နိုင်ငံတော်အတိုင်ပင်ခံ ဩဒေါ်အောင်ဆန်းစုကြည် ပြောပြတဲ့ မင်းသုံးပါးနှင့် မွေးကင်းစခရစ်တော်ကလေးလေး ရဲ့အဓိပ်္ပါယ်
ခရစ်စမတ်ကာလရဲ့ သင်္ကတကတော့ ပထမဦးဆုံးကတော့ ခရစ်တော့ ကလေးလေး၊ မွေးကင်းစခရစ်တော်ကလေးလေးဖြစ်ပါတယ်။ ဒုတိယ သင်္ကတကတော့ ကြယ်စင်ကြီးဖြစ်ပါတယ်။ ဘာဖြစ်လို့ ဒုတိယ သင်္ကတက ကြယ်စင်ကြီးဖြစ်ရလဲဆိုတော့ ဒီကြယ်စင်ကြီးက လိုက်ခြင်းအားဖြင့် ဒီကြယ်စင်ကြီးကို ကြည့်ပြီးတော့ ဒီကြယ်စင်ကြီးရဲ့ အလင်းရောင်ရဲ့ နောက်ကိုလိုက်လာခြင်းအားဖြင့် တချို့ကလည်း ဘုရင်ကြီးသုံးပါးလို့ဆိုတယ်၊ တချို့ကလည်း ပညာရှိကြီးသုံးပါးလို့ဆိုတယ်။ သူတို့ဟာ ခရစ်တော်လေးမွေးတဲ့နေရာကို ရောက်ခဲ့တာပေါ့။ စိတ်ဝင်စားစရာကောင်းတာက ဘာဖြစ်လို့ ဒီလို ခရစ်တော်ကို လိုက်ရှာလာတဲ့ ပုဂ်္ဂိုလ်ကြီးသုံးပါးကို တချို့က ဘုရင်ကြီးသုံးလို့ခေါ်ပြီး တချို့က ပညာရှိကြီးသုံးပါးလို့ခေါ်လဲဆိုတာကို ကျွန်မတို့ စဉ်းစားစရာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မရဲ့အထင်မှာတော့ တချို့အတွက်ဆိုရင် ကမဩာပေါ်မှာ အရေးကြီးဆုံးအရာဟာ အာဏာပဲ။ အာဏာဆိုတော့ ဒါဟာဘုရင်ပေါ့နော်၊။ အရေးကြီးဆုံး၊ အင်အားအရှိဆုံးဆိုတာ အာဏာရှိတဲ့ ဘုရင်များဖြစ်ရမယ်လို့ ဒီလို တချို့ကစဉ်းစားတယ်။ တချို့ကတော့ ကမဩာပေါ်မှာ ဒီလောကကြီးမှာ အရေးကြီးဆုံးအရာ အင်အားအရှိဆုံးအရာဟာ ပညာပဲလို့ ဒီလိုပဲတွေးတဲ့အခါကြတော့ ဒီလောကမှာ အရေးကြီးဆုံး၊ အင်အားအရှိဆုံး ပုဂ်္ဂိုလ်ကြီးများဟာ ခရစ်တော်လေးကို လာပြီးရှာကြတယ်ဆိုတဲ့ သဘောပါပဲ။ ဒီတော့ ဘယ်လောက်ပဲ အာဏာရှိသူပဲဖြစ်ဖြစ်၊ ပညာရှိသူပဲဖြစ်ဖြစ် နောက်ဆုံးကြတော့ မေတ်္တာတရားရှေ့မှောက်မှာကြတော့ ရခေါင်းလွဲလို့မရပါဘူးရ(အသံဝါးသွားလို့အဲ့လိုပဲကြား) မေတ်္တာတရားသာလျှင် ထိပ်ဆုံးကဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အာဏာရှိတဲ့ ဘုရင်ကြီးတွေပဲဆိုဆို၊ ပညာရှိကြီးတွေပဲဆိုဆို မွေးကင်းစ ခရစ်တော်ကလေးလေးကို လာပြီးတော့ ဖူးမျှော်တယ်။ ခရစ်တော် ကလေးလေးဟာ လောကရဲ့ အလင်းရောင်ဖြစ်တယ်။ လောကရဲ့ မျှော်လင့်ရာဖြစ်တယ်ဆိုပြီး လာခဲ့ကြတာဟာ မေတ်္တာကို ဘယ်လောက်ကျွန်မတို့ လူသားတွေ ငတ်မွတ်သလဲဆိုတာကို ပြတာပဲ။ ဒါဟိုးအရင်ကလည်း ဒီလိုပဲ၊ အခုလဲ ဒီလိုပဲ။ နောင်အနာဂတ်မှာလဲ ဒီအတိုင်းပဲဖြစ်သွားမှာပါ။ မေတ်္တာလောက် တန်ဖိုးရှိတာ။ ဒီလောကကြီးမှာ ဘာမှမရှိပါဘူး။ မေတ်္တာခံယူရသူ တစ်ယောက်ဟာ ဒီလောကမှ ပြီးပြည့်စုံပါတယ်။ ဒီလောကမှာ ငါ့ကို တကယ်မေတ်္တာရှိတဲ့သူ တစ်ယောက်ရှိနေတယ်ဆိုတာကို အပြည့်အဝယုံနိုင်လို့ရှိရင်တောင်မှ ဒီဟာက ကိုယ့်ဆီက ဘယ်သူကမှ လုယူမသွားနိုင်တဲ့ တန်ဖိုးရှိတဲ့ ရတနာတစ်ခုဖြစ်ပါတယ်။
ဒီဇင်ဘာလ ၂၁ ရက်ညပိုင်းက ဒုတိယသမ်္မတ ဦးဟင်နရီဗန်ထီးယူ အိမ်တော်တွင် ပြုလုပ်သော ခရစ်စမတ်ဧည့်ခံပွဲတွင် ပြောကြားသော ဒေါ်အောင်ဆန်းစုကြည်၏ နှုတ်ဆက်စကားမှ
820 Views