အာဖရိကနိုင်ငံသားများတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုဖန်တီးပေးကြရန် ကာဒီနယ်ဆရာတော် ယောဟန်အဲန်ဂျူးက တိုက်တွန်း

brazil
ကင်ညာ၊ ဧပြီလ ၂၄ ဗာတီကန်ရေဒီယို
အာဖရိက နိုင်ငံသားများတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်း တွေ ပိုမိုဖန်တီး ပေးကြရန် ကင်ညား ကက်သလစ်ဆရာ တော်ကြီးများအဖွဲ့၏ ဥက္ကဌ ဖြစ်တော်မူသော ကာဒီနယ် ဆရာတော် ယောဟန် အဲန်ဂျူးက အာဖရိကတိုက်ရှိ နိုင်ငံများအား ဧပြီလ ၂၄ ရက်နေ့က တိုက်တွန်း တော်မူ လိုက်သည်။ ကာဒီနယ် ဆရာတော် ယောဟန် အဲန်ဂျူးက ဥရောပ အနောက်နိုင်ငံများ ဖက်သို့ ရွှေ့ပြောင်း လုပ်သားများ တရားမဝင် ထွက်ပြေးနေခြင်း ပြဿနာကို ဖြေရှင်း လိုလျှင် အာဖရိကတိုက်ရှိ နိုင်ငံများ အနေဖြင့် လူငယ်မောင်မယ်များ အတွက် အလုပ်အကိုင် အခွင့်အလမ်း များကို ပိုမိုဖန်တီးပေးကြရန် လိုအပ် သည်ဟု မီးမောင်းထိုးပြ တော်မူ လိုက်သည်။
ကာဒီနယ် ဆရာတော် ယောဟန် အဲန်ဂျူးက ဂျာမနီနိုင်ငံမှ မီစီအိုမွန်ချဲန် Missio Munich ဟူသော ငွေကြေးထောက်ပံ့သော ကက်သလစ် အဖွဲ့အစည်းတစ်ခုက ဦးစီးဆောင်ရွက်သော အခမ်းအနား တစ်ခုတွင် အာဖရိကတိုက်တွေက အနောက်နိုင်ငံများသို့ ထွက်ပြေး နေခြင်းသည် ဘာသာရေးဆိုင်ရာ နှိပ်စက်ခြင်းနှင့် အကြမ်းဖက်မှုများ ကြောင့်သာ မဟုတ်ဘဲ အလုပ်အကိုင် အခွင့်အလမ်း မရှိကြသောကြောင့် လည်း ပါဝင်သည် ဟု သတင်းစာ ရှင်းလင်းပွဲတွင် မိန့်ကြားတော်မူ လိုက်သည်။
ဆက်လက်ပြီး ကာဒီနယ် ဆရာတော် ယောဟန် အဲန်ဂျူးက၊ အစ်္စလာမ် စစ်သွေးကြွတွေက ကာရီဆာ တက်္ကသိုလ်ရှိ ကျောင်းသူ/သား (၁၄၈) ဦးအား မကြာခင်ဧပြီလက တိုက်ခိုက် သတ်ဖြတ်ခြင်းသည် လွန်စွာပင် နာကျင်သော အဖြစ်အပျက်ဖြစ် ကြောင်း သို့သော် ကင်ညားနိုင်ငံရှိ မွတ်စလင် ခေါင်းဆောင် များကမူ ၎င်းင်းဖြစ်ရပ်ကို ရှုတ်ချခဲ့ကြပါကြောင်း၊ ၎င်းင်းတက်္ကသိုလ်ရှိ ခရစ်ယာန်ကျောင်း သူ/သားများအားလုံး နီးပါးကို သတ်ဖြတ် ခဲ့ကြောင်းဖြင့် ထည့်သွင်း မိန့်ကြားတော်မူသည်။ ကာဒီနယ် ဆရာတော် ယောဟန် အဲန်ဂျူးက၊ ကင်ညားအစိုးရက အဆိုပြုထားသော ကင်ညားနှင့် ဆိုမာလီယားနိုင်ငံနယ်စပ်ရှိ ဒါဒါပ်ဒုက်္ခသည်စခန်းကို ပိတ်ပင် လိုသော အစီအစဉ်သည် ကင်ညား နိုင်ငံရှိ အကြမ်းဖက်မှု၏ ပြဿနာကို ဖြေရှင်းေ ပးနိုင်မည် မဟုတ်ဟု မိန့်ကြားတော်မူသည်။ ၎င်းင်းစခန်းတွင် တရားဝင် စာရင်းအရ (၃၅၀၀၀၀) နေထိုင်နေကြပြီး၊ ၎င်းစခန်းကို ပိတ်ပစ်ခြင်းသည် အပြစ်မဲ့သူများကို ဒါဏ်ပေးရာ ရောက်သည့်အပြင် ဆိုမာလီယားနိုင်ငံရှိ ပြည်သူများကိုပါ အန်္တရာယ်ကွင်းသို့ ပို့ဆောင်ရာ ရောက်မည်ဟု မီးမောင်းထိုးပြ ထားသည်။
ထို့အပြင် ကာဒီနယ် ဆရာတော် ယောဟန် အဲန်ဂျူးက၊ ကင်ညားနိုင်ငံရှိ ကက်သလစ် သာသနာတော်သည် အစိုးရနှင့် အကြမ်းဖက် သူများ အကြားတွင် တွေ့ဆုံဆွေးနွေးမှု ရှိအောင် လုပ် ဆာင်မှုတွင် ပါဝင်နေပြီး မိမိတို့၏ အသံသည် လွန်စွာပင်ထိရောက်မှု ရှိကြောင်း၊ ဒါကြောင့်မို့ ဒုက်္ခသည် စခန်းသည် ဆက်လက် ဖွင့်ထားနိုင်ပြီး နိုင်ငံရေးအရ အဖြေရှာရန်လိုအပ် ကြောင်း၊ အထူးသဖြင့်နိုင်ငံအတွင်း အကျင့်ဖျက်ခြစားခြင်းတို့ကို တိုက်ဖျက်ရန် လိုအပ်ကြောင်းဖြင့် မိန့်ကြားတော်မူလိုက်သည်။
ဂျာမနီနိုင်ငံမှ မီစီအိုမွန်ချဲန် Missio Munich  ဟူသောအဖွဲ့ အစည်းသည် ရဟန်းမင်းကြီး လက်အောက်ရှိ ကက်သလစ် သာသနာတော်၏ ငွေကြေးထောက်ပံ့ သော အဖွဲ့အစည်းတစ်ခုဖြစ်ကာ ကင်ညာနိုင်ငံရှိ စီမံချက်များ (ပညာရေး၊ ဒုက်္ခသည်များ၊ ဘာသာ ပေါင်းစုံ နှီးနှောဖလှယ်ခြင်း) ကို ၎င်းင်းအဖွဲ့က လိုအပ်သော ငွေကြေးများ နှင့်နည်းပညာကို ထောက်ပံ့ပေးနေ ကြောင်း သိရှိရသည်။

ကုန်ဇမှုန်း

1364  Views
Previous: စိပ်ပုတီးစိပ်ရုံကလွဲပြီး ဦးဆောင်သူကင်းမဲ့နေသော ဖလှယ်ခုံကျေးရွာရှိ ကက်သလစ်ဘာသာဝင်များ
Next: တိုင်တန်းနစ်သင်္ဘောမြှပ်စဉ်တွင် သေဆုံးသွားသော ကက်သလစ်ရဟန်းတော် သောမတ်စ် ဘိုင်လီစ်ကို ရဟန်္တာအဖြစ်တင်မြှောက်ရန် စတင်လုပ်ဆောင်