာကို ၁၀% လျှော့ချမည်ဟုပြောကြားခဲ့သည်။ အီတလီမီဒီယာများအဆိုအရ ဗာတီကန်တွင်တာဝန်ထမ်းဆောင်နေကြသော ရဟန်းမင်းအမတ်ကာဒီနယ်တစ်ပါး၏လစာသည် ဒေါ်လာ ၆၀၀၀ ခန့်ရှိသည်ဟု ခန့်မှန်းထားကြပါသည်။

ဗာတီကန်နိုင်ငံ၏အခြား၀ န်ထမ်းများလစာကို ၈ ရာခိုင်နှုန်းလျှော့ချပြီးဗာတီကန်မှအချို့သော ရဟန်းနှင့်သူတော်စင်များလစာကိုမူ ၃ ရာခိုင်နှုန်းလျှော့ချသည်။

ရဟန်းမင်းကြီးက ဗာတီကန်ဝန်ထမ်းများ၏လစာကို နှစ်နှစ်တစ်ကြိမ်အလိုအလျောက် တိုးပေးခြင်းကို ၂၀၃၃ ခုနှစ်မတ်လ ၃၁ ရက်အထိဆိုင်းငံ့လိမ့်မည်ဖြစ်ကြောင်းပုပ်ရဟန်းမင်းကြီးကအမိန့်ပေးခဲ့သည်။

ရဟန်းမင်းကြီးက ထိုသို့ဆုံးဖြတ်ရခြင်းမှာ၊ အဓိကဝင်ငွေဖြစ်သော ဗာတီကန်ပြတိုက်သို့ နိုင်ငံခြားသားများ ဝင်ရောက်လေ့လာမှု နည်းပါးနေခြင်းကြောင့် ဗာတီကန်၏စီးပွားရေးကို ရေရှည်တည်တံ့သောအနာဂတ်အတွက်လိုအပ်သည်ဟုပြောကြားခဲ့သည်။

ဗာတီကန်ဝန်ထမ်များ၏ ကုန်ကျစရိတ်များတွင် ဝန်ထမ်းလစာသည် ဗာတီကန်ရဲ့ထိပ်တန်းအသုံးစရိတ်ဖြစ်ကြသည်။ ယခုလအစောပိုင်းကထုတ်ဝေသည် ဗာတီကန်နိုင်ငံ၏ ၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျက် $ 376 သန်း၏စုစုပေါင်းကုန်ကျစရိတ်ထဲက $ 165 သန်းသည် လစာများအတွက်ခွဲဝေခဲ့ဟုဆိုသည်။

ပုပ်ရဟန်းမင်းကြီးရဲ့မတ်လ ၂၄ ရက်အမိန့်မှာသန့်ရှင်းသောဘုရားနှင့်ဗာတီကန်မြို့တော်ရဲ့လစာအချို့ကိုလျှော့ချဖို့ဆိုတာ ၀ င်ငွေနှင့်အသုံးစရိတ်များအကြားရေရှည်တည်တံ့ခိုင်မြဲစေရန် ဖြစ်သည်ဟု ပြောကြားသည်။

ပုပ်ရဟန်းမင်းကြီးက ဗာတီကန်မှာအလုပ်အကိုင်တွေ၊ အထူးသဖြင့်လုပ်သား ၀ န်ထမ်းတွေကို အလုပ်ဖြုတ်မယ့်အစား သူတို့ရဲ့လစာကိုသာ လျှော့ချခြင်းက ပိုပြီးအကျိုးရှိသည်ဟု ပြောပြီး အလုပ်၏ဂုဏ်သိက္ခာနှင့်လုပ်အားခမျှတရန်လိုအပ်ကြောင်းကိုလည်းပြောဆိုခဲ့သည်။

728  Views
Previous: Asian cardinals appeal for peace in Myanmar
Next: မြန်မာ့ နွေဦးတော်လှန်ရေး CDM လှုပ်ရှားမှုကို နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်းတင်သွင်း