ဂလိုရီးယားသတင်းဂျာနယ်တိုက်က မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအား အထူးကျေးဇူးတင်ခြင်း

66-b

ဇူလိုင် ၁၂၊ ရန်ကုန်

ဂလိုရီးယားသတင်းဂျာနယ်မိသားစုက “အမှန်တရား၊ ချစ်ခြင်းမေတ္တာနှင့် ဝေဖန်ပိုင်းခြားနိုင်သော ပင်ကိုယ် စိတ်ထားတို့ဖြင့် ဂလိုရီးယားသတင်း ဂျာနယ်ကို ရေးသားထုတ်ဝေရန် အကြံပြုတိုက်တွန်း”တော်မူ ကြသော မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအား အထူးကျေးဇူးတင်စာ တစ်စောင်ပေးပို့လိုက်ပါ သည်။ မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများသည် ၎င်းအကြုံပြုချက်ကို လွန်ခဲ့သော ဇွန်လ ၁၀-၁၃ ရက်နေ့အထိ ရန်ကုန်မြို့ ရှိမြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ရုံးတွင် ပြုလုပ်သော မိမိတို့၏နှစ် ဝက်မျက်နှာစုံ အစည်းအဝေးတွင် ချမှတ်ခဲ့ကြခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ်၏ အမှုဆောင် အတွင်းရေးမှူးဖြစ် တော်မူသော ဘုန်းတော်ကြီးမောရစ်ညွန့်ဝေထံမှ ကြားသိရပါသည်။

ဂလိုရီးယားသတင်းဂျာနယ်မိသားစုအနေဖြင့်လည်း မိမိတို့အား ယခုကဲ့သို့ မားမားမတ်မတ်ရပ်တည်ပေးပြီး ဆုံးမသွန်သင်အကြံပေးတော် မူကြသော ဆရာတော်ဘုရားများအား အထူးကျေးဇူးတင်ရှိကြောင်းနှင့် ဆရာတော်ဘုရားများ၏ အကြံပြုချက်အတိုင်း ဂလိုရီးယားသတင်း ဂျာနယ်ကို ဆက်လက်ရေးသားထုတ်ေ၀ သွား မည်ဖြစ်ပါကြောင်းနှင့် ဆရာတော်ဘုရားများအား ဝစီကံ၊ မနောကံတို့ဖြင့် ပြစ်မှားမိသမျှအတွက် အခွင့် လွှတ်ပေးကြပါရန် လျှောက်ထားအပ်ပါသည်ဘုရား။

၎င်းအစည်းအဝေးမတိုင်ခင်၌မူ၊ မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများသည် ဂလိုရီးယားသတင်းဂျာ နယ်ကို ပိတ်ပင်ရန်အတွက် မိမိတို့၏ ဇွန်လအစည်းအဝေးထဲတွင် ဆွေးနွေးဆုံးဖြတ်လိမ့်မည်ဟု တိုလောတိုလော သတင်းများထွက်ပေါ်လာခဲ့ပြီးနောက်၊ ယခုကဲ့သို့သော ဆုံးမအကြံပြုချက်ဆုံးဖြတ်ချက်ကို ချခဲ့ကြခြင်း ဖြစ်ပေသည်။ ဂလိုရီးယားသတင်းဂျာနယ်သည် အမှီခိုကင်းပြီး ဘက်မလိုက်သော သတင်းဂျာနယ် အဖြစ် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် စတင်ထူထောင်ပြီး ထုတ်ဝေခဲ့သည်။ ၀၀၇ အယ်ဒီတာချုပ်

1549  Views
Previous: တောင်ကိုးရီးယားဆရာတော်ကြီး ပီတာအူအီလ်ကန်းနှင့်တွေ့ဆုံမေးမြန်းခန်း
Next: အယ်ဒီတာ့အာဘော် (တူးတူးပုန်းကစားနေသော မြန်မာ့နိုင်ငံရေး)