၂၀၁၅ ခုနှစ်မှာ သူတော်စင် (ဘရာသာရ်များ၊ စ⁠စ္စတာရ်) တို့ကို များများလှူဒါန်းကြပါ။

82-b

ကက်သလစ်သာသနာတော်ကြီး၏ ဖွဲ့စည်းတည်ဆောက်မှုကို စေ့စေ့စပ်စပ်ကြည့်ရလျှင် သစ္စာသုံးပါးကို ခံယူကျင့်ကြံကြသော သူတော်စင် များသည် ကမ္ဘာပေါ်တွင် ဆရာတော်များ၊ ရဟန်းတော်များထက် ပိုပြီးများပြားနေကြသည်ကို တွေ့ရှိရသည်။ သို့သော်သူတို့သည် ကက်သလစ်သာသနာတော်၏ဖွဲ့စည်းအုပ်ချုပ်မှုပုံစံအောက်တွင် မပါဝင်ကြသည်ကိုလည်း တွေ့ရှိရပြန်သည်။ သူတို့သည် ရဟန်းမင်း ကြီးနှင့်တကွ မိမိတို့သာသနာပြု နေကြသောဒေသက သာသနာပိုင်ဆရာတော်များကို နာခံရမည်ဟု ဖော်ပြထားသော မိမိတို့အသင်း ဂိုဏ်းတစ်ခုစီ၏ ဖွဲ့စည်းပုံဥပဒေအောက်တွင် တည်ရှိနေကြပေသည်။

 

ထိုကဲ့သို့သော အခြေအနေတွင် ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က သစ္စာသုံးပါးကို ခံယူကျင့်ကြံကြသော သူတော်စင်များသည် ကက်သလစ်သာသနာတော်အား ရှေ့သို့တက်လှမ်းစေသော ဘုရားရှင်မြတ်၏ဆုကျေးဇူးတော်များ ဖြစ်ကြသည်ဟု ဖေဖော်ဝါရီလ ၃ ရက်နေ့ ၂၀၁၄ နေ့က တင်စားမိန့်ဆိုခဲ့သည်။ အာဖရိကတိုက်မှ ဇမ်းဘီယားနိုင်ငံမှ ကက်သလစ်ဆရာတော်ကြီး တေလီစဖိုမပွန်ဒူကလည်း  ဒေသတစ်ခုတွင် သီလရှင်များသာ မရှိလျှင် ကက်သလစ်သာသနာတော်သည်လည်း ရှိနိုင်မည်မဟုတ်ကြောင်း၊ သီလရှင်များသည် ကိုယ့်ခြေထောက်ပေါ်ရပ်တည်သူများဖြစ်ကြပြီး သီလရှင်များသာ ကုတင်ပေါ်မှာ ရောက်နေပြီဆိုလျှင် သူတို့သည် တကယ်ဖျားနာနေသူများ ဖြစ်ကြပြီး သစ္စာသုံးပါးကို ခံယူကျင့်ကြံကြသော သူတော်စင်များ မရှိလျှင် မိမိ၏သာသနာလုပ်ငန်းသည် ပြိုလဲမည်ဟု သြဂုတ်လ ၂၀ ရက်နေ့၊ ၂၀၁၄ ခုနှစ်က သတိပေးခဲ့သည်။ သို့သော် ဆရာတော်တစ်ပါးက သစ္စာသုံးပါးကို ခံယူကျင့်ကြံကြသော သူတော်စင်များသည် မိမိသာသနာတော်၏ ဧည့်သည်များဟုသာ သဘောထား သကဲ့သို့ ရဟန်းတစ်ပါးကမူ သစ္စာသုံးပါးကို ခံယူကျင့်ကြံကြသော သူတော်စင်များကို ဆန်ကုန်မြေလေးဟု အထင်သေးစကားဖြင့် ပြောဆိုခဲ့သည်။

 

တကမ္ဘာလုံးရှိ သစ္စာသုံးပါးကို ခံယူကျင့်ကြံကြသော သူတော်စင်များကို ကောင်းမွန်စွာမလေ့လာနိုင်သော်လည်း မြန်မာနိုင်ငံရှိသစ္စာသုံးပါးကို ခံယူကျင့်ကြံကြသော သူတော်စင်များ၏ ဘဝကိုမူ လေးလေးနက်နက်လေ့လာခွင့် ရရှိခဲ့သည်။ တချို့သော မြန်မာပြည်က ကက်သလစ်ဆရာ တော်ကြီးများသည် သစ္စာသုံးပါးကို ခံယူကျင့်ကြံကြသော သူတော်စင်များကို သီလရှင်တစ်ပါးကို တစ်လလျှင် ကျပ်နှစ်ထောင်သာ ထောက်ပံ့ သည့်အပြင် ၎င်းနှစ်ထောင်ကျပ်ကို ဆရာတော်ရုံးသို့ လစဉ်လထုတ်ယူရသည်။ တချို့သော ဆရာတော်ကြီးများသည် သီလရှင်ကျောင်းတစ် ကျောင်းကို တစ်နှစ်လျှင် ကျပ်ငါးသိန်းကို တစ်ခါတည်းထောက်ပံ့ပေးသည်ဟု ဆိုကြသည်။ တချို့သောဆရာတော်ကြီးများသည် သီလရှင် တစ်ပါးကို တစ်လျှင် ကျပ်တစ်သောင်းနှုန်းဖြင့် တနှစ်စာထောက်ပံ့ပေးကြသည်ဟု သိထားရသည်။ တချို့သော သာသနာများတွင်မူ ဒေသခံ ကက်သလစ်ဘာသာဝင်များက သီလရှင်များအတွက် ဆန်၊ ထင်းနှင့်တခြားသောအရာများကို တနှစ်စာပေးအပ်ကြသည်ဟုလည်း ကြားသိရ သည်။ သို့သော် ဆရာတော်နှင့် ဆက်ဆံရေးမပြေလည်သော သူတော်စင်များ၊ ကျောင်းထိုင်ဘုန်းတော်ကြီးနှင့် ဆက်ဆံရေးမပြေလည်သော သူတော်စင်များသည် လျစ်လှူရှုခြင်း ခံကြရသည်ကိုလည်း ကြားသိနေရသည်။ ထိုကဲ့သို့သောအခြေအနေမျိုးတွင် ဒုကရောက်သွားကြသူ များမှာ သစ္စာသုံးပါးကို ခံယူကျင့်ကြံကြသော သူတော်စင်များသာ ဖြစ်ကြပေသည်။

 

မှန်ပါသည်။ တချို့သော သူတော် စင်များသည် နိုင်ငံခြားမှ ရောက်ရှိလာသော အသင်းဂိုဏ်းများ ဖြစ်ကြသောကြောင့် ဆရာတော်ကြီးများ၏ ထောက်ပံ့မှုကိုမူ ကြီးကြီးမားမား လိုအပ်ကြမည်မဟုတ်ပေ။ သို့သော် မြန်မာပြည်ဖွားသူတော်စင်အသင်းဂိုဏ်းများဖြစ်ကြသော ဖရန်စစ် ဇေးဗီးယားအသင်းဂိုဏ်း၊ စိန်ပေါလ် အသင်းဂိုဏ်းများ၊ စေတမန်သီလရှင်ဂိုဏ်း၊ မျှော်မြင်ခြင်းသီလရှင်ဂိုဏ်း၊ စိန်ထရေဇားသီလရှင် ဂိုဏ်းနှင့် စိန်ဂျိုးဇက်ဘရာသာရ်အသင်းဂိုဏ်းတို့သည် ကက်သလစ်ဘာသာဝင်များ၏ ရက်ရောသောအလှူငွေများကို လိုအပ်နေကြပေသည်။ ပြည်တွင်းပေါက် သူတော်စင်များ၏ တာဝန်ယူနေကြသော လုပ်ငန်းများကို ကြည့်ရလျှင် တချို့က ဆွမ်းချက်ခြင်း၊ တချို့က ကားမောင်း ခြင်း၊ တချို့က ဘော်ဒါကျောင်းသူ/သားများကို ထိန်းခြင်း၊ တချို့က စာသင်ကြားပေးခြင်း၊ တချို့က ဘုရားကျောင်းသန်ရှင်းရေးနှင့်အလှ ဆင်ခြင်း၊ တချို့က ဆေးကုသပေးခြင်း၊ တချို့က ခရစ်ယာန်ဘာသာမရှိသေးသောဒေသများတွင် သာသနာပြုခြင်း၊ တချို့က ကားမောင်း ခြင်း၊ တချို့က ဆရာတော်ကြီး၏အတွင်းရေးမှူးလုပ်ခြင်း၊ တချို့က သာသနာဗဟိုဌာနတွင် အလုပ်လုပ်ခြင်း၊ တချို့က စာပေထုတ်ဝေခြင်း၊ တချို့က လယ်ထွန်နေရခြင်း၊ တချို့က အနူသည်များကို ကြည့်ရှုစောင့်ရှောက်ခြင်း၊ တချို့က မသန်စွမ်းသူများကို ကြည့်ရှုစောင့်ရှောက်ခြင်း၊ တချို့က သက်ကြီးရွယ်အိုများကို စောင့်ရှောက်ခြင်း၊ တချို့က ဝိုင်ထုတ်လုပ်ခြင်း၊ တချို့က ကလေးသူငယ်များကို ပျိုးထောင်ပေးခြင်း၊ တချို့က အထည်ချုပ်ခြင်း၊ တချို့က ဆုတောင်းခြင်းစသော လုပ်ငန်းမျိုးစုံတို့ဖြင့် သာသနာတော်အတွက် ဆက်ကပ်လုပ်ဆောင်နေကြလေ သည်။

 

သစ္စာသုံးပါးကို ခံယူကျင့်ကြံကြသော သူတော်စင်များသည် ဆရာတော်များထံမှ တရားဝင်ရရှိထားသော ထောက်ပံ့ကြေးများမှအပ မိမိတို့၏ ကျန်းမာရေးနှင့်အဝတ်အစားများ၊ အစားအသောက်များကိုမူ တခြားစေတနာ့ရှင်များ၏ လှူဒါန်းမှုအပေါ်တွင် မှီခိုရပ်တည်နေကြရပေသည်။  ထို့ကြောင့် ကျွန်တော်တို့ကက်သလစ်ခရစ်ယာန်ဘာသာဝင်များအနေဖြင့် သစ္စာသုံးပါးကို ခံယူကျင့်ကြံကြသော သူတော်စင် (ဘရာသာရ်များ၊ စ⁠စ္စတာရ်) များကို ၂၀၁၅ ခုနှစ်တွင် အားပါးတရ လှူဒါန်းကြပါစို့ဟု တိုက်တွန်းအပ်ပါသည်။ အယ်ဒီတာချုပ်

1718  Views
Previous: မြန်မာနိုင်ငံသို့ကက်သလစ်သာသနာတော်ရောက်ရှိခြင်း နှစ် (၅၀၀) ပြည့်ဂျူဗလီပွဲတော်ကို ရန်ကုန်မြို့တော်တွင် ခြိမ့်ခြိမ့်သဲသဲ ကျင်းပနိုင်ခဲ့ပြီ
Next: ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်သည် ဖာသာရ်ဂျွန်စောယောဟန်အား လက်ထောက်ဆရာတော်အဖြစ် ခန့်အပ်