လူဦးရေခုနှစ်သိန်းရှိသော ကက်သလစ်ခရစ်ယာန်များက မြန်မာနိုင်ငံကို ပြုပြင်တည်ဆောက်ရာတွင် ပါဝင်ကြပါစို့။

Editorial Logo

အယ်ဒီတာ့အာဘော်

နိုင်ငံတော်သမ္မတဦးထင်ကျော်ဦးဆောင်သော အစိုးရအသစ်၏ တာဝန်ထမ်းဆောင်မှုကာလသည် ရက်ပေါင်း (၆၀) ထဲကို ဝင်ရောက် လာပြီ ဖြစ်သည်။ တနည်းအားဖြင့်ပြောရသော် အစိုးရသစ်၏ သက်တမ်းသည် (၂) လ တိတိမျှသာ ရှိနေသေးသည်။ သို့သော် အစိုးရသစ် ၏ နိုင်ငံရေးလူမှုရေးစီးပွားရေးဆိုင်ရာ ပြုပြင်မှုများသည် တိုင်းတာရန်ခက်ခဲသည်ဟု ဆိုရလျှင်မူ မမှားနိုင်သော်လည်း အစိုးရသစ် ၏ ပြည်သူပြည်သားများအပေါ် မသိမသာ ပေးလိုက်သော ခံယူချက်တစ်ခုကမူ မြန်မာနိုင်ငံသူ/သားများသည် မိမိတို့၏ နေ့စဉ်သွားလာ လုပ်ကိုင်မှုများတွင် အရင်ကထက် အချင်းချင်းအပေါ် စိတ်ရှည်ခြင်း၊ မိမိတို့၏လုပ်ရပ်များအပေါ် အပြုသဘော ဆောင်သော အပြုအမှု များဖြင့် ဖော်ရွေသောလူမှုဝန်းကျင်ကို တည်ဆောက်နေကြသည်ဟု အယ်ဒီတာ့ကိုယ်တိုင် ခံစားနေရပါသည်။

ထိုကဲ့သို့သော ရယ်မောပျော်ရွှင်သောလူမှုဝန်းကျင်များ ဖြစ်ပေါ်လာခြင်းသည် အစိုးရအသစ်က ပြည်သူများကို အသိတရားကြွယ် ဝသော ပြည်သူများအဖြစ် ဆက်ဆံပြီး အာဏာမပါ စေတနာပါသော စည်းရုံးမှုဖြင့် ဦးဆောင်မှု ပေးနေခြင်းကြောင့် ဖြစ်သည်ဟု သုံးသပ်ရ ပါသည်။ ထိုသို့နိုင်ငံတော်အစိုးရက မိဘပြည်သူများအား ပညာရှင်အဖြစ် လက်ခံပြီး အသိပေးရာတွင် ကျောင်းတက်နေ သော မိမိတို့၏သားသမီးများကို ကျူရှင်မထားကြရန်နှင့်တံစိုးလက်ဆောင်များကို မပေးကြရန် လမ်းညွန်ထားခြင်းပင် ဖြစ်ပေသည်။

အမှန်စင်စစ်၊ တိုင်းပြည်ကို ကောင်းအောင်နှင့်တိုးတက်အောင် လုပ်ဆောင်ရာတွင် နိုင်ငံသူနိုင်ငံသားများက ပြည်သူ့ဝန်ထမ်းများ (ယခင် ကမူ အစိုးရဝန်ထမ်းများ) ကို တည်ကြည်မှန်ကန်သော ပူးပေါင်းဆောင်ရွက်ခြင်းများ ပေးကမ်းခြင်းပင် ဖြစ်သည်။ အစိုးရ ဝန်ထမ်းများ၏ တာဝန်သည် ပြည်သူများ၏လိုအပ်ချက်ကို ကူညီလုပ်ဆောင်ပေးရန် ဖြစ်သည်။ ထိုသို့ အစိုးရဝန်ထမ်းများက ပြည်သူများ၏လိုအပ် ချက်များကို လုပ်ဆောင်ပေးရာတွင် ပြည်သူများက မိမိတို့၏လိုအပ်ချက်များအတွက် လုပ်ဆောင်ပေးသော ဝန်ထမ်းများကို တံစိုးလက်ဆောင်ပေးခြင်း၊ လာဘ်ထိုးခြင်းများ ပြုလုပ်လျှင် ၎င်းပြည်သူသည် ဝန်ထမ်း၏အကျင့်ကို ဖျက်ဆီးသူပင် ဖြစ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင် လူဦးရေခုနှစ်သိန်းကျော်ရှိသော ကက်သလစ်ခရစ်ယာန်ဘာသာဝင်များ (ဆရာတော်များ၊ ရဟန်းများ၊ သီလရှင်များနှင့်သာမန်ဘာသာဝင်များအားလုံး) သည် နိုင်ငံတော်အစိုးရမှ ပြဌာန်းထားသော၊ လမ်းညွန်ထားသောအချက်များ၊ အထူး သဖြင့် ကျောင်းတက်နေကြသော မိမိတို့၏သားသမီးများကို ကျောင်းဆရာ/မများအား ဌားရမ်းပြီး ကျူရှင်မထားခြင်းဖြင့် နိုင်ငံတော်အစိုးရ သစ်၏ ပြည်သူကိုမျက်နှာမူသော နိုင်ငံရေးမူဝါဒထဲတွင် အားတက်သရောပါဝင်ကြပါရန် အထူးဖိတ်ခေါ်လိုက်ပါ သည်။ အယ်ဒီတာချုပ်

1327  Views
Previous: Burma’s Cardinal Charles Maung Bo addressed a room packed full of Parliamentarians and activists in the Houses of Parliament in UK
Next: ရဟန်းမင်းကြီးဖရန်စစ်က သစ္စာသုံးပါးခံသီလရှင်များအနေဖြင့် မိမိတို့အသင်းဂိုဏ်း၏တမန်တော်လုပ်ငန်းနှင့်မကိုက်ညီသော စေခိုင်းခြင်းမျိုးကို ငြင်းဆန်ရဲကြရမည်ဟု မိန့်ကြားတော်မူ