ရဟန်းမင်းကြီးဖရန့်စစ်က ဆုတောင်းခြင်းသည်ခက်ခဲသည်ဟုမီးမောင်းထိုးပြတော်မူ

ရဟန်းမင်းကြီးဖရန့်စစ်က ဆုတောင်းခြင်းသည်ခက်ခဲသည်ဟု ဗုဒ္ဓဟူးနေ့တွင်အသိအမှတ်ပြုသော်လည်း၊ မည်ကဲ့သို့ ကျော်လွှာနိုင်မည်ကိုပါ အကြံပြုတော်မူသည်။

ရဟန်းမင်းကြီးက မေလ ၁၉ ရက်နေ့မှာကျင်းပတဲ့ပရိသတ်များကိုစကားပြောရာတွင် ဆုတောင်းခြင်းရဲ့ရန်သူသုံးယောက်ဖြစ်တဲ့အာရုံပျံ့လွင့်စေခြင်း၊ စိတ်ထဲမှာခန့်ခြောက်သလိုခံစားနေရခြင်းနှင့်စိတ်ညစ်နေခြင်းတို့ဖြစ်ပါတယ်လို့ မီးမောင်းထိုးပြတော်မူလိုက်သည်။

ရဟန်းမင်းကြီးက ရှင်လုကား ၂၁း၃၄-၃၆ ကျမ်းချက်အရ၊ ယေဇူးဘုရားရှင်သည် မိမိ၏တပည့်တော်များအား အမြဲတမ်းနိုးကြားစွာဖြင့် နေထိုင်ရန် တိုက်တွန်းတော်မူခဲ့ကြောင်းကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ခဏခဏဆုတောင်းနေသူ၊ မေတာဆိုနေသူသည် အာရုံလွှင့်ခြင်းကို ကြုံတွေ့ရတတ်သည်ဟု မိန့်ကြားတော်မူသည်။

“ဆုတောင်းခြင်းသည်မလွယ်ကူပါ။ အခက်အခဲများစွာသည်ဆုတောင်းခြင်း၌ပါ ၀ င်သည်။ ဆုတောင်းခြင်းရဲ့ရန်သူသုံးယောက်ဖြစ်တဲ့အာရုံပျံ့လွင့်စေခြင်း၊ စိတ်ထဲမှာခန့်ခြောက်သလိုခံစားနေရခြင်းနှင့်စိတ်ညစ်နေခြင်းတို့ကိုသိဖို့၊ အသိအမှတ်ပြုဖို့နဲ့အောင်မြင်ဖို့လိုတယ်” ဟုသူက မိန့်ကြားတော်မူသည်။

ရဟန်းမင်းကြီးက အာရုံပျံ့လွင့်စေခြင်း၊ စိတ်ထဲမှာခန့်ခြောက်သလိုခံစားနေရခြင်းနှင့်စိတ်ညစ်နေခြင်းတို့ကို အနိုင်ယူနိုင်ရန်အတွက် ကျွန်တော်တို့တစ်ဦးစီဟာ လေ့လာသင်ယူခြင်း၊ အလုပ်လုပ်ခြင်နှင့်အားကစားတို့ကို ပြုလုပ်ရမှာဖြစ်ကြောင်း အကြံပြုတော်မူလိုက်သည်။

အားကစားသမားများသည်ပြိုင်ပွဲမျာအတွက် ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ခြင်းအားဖြင့်သာအနိုင်ရရှိခြင်းမဟုတ်ဘဲစိတ်ပိုင်းဆိုင်ရာစည်းမျဉ်းများဖြင့်သာမကအများအားဖြင့်အာရုံစူးစိုက်နိုင်စွမ်းနှင့်အာရုံစူးစိုက်နိုင်စွမ်းရှိကြသည်ကိုသတိပြုမိကြသည်။

ရဟန်းမင်းကြီးကကက်သလစ်တွေကိုအာရုံပျံ့လွင့်မှုတွေကိုတိုက်ဖျက်ဖို့၊ အမြဲတမ်းမေ့လျော့ခြင်းခံရသောပါရမီဖြစ်သော သတိရှိခြင်းပါရမီကို ကျင့်ကြံနေထိုင်ကြရန် တိုက်တွန်းတော်မူသည်။ အရှင်သူမြတ်က ခရစ်ဝင်ကျမ်းတစ်လျှောက်လုံးတွင်ယေဇူးဘုရားရှင်သည်ဤသီလကိုကျင့်သုံးရန်တပည့်များကိုတိုက်တွန်းခဲ့သည်ဟု ပြောကြားခဲ့သည်။

516  Views
Previous: ဆက်သွယ်ရေးကြားဖြတ်စနစ် တပ်ဆင်မှု အလားအလာနှင့် ဝေဖန်မှုတချို့
Next: Myanmar Junta Scraps Retirement Age for Its Leaders