အစ္စလမ်စစ်သွေးကြွလူသတ်သမားများကို လစ်ဗျားနိုင်ငံမှ မြန်မြန်တိုက်ထုတ်ရန် လိုအပ်နေပြီဟု ကာဒီနယ်ပါရိုလင်းက မိန့်ကြားတော်မူ

012-b

ဗာတီကန်နိုင်ငံခြားရေးဝန်ကြီး ကာဒီနယ်ဆရာတော်ပါရိုလင်းက အီဂျစ်နိုင်ငံမှ လစ်ဗျားနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်ကြ သော ခရစ်ယာန်ဘာသာဝင် ၂၁ ဦးတို့ကို အစ္စလမ်စစ်သွေးကြွလူသတ်သမားများက လည်ပင်းဖြတ် သတ်ဖြတ်သည့်ဗီဒီယိုခွေ တစ်ခုကို ထုတ်လွှင့်ပြီးနောက် လစ်ဗျားနိုင်ငံရှိ အစ္စလမ်စစ်သွေးကြွသူပုန်များကိုအမြန်ဆုံးတိုက်ထုတ်ရန် နိုင်ငံတကာတပ်ဖွဲ့တစ်ခု လိုအပ်နေပြီဟု ပြောကြားလိုက်သည်။

ကာဒီနယ်ဆရာတော်ပါရိုလင်းက ““ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဖြစ်ပျက် ခဲ့သော ခရစ်ယာန် ၂၁ ဦးကို အရှင်လတ်လတ်ခေါင်း ဖြတ်သတ်ပစ်ခြင်း သည် ကြောက်လန့်ဖွယ်ရာဖြစ်ကြောင်း၊ သို့သော်သူတို့သည် အသတ်ခံကြရ သည့်အထိ ခရစ်တော်ဘုရားရှင် အပေါ်တွင် ယုံကြည်စွာသစ်္စာရှိခဲ့ ကြသောကြောင်း သူတို့သည်ဓမ္မအာဇာနည်များပင် ဖြစ်ကြကာ သူတို့ကဲ့သို့ နည်းတူ ကျွန်ုပ်တို့သည် လည်း သေဆုံးနိုင်အောင် ခမည်းတော်ဘုရားထံတော် သို့ ကျေးဇူးတော်ကို တောင်းခံကြရမည်ဖြစ်ကြောင်း”” ဖြင့် မိန့်ကြားတော် မူသည်။

ကာဒီနယ်ဆရာတော်ပါရိုလင်းသည်လစ်ဗျားနိုင်ငံ၏အကြမ်းဖက်တိုက်ခိုက်နေခြင်းကို ဖြေရှင်းနိုင်ရန်အတွက် အီတလီနိုင်ငံခြားရေးဝန်ကြီး ပေါလိုဂျင်တီအိုနီနှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။ ကာဒီနယ်ဆရာတော်ပါရိုလင်းက ၂၁ရာစုလို အချိန်အခါမျိုးမှာ ခရစ်ယာန် ဘာသာဝင်တွေကို မူဆလင်ဘာသာဖက်ကို အတင်းကူးပြောင်းဝင်ခိုင်းပြီး ဘာသာမကူးပြောင်းချင်သူတွေကို ဗီဒီယိုရိုက်ပြီး အရှင်လတ်လတ် လည်ပင်းဖြတ်တာမျိုးက တော်တော်ကို ရက်စက်တယ်၊ ယုံလည်းမယုံနိုင် စရာလောက်အောင် ဖြစ်သွားတယ်။ ဒါပေမယ့် တဖက်ကလည်း ဒီခေတ်အခါ ကြီးမှာ ဓမ်္မအာဇာနည်စိတ်ဓါတ်နဲ့ခရစ်တော်ကို သေသည့်အထိ သစ်္စာရှိကြတဲ့ ခရစ်ယာန် တွေလည်း ရှိနေကြသေးတာဟာ ကက်သလစ်သာသနာတော် ရဲ့သမိုင်းဖြစ်စဉ်အတိုင်းပါပဲ၊ ဆက်လည်ရှိနေကြအုံးမှာ ဖြစ်ပါတယ်”” ဟု အသတ်ခံရသူများအပေါ် မှတ်ချက်ပြုဂုဏ်ပြုလိုက်တော်မူသည်။

အီတလီနိုင်ငံခြားရေးဝန်ကြီး ပေါလိုဂျင်တီအိုနီသည်ကာဒီနယ်ဆရာတော်ပါရိုလင်းနှင့် တွေ့ဆုံပြီးနောက် အီတလီပါလီမန်သို့ အစီရင်ခံစာတင်သွင်းရာတွင် လစ်ဗျားနိုင်ငံရှိမူစလင် စစ်သွေးကြွတို့၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကို အချိန်မနှောင်း ခင်တွင် မြန်မြန်တိုက်ထုတ်ရန်အတွက်အီတလီအစိုးရအနေဖြင့် နိုင်ငံတကာတပ်ဖွဲ့တစ်ခုကို စေလွှတ်နိုင်ရန် ကုလသမဂ်္ဂတွင် အဆိုတင်သွင်းသင့်ပြီဖြစ်ကြောင်းဖြင့် တောင်းဆိုလိုက်သည်။

လစ်ဗျားနိုင်ငံသည် ၂၀၁၁ ခုနှစ်က အာဏာရှင်ဂါဒါဖီ အစိုးရပြုတ်ကျစေ သည့် တော်လှန်ရေးလှုပ်ရှားမှုပြီးနောက် ၂၀၁၄ ခုနှစ် မေလမှ စတင်ပြီး လက်ရှိတွင်မူ ယဉ်ပြိုင်အစိုးရနှစ်ခု (နိုင်ငံတကာက အသိအမှတ်ပြုထားသော အစိုးရက တိုဘရုခ်မြို့တွင် ရုံးဖွင့်ပြီး လစ်ဗျားနိုင်ငံ အရှေ့ပိုင်းကိုသာ အုပ်ချုပ်နိုင်သောအစိုးရနှင့် နိုင်ငံတကာက အသိအမှတ်မပြုသော မူစလင်သူပုန် များ ဖွဲ့စည်းထားသော အစိုးရက ထရီပိုလိမြို့တွင် ရုံးစိုက်ကာ လစ်ဗျားနိုင်ငံ၏ အနောက်ပိုင်းကို ထိန်းချုပ်နေ) ရှိနေရာ တရားဥပဒေနှင့် အုပ်ချုပ်ရေးကဏ္ဍတို့ တွင် အားနည်းနေသဖြင့် အစ်္စလမ်စစ်သွေးကြွသူပုန်များက အကြမ်းဖက်မှုများကို ထင်ရာစိုင်းလုပ်ဆောင် နေကြသော နိုင်ငံဖြစ်နေသည်။ ၀၀၇ ဝင်းလှိုင်ဦး

1389  Views
Previous: ပြည်ကက်သလစ်သာသနာပိုင်ဆရာတော်ကြီး ဂျိုးဇက်ဦးသောင်းရွှေ (အငြိမ်းစား) ပျံလွန်တော်မူ
Next: ကျင့်ဝတ်မဲ့သော စီးပွားရေးလုပ်ငန်းသည် လူမြောက်များစွာကို သေစေနေကြောင်းဖြင့် ကာဒီနယ် အော်စကာမာရာဒီယာကာက မိန့်ကြားတော်မူ