သဒ္ဓါကြည်ညိုခြင်းမှ သာသနာပြုခြင်းသို့
ယေဇူးခရစ်တော် ဘုရားရှင်မြတ်က “ကမ္ဘာ အရပ်ရပ်သို့ သွားပြီး ငါ၏ တရားတော်ကို ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ နာမတော်မြတ်ဖြင့် ဟောပြော သက်သေခံကြလော့ (ရှင်မာတေဦး ၂၈း၁၈) ” ဟု ကျွန်ုပ်တို့အား မိန့်ကြားတော်မူခဲ့သည်။ ဤကမ္ဘာ အရပ်ရပ်ဟူသော နယ်နိမိတ်သည် အကန့်အသတ်မဲ့သော နယ်နိမိတ်ဟု ဆိုရပေမည်။
ဤကဲ့သို့သော စေလွှတ်ခြင်းသည် ခရစ်တော်ဘုရားက ပုထုဇဉ် လူသားများအား အရှင့်နှုတ်ထွက် စကားတော်ကို ကြားသိစေ ချင် သော ကြောင့်ဖြစ်ပြီး ခရစ်ယာန် ဘာသာဝင် တိုင်းကိုမွေးရာပါ တာဝန်အဖြစ် ပေးကမ်းတော် မူလိုက် သော ယေဇူးဘုရားရှင်မြတ်၏ အမွေတော်ဟုလည်း ဆိုရပေမည်။
သို့သော် ကမ္ဘာအရပ်ရပ်သို့ သွားပြီးခရစ်တော်၏ တရားတော်ကို ဟောပြော သက်သေခံခြင်းအား ခရစ်ယာန် အသိုင်းအဝိုင်းထဲ၌ ကျွန်တော် ပြန်ကြည့်ရသော် ကက်သလစ်ခရစ်ယာန် ဘာသာဝင်များသည် တခြား ခရစ်ယာန် ဂိုဏ်းကွဲများထက်ပိုပြီး အားနည်းနေ သည်ကို တွေ့ရှိရသည်။ ကျွန်တော်တို့ကက်သလစ် ခရစ်ယာန်ဘာသာဝင် (ဆရာတော်၊ ဘုန်းကြီး၊ သီလရှင်များ၊ သာမန်ဘာသာဝင်) အများစုသည် မစ္ဆားတရားကို နာယူခြင်း၊ ကိုယ်တော်မြတ်ဖူးမျှော်ခြင်း၊ စိပ်ပုတီးစိပ်ခြင်း၊ ရဟန္တာများထံသို့ ဆုတောင်းခြင်း စသော တသီးပုဂ္ဂလ ယုံကြည်ခြင်းကို ဖော်ပြသည့် သဒ္ဒါကြည်ညိုခြင်းထဲ၌သာ အားကောင်းပြီးပျော်မွေ့နေကြသည်။
သို့သော် ခရစ်တော်ဘုရားကို ယုံကြည်ပြီး တသီးပုဂ္ဂလဆိုင်ရာ သဒ္ဓါကြည်ညိုခြင်းထဲ၌သာ အားကောင်းပျှော်မွေ့နေကြသော ကက်သလစ် ခရစ်ယာန်ဘာသာဝင်များသည် သာသနာပြုခြင်း၌မူ အားနည်းနေကြသည်။
ရဟန္တာပေါလူးက “ခရစ်တော် အကြောင်းကို ဟောပြောသူမရှိလျှင် တခြားသူများသည် မည်သို့ ကြားသိနိုင်မည်နည်း (ရောမ ၁၀း၁၄)” ဟု ကျွန်ုပ်တို့အား မေးမြန်းတော်မူလေသည်။ ရဟန္တာ ရဟန်းမင်းကြီးယောဟန်ပေါလူး (၂) ကလည်း စပိန်နိုင်ငံတွင် ကျင်းပပြု လုပ်သော
ကမ္ဘာ့ လူငယ်များနေ့၌ “သင်တို့က ခရစ်တော်ဘုရားကို သိရှိခြင်းသည် မလုံလောက်ဘဲ သင်တို့သိရှိထားသော ခရစ်တော် ဘုရားကို တခြားသူများအား ဝေမျှပြောပြကြရမည်ဖြစ်သည်” ဟု သာသနာပြု စိတ်ဓါတ်ကို မီးမွှေးပေးတော်မူခဲ့သည်။
အမှန်စင်စင် သဒ္ဓါကြည်ညိုခြင်း ထဲ၌သာ အားသန်ပြီး သာသနာပြုခြင်း၌ အားနည်းနေသော ခရစ်ယာန်ဘာသာဝင် များသည် ယုံကြည်ခြင်း၌ မရင့်ကျက်သေး သူများသာဖြစ် ကြပေသည်။ ဗုဒ္ဓဘာသာကို ကြည့်လျှင် သာသနာရေး ဝန်ကြီးဌာနတွင်လည်း ဗုဒ္ဓ သာသနာတော်ပြန့်ပွားရေး ဌာနကို ဖွဲ့စည်းထားပြီး ဗုဒ္ဓဘာသာ မရောက်သေးသော နယ်မြေသစ်များ သို့တောင်တန်း သာသနာပြု ဗုဒ္ဓ ဘုန်းတော်ကြီး များကိုစေ လွှတ်ကြလေသည်။ ခရစ်ယာန် ဂိုဏ်းကွဲ များကို ကြည့်လျှင်လည်း ခရစ်တော်ကို မသိသေးသူများထံသို့ သာသနာပြု အစီအစဉ် များ ရေးဆွဲပြီး သင်းအုပ်ဆရာ/မများကို စေလွှတ်နေကြသည်။
သို့သော် မြန်မာနိုင်ငံ ကက်သလစ် သာသနာတော် ကို ကြည့်ရလျှင် တနိုင်ငံလုံး ဆိုင်ရာ သာသနာပြုလုပ်ငန်း နည်းဗျူဟာကို လည်း ရေးဆွဲခြင်း မရှိသကဲ့သို့ ခရစ်တော်ကို မသိကြသေးသူများ ထံသို့ သာသနာပြုခြင်း လုပ်ငန်းများကို လုပ်ဆောင်နေခြင်းသည် လည်း နည်းဗျူဟာ၊ မူဝါဒအရ မတွေ့ရှိရ ဘဲနေ့စဉ် တသီးပုဂ္ဂလ သဒ္ဒါကြည်ညိုခြင်း ၌သာ အများစုသည် အချိန်ကုန်နေကြရပေသည်။
ဤအချက်ကိုမူ သက်ဆိုင်ရာ ကက်သလစ်သာသနာတော် ၏ခေါင်းဆောင် များက အလေးပေးသုံးသပ်ပြီး လက်တွေ့ လုပ်ဆောင်နိုင်သော မူဝါဒ၊ လုပ်ငန်းစဉ်များနှင့် လူပုဂ်္ဂိုလ်များကို ရွေးချယ်ကာ၊ သဒ်္ဒါကြည်ညိုခြင်း မှသာသနာပြုခြင်း အဆင့်သို့ လှုပ်ရှား သင့်ပြီဖြစ်ကြောင်း ကက်သလစ် ခရစ်ယာန်ဘာသာဝင် အပေါင်းအား တိုက်တွန်း လိုက်ရပါသည်။
1135 Views