လွိုင်ကော်မြို့တွင် ရဟန်းဖြစ်တက္ကသိုလ် (သီအော်လိုဂျီ)ကို ဖွင့်လှစ်တော့မည်

54-b

ဇူလိုင် ၁၂၊ ရန်ကုန်

မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများသည် လွိုင်ကော်မြို့တွင် ရဟန်းဖြစ်တက္ကသိုလ် (သီအော်လိုဂျီ) ကို စတင်ဖွင့်လှစ်ရန် မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများက ဆုံးဖြတ်လိုက်ကြောင်း သတင်းရရှိ သည်။ မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများသည် လွန်ခဲ့သော ဇွန်လ ၁၀-၁၃ ရက်နေ့အထိ ရန်ကုန်မြို့ ရှိမြန်မာနိုင်ငံကက်သလစ်ဆရာ တော်ကြီးများအဖွဲ့ချုပ်ရုံးတွင် ပြုလုပ်သော မိမိတို့၏နှစ်ဝက် မျက်နှာစုံ အစည်း အဝေးတွင် ၎င်းဆုံးဖြတ်ချက်ကို  ချမှတ်ခဲ့ကြခြင်း ဖြစ်သည်။ ၎င်း ရဟန်းဖြစ်တက္ကသိုလ် (သီအော်လိုဂျီ)တွင် တောင်ကြီးကက်သလစ်ဂိုဏ်းချုပ်သာသနာလက်အောက်တွင် ရှိနေ ကြသော တောင်ကြီး သာသနာ၊ လွိုင်ကော်သာသနာ၊ ဖယ်ခုံသာသနာ၊ ကျိုင်းတုံသာသနာနှင့်တောင်ငူသာ သနာတို့မှ ရဟန်းလောင်း ကိုရင်များက တက်ရောက်ကြရမည်ဖြစ်ကြောင်းဖြင့် ဆုံးဖြတ်ထားသည်ဟု သတင်းရရှိပါသည်။ ဝင်းလှိုင်ဦး

1687  Views
Previous: မော်လမြိုင်ဆရာတော်ကြီး ရေမွန်ဖိုးရေအား မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ဒုတိယဥက္ကဌအဖြစ် ရွေးချယ်ခန့်အပ်
Next: ဗာတီကန်နိုင်ငံရဲ့ရွှေချောင်းတွေကို ဘယ်မှာစုဆောင်းထားသလဲ။