မြန်မာနိုင်ငံ၏ ပထမဆုံးသော ကာဒီနယ် ရဟန်းအမတ်အား လားရှိုးသာသနာ ဟိုခိုလွယ်ခမ်းတိုက်နယ်ကကြိုဆိုခြင်း

11401216_1616007968657924_1040554274992046065_n 11053697_1616007045324683_5786742160160290881_n

10296604_889815154408401_8322115688705960868_n 10469036_1616007845324603_9201511722975932675_n

လားရှိုး၊ ဇွန်လ ၂၄၊ Lashio Signis
ကာဒီနယ်ရဟန်းအမတ်ဆရာတော် ဘုရားကြီးအား၊ ဆရာတော်ဘုရား၏ရဟန်းဘဝ၊ ပထမဦးဆုံး သာသနာပြုခဲ့သော၊ အောင်မြေ စနင်းခဲ့ရာ ဟိုခိုလွယ်ခမ်းတိုက်နယ်မှ ဂုဏ်ပြု ကြိုဆိုခြင်းကို ၂၀၁၅ခု ဇွန်လ (၁၄) ရက်နေ့တွင် အထူးစည်ကား သိုက်မြိုက်စွာကျင်းပခဲ့သည်။ ဆရာတော်ဘုရားကြီးသည် ဘုန်းတော်ကြီးများ၊ သီလရှင်များ ဘာသာဝင်လူကြီးများနှင့် ကား (၈) စီးဖြင့် ၂၀၁၅ ဇွန် (၁၃) ရက်နေ့တွင် လားရှိုး မြို့မှ စတင်ထွက်လာခဲ့သည်။ လားရှိုးမှ (၆) မိုင် အကွာရှိ မိုင်းတင်ရွာ အရောက်တွင် ဒေသခံ တိုင်းရင်းသားလူမျိုးပေါင်းစုံမှ လမ်းမပေါ်တွင် ရိုးရာ အိုးစည် ဗုံမောင်းတို့ဖြင့် တခဲနက်ကြိုဆိုခဲ့ကြ သည်။ မိုင်းတင်ဘုရားကျောင်းတွင် ရဟန်းအမတ်မှ သားသီ်္မးများအား အမြဲသတိရ ဆုတောင်းပေးနေ ကြောင်း၊ ဘုရားသခင်နှင့် လူသားတိုင်းအား အမြဲ ချစ်ကြရန် ကျေးဇူးတင်တတ်ကြရန်နှင့် အချင်းချင်း ခွင့်လွှတ်ကြရန် မိနစ် (၂၀) ခန့် တရားရေအေး တိုက်ကျွေးတော်မူသည်။

ဟိုခိုလွယ်ခမ်းတိုက်နယ်မှ လုံခြုံရေး တာဝန်ရှိလူကြီးများသည် ရဟန်းအမတ် ဆရာ တော်ဘုရားကြီးအား မိုင်းတင်ရွာမှ လာရောက် ကြိုဆိုကြပြန်သည်။ လမ်းခရီး Na Not နှင့် Bang Mun  ရွာဘာသာဝင်များ သာမက၊ ရှမ်း၊ ပလောင်၊ ကချင်ဒေသခံများမှ လာရောက် နှုတ်ဆက် ဂါဝရပြုကြသည်။
ညနေ(၄)နာရီတွင် ဆရာတော်ဘုရား ၏ ကားရှေ့၊ ကားနောက်တွင် လုံခြုံရေး ကားများ ခြံရံလျက် ဆရာတော်ဘုရားကြီး အောင်မြေစနင်းရာ ဟိုခိုလွယ်ခမ်းသို့ရောက်လာခဲ့ရာ သောင်း ဂဏန်းသောဒေသခံ ကချင်၊ ပလောင်၊ ရှမ်း တိုင်းရင်းသားများမှ ရိုးရားဝတ်စုံအပြည့်ဖြင့် သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည်။ ကချင် ရိုးရာ အတီးအမှုတ် မျိုးစုံဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ကြိုဆိုနေသော သားသမီးများအား ဝမ်းသာမျက်ရည် ကိုယ်စီဖြင့်တွေ့ရသည်။ ထို့နောက် ယေဇူးဘုရင်ဘုရား ရှိခိုးကျောင်းတွင်းသို့ ဖခင် ကြီးအား ပင့်ဆောင်သွားကြသည်။ ရဟန်းအမတ် ကာဒီနယ် ဆရာတော် ဘုရားသည် လားရှိုးမြို့မှ စထွက်ချိန်ကစပြီး ကချင်လော်ဝါ (မရူ) စကားသာပြောတော့သည်။ ဘုရားကျောင်းတွင် ဆရာတော် ဘုရားကြီးသည် အိမ်ကိုပြန်ရောက်လာ သားသမီးတို့နှင့် ပြန် တွေ့ရလို့ ဘုရားသခင်အားကျေးဇူးတင် ဝမ်းသာ မဆုံးကြောင်း၊ သားသမီးတို့နှင့် ဒေသကို မမေ့ ကြောင်း၊ ဆုတောင်းပေးလည်းလုံး၀ မမေ့ခဲ့ ကြောင်း၊ (၆) နှစ်လုံးလုံး ဤဒေသတွင် ပြောခဲ့ သော လော်ဝါ (မရူ) စကားပြန်ပြောရလို့ အထူး ပျော်နေကြောင်းမြွက်ကြားခဲ့ပါသည်။ ထိုနောက်ဘုရားကျောင်း အပြင်ဘက်တွင်၊ ရဟန်းအမတ်ကာဒီနယ်ဆရာတော်ဘုရားကြီးအား ကျေးဇူးတင် ဂုဏ်ပြုသောအနေဖြင့် ဘာသာတူ သာသ်္မီးများမှ စိုက်ထူထား သောကျောက်တိုင် ကို ဖွင့်လှစ်ကောင်းချီးပေးခဲ့သည်။
၂၀၁၅ ခုနှစ် ဇွန်လ ၁၄ ရက်နေ့ နံနက် ၉ နာရီ တွင် ရဟန်းအမတ်ဆရာတော် ဘုရားကြီးသည် ဘုန်တော်ကြီး ၁၅ ပါးနှင့်အတူ တနင်္ဂနွေမစ်္ဆား တရားတော်မြတ်ကိုပူဇော် ပေးသည်။ သြဝါဒကိုအများနား လည်သော (ဆရာတော်ဘုရားသည်၊ လော်ဝေါစကားကို လေချွန်လျှင်ပင် လော်ဝေါသံပါအောင် ချွန်တတ်သည်အထိ ကျွမ်းကျင်သည်) လော်ဝေါ စကားဖြင့် ဟောကြားတော်မူသည်။ရဟန်းအမတ်ဆရာတော်ဘုရားကြီး၏သြဝါဒ တွင်-

(၁) အိမ်နေသားဦး သမီးဦးတို့မှ ဖိတ်ခေါ်ခြင်း အတွက် ဝမ်းသာဂုဏ်ယူကြောင်း ဤဒေသမှ မိမိသာသနာရေးလုပ်ငန်း စတင်ထမ်းဆောင် ခဲ့ရာ အစပိုင်းတွင် ဘာသာစကား မကျွမ်းကျင် သဖြင့်အိပ်မက် ယောင်ယောင်ခံစားမိကြောင်း သားသမီးများနှင့် ဤရွာတွင် ၆ နှစ် တင်းတင်း နေခဲ့ရာ၊ သားသမီးတို့၏မိသားစု စိတ်ထား ကြောင့် အခက်အခဲမျိုးစုံကို ကျော်လွားခဲ့ကြောင်း။
(၂)အပစ်အခတ်တွေကြား အကြိမ်ကြိမ်ရောက်ခဲ့ သော်လည်း ကျည်ဆံမထိခဲ့ဘူး၊ အရှောင်တော် လို့မဟုတ်- ဘုရားသခင်၏ ကာကွယ်စောင့် ရှောက်မှု- သားသမီးတို့မေတ်္တာကြောင့် ကျည်ဆံ မထိခဲ့ ကြောင်း။
(၃) သားသမီးတို့နှင့်အတူ နေခဲ့သော ““၆”” နှစ် အတွင်းတစ်ခါမျှ ဖျားနာခြင်းမရှိ- တိုက်နယ် တစ်ခု လုံးသာသနာနယ် လှည့်ခဲ့ရာလူတိုင်းမှ မိမိအားဖခင်သဖွယ် ညီရင်းအစ်ကိုရင်းသဖွယ် ဆက်ဆံ ခဲ့ကြကြောင်း။
(၄)နှစ်ခြင်းအသင်းတော်နှင့် ဗုဒ်္ဓဘာသာဝင် များနှင့်လည်း ခင်မင်ရင်းနှီးခဲ့ခြင်းတို့ကို ခံစားပြီး အထူး ဝမ်းသာကျေးဇူးတင်ပါကြောင်း။
(၅) လားရှိုး၊ ပုသိမ်၊ မန်္တလေး၊ ရန်ကုန်သို့ တာဝန် ပေးချက်အရ ရောက်ခဲ့သော်လည်း သာသနာ လုပ်ငန်းစတင်ထမ်းဆောင်ရာ ဟိုခိုလွယ်ခမ်းကို လုံးဝမမေ့ပါကြောင်း။
(၆) ယနေ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ဦးဆောင်နေသော အမိအသင်းတော်သည် မုန်ညှင်းစေ့ပမာ သေးသေးလေးလက်တစ်ဆုတ် သာသော တပည့်တော်ကြီး ““၁၂”” ပါးဖြင့် မထင်မရှား သာမက သတ်ဖြတ်ရက်စက်မှု၊ အနှိမ်ခံမတရားအပြစ်ရှာခံမှု မျိုးစုံနှင့်စခဲ့သည်။ အသက်သွေး ချွေး သန်းချီရင်းနှီးပြီး ယခုအခါ ငှက်ပေါင်းများစွာ ခိုနိုင်ပြီဖြစ်ကြောင်း။
(၇) မိမိ၏ပတ်ဝန်းကျင်ရှိလူတိုင်းကိုချစ်တတ်၊ ခင်မင်လေးစား၊ ကူညီနိုင်အောင်ကြိုးစား ကြရအောင် ဒါမှသခင်ယေဇူး၏ နောက်လိုက် တမန်တော်များ ဖြစ်ကြမည်။
အားလုံးကျန်းမာချမ်းသာကြပါစေ ဟု တရားရေအေး တိုက်ကျွေးခဲ့ပါသည်။ ရဟန်း အမတ် ကာဒီနယ်ဆရာတော်ဘုရားကြီးသည် တနင်္ဂနွေမစ်္ဆားပူဇော်ပြီး လွယ်ခမ်းကျောင်း ထိုင်ဘုန်းတော်ကြီး ၤမ. ဏအေမငခု ကြည ျွှေ ဦးဆောင်ကာဖွင့်ထားသော ဘိန်းဖြတ်စခန်းသို့ကြွ ရောက်နှစ်သိမ့်၊ ဆုတောင်းပေးခဲ့သည်။ မူးယစ် ဆေးဝါးကြောင့် ဘဝပျက်ကာဦးတည်ချက် ပျောက်နေသူများအား မိမိတို့ပြုမိသောအပြစ် အတွက်နောင်တရပြီး မိမိ၏ဘဝကို မိမိ ကိုယ်တိုင် ထိထိရောက်ရောက် ပြုပြင်ပြောင်းလဲ ကာ လူသစ်စိတ်သစ်ဖြင့်နေထိုင်သွားစေလို
ကြောင်း ဆုမွန်ကောင်းတောင်းပေးခဲ့ပါသည်။
မွန်းလွဲပိုင်းတွင် လားရှိုးသို့ပြန်လည် ထွက်ခွာလာခဲ့ရာ ရွှေနှလုံးတော်ကျောင်းဝင်းဝမှ ဝတ်စုံဖြင့် ဘော်ဒါ  ၆ ခုမှ ကျောင်းသူ/သားများ၊ သီလရှင်လောင်းများ၊ ရဟန်းတော်များ သီလရှင် များ၊ ဘာသာဝင်များမှ အမိအသင်းတော်အလံ ဝှေ့ရမ်းကာ ကြိုဆိုခဲ့ကြသည်။ ရဟန်းအမတ် ဆရာတော်ဘုရားအားကြိုဆို သောဘာသာဝင် ထောင်ချီသည် တန်းစီနေရာမှ ဝိုင်းအုံလာကြ သဖြင့် ကိုက်  ၃၀၀ ခန့်ကျောင်းလမ်းတွင် ဆရာတော်ဘုရားကြီး မိနစ် ၃၀ ခန့်ကြာသွား သည်။ နှောက်ကဝိုင်းရံထားမှုကြောင့်နှင့် ဆရာတော်ဘုရားအား စကားတစ်ခွန်းလောက် ပြောခွင့်ရဖို့ အလုအယက်၊ ဘုရားကျောင်း အဝင်မှ ကျောင်းထိုင်ဘုန်း တော်ကြီး ၤမ. ၤနိငူငျ ဇကေ ြညေ ဦးဆောင်သောရဟန်းတော်များ သည် လော်ပန်ပူဇော်ခြင်းဖြင့် ဂါဝရပြုကြိုဆိုပြီး ဘုရားကျောင်းအတွင်းသို့ ခေါ်ဆောင်သွားခဲ့ ကြပါသည်။ ဤချိန်မှစပြီး၊ ရဟန်းအမတ် ဆရာတော်ဘုရားကြီးသည် မြန်မာ (ဗမာ) စကားပြန်ပြောတော့သည် ရန်ကုန်ရောက်လျှင် ကိုယ်တော်ထံလာလည်ကြရန် “လားရှိုးကဆိုရင် ဓါးမရှိ တံခါးမရှိ” မိမိကျောင်းတိုက်သို့ လာရောက်ကြပါရန် ဖခင်ကြီးသည် လားရှိုး သာသနာမှ သားသမီးဦးများအား ဖိတ်ကြား ခဲ့ပါသည်။

ဝင်လှိုင်ဦး

1544  Views
Previous: အာရပ်စော်ဘွားများနိုင်ငံတွင် ကက်သလစ်ခရစ်ယာန်သာသနာတော်၏ ပထမဆုံးသော ကက်သလစ်ဘုရားကျောင်းကို ဖွင့်လှစ်ခဲ့ပြီ
Next: ပထမကိုယ်တော်မြတ်ပင့်ယူသော ကလေးငယ်များက အသင်းတော်၏ယုံကြည်ခြင်းကို ဝန်ခံထွက်ဆို