ဗာတီကန်က ရဟန်းမင်းကြီးရုံး၏စာရွက်စာတမ်း ခိုးယူသူနှစ်ဦးကို ဖမ်းဆီးအရေးယူ

009-s
ဗာတီကန်နန်းတော်၏ ပြောရေးဆိုခွင့်ရှိသူ ဘုန်းတော်ကြီးလွမ်ဘာဒီက၊ ရဟန်းမင်းကြီးရုံး၏အထူးလျို့ဝှက်ထားသော စာရွက်စာတမ်း ကို ခိုးယူပြီး လျို့ဝှက်သတင်းအချက်အလက်များကို ပြင်ပသတင်းဌာနသို့ ပေးလိုက်သူနှစ်ဦးကို ဖမ်းဆီးတရားစွဆိုလိုက် ပြီဖြစ်ကြောင်း ဖြင့် နိုဝင်ဘာလ ၄ ရက်နေ့ သတင်းထုတ်ပြန်တော်မူလိုက်သည်။ ၎င်းဘုန်းတော်ကြီးက၊ ထိုကဲ့သို့သော စာရွက်စာတမ်း များကို ခိုးယူပြီးအပြင်သို့ပေါက်ကြားစေသောလုပ်ရပ်သည် ဥပဒေကိုချိုးဖောက်ခြင်းဖြစ်သည့်အပြင် ရှုပ်ထွေးခြင်းကိုလည်း ဖြစ်ပေါ်စေ သည် ဟု သတင်းထောက်များအား မိန့်ကြားတော်မူလိုက်သည်။

ဘုန်းတော်ကြီးက အပြင်သို့ပေါက်ကြားသွားသော သတင်းအချက်အလက်များသည် ၂၀၁၃ ခုနှစ်ကတည်းက ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်၏ အတိုင်ပင်ခံကာဒီနယ် (၈) ပါးတို့က အကြံပြုထားသော အချက်များ ဖြစ်ကြပြီး အကြံပြု ချက်အများစုသည် ရဟန်းမင်းကြီးက အကောင်အထည်ဖော်ပြီးသွားပြီဖြစ်ကြောင်း၊ ထို့ကြောင့် ၎င်းသတင်းအချက်အလက်များနှင့်စပ်လျဉ်းပြီး အထူး ပြောကြားရန် မရှိကြောင်းဖြင့် သတင်းထောက်များ၏မေးမြန်းချက်ကို ဖြေကြားတော်မူသည်။

ဘုန်းတော်ကြီးလွမ်ဘာဒီ၏ တုံ့ပြန်ပြောဆိုချက်သည် ရဟန်းမင်းကြီးလက်အောက်ရှိ၊ ကက်သလစ်သာသနာတော်၏ စီးပွားရေး စီမံခန့်ခွဲမှုဆိုင်ရာအဖွဲ့တွင် တာဝန်ထမ်းဆောင်နေသော ကက်သလစ်ရဟန်း လူစီအို အန်ဂျေဘာလ်ဒါ နှင့်သာမန်ရုံး အလုပ်သမား တို့နှစ်ဦးက ရဟန်းမင်းကြီးရုံး၏လျို့ဝှက်စာရွက်စာတမ်းကို ခိုးယူပြီး အပြင်သို့ရောင်းစားပြီး နှစ်ရက်အကြာတွင် ထွက်ပေါ်လာခြင်း ဖြစ် သည်။

၎င်းလျို့ဝှက်သတင်းအချက်အလက်များထဲတွင်၊ ရဟန်းမင်းကြီး၏ ဗာတီကန်အုပ်ချုပ်မှုပုံစံ ပြောင်းလဲနေမှုအပေါ် အာခံနေသူများ၊ ဗာတီကန်၏ နိုင်ငံတကာတွင် ရှိနေသော အဌားလုပ်ငန်းများမှ ဝင်ငွေများ၊ ဗာတီကန်ရုံးဌာနများအတွင်း ငွေကြေးချွေတာမှု မရှိသော အခြေအနေ၊ ပင်စင်ဝန်ထမ်းများ၏ အသုံးစရိတ်များ၊ ဗာတီကန်နိုင်ငံ၏ တကယ့်ဝင်ငွေနှင့် ကွာဟနေသော ငွေစာရင်းများ၊ ရဟန်းမင်းကြီး၏ တကမာလုံးတွင် ထောက်ပံ့နေသော စီမံချက်များ၊ တကမာလုံးမှ အလှူရှင်များက ရဟန်းမင်းကြီး၏ လူမှုရေးလုပ်ငန်းအတွက် လှူဒါန်းပေးပို့ထားသော ငွေစာရင်းများနှင့်အသုံးပြု မှု ငွေစာရင်းများ စသောအချက်အလက်များစွာတို့ ပါဝင်နေသည်ဟု သိရှိရသည်။

ရဟန်းမင်းကြီးဖရန်စစ်က ဗာတီကန်နိုင်ငံ၏ငွေကြေးလုပ်ငန်းကို ပြုပြင်ရာတွင် မိမိကို အကူအညီပေးရန်အတွက် ရည်ရွယ်ပြီး ၎င်းအဖွဲ့အစည်းကို ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့တွင် ဖွ့ဲစည်းထူထောင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းရည်ရွယ်ချက်ကို အကောင် အထည်ဖော်ပြီးနောက် ရဟန်းမင်းကြီးသည် ၎င်းအဖွဲ့ကို ဖျက်သိမ်းခဲ့ပြီး ဖြစ်သည်။

ဗာတီကန်နန်းတော်သည် လျို့ဝှက်သတင်းအချက်အလက်များကို ခိုးယူထားနှစ်ဦးကို ထောင်ထဲတွင် ချုပ်ထားသော်လည်း အမျိုးသမီး ကမူ ဗာတီကန်စုံစမ်းရေးအဖွဲ့နှင့်ပူးပေါင်းလုပ်ဆောင်မည်ဟု ပြောဆိုသောကြောင့် အာမခံဖြင့် ထောင်မှ လွတ်မြောက်လာသော် လည်း ရဟန်းတော်ကိုမူ ဗာတီကန်က စုံစမ်းနေဆဲ ဖြစ်သည်။ သူတို့နှစ်ဦး၏ ခိုးယူရောင်းစားထားသော ဗာတီကန်၏သတင်းအချက် အလက်များကို စာအုပ်တိုက်ပိုင်ရှင် နူဇီဆိုသူနှင့် အီတလီသတင်းထောက် အေမီလီယာနို ဖိတိပာဒီတို့က စာအုပ်နှစ်ခုဖြင့် နိုဝင်ဘာလ (၅) ရက်နေ့တွင် ပုံနှိပ်ထုတ်ဝေသည်ဟု သတင်းရရှိထားပါသည်။ ၀၀၉ ကုန်ဇမှုန်း

1688  Views
Previous: ဇနီးမောင်နှံစုံတွဲကို ပထမဆုံးအကြိမ်အဖြစ် ရဟန်းမင်းကြီးဖရန်စစ်က ရဟန်္တာအဖြစ် တင်မြှောက်
Next: သီပေါမြို့သို့ ဆလေးရှင်းရဟန်းတော်များ ရောက်ရှိခြင်း ငွေစင်ဂျုဗလီကျင်းပ