သမ္မာကျမ်းစာအဘိဓါန် (၂)

bible logo

Ananiah အာနာနိယ

Ananiah အာနာနိယ ဟူသောအနက်သည် ဂျေဟိုဝါက ကာကွယ်ထားခြင်း၊ နောပနှင့်ဟေဇာအကြားရှိ၊ ဘင်ဂျာမင်မျိုးနွယ်များ နေထိုင်ရာ မြို့တစ်မြို့၏အမည်ဖြစ်သည် (နေဟာမိ ၁၁း၃၂)။ ၎င်းမြို့သည် ယခုခေတ်တွင် တည်ရှိနေသော ဂျေရုစလင်မြို့ မြောက်ဖက် ၃ မိုင်အကွာတွင်တည်ရှိနေသော ဘေးဟာနီနာ ရွာ ဖြစ်သည်။

Ananias အာနာနိယာ(စ်)

Ananias အာနာနိယာ(စ်) ဟူသော ဝေါဟာရသည် (၁) ဂျူးလူမျိုးတို့၏ဘုံနာမည် ဖြစ်ပြီး ဟာနာနီယားဟူသော အမည်နှင့်တူညီ သည်။ အာနာနီယားစ်သည် ဂျေရုစလင်မြို့ရှိ အသင်းတော်၏အဖွဲ့ဝင်တစ်ဦးအမည် ဖြစ်ကာ မိမိညီအစ်ကိုမောင်နှမများကို မိမိမယားဖြစ်သူ ဆာဖီရာနှင့် ပူးပေါင်းလိမ်ညာသူဖြစ်သည်။ သူသည်ထိုစကားများကိုကြားသောအခါ လဲကျသေဆုံးလေ၏။ (တမန်တော် ၅း၅) ရှေ့ဦးခရစ်ယာန်များသည် အများသဘောတူညီချက်အရ အဖွဲ့ဝင်များအားလုံးသည် မိမိတို့၏ဥစ်္စာပစည်းများ ကို နှုတ်က ပတ်တော် ဟောကြားရေးနှင့် ဆင်းရဲသားများကို ကူညီရာတွင် အသုံးပြုရန် သဘောတူထားကြသည်။ မိမိတို့၏ပိုင်ဆိုင်မှုများ ကို ရောင်းချပြီး ရလာသော ငွေများအား တမန်တော်ကြီးများ၏ စီမံမှုအောက်တွင် ထားရှိကြသည် (တမန်တော် ၄း၃၆-၃၇)။ အာနာနိယစ်ဆိုသူသည် မိမိပိုင်ဆိုင်မှုများကို မိမိ၏စိတ်တိုင်းကျ သိမ်းထားပုံရသော်လည်း သူက မိမိ၏ဥစ်္စာများကို မိမိ၏ညီအစ်ကို များနှင့်အများ အတွက် အသုံးပြုရန် သဘောတူခဲ့သည်။ သို့သော် သူသည်တချို့တစ်ဝက်ကိုမူ မိမိအတွက် သီးသန့်ဖယ်ထားသုံးစွဲ သော် လည်း မိမိသည် မိမိ၏ဥစ်္စာများကို အားလုံးလှုဒါန်းခဲ့သည်ဟု လိမ်ပြီး ပြောဆိုလိုက်သည်။ အာနာနိယာ(စ်)နှင့်သူ၏ဇနီးဆာဖိရာ တို့၏လုပ်ရပ် ကို ဘုရားသခင်သည် အမျက်ထွက်တော်မူသည်။ (၂) အာနာနိယာ(စ်) သည် ဒါမစကုမြို့တွင် နေထိုင်သူ၏အမည် လည်း ဖြစ်သည်။ သူသည် ပေါလူးကို သွန်သင်ပြသသူဖြစ်သည်။ (တမန်တော် ၉း၁၀) သို့သော် သူသည် မည်သည့်အချိန်တွင် မည်ကဲ့သို့ ခရစ်ယာန် ဘာသာသို့ဝင်လာသည်ကိုမူ မသိရှိရပေ။ သူသည် ဥပဒေများကို လေးစားလိုက်နာကျင့်ကြံသူဖြစ်သည်။ သူသည် ဂျူးလူမျိုးတို့၏လေးစားခြင်းကို ခံရသူ ဖြစ်သည် (တမန်တော် ၂၂း၁၂)။ (၃) အာနာနိယာ(စ်) သည် ပေါလူးကို ဖေလစ်မင်းထံသို့ ပို့ဆောင်သော ရဟန်းမင်းအကြီးအကဲ ဖြစ်သည် (တမန်တော် ၂၃း၂၊ ၅၊ ၂၄)။

ဗညအေ့ အနတ် ဟူသော ဝေါဟာရသည် တစ်ခုခုတောင်း၍အဖြေရခြင်း၊ အီဇရေးလူမျိုး၏တရားသူကြီးတစ်ဦးဖြစ်သော ရှန်ကာ ၏ဖခင်အမည် ဖြစ်သည် (တရားသူကြီး ၃း၃၁)။

ဗညအေ့နာေ အနာထေမာဟူသော ဝေါဟာရသည် သန့်ရှင်းမြင့်မြတ်သောအရာကို ခင်းကျင်းထားခြင်း၊ ဆက်ကပ်ခြင်း၊ ထားရှိခြင်းဟု အနက်ရသည်။ အချို့သောသူများက ဗိမာန်တော်သည်လှပသော ကျောက်တုံးများနှင့်လည်းကောင်း၊ ဘုရားသခင်ကို ဆက်ကပ်ပူ ဇော် ထားသည့် လှူဖွယ်ပစည်းများနှင့်လည်းကောင်း တန်ဆာဆင်ထားကြောင်း (လုကာ ၂၁း၅)

ဗညအေ့သအ့ အနာသော့ ဟူသော ဝေါဟာရသည် ဘင်ဂျမင်လူမျိုးထဲက ဒုကသည်များ၏မြို့တစ်မြို့အမည်ဖြစ်သည် (ယောရှုမှတ်စာ ၂၁း၁၈)။ ဂျူးလူမျိုးများသည် ပါလက်စတိုင်းပြည်၌ တွေ့ရှိသော မြို့၏အမည်များကို ဥပဒေအရ မပြောင်းကြပေ။ ထို့ကြောင့် ၎င်းမြို့အမည်သည် ဂျူးလူမျိုးများ ကိုးကွယ်ခဲ့သော နတ်ဘုရား၏အမည်တစ်ခုခုကမျှ ဆင်းသက်လာပုံရသည်။ ထို့အပြင် ၎င်းဝေါဟာ ရသည် ဒါဝိတ်မင်းကြီး၏ အပါး ၃၀ ထဲက အဘေးဇဲ၏ ဇာတိမြို့ဖြစ်သည် (၂ ဓမ်္မရာဇဝင် ၂၃း၂၇)။ ၎င်းအမည်သည် ဂျေရမိယား၏ ဇာတိမြို့နှင့်နေထိုင်ခဲ့သောမြို့အမည်လည်း ဖြစ်သည် (ယေရမိ ၁း၁၊ ၁၁း၂၁-၂၃၊ ၂၉း၂၇၊ ၃ရး၇-၉)။

ဗညအေ့သအ့ အနာသော့ ဟူသော ဝေါဟာရသည် သင်္ဘောကျောက်ဆူးဟု အနက်ရသည်။ ကျောက်ဆူးဟူသည် အခက်အခဲများကို ကြုံတွေ့ချိန်တွင် စိတ်ဓါတ်ကြံ့ခိုင်ရန် အားပေးသောအရာကို အမွန်းတင်ပြောဆိုရာတွင်လည်း အသုံးပြုသည်။ (တမန်တော် ၂ရး၂၉)။

ဗညခငနညအ သ် ီပျေ ဟူသော ဝေါဟာရသည် ဒေးနီလ်၏ရူပါရုံထဲတွင် သုံးကြိမ်တိုင်တိုင် ပေါ်လာသောဘုရားသခင်ကို ဖော်ညွန်းရာ တွင် ထာဝရ ဟူသော အနက်ဖြင့် သုံးထားသော အသုံးအနှုန်းဖြစ်သည် (ဒံယေလ ရး၉၊ ၁၃၊ ၂၂)။

ဗညိမနတ အန်ဒရူး ဟူသော ဝေါဟာရသည် ခရစ်တော်ယေဇူးဘုရားရှင်၏နောက်လိုက်တပည့်တော် ၁၂ ပါးထဲက တစ်ပါး၏ အမည်ဖြစ်သည်။ သူသည် ဂါလေလေးနယ်ထဲက ဘက်ဇိုင်းဒါမြို့သား ဖြစ်သည် (ယောဟန် ၁း၄၄)။ သူသည် စီမွန်ပေတရု၏ညီ ဖြစ်သည် (မာတေးဦး ၄း၁၈၊ ၁၀း၂)။ သူသည် ခရစ်တော်ဘုရားက လူငါးထောင်အား ကျွေးမွေးချိန်တွင် ရှိနေသည် (ယောဟန် ၆း၈-၉) သူသည် ခရစ်တော်ဘုရားကို ဖူးမြင်လိုသော ဂရိလူမျိုးများအား မိတ်ဆက်ပေးခဲ့သည် (ယောဟန် ၁၂း၂၁-၂၂)။

ဗညိမသညငခကျ အန်ဒရောနိကု ဟူသော ဝေါဟာရသည် အောင်မြင်သောလူ၊ ဂျူးခရစ်ယာန်တစ်ဦးဖြစ်ပြီး ပေါလူး၏ ထောင်ကျဖော် မိတ်ဆွေနှင့်ဆွေမျိုးဖြစ်သည် (ရောမ ၁၆း၇)။

ဗညနာ အာနင် ဟူသော ဝေါဟာရသည် အီစာကာမျိုးနွယ်ထဲ လယ်ဗီတီကာမြို့၊ စမ်းချောင်းနှစ်ခုဟု အနက်ရသည်။ ယခုခေတ်၏ ဂျေနင်းမြို့အဖြစ် ထင်ရှားနေသော ရှေးဟောင်းမြို့ အင်ဂန်နင်ကို ခေါ်သည်။ (ယောရှုမှတ်စာ ၁၉း၂၁)

ဗညနမ အာနေဟူသော ဝေါဟာရသည် ယောင်္ကျားလေးဟု အနက်ရသည်။ (၁) ခေဒေါရလောမာမင်းကို လိုက်လံရှာဖွေရာတွင် အာဗြရဟမ်၏ စစ်သားများကို ပူးပေါင်းသော ကာနန်မြို့သား၏အမည် ဖြစ်သည် (ကမ်္ဘာဦး ၁၄း၁၃၊၂၄)။ (၂) ကောဟတ်သား၏ ဆွေမျိုးတို့ကို ပေးသော မနာရှေဒေသက မြို့၏အမည် ဖြစ်သည် (၁ ရာဇဝင်ချုပ် ၆း၇၀)။

ဗညါနူ အင်ဂျဲလ်ဟူသော ဝေါဟာရသည် သတင်းစကားသယ်ဆောင်သူဟု ဟေဘရူးဘာသာနှင့်ဂရိဘာသာစကားအရ အနက်ရ သည်။ ““တနေ့သ၌ ယောဘ၏သားသမီးတို့သည် အစ်ကိုကြီးအိမ်၌ စားပြီး စပျစ်ရည်ကို သောက်လျက်နေကြစဉ်၊ ယောဘထံသို့ တမန်တယောက်လာပြီး (ယောဘ ၁း၁၄၊ ၁ ဓမ်္မရာဇဝင် ၁၁း၄)၊ ပရောဖက်ကို ဆိုလိုသည် (ဟေရှာယ ၄၂း၁၉၊ ဟဂဲ်္ဂ ၁း၁၃) ရဟန်းကို ဆိုလိုသည် (မာလာခိ ၂း၇) အသင်းတော်ထဲက ဘာသာရေးအမှုတော်ဆောင်များကို ဆိုလိုသည် (ဗျာဒိတ် ၁း၂၀)။

ဗညါနမ အဲန်ဂရ်ဟူသောဝေါဟာရသည် မကျေနပ်မှုအပေါ် ဖော်ထုတ်သော စိတ်၏ခံစားချက်အပြုအမှုဖြစ်ပြီး ဗမာလို ““အမျက်ဒေါသ”” ဟု အနက်ရသည်။ ““သင်တို့အား ငါဆိုသည်မှာ မည်သူမဆို မိမိ၏ညီအစ်ကိုအပေါ် အမျက်ဒေါသထွက်လျှင် ရုံးတော်၌ အပြစ်စီရင်ခြင်းကို ခံထိုက်၏။ မိမိ၏ညီအစ်ကိုအား အသုံးမကျသူဟုခေါ်၍ ကဲ့ရဲ့စော်ကားသူသည် လွှတ်တော်၌ အပြစ်စီရင်ခြင်းကို ခံထိုက်၏။ မိမိ၏ညီအစ်ကိုအား အရူးဟုခေါ်ဆိုသောသူသည် ဂေဟေ့နာမီးဒဏ်ကို ခံထိုက်၏။ မာတေဦး ၅ း ၂၂)။ သင်တို့သည် အမျက်ထွက်ကြလျှင်ပင် အပြစ်မကျူးလွန်မိကြစေနှင့်။ နေမဝင်မီ သင်၏အမျက်ကို ငြိမ်းစေလော့ (ဧဖက် ၄း၂၂)။ ယခုအခါ သင်တို့သည် အမျက်ထွက်ခြင်း၊ ဒေါသကြီးခြင်း၊ ရန်လိုမုန်းတီးခြင်း၊ သူတစ်ပါး၏အသရေကို ဖျက်ခြင်း၊ ညစ်ညမ်း သောစကားကို ပြောဆိုခြင်းစသည့် အရာအားလုံးကို စွန့်ပယ်ကြလော့ (ကော်လောဆေ ၃း၈)။

ဗညငာ အနင်းမ် ဟူသောဝေါဟာရသည် စမ်းပေါက်များ၊ ဂျူဒတိုင်းပြည်ရှိ ထောင်များထဲတွင် တည်ထားသော မြို့တစ်မြို့၏ အမည် ဖြစ်သည်။ ယခုအခါ ၎င်းမြို့ကို အဲလ်ဂူဝင်းဟု အမည်ပြောင်းခေါ်ဆိုလျက် ၎င်းမြို့သည် ဟေဘရွန်၏အနောက်တောင်ဖက်ရှိ ၁၀ မိုင်အကွာတွင် တည်ရှိနေသော အဲစ်တက်မုတ်မြို့နားတွင် တည်ရှိသည် (ယောရှုမှတ်စာ ၁၅း၅၀)။

ဗညငျန အနိုက်စ် ဟူသောဝေါဟာရသည် ရှင်မာတေးဦး ၂၃း၂၃ တွင်သာ တွေ့ရှိရပြီး အနက်မှာ ““စမုံစပါး”” ဟု အနက်ရသည်။ ““သင်တို့သည် ပင်စိမ်း၊ စမြိတ်နှင့်ဇီယာတို့ကို ဆယ်ဖို့တစ်ဖို့လှူကြလျက် တရားကျမ်းတွင် ပို၍အရေးပါသော တရားမျှတခြင်း၊ သနားကြင်နာခြင်း၊ ယုံကြည်ခြင်းစသည့်သွန်သင်ချက်တို့ကိုမူကား လျစ်လျူရှုကြ၏။””

ဗညညေ အာနား ဟူသောဝေါဟာရသည် ကျေးဇူးတော်၊ အသက်ကြီးသောမုဆိုးမ၊ ဖာနူအဲလ်၏သမီး ဖြစ်သည်။ သူမသည် ပရောဖက်မ မီရီယမ်၊ ဒီဘိုရား၊ ဟူလ်ဒါကဲ့သို့ပင် ပရောဖက်မ (အမျိုးသမီးပရောဖက်) ဖြစ်သည်။ ၂ ခရောနီကာ ၃၄း၂၂)။ သူမသည် အိမ်ထောင်ကျပြီး ခုနှစ်နှစ်အကြာတွင် သူမ၏ခင်ပွန်းသည် သေဆုံးသွားရာ သူမ၏မုဆိုးမဘဝတစ်ခုလုံးကို နေ့စဉ်ဗိ မာန်တော်လုပ်ငန်းများတွင် ဆက်ကပ်ခဲ့သည်။ သူမသည် အသက် ၈၄ နှစ်ရောက်သော် ဗိမာန်တော်ထဲသို့ ဝင်ရောက်ခဲ့သည်။ သူမက ဗိမာန်တော်ထဲသို့ ဝင်ရောက်ချိန်သည် အနေသောစီမေအုန်က စကားပြောတတ်လာပြီး မြတ်စွာဘုရားသခင်ကို ကျေးဇူး တင်ရင်း ရှေ့ခေတ်က ကတိပေးခဲ့သော သားတော်ကို ဤလောကသို့စေလွှတ်မည်ဟူသော ကတိတော်ကို ပြည့်စုံစေခဲ့သည် (လုကာ ၂း၃၆-၃၇)။

ဗညညေငေ့ အနာနီယား ဟူသောဝေါဟာရသည် ဘုရားသခင်၏ ကာကွယ်စောင့်ရှောက်ခြင်းကို ခံရသူ၊ နော်ပ်နှင့်ဟေဇာမြို့ အကြားရှိ၊ ဘင်ဂျာမင်လူမျိုးတို့၏ မြို့အမည် ဖြစ်သည် (နေဟာမိ ၁၁း၃၂)။ ၎င်းအာနာနီယားမြို့သည် ယခုခေတ် တွင် ဂျေရုစလင်မြို့၏မြောက်ဖက်ရှိ ၃ မိုင်တွင် ရှိနေသော ရွာကလေးဖြစ်သော၊ ဘေးဟာနီနာဟူသော ရွာအမည်ဖြစ်နိုင်သည်။

ဗညညေငျေ အနာနိယာ ဟူသောဝေါဟာရသည် ဂျူးလူမျိုးတို့၏အများသုံးနာမည် ဖြစ်ပြီး ဟာနာနီယားဟူသော ဝေါဟာရနှင့် တူညီသည်။ (၁) ဂျေရုစလင်မြို့ရှိ ဘုရားကျောင်းအဖွဲ့ဝင်များထဲက အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ညီအစ်ကိုများကို လှည့်စားရန် မိမိ၏ ဇနီးဖြစ်သူ ဆာဖီရနှင့် ပေါင်းပူးကြံစည်သော်လည်း သူကဝိညာဉ်တော်မြတ်ကို လိမ်သည်ကို သိသောအခါ လဲကျပြီး သေဆုံးလေ သည်။ (တမန်တော် ၅း၅)။ (၂) တမန်တော် ၉း၁၀ တွင်ဖော်ပြထားသော ဒါမတ်စကတ်စ်မြို့မှ ခရစ်ယာန်တစ်ဦး၏အမည် ဖြစ်သည်။  သူသည် ပေါလူး၏စကားပြန် ဖြစ်သည်ဟု သိရသော်လည်း မည်သည့်အချိန်တွင် မည်ကဲ့သို့သော လမ်းကြောင်းဖြင့် ပေါလူး၏ စကားပြန် ဖြစ်သည်ကိုမူ မသိရှိရပေ။ သို့သော် သူသည် ဘုရားတရားကိုင်းရှိုင်းသူဖြစ်ပြီး ဒါမတ်စကတ်စ်မြို့ထဲတွင် နာမည်ကောင်းရှိသူ ဖြစ်သည် (တမန်တော် ၂၂း၁၂)။ (၃) အနာနိယာဆိုသူသည် ပေါလူးက ဖေးလစ်ထံသို့ ဖေးလစ်၏ငွေထိန်း အဖြစ် မခေါ်လာခင်တွင် ရဟန်းချုပ်တစ်ပါး ဖြစ်သည် (တမန်တော် ၂၃း၅)။ (၄) ပေါလူးသည် အမြင်အာရုံချိုတဲ့ခြင်းကြောင့် အနာနိယသည် ရဟန်းချုပ် ဖြစ်သည်ကို မသိရှိပုံ ဖြစ်နိုင်သည်ဟု ထင်ကြေးပေးကြသည်။

ဗညအေ့ အနာတ် ဟူသောဝေါဟာရသည် အဖြေ (ဥပမာ ဘုရားသခင်ထံတော်သို့ တောင်းခံသော လိုအပ်ချက်ကို ရရှိခြင်းအဖြေ)၊ အီစ်္စရေး၏ တရားသူကြီးများထဲက တရားသူကြီးတစ်ဦးဖြစ်သော ရှမ်ကာ၏ဖခင်အမည် ဖြစ်သည် (တရားသူကြီးမှတ်စာ ၃း၃၁)။

ဗညအေ့နာေ အနာသက်မာ ဟူသောဝေါဟာရသည် တစ်စုံတစ်ခုကို ရပ်ဆိုင်းခြင်း၊ ဗိမာန်တော်ထဲ (ဝါ) သန့်ရှင်းမြင့်မြတ်သော နေရာ တွင် အရာဝတ်္တုတစ်ခုခုကို ချထားခြင်း၊ ကျမ်းကျိန်ခြင်း၊ ကျိန်ဆဲခြင်းဟု အနက်ရသည် (တမန်တော် ၂၃း၁၂၊ ၁၄၊ ၂၁၊ ၁ကော်ရင့် ၁၂း၃)။

ဗညအေ့သအ့ အာနသုတ် ဟူသောဝေါဟာရသည် ဘင်ဂျာမင်မျိုးနွယ်စုထဲက ခိုလှုံရာမြို့များထဲက မြို့တစ်မြို့၏အမည် ဖြစ်သည် (ယောရှုမှတ်စာ ၂၁း၁၈)။ ဂျူးလူမျိုးများသည် ဥပဒေအရ၊ ပါလက်စတိုင်းဒေသတွင် တွေ့ရှိသော မြို့များ၏အမည်များကို ပြောင်းလဲ ခွင့် မရှိပေ။ ထို့ကြောင့် ၎င်း (အနာသော့)မြို့သည် အနတ်ဟူသော နတ်ဘုရားမ၏အမည်မှ ဆင်းသက်လာသော မြို့အမည်ဖြစ် သည်ဟု ယူဆထားကြသည်။ ၎င်းမြို့သည် ဒါဝိတ်မင်းကြီး၏ အရာရှိ (၃၀) ထဲက တစ်ဦးဖြစ်သော အဘေဇဲ၏ မွေးဖွားရာဇာတိ မြို့ (ဒုတိယ ဓမ်္မရာဇဝင် ၂၃း၂၇)၊ ဂျေဟူ၏ဇာတိမြို့ (ပထမရာဇဝင်ချုပ် ၁၂း၃)၊ ပရောဖက်ယေရမိယား၏ မွေးဖွားရာဇာတိမြို့နှင့် ပုံမှန်နေထိုင်သော မြို့ (ယေရမိ ၁း၁၊ ၁၁း၂၁-၂၃၊ ၂၉း၂၇၊ ၃၂း၇-၉) ဖြစ်သည်။ ၎င်းမြို့သည် ပြည်နှင်ဒါဏ်မှပြန်လာသော ၁၂၈ ဦးသော စစ်သားများ နှင့်ဆဲနာချယ်ရိ၏ စစ်တပ်များ၏ အကြီးအကျယ်ဖျက်ဆီးခြင်းကို ခံရသည် (နေဟာမိ ရး၂၇၊ ဧဇရ ၂း၂၃)။

ဗညခ့သမ ကျောက်ဆူး ဟူသောဝေါဟာရသည် ရောမခေတ်တွင်မူ စုံစမ်းစစ်ဆေးခြင်းခံရချိန်နှင့် သံသယစိတ်များ ပေါက်ဖွား ချိန်များတွင် ခိုင်မာတည်ကြည်စွာ နေထိုင်တတ်ရန် တင်စားပြီးအသုံးပြုသော ဝေါဟာရ ဖြစ်သည်။ ထိုအခါ သူတို့သည်သင်္ဘောကို ကျောက်ဆောင်နှင့်တိုက်မိမည်စိုးသောကြောင့် သင်္ဘောပဲ့ပိုင်းမှ ကျောက်ဆူးလေးခုကို ချပြီး မိုးလင်းစေရန် ဆုတောင်းကြ၏ (တမန်တော် ၂ရး၂၉)။ ချစ်မိတ်ဆွေတို့၊ ဤသို့ငါတို့ပြောသော်လည်း သင်တို့၏အရေးနှင့်ပတ်သက်လျှင်မူ၊ သင်တို့သည် ကယ်တင်ခြင်းဆိုင်ရာ ကောင်းမြတ်သောကျေးဇူးတော်များ ရရှိကြမည်ကို ငါတို့သေချာစွာ သိကြ၏။ (ဟေဗြေဦး ၆း၉)

ဗညိမနတ အန်ဒရူး ဟူသောဝေါဟာရသည် ““ယောင်္ကျားပီသခြင်း”” ဟု အနက်ရပြီး ဂရိနာမည် ဖြစ်သည်။ ထို့အပြင် ၎င်းဝေါဟာရ သည် ခရစ်တော်ယေဇူးဘုရား၏တပည့်တော် (၁၂) ပါးထဲက တစ်ပါး၏အမည် ဖြစ်ကာ၊ သူသည် ဂါလိလယ်နယ်၊ ဘဲဆိုက်ဒါးမြို့ သားဖြစ်ပြီး စီမုန်ပေတရု၏အစ်ကို ဖြစ်သည် (မာသဲဦး ၄း၁၈၊ ၂၀း၂)။ အခင်းအကျင်းတစ်ခုတွင် ဆေးကြောခြင်း ကိုပေးသော ယောဟန် က ယေဇူးဘုရားအား ““ဘုရားသခင်၏သိုးငယ်တော်ကို ကြည့်ကြလော့ (ယောဟန် ၁း၄၀)”” ဟု မိန့်ကြားခြင်းကို အန်ဒရူးက ကြားသိသောအခါ အန်ဒရူးသည် ခရစ်တော်ယေဇူး နောက်ကို ချက်ချင်းထပြီး လိုက်သွားသော ပထမဦးဆုံးသော ခရစ်တော်ဘုရား ၏ နောက်လိုက်တပည့်တော် ဖြစ်တော်မူသည်။ သူသည် ခရစ်တော်ယေဇူးဘုရားအား မက်ဆီယားသခင်အဖြစ် သိရှိသွားသောအခါ၊ မိမိ၏ညီဖြစ်သော စီမုန်ပေတရုအား ခရစ်တော်ယေဇူးကို မိတ်ဆက်ပေးတော်မူခဲ့သည်။ အန်ဒရူးသည် တံငါသည်ဘဝကို ရှင်သန်ခဲ့ သူဖြစ်ပြီး ခရစ်တော်ဘုရား၏ အယုံကြည်ရဆုံးသော တပည့်တော်တစ်ပါး ဖြစ်သည် (ယောဟန် ၆း၈၊ ၁၂း၂၂)။ သူသည် ပီတာ၊ ယာကုပ်နှင့်ယောဟန်တို့နှင့်အတူ ခရစ်တော်ဘုရားသခင်၏ နောင်တွင်ဆင်းကြွလာမည့်အခြေအနေကို မေးမြန်းခဲ့သူလည်း ဖြစ်သည် (မာကု ၁၃း၃)။ သူသည် ခရစ်တော်ယေဇူးဘုရားက လူငါးထောင်အား ကျွေးမွေးနေချိန်တွင် ရှိနေသော တပည့်တော် ဖြစ်သည် (ယောဟန် ၆း၉)။ သူသည် ခရစ်တော်ကို ဖူးမြင်လိုကြသော ဂရိလူမျိုးများအား ခရစ်တော်ယေဇူးဘုရားကို မိတ်ဆက် ပေးခဲ့သူ ဖြစ်သည် (ယောဟန် ၁၂း၂၂)။ အန်ဒရူးသည် တခြားသူများ (သူတို့ကမူ ပီတာ၊ မုန့်များနှင့်လူများ၊ ဂရိလူများ ဖြစ်ကြသည်) ကို ခရစ်တော်ဘုရားထံသို့ သုံးခါတိတိ ခေါ်ဆောင်လာပေးခဲသည်။ သူက ထိုကဲ့သို့ လူတန်းစားသုံးဖွဲ့ကို ခရစ်တော်ဘုရားထံတော် သို့ ခေါ်ဆောင်လာပေးခြင်းသည် အန်ဒရူး၏ထူးခြားသောပင်ကိုယ်လက်္ခဏာ တစ်ရပ်ပင် ဖြစ်ပေသည်။

ဗညိမသညငခကျ အန်ဒရိုနိကပ်စ် ဟူသောဝေါဟာရသည် ““အောင်မြင်နေသောလူ”” ဟု အနက်ရပြီး ဂျူးခရစ်ယာန်ဘာသာဝင်တစ်ဦး ၏အမည် ဖြစ်သည်။ သူသည် ပေါလူး၏အမျိုးသားချင်းနှင့် ထောင်ကျဖော်သူငယ်ချင်းဖြစ်သည်။ အန်ဒရိုနိကပ်စ်သည် တမန်တော် တို့အကြားတွင် ထင်ပေါ်ကျော်ကြားပြီး ပေါလူးထက် အလျင်ဦးစွာ ခရစ်တော်ကို အစေခံခဲ့သူများထဲတွင် တစ်ဦး အပါအဝင် ဖြစ်သည် (ရောမ ၁၆း၇)။

ဗညနာ အနဲမ် ဟူသောဝေါဟာရသည် ““စမ်းရေပေါက် နှစ်ခု”” ဟု အနက်ရသည့်အပြင် ဣဆခါလူမျိုးများနေထိုင်ရာ လယ်ဗီတီကာ မြို့၏ မြို့အမည် (ပထမရာဇဝင်ချုပ် ၆း၇၃) ဖြစ်သည်။ ၎င်းမြို့ကို ယခုခေတ်တွင်မူ အဲန်ဂါနဲမ်ဟု ခေါ်သကဲ့သို့ ဂျေနင်မြို့ (ယောရှုမှတ်စာ ၁၉း၂၁) ဟုလည်း ပြောင်းလဲခေါ်ဝေါ်ထားကြသည်။

ဗညနမ အာနေ ဟူသောဝေါဟာရသည် ““ယောင်္ကျားလေး”” ဟု အနက်ရသည်။ ခေဒေါရလောမာကို လိုက်လံဖမ်းဆီးရာတွင် အာဗြရဟမ်နှင့်အတူ လိုက်လံပူးပေါင်းသော ကာနန်လူမျိုးထဲကရွာသူကြီးတစ်ဦး ဖြစ်သည် (ကမ်္ဘာဦး ၁၄း၁-၂၄)။ အာနေဟူသော အမည်သည် လေဝိအမျိုးအနွယ်ထဲက ကောဟတ်မိသားစုများကို ပေးထားသော မာနာဆဲမြို့ ဖြစ်သည် (ပထမရာဇဝင်ချုပ် ၆း၇၀)။

ဗညါနူ အင်ဂျဲလ် ဟူသောဝေါဟာရသည် ဟေဘရူးနှင့်ဂရိဘာသာစကားဖြစ်ပြီး ““သတင်းသယ်ဆောင်သူ (ဝါ) တမန်တော် (ဝါ) သတင်းပေးသူ”” ဟု အနက်ရသည်။ ၎င်းဝေါဟာရကို အဖဘုရားသခင်က မိမိအလိုတော်ကို အကောင်အထည်ဖော်ရန်အတွက် ခန့်ထားသူကို ရည်ညွန်းသည်။ ၎င်းဝေါဟာရသည် သာမန်သတင်းပေးသူ (ယောဘ ၁း၁၄း၁၊ ဓမ်္မရာဇဝင်ပထမစောင် ၁၁း၃)ကို ဆိုလိုသည်။ ““ယာဗက်မြို့သားအသက်ကြီးသူတို့က၊ အကျွန်ုပ်တို့သည် အီစ်္စရေးပြည်တလျှောက်လုံးသို့ တမန်တို့ကို စေလွှတ်ခြင်းဌါ ခုနှစ်ရက်မျှ ငံ့လင့်ပါ။ ထိုအခါ ကယ်တင်သော သူမပေါ်မရှိလျှင် မင်းကြီးထံသို့ ထွက်ပါမည်ဟုဆိုကြ၏။ ၎င်းဝေါဟာရကို ပရောဖက် များ (ဟေရှာယ ၄၂း၁၉)၊ ရဟန်းများ (မာလာခိ ၂း၇) နှင့် ယေဇူးဘုရား၏အမှုထမ်းများကို ပြောဆိုရာ၌ အသုံးပြုသည် (ဗျာ ဒိတ်တော် ၁း၂၀)။ ““ငါ့ကျွန်မှတစ်ပါး အဘယ်သူ ကန်းသနည်း။ ငါစေလွှတ်သောတမန်ကဲ့သို့ အဘယ်သူသည် နားပင်သနည်း။ ငါ့မိတ်ဆွေကဲ့သို့ အဘယ်သူ ကန်းသနည်း။ ထာဝရဘုရား၏ ကျွန်ကဲ့သို့ အဘယ်သူ ကန်းသနည်း (ဟေရှာယ ၄၂း၁၉)””။ ““ပရောဖက်၏နှုတ်ခမ်းသည် ပညာကိုစောင့်ရမည်။ သူ၏နှုတ်၌ လူတို့သည် တရားတော်ကို ရှာရကြမည်။ အကြောင်းမူကား သူ သည် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား စေလွှတ်တော်မူသော တမန်ဖြစ်၏ (မာလာခိ ၂း၇)””။ ““ကြယ်ခုနှစ်လုံးသည်လည်း ထိုခုနှစ်ပါးသော အသင်းတော်တို့ကို အုပ်သော တမန်ဖြစ်ကြ၏ (ဗျာဒိတ်တော် ၁း၂၀)””။ ဘုရားသခင်သည် ကပ်ရောဂါကို ဖြစ် ပွားစေလိုသောအခါ ပုဂ်္ဂိုလ်စွဲမဟုတ်သော ကိုယ်စားလှယ်များအဖြစ် တမန်တော်များကို အသုံးပြုသည်။ ““ကောင်းကင်တမန်သည် ဂျေရုစလင်မြို့ကို ဖျက်ဆီးမည်ဟု လက်ကို ဆန့်သောအခါ ထာဝရဘုရားသည် ထိုဘေးကြောင့်၊ နောင်တရတော်မူပြီး တန်ပြီ။ သင့်လက်ကို ရုပ်သိမ်းလော့ဟု လူတို့ကို ဖျက်ဆီးသော ကောင်းကင်တမန်အား မိန့်တော်မူ၏ (ဓမ်္မရာဇဝင်ဒုတိယစောင် ၂၄း၁၆)””။ ဘုရားသခင်သည် တမန်တော်အား လေအဖြစ် အသုံးပြုတော်မူသည်။ ““မိမိတမန်တို့ကို လေကဲ့သို့လည်းကောင်း၊ မိမိအစေအပါးတို့ ကို မီးလျှံကဲ့သို့လည်းကောင်း ဖြစ်စေတော်မူ၏ (ဆာလံ ၁၀၄း၄)။ ဘုရားသခင်သည် တမန် (ဝါ) သိကြားမင်းတို့ကို မိမိတို့၏ပင် ကိုယ်သဘာဝအတိုင်း အသုံးမပြုဘဲ မိမိတို့၏လုပ်ငန်းတာဝန်အတိုင်း တာဝန်ပေးတော်မူသည်။ ဘုရားသခင်က အာဘရဟမ်အား မံရေသပိတ်တောအနားတွင် ထင်ရှားပြတော်မူပုံ (ကမ်္ဘာဦး ၁၈း၂၊ ၂၂) ယာကုပ်အား ပေညေလတွင် ထင်ရှားပြခြင်း၊ (ကမ်္ဘာဦး ၃၂း၃၀)၊ ဂိလ်ဂါလ်အရပ်တွင် ယောရှုအား တန်ခိုးပြတော်မူခြင်း (ယောရှု ၅း၁၀၊ ၁၅)တို့ ဖြစ်ကြသည်။ ခရစ်တော်ဘုရားရှင်မြတ်၏ လူ့အဖြစ်ကို ယူဆောင်လာခြင်းသည် သိကြားတမန်တော်များ၏ လုပ်ငန်းတာဝန်များကို တခေတ်ဆန်းသစ်လာစေခဲ့သည်။ သိကြား မင်းတို့သည် မိမိတို့၏သခင်နှင့်အတူ လောကသို့ဆင်းကြွလာတော်မူကြပြီး အရှင်သခင်ကို အစေခံတော်မူကြသည်။ သိကြားတမန် တော်တို့သည် ခရစ်တော်ဘုရား၏ ကြွရောက်လာမည့်အချိန်ကို ကြိုတင်ဟောကိန်းထုတ်တော်မူကြသည် (မာတေဦး ၁း၂၀၊ လုကား ၁း၂၆-၃၈)၊ ခရစ်တော်ဘုရားက နတ်ဆိုး၏သွေးဆောင်ခြင်းကို ခံရပြီးနောက် တမန်တော်တို့က ခရစ်တော်အား အစေခံတော်မူကြ သည် (မာတေဦး ၄း၁၁၊ လုကား ၂၂း၄၃)၊ ခရစ်တော်ဘုရား၏ရှင်ပြန်ထမြောက်တော်မူခြင်းနှင့် ကောင်းကင်သို့ တက်ကြွတော်မူခြင်း အကြောင်းကို သိကြားမင်းတို့က ကြေညာတော်မူ ကြသည် (မာတေဦး ၂၈း၂-၈၊ ယောဟန် ၂၀း၁၂၊ ၁၃၊ တမန်တော် ၁း၁၀၊ ၁၁)။ သိကြားမင်းတို့သည် ဘုရားသခင်၏လူမျိုးတော်ထံသို့ ဝိညာဉ်များကို ပို့ဆောင်နေကြသည် (မာတေဦး ၁၈း၁၀၊ တမန်တော် ၅း၁၉၊ ၈း၂၆၊ ၁၀း၃၊ ၁၂း၇၊ ၂ရး၂၃)။ သိကြားမင်းတို့သည် အပြစ်သား၏ မိမိအပြစ်အတွက် နောင်တရခြင်းအပေါ် ဝမ်းမြောက်ကြသည် (လုကာ ၁၅း၁၀)။ သိကြားမင်းတို့သည် သေဆုံးသွားကြသော ဝိညာဉ်များကို ကောင်းကင်နိုင်ငံတော်သို့ ပို့ဆောင်ကြ၏ (လုကာ ၁၆း၂၂)။ သိကြားမင်းတို့သည် နောက်ဆုံးသောနေ့၌ လူသားများကို စီရင်ဆုံးဖြတ်ကြသူများ ဖြစ်ကြမည် (မာတေဦး ၁၃း၃၉၊ ၄၁၊ ၄၉း၊ ၁၆း၂၇၊ ၂၄း၃၁)။———————–

ဗညါနမ အဲင်ဂါရ် ဟူသောဝေါဟာရသည် ဒေါသထွက်ခြင်းဟု အနက်ရသည်။ ဒေါသထွက်ခြင်းသည် မိမိ၏အမြင်၌ တစ်စုံတစ်ခု ကို မကောင်းသောအရာဟု မြင်တွေ့ရာမှ ထွက်ပေါ်လာသော စိတ်မသာမယာဖြစ်သော ခံစားချက်တစ်ခု ဖြစ်သည်။ ၎င်းဒေါသသည် အလွန်အကျွံဖြစ်လာလျှင်မူ အပြစ်ဖြစ်သွားနိုင်သည်။ (သင်တို့အား ငါဆိုသည်မှာ မိမိ၏ညီအစ်ကိုအပေါ် အမျက်ဒေါသထွက်လျှင် ရုံးတော်၌ အပြစ်စီရင်ခြင်းကို ခံထိုက်၏။ ““မိမိ၏ ညီအစ်ကိုအား အသုံးမကျသူဟု ခေါ်၍ကဲ့ရဲ့စော်ကားသောသူသည် လွှတ်တော်၌ အပြစ်စီရင်ခြင်းကို ခံထိုက်၏။ မာတေဦး ၅း၂၂””၊ ““သင်တို့သည် အမျက်ထွက်ကြလျှင်ပင် အပြစ်မကျူးလွန်မိကြစေနှင့်။ နေမဝင်မီ သင်၏ အမျက်ကို ငြိမ်းစေလော့။ ဧဖက် ၄း၂၆””၊ ““ယခုအခါ သင်တို့သည် အမျက်ထွက်ခြင်း၊ ဒေါသကြီးခြင်း၊ ရန်လိုမုန်းတီးခြင်း၊ သူတစ်ပါး၏ အသရေကိုဖျက်ခြင်း၊ ညစ်ညမ်းသောစကားကို ပြောဆိုခြင်းစသည့်အရာအားလုံးကို စွန့်ပယ်ကြလော့။ ကောလောဆဲ ၃း၈။ ခမည်းတော်ဘုရားသည် အပြစ်ရှိသောသူနှင့်အပြစ်တို့ကို မနှစ်သက်ပေ။ ““ဘုရားသခင်သည် ဖြောင့်မတ်သောတရားသူကြီး ဖြစ်တော်မူ၍ မကောင်းမှုပြုသောသူတို့ကို နေ့စဉ်ပြစ်တင်ရှုတ်ချတော်မူ၏။ ဆာလံ ရး၁၁””)။

ဗညငာ အနင်မ် ဟူသောဝေါဟာရသည် တောင်ကျစမ်းရေများ၊ ယုဒပြည်ရှိ တောင်တန်းများထဲတွင် တည်ရှိနေသော မြို့တစ်မြို့၏ အမည်ဖြစ်ပြီး ၎င်းမြို့၏အမည်သည် ယခုအခါ အဲလ်ခူဝင်၏ ခေါ်တွင်ထားသည်။ အဲလ်ခူဝင်မြို့သည် ဟေဘရွန်မြို့၏  အနောက် တောင်ဖက်ရှိ ၁၀ မိုင်လောက်တွင် တည်ရှိသော အဲလ်စ်တေမုတ်မြို့အနားတွင် တည်ရှိနေသည်။ (ယောရှု ၁၅း၅၀)

ဗညငာေူ အဲနီမာလ် ဟူသောဝေါဟာရသည် တိရိစ်္ဆာန်ဟုအနက်ရသည်။ တိရိစ်္ဆာန်များသည် အာရုံများဖြင့် ဖန်ဆင်းခံကြရသော သက်ရှိသတ်္တဝါမျိုး ဖြစ်သည်။ ဓမ်္မဟောင်းခေတ်ထဲတွင်မူ လေဝီဥပဒေက တိရစ်္ဆာန်များကို သန့်ရှင်းသောတိရစ်္ဆာန်နှင့်မသန့်ရှင်းသော တိရစ်္ဆာန်ဟူပြီး နှစ်မျိုးခွဲခြားထားသည်။ သို့သော် တိရစ်္ဆာန်များသည် ဓမ်္မဟောင်းခေတ် နော်အေး၏ ရေကြီးမှုမဖြစ်ခင်ကတည်းက တည်ရှိခဲ့သော သတ်္တဝါမျိုးဖြစ်သည်ကို တွေ့ရှိရသည် (ကမ်္ဘာဦး ရး၂)။ သန့်ရှင်းသော တိရစ်္ဆာန်များသည် ဘုရားသခင်အား ပူဇော်ရာတွင် အသုံးပြုခြင်းကို ခံကြရသည်။ စားမြုံ့ပြန်ပြီး သား၊ ခွါကွဲပြားသောတိရစ်္ဆာန်တို့ကိုမူ မသန့်ရှင်းသော အသားများအဖြစ်
သတ်မှတ်ခဲ့ကြသည်။ သန့်ရှင်းသောတိရစ်္ဆာန်နှင့်မသန့်ရှင်းသောတိရစ်္ဆာန်များအမည်စာရင်းများကို ဓမ်္မဟောင်းကျမ်းစာထဲက ““တရားဟောရာကျမ်း ၁၄း၃-၂၀၊ တောလည်ရာကျမ်း ၁၁”” တို့တွင် တွေ့ရှိရသည်။

ဗညငျန အနိုက်စ် ဟူသောဝေါဟာရကို ရှင်မာတေဦး အခန်းကြီး ၂၃း၂၃ တွင်သာ တွေ့ရှိသည်။ ၎င်းဝေါဟာရသည် စမုံစပါး၊ စမြိတ်ဟု အများက ခေါ်ကြသော အပင်တစ်မျိုး၏အမည်ဖြစ်သည်။ ၎င်းစမုံစပါးဟူသောအမည်သည် စပိန်၊ ပေါ်တူဂီ နှင့်ဥရောပ တောင်ပိုင်းရှိ နိုင်ငံများတွင် အများဆုံး ပေါက်သည်ကို တွေ့ရှိရသည်။ ဖာရီရှယ်များသည် ၎င်းအပင်ကို ရောင်းချရာမှ ရရှိလာသော ဝင်ငွေများ ဖြင့် ဆယ်ဖို့တစ်ဖို့ကို ပေးသောအကျင့် ရှိကြသည်။ ““သူတော်ကောင်းယောင်ဆောင်သော ကျမ်းတတ်ဆရာနှင့်ဖာရီဇေးဦး တို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ သင်တို့သည် ပင်စိမ်း၊ စမြိတ်နှင့်ဇီယာတို့ကို ဆယ်ဖို့တစ်ဖို့လှူကြလျက် တရားကျမ်းတွင် ပို၍အရေးပါးသော တရားမျှတခြင်း၊ သနားကြင်နာခြင်း၊ ယုံကြည်ခြင်းစသည့်သွန်သင်ချက်တို့ကိုမူကား လျစ်လျူရှုကြ၏။ မာတေးဦး ၂၃း၂၃””။

ဗညညေ အာနား ဟူသောဝေါဟာရ၏အနက်သည်ကား ““ကျေးဇူးတော်”” ဟု အနက်ရသည့်အပြင် ဖာနူအဲလ်၏သမီး၊ အဖွားအို မုဆိုးမ၏ အမည်လည်း ဖြစ်သည်။ သူမသည် မီရီအမ်၊ ဒီဘိုးရာနှင့်ဟူလ်ဒါတို့နည်းတူ အမျိုးသမီးပရောဖက် ဖြစ်သည်။ (ရာဇဝင်ချုပ် ဒုတိယစောင် ၃၄း၂၂)။ သူမသည် အိမ်ထောင်ကျပြီး ခုနှစ်နှစ်အကြာတွင် သူမ၏ခင်ပွန်းသည် သေဆုံးလေရာ သူမ၏မုဆိုးမဘ၀ တစ်ခုလုံးတွင် ဘုရားကျောင်းတို့ နေ့စဉ်သွားရောက်ပြီး ဗိမာန်တော်နှင့်ဆိုင်သော အလုပ်များကို ကူညီလုပ်ဆောင်ခဲ့သည်။ သူမသည် အသက် ၉၄ နှစ်ရောက်လာသော်၊ အသက်ကြီးရင့်ပြီး အနေသော စီမေအုန်က မိမိ၏ ဘုရားသခင်အား ကျေးဇူးတင်ချီးမွမ်းသော မှတ်သားဖွယ်ရာစကားကို စပြောသောနေ့နှင့် မိမိ၏သားတော်ကို လောကသို့ စေလွှတ်မည်ဟု ရှေ့က ကတိထားတော်မူချက်ကို ပြည့်စုံစေသောနေ့တွင် ဗိမာန်တော်ထဲသို့ ဝင်ရောက်ခဲ့သည်။ (လုကား ၂း၃၆-၃၇)။ ““အာရှဲအမျိုး အနွယ်ဝင် ဖာနူအဲလ်၏သမီးအန်္နာ အမည်ရှိသော ပရောဖက်မတစ်ဦးရှိပြီး သူမသည်အသက်အရွယ်ကြီးရင့်ပြီ ဖြစ်၏။ သူမသည် ပျိုရွယ်သောအချိန်မှစ၍ ခင်ပွန်းသည် နှင့်ခုနှစ်နှစ်သာ ပေါင်းသင်းခဲ့ပြီး အသက်ရှစ်ဆယ့်လေးနှစ်တိုင်အောင် မုဆိုးမဘဝဖြင့် နေထိုင်ခဲ့၏ သူမသည် ဗိမာန်တော်မှမည်သည့် အခါမျှထွက်ခွာခြင်း မရှိဘဲ ဝတ်ပြုကိုးကွယ်လျက် အစာရှောင်ခြင်းနှင့်ဆုတောင်းခြင်း အမှုတို့ကို နေ့ညမပြတ် ပြုလုပ်လေ၏။ လုကာ ၂း၃၆-၃၈””

ဗညညျေ အာနား(စ်) ဟူသောဝေါဟာရ၏အနက်သည်ကား အေဒီ ၇ မှ ၁၄ ခုနှစ်အတွင်းတွင် အသက်ရှင်ခဲ့သော ရဟန်းအကြီး အကဲတစ်ပါး၏အမည် ဖြစ်ပြီး သူ၏ဖခင်အမည်မှာ ဆဲတ် ဖြစ်သည်။ ခရစ်သက်္ကရာဇ် ၂၅ ခုနှစ်တွင်မူ အာနား၏သမီးတော်ကို လက်ထပ်ခဲ့သော ကာအီဖ (ယောဟန် ၁၈း၁၃) သည် ၎င်းရဟန်းအကြီးအကဲရာထူးသို့ တိုးမြှင့်ခြင်း ခံရသည်။ ဖြစ်နိုင်ခြေရှိ သည်ကား၊ အာနားစ်သည် ““ဆန်ဟေဒရင်း”” (ရှေ့ခေတ်က ဂျူးလူမျိုးတို့၏ ရဟန်းအကြီးအကဲအဖွဲ့၏အမည်) ၏ ဥက်္ကဌ သို့မဟုတ် ရဟန်းအကြီးအကဲ၏ လက်ထောက်ဖြစ်ခဲ့ ဟန်ရှိကာ၊ သူသည် ကာအီဖနှင့်အတူ ရဟန်းအကြီး အကဲအဖြစ် ခေါ်ဝေါ်ခြင်း ခံရသည် (လုကာ ၃း၂)။ မိုးဇယ်၏ဥပဒေအရ၊ ရဟန်းအကြီးအကဲဖြစ်သူသည် ရာသက်ပန် ဖြစ်ကြရသည် (တောလည် ရာ ၃း၁၀)။ အာနားစ် သည် ရောမဘဏ္ဍရေးမှူးက ရာထူးမှဖြုတ်ချခဲ့သော်လည်း ဂျူးလူမျိုးတွေကမူ သူ့ကို ရဟန်းအကြီးအကဲအဖြစ် လက်ခံနေဆဲ ဖြစ်ပေလိမ့်မည်။ ခရစ်တော်ယေဇူးသည် အာနား၏မျက်မှောက်သို့ ဆောင်ယူတော်မူခြင်းကို ခံရပြီးနောက် အာနားသည် ခရစ်တော် ဘုရားကို ချည်နှောင်စေလျက် ရဟန်းအကြီးအကဲဖြစ်သူ ကာအိဖထံသို့ ပို့စေ၏ (ယောဟန် ၁၈း၁၉-၂၃) (မာတေဦး ၂၆း၅၇-၆၈)။ ခရစ်တော်ယေဇူးဘုရားအား အာနား၏ရှေ့မှောက်တွင် စစ်ဆေးခြင်းကို ရှင်ယောဟန်တစ်ပါးကသာ ဧဝံဂေလိကျမ်းထဲတွင် မှတ်တမ်းတင် ရေးသားတော်မူသည်။ အာနားသည် ဂျူးလူမျိုးတို့၏ရဟန်းအကြီးအကဲအဖွ့ဲသို့ ပီတာနှင့်ယောဟန်တို့အား မခန့်အပ် ခင်အထိ ၎င်းအဖွဲ့တွင် ဥက်္ကဌ ဖြစ်ခဲ့သည် (တမန်တော် ၄း၆)။

ဗညညသငညအ ဆီလူးဘိသိက်ပေးခြင်း

ဗညညသငညအ (အနွိင့်) ဟူသောဝေါဟာရသည် ဒဒဆီလူးဘိသိက်ပေးခြင်း”” ဟု အနက်ရသည်။ ဟေဘရူးလူမျိုးများထဲတွင် မွှေးကြိုင်သောဆီဖြင့် လိမ်းကြံခြင်းသည် ပုံမှန်ပြုလုပ်လျက် ရှိကြသော အလေ့အကျင့်တစ်ခု ဖြစ်သည်။ (၁) ထိုကဲ့သို့ ဆီလူးကြံခြင်းသည် သန့်ရှင်းသော၊ မြင့်မြတ်ခြင်းသို့ ပူဇော်ခြင်း၏ တမူထူးခြားသော လုပ်ရပ်ဖြစ်သည်။ ဥပမာဆိုရသော် ရဟန်းအကြီးကို ဆီလူးကြံခြင်း (ထွက်မြောက်ရာ ၂၉း၂၉၊ တောလည်ရာ ၄း၃) နှင့် မြင့်မြတ်သော ဝတ်ရုံများကို လိမ်းကြံခြင်း (ထွက်မြောက်ရာ ၃၀း၂၆)။ ထို့ကြောင့် ရဟန်းအကြီးနှင့် ဘုရင်တို့သည် “ဆီလူးကြံခံရသူ” (တောလည် ၄း၃၊ ၅၊ ၁၆၊ ၆း၂၀၊ ဆာလံ ၁၃၂း၂၀)။ ဘုရင်အား ဆီလိမ်းကြံခြင်းသည် သရဖူဆောင်းပေးခြင်းနှင့် တန်းတူဖြစ်သည် (ပထမဓမ်္မရာဇဝင် ၁၆း၁၃၊ ဒုတိယဓမ်္မရာဇဝင် ၂း၄)။ ပရောဖက်များသည်လည်း ဆီလူးကြံခြင်းကို ရရှိကြသည် (တတိယ ဓမ်္မရာဇဝင် ၁၉း၁၆၊ ပထမရာဇဝင်ချုပ် ၁၆း၂၂၊ ဆာလံ ၁၀၅း၁၅)။ ဒိုင်းလွှားကို ဆီလူးခြင်း (ဟေရှာယ ၂၁း၅) အနက်သည် ဒိုင်းလွှားပြုလုပ်သော သားရေကို ဆီဖြင့်ပွတ်တိုက်ခြင်း ဓလေ့ဖြစ်ပြီး ၎င်းသားရေဒိုင်းလွှားအား စစ်ပွဲတွင် အသုံးပြုရန် ပျော့ပျောင်းပြီးသင့်လျှော်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။ (၂) ဆီလူးခြင်းသည် ဧည့်ဝတ်ကျေပွန်ခြင်း၏အပြုအမှု ဖြစ်သည် (လုကား ရး၃၈၊ ၄၆)။ ထိုကဲ့သို့ ဆီလူးခြင်းသည် ဂျူးလူမျိုးတို့၏ ဓလေ့တစ်ခုဖြစ်ပြီး မိမိကိုယ့်ကိုဆီလူးကြသည်။ ထို့ကဲ့သို့ မိမိကိုယ်ကိုဆီလူးခြင်းသည် ဂျူးလူမျိုးများအတွက်ကား မိမိကိုယ်ကို ပြန်လည်လန်းဆန်းစေခြင်း သို့မဟုတ် မိမိတို့၏ခန်္ဓာကိုယ်ကို ပြန်လည်အင်အား ဖြည့်ခြင်း အနက်ရသည် (တရားဟော ၂၈း၄၀၊ ရုဒ် ၃း၃၊ ဒုတိယဓမ်္မရာဇဝင် ၁၄း၂၊ ဆာလံ ၁၀၄း၁၅)။  ဤဓလေ့ကို ယနေ့အချိန်အထိ အရေဗီယားလူမျိုးများသည် ဆက်လက်ကျင့်သုံးနေကြဆဲ ဖြစ်သည်ဟု သိရသည်။ (၃) ဆီကို ဆေးဝါးဆိုင်ရာ ရည်ရွယ်ချက်တွင်လည်း အသုံးပြုသည်။ ဆီကို လူနာများအား လိမ်းကြံပေးခြင်းနှင့် အနာများတွင်လည်း လိမ်းကြံကြသည် (ဆာလံ ၁၀၉း၁၈၊ ဟေရှာယ ၁း၆၊ မာကု ၆း၁၃၊ ယာကုပ် ၅း၁၄)။ (၄) သေသွားသော အလောင်းကိုလည်း တခါတရံတွင်မူ ဆီလိမ်းရသည် (မာကု ၁၄း၈၊ လူကား ၂၃း၅၆)။ (၅) ကတိတော်ကို ပြောကြားသူကိုလည်း ဆီလိမ်းခံရသူ (ဝါ) မက်ဆီယား ဟု ခေါ်ကြသည် (ဆာလံ ၂း၂၊ ဒံယေလ ၉း၂၅ယ ၂၆)။ အကြောင်းရင်းကား သူသည် သန့်ရှင်းသောဝိညာဉ်တော်၏ ဆီဖြင့်လိမ်းကြံခြင်းကို ရရှိသောကြောင့် ဖြစ်ပြီး (ဟေရှာယ ၆၁း၁) ဝမ်းမြောက်ရွှင်လန်းခြင်း၏ဆီအဖြစ် အနက်ဖွင့်ကြသည် (ဆာလံ ၄၅း၇၊ ဟေဗြေဦး ၁း၉)။ နာဇရက်မြို့ သားယေဇူးသည် ဆီဖြင့်လိမ်းကြံ ခြင်းကို ခံရသူ ဖြစ်သည် (ယောဟန် ၁း၄၁၊ တမန်တော် ၉း၂၂၊ ၁ရး၂-၃၊ ၁၈း၅၊ ၂၈) ဓမ်္မဟောင်းကျမ်း၏မက်ဆီးယားသခင် ဖြစ်တော်မူသည်။

ဗညအ (အဲန့်) ပုရွတ်ဆိတ်

ဗညအ (အဲန့်) ဟူသောဝေါဟာရသည် ဟေဘရူးစကားဖြစ်ပြီး အနက်သည်ကား ဖျက်ဆီးခြင်း၊ ကိုက်ဖြတ်ခြင်းဟု အနက်ရသည်။ အင်္ဂလိပ်ဘာသာအားဖြင့် ဗညအ ဟု ခေါ်ဆိုပြီး မြန်မာဘာသာစကားသို့ အနက်ပြန်ရသော်၊ ပုရွတ်ဆိတ်ဟု အနက်ရသည်။ (ပညာအလိမ်္မာကျမ်း ၆း၆၊ ၃၀း၂၅)။ ပါလက်စတိုင်းဒေသတွင်မူ ပုရွတ်ဆိတ်အများစုသည် တိရစ်္ဆာန်များ၏အညစ်အကြေးများကို စားသုံးကြသော်လည်း တခြားပုရွတ်ဆိတ်များသည် ဟင်းသီးဟင်းရွက်များနှင့်  ဟင်းသီးဟင်းရွက်များ၏အစိတ်အပိုင်းများကို စားသုံးခြင်းဖြင့် အာဟာရများကို ရယူကြရသည်။ ပုရွတ်ဆိတ်များသည် မိုးတွင်းတွင်မူ အစာများကို စုဆောင်းကြပြီး အနာဂါတ်အတွက် စုဆောင်းသိုလှောင် ထားကြသည်။ ထိုကဲ့သို့စုဆောင်း တတ်သော ပုရွတ်ဆိတ်များကို အမေရိကန်နိုင်ငံရှိ တက်္ကစိပြည်နယ်၊ အိန်္ဒိယနိုင်ငံနှင့် အီတလီနိုင်ငံများတွင် လေ့လာတွေ့ ရှိရသည်။

ဗညအငခ့မငျအ (အဲန်တိခရိုက်စ်) ခရစ်တော်ကိုဆန့်ကျင်သူ

ဗညအငခ့မငျအ (အဲန်တိခရိုက်စ်) ဟူသောဝေါဟာရသည် ““ခရစ်တော်ကိုဆန့်ကျင်သူ”” ဟု အနက်ရသည်။ ဤဝေါဟာရ သည် သမ်္မာကျမ်းစာတစ်အုပ်လုံးတွင် တပည့်တော်ကြီးယောဟန်တစ်ပါးတည်းသာ သုံးစွဲခဲ့သည်ကို တွေ့ရှိရသည်။ အတုအယောင်ဆရာများအား ရည်ညွန်းပြီး တပည့်တော်ကြီးယောဟန်က၊ (၁ယောဟန် ၂း၁၈၊ ၂၂၊ ၄း၃၊ ၂ ယောဟန် ၁း၇) ယခုအချိန်တွင်ပင် ခရစ်တော်ကို ဆန့်ကျင်သူ အများအပြား ရှိနေကြပြီဟု မိန့်ကြားလေသည်။ (၁) ဤဝေါဟာရ သည် ““ဖျက်ဆီးတိုးပွားအောင်မြင်သော မင်း”” (ဒံယေလ ရး၂၄-၂၅၊ ၈း၂၃-၂၅) တင်စားခေါ်ဝေါ်ထားသည်။ (၂) ၎င်းဝေါဟာရကို ခရစ်တော်ဘုရားကိုယ်တော်တိုင်က အတုအယောင်ခရစ်တော်များအား ရည်ညွန်းပြီး သွန်သင်တော်မူ သည် (မာတေဦး ၂၄း၅၊ ၂၃-၂၄)။ သံပေါလူးက ခရစ်တော်ကိုဆန့်ကျင်သူအား ““တရားမဲ့သောသူ””ဟု တင်စားထားသည် (၂ သက်ဆာလောနိ ၂း၃-၄၊ ၈-၁၀)။ နောက်ဆုံးတွင်မူ ခရစ်တော်ကိုဆန့်ကျင်သူအား ““ပင်လယ်မှတက်လာသော သတ်္တဝါ”” (ဗျာဒိတ်တော် ၁၃း၁၊ ၁ရး၁-၁၈)။

ဗညအငသခ့ (အန်္တီယော့)-ဆီးရီးယားနိုင်ငံမှ မြို့ကြီးဖြစ်သောအန်တီအုပ်မြို့

ဗညအငသခ့ (အန်္တီယော့) ဟူသော ဝေါဟာရသည် ဆီးရီးယားနိုင်ငံ၊ အိုရွန်းတေးပင်လယ်နားရှိ၊ မြေထဲပင်လယ်မှ ၁၆ မိုင်အကွာ၊ ဂျေရုစလင်မြို့၏မြောက်ဖက် မိုင် ၃၀၀ ဝန်းကျင်တွင် တည်ထားသော မြို့၏အမည် ဖြစ်သည်။ ဤမြို့သည် ဆီးရီးယားနိုင်ငံ၏ မြို့ကြီးဖြစ်ခဲ့ပြီးနောက် နောက်ဆုံးတွင်မူ ရောမအင်ပါယာခေတ်တွင်မူ ၎င်းမြို့သည် အာရှရှိရောမပြည် နယ်ခွဲ၏မြို့တော် ဖြစ်ခဲ့သည်။ ဤမြို့ကို ရောမဘုရင်လက်ထဲတွင်မူ ရောမ၊ အလက်ဇန်ဒရီယားမြို့များပြီးလျှင် တတိယ အဆင့်ရှိသော မြို့အဖြစ် သတ်မှတ်ခဲ့ကြသည်။ ၎င်းအန်တီအုပ်မြို့ကို အရှေ့နယ်မြေ၏ ပထမမြို့ဟု ခေါ်ဝေါ်ခဲ့ ကြသည်။ ခရစ်ယာန်ဘာသာသည် ဤမြို့တွင် စတင်မျိုးစေ့ချခဲ့သည် (တမန်တော် ၁၁း၁၉၊ ၂၁၊ ၂၆) ပြီး ““ခရစ်ယာန်”” ဟူသော ဝေါဟာရအသုံးအနှုန်းကိုလည်း ဤမြို့တွင် စတင်အသုံးပြုခဲ့ကြသည် (တမန်တော် ၁၁း၂၆)။ ၎င်းမြို့သည် ရှေ့ဦးပိုင်း နှုတ်ကပတ်တော်၏သမိုင်းနှင့်လည်း ဆက်စပ်မှု ရှိသည် (တမန်တော် ၆း၅၊ ၁၁း၁၉၊ ၂၇-၂၈၊ ၃၀၊ ၁၂း၂၅၊ ၁၅း၂၂-၃၅၊ ဂလာဆီးယား ၂း၁၁-၁၂)။ ဤမြို့သည် တမန်တော်တို့အား ခရစ်တော်ဘုရားကို မသိသေးသောသူများထံသို့ စေလွှတ်ခြင်းပြုရာတွင် အဓိကကျသော မြို့ဖြစ်သည်။ ဤမြို့သည် အေဒီ ၄၀၇ နှစ်တွင် ပျံလွန်တော်မူသော ခရစ်ယာန် တို့၏ဖခင်ကြီး ရဟန်္တာ ခရစ်စောစတွမ်၏ ဇာတိမြို့လည်း ဖြစ်သည်။ ဤအန်တီအုပ်မြို့သည် ယနေ့ခေတ်တွင်မူ အန်တာကီယာမြို့ဟု ခေါ်ဝေါ်ကြပြီး ယခုအချိန်တွင်မူ ပျက်စီးနေပြီး ဝမ်းနည်းဖွယ်ကောင်းသော တူရကီမြို့တစ်မြို့ ဖြစ်သည်။ ဖိလီပိကဲ့သို့ပင်၊ ၎င်းမြို့ကို ရောမလူမျိုးတို့၏ လက်အောက်ခံမြို့ ဖြစ်သည်။ ဤကိုလိုနီမြို့ကို အုပ်ချုပ်သူများ ကို ““ရောမရာဇဝတ်တရားသူကြီးများ”” ဟု အမည်ပေးကြသည် (တမန်တော် ၁၆း၂၀-၂၁)။ ပေါလူးနှင့် ဘာနဘားစ်တို့ သည် မိမိတို့၏ ပထမဆုံးသော သာသနာပြုခရီးစဉ်အဖြစ် ပီစီဒိယပြည်၏မြောက်ဖက်သို့ ရောက်ရှိခဲ့သည် (တမန်တော် ၁၃း၁၄)။ ၎င်းမြို့တွင် တရားဇရပ်များနှင့်ဘာသာအယူဝါဒပြောင်းသူများကို အများအပြား တွေ့ရှိကြသည်။ ဤမြို့တွင် တရားဟောကြားရာ၊ ခရစ်တော်ဘုရားကို လက်ခံသူများ များပြားလာကြသော်လည်း ဂျူဒလူမျိုးများကမူ သူတို့နှစ်ဦးကို ဆန့်ကျင်ကြပြီး ဤမြို့မှ မောင်းထုတ်ခံကြရသည်။ ပေါလူးသည် ၎င်းပီစီဒိယမြို့မှအပြန်ခရီးတွင် မိမိ၏နောက်လိုက်တပည့် များကို သေချာစေရန်ရည်ရွယ်ချက်ဖြင့် အန်္တီယော့မြို့ကို ဝင်လာခဲ့သည် (တမန်တော် ၁၄း၂၁)။ ယခုခေတ်တွင်မူ ၎င်းနေရာ သည် ဧဖက်မြို့၏အရှေ့ဖက်တွင် တည်ရှိနေသော ““ဇာလိုဘဲချ်”” ဟူသော မြို့အဖြစ် တည်ရှိနေသည်ဟု သိရသည်။
ခ ခရစ်တော်ဘုရား မမွေးဖွားခင် (ဘီစီ ၂၈၀ မှ ၆၅) အတွင်းတွင် ရှိခဲ့ကြသော ဆီးရီးယားနိုင်ငံမှ ဘုရင်များ၏အမည် ဖြစ်သည်။ (၁) တန်ခိုးကြီးသော အန်္တီယော့ကုစ်သည် ဘီစီ ၂၂၃ တွင် ထီးနန်းရရှိသည်။ သူ့ကို မြောက်ရှင်ဘုရင်ဟု (ဒံယေလ ၁၁း၁၃-၁၉) တွင် တင်စားထားသည်။ ““မြောက်ရှင်ဘုရင် သည် တဖန်ပေါ်လာ၍ အရင်ထက်များစွာသော အလုံးအရင်းတို့ကို စီရင်ပြီးမှ ကာလအတန်အရာလွန်လျှင် စစ်အင်္ဂါများ၊ စည်းစိမ်များနှင့်အဆက်ဆက် လာလိမ့်မည် (ဒံယေလ ၁၁း၁၃)””။ သူ့ကို သူ့သား ဖြစ်သူ စီလီကူစ် ဖိလိုပတေက ဘီစီ ၁၈၇ တွင် ဆက်ခံခဲ့သည် (ဒံယေလ ၁၁း၂၀)။ စီလီကူစ်ဖိလိုပတေကို အခွန်ကောက် ခံသူဟု တင်စားထားပြီး ““နိုင်ငံတော် ၏ ဘုန်းစည်းစိမ်းကို ရှုတ်ချလျက်၊ ငွေတော်ခွဲသောသူသည်ပေါ်လာ၍ ခဏရှိပြီးမှ ဒေါသအမျက်မထွက် စစ်မတိုက်ဘဲ ဆုံးရှုံးခြင်းသို့ ရောက်လိမ့်မည် (ဒံယေလ ၁၁း၂၀)””။ (၂) အန်္တီယော့ကုစ် (၄) သည် ““ဘုရားသခင်ကိုဖော်ထုတ်သူ”” ဟု အမည်ရထားပြီး သူ၏ညီတော် စီလီကူစ်အား ဘီစီ ၁၇၅ တွင် ထီးနန်းဆက်ခံခဲ့သည်။ သူ၏အကျင့်နှင့်အသက်ရှင်သန်ပုံ သည် ““ယုတ်မာသောသူ”” ဟု ဒံယေလက တင်စားထားသည် (ဒံယေလ ၁၁း၂၁-၃၂)။ သူသည် ကလဲ့စားချေလိုသောစိတ် ဖြင့်၊ ဂျေရုစလင်မြို့ကို တိုက်ခိုက်မည့်အဖွဲ့ကို ဖွဲ့စည်းပြီး ၎င်းမြို့ကို တိုက်ခိုက်ရာ၊ မြို့သူ/သားများအားလုံးကို ရက်စက် စွာ သတ်ဖြတ်သည့်အပြင် ၎င်းမြို့ကိုလည်း ဖျက်ဆီးပစ်သည်။ ထိုအချိန်မှစပြီး ဂျူးလူမျိုးများသည် မာကာလူမျိုးခေါင်း ဆောင်များ၏ ရဲရင့်သောဦးဆောင်မှုအောက်တွင် လွတ်လပ်ရေးအတွက် ကြီးမားသော စစ်ပွဲကို ဆင်နွဲခဲ့ကြပြီး  အန်္တီယော့ကုစ်၏ စစ်တပ်ကို အနိုင်တိုက်နိုင်ခဲ့သည်။ အန်္တီယော့ကုစ်က ဂျူးလူမျိုးစစ်တပ်ကို ပြန်တိုက်ရန် သွားနေစဉ် တွင် လမ်းခရီး၌ ဘီစီ ၁၆၄ တွင် သေဆုံးသွားသည်။

ဗညအငဈေ (အန်္တိပတ်စ်)- ဟေရုဒ်ဘုရင်၏သားအမည်နှင့်သစ်္စာရှိသောအာဇာနည်တစ်ဦး၏အမည်

ဗညအငဈေ (အန်္တိပတစ်) ဟူသော ဝေါဟာရသည် (၁) ဟေရုဒ်ဘုရင်သားဖြစ်သော ဟေရုဒ်အန်္တိပတ်စ်၏အမည် ဖြစ်သည်။ အန်္တိပတစ်သည် ဟေရုဒ်ဘုရင်က ဆာမရီတန်အမျိုးသမီးဖြစ်သော မာလ်တာချေနှင့်ရသော သား ဖြစ်သည်။ သူသည် ခရစ်တော်ယေဇူးဘုရား၏ လောကတွင်အသက်ရှင်နေထိုင်ချိန်တစ်လျှောက်လုံးတွင် ဂါလိလဲနယ်တစ်ခုလုံးနှင့်နှင့် ဂျော်ဒန်နှင့်ပင်လယ်သေအရှေ့ပိုင်းတစ်ခြမ်းတို့ကို အုပ်ချုပ်သူ ဖြစ်သည် (လုကာ ၂၃း၇)။ သူသည် အရေးမကြီး၊ တန်ခိုး မရှိသော မင်းသားဖြစ်ပြီး ယုတ်မာပြီးပြစ်မှုမျိုးစုံကို ကျူးလွန်သောအမှုဖြင့် တရားဆွဲရမည့်သူ ဖြစ်သည် (မာကု ၈း၁၅၊ လုကာ ၃း၁၉၊ ၁၃း၃၁-၃၂)။ သူသည် မိမိတစ်ဝမ်းကွဲအစ်ကိုဖြစ်သော ဟေရုဒ်ဖီလစ်ဇနီးဖြစ်သော ဟေရုဒ္ဒိယကို ဆွပေးသောပွဲ၌ ဆေးကြောခြင်းပေးသောယောဟန်၏ခေါင်းကို ဖြတ် (မာတေဦး ၁၄း၁-၁၂) သူ ဖြစ်သည့်အပြင် ဝမ်းကွဲ အစ်ကို၏ဇနီးကို လက်ထပ်သူလည်း ဖြစ်သည်။ သူသည် ကျော်ဖြတ်ခြင်းပွဲအတွက် ဂျေရုစလင်မြို့တွင် ရှိနေစဉ် ပီလာတုမင်းက ခရစ်တော်ဘုရားသခင်ကို သူ့အား ပို့လိုက်သည် (လုကာ ၂၃း၇)။ သူသည် ဘုရားမြတ်ခရစ်တော်အား ညစ်ညမ်းသောမေးခွန်းများကို မေးသည့်အပြင် ပြက်ရယ်ပြုပြီးနောက် ပီလာတုမင်းထံသို့ ပြန်ပို့သူ ဖြစ်သည်။ သူ၏ အိမ်တွင်းဘဏ္ဍာထိန်းဖြစ်သော၊ ခုဇာ၏မယားသည် ခရစ်တော်ဘုရား၏တပည့်တော်များထဲတွင် သစ်္စာရှိသူတစ်ဦး အပါအဝင် ဖြစ်သည် (လုကာ ၈း၃)။ (၂) အန်္တိပတစ်ဟူသော ဝေါဟာရသည် သစ်္စာရှိသောအာဇာနည်တစ်ဦး၏ အမည် ဖြစ်သည် (ဗျာဒိတ်တော် ၂း၁၃)။

ဗညအငစအေမငျ (အန်္တိပထရီစ်)- ဟေရုဒ်ဘုရင်တည်ခဲ့သော မြို့

ဗညအငစအေမငျ (အန်္တိပထရီစ်) ဟူသော ဝေါဟာရသည် (၁) ဟေရုဒ်ဘုရင်တည်ခဲ့သော မြို့၏အမည် ဖြစ်သည်။ သူ့ဖခင်၏ အမည်သည် ““အန်္တိပတေ”” ဖြစ်ပြီး သူ့ဖခင်ကို ဂုဏ်ပြုသောအားဖြင့် ၎င်းမြို့အား ၎င်းအမည်ကို မှည့်ခဲ့ခြင်း ဖြစ်သည်။ ၎င်းမြို့သည် ဆီဇားရိယနှင့်လီဒါမြို့အကြား၊ ရောမလူမျိုးတို့၏အထင်ကရ လမ်းမကြီးဖြစ်သော ဆီဇားရိယမှ ဂျေရုဆလင်မြို့သို့သွားသော လမ်းပေါ်တွင် တည်ရှိသည်။ ရဟန်္တာပေါလူးသည် ဆီဇားရိယမြို့သို့အသွားလမ်းခရီးတွင် ညတွင်းချင်းအဖမ်းခံရပြီး ၂၈ မိုင်ဝေးသော ၎င်းမြို့သို့ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံရတော်မူသည် (တမန်တော် ၂၃း၃၁)။ ၎င်းမြို့သည် ယခုခေတ်တွင်မူ ပါလက်စတိုင်းဒေသတွင် အကြီးဆုံးစမ်းချောင်းရေဖြစ်သော ““ဗကနြ့ အော်ဂျက်”” ဟူသော စမ်းချောင်းစီးဆင်းရာဒေသဖြစ်သော ““ျွေျ-နူ-ဗငည ရာစ်အဲလ်အင်း”” ဟူသော မြို့နှင့်တူသည်ဟု ခိုင်းနှိုင်းကြပါသည်။

ဗညအသညငေ (အန်တိုနီယာ)- ဂျေရုဆလင်မြို့ထဲက ခံတပ်အမည်

ဗညအသညငေ (အန်တိုနီယာ) ဟူသော ဝေါဟာရသည် ဂျေရုစလင်မြို့ထဲက၊ ဂျေရုဆလင်ဗိမာန်တော်၏ အနောက်မြောက်၊ ထောင့်တွင်ရှိနေသော ခံတပ်၏အမည် ဖြစ်သည် (တမန်တော် ၂၁း၃၄၊ ၃၇)။ ပေါလူးသည် နာမည်ကြီးသော တရားတော်ကို ၎င်းခံတပ်ပေါ်မှ ဟောကြားတော်မူခဲ့သည် (တမန်တော် ၂၂း၁-၂၁)။ ရဟန်းအကြီးအကဲများ၏ သင်္ကန်းဝတ်ရုံများကို ၎င်းခံတပ်တွင် သိမ်းထားလျက် ရှိခဲ့ကြသည်။ ဟေရုဒ်သည် ၎င်းကို ခိုင်မာစေပြီး မိမိ၏သူငယ်ချင်း မာခ်အန်ထော်နီကို ဂုဏ်ပြုသောအားဖြင့် ၎င်းနေရာအား အန်တိုနီယာဟု အမည်ပေးခေါ်ဝေါ်လိုက်သည်။ ၎င်းခံတပ်သည် အရွယ်အစား ကြီးမားပြီး ဗိမာန်တော်အဖြစ် အသုံးပြုခဲ့ကြသည်။ ၎င်းခံတပ်သည် အနက်ပေ ၃၀၊ အကျယ် ၁၆၅ ပေကျယ်သော ရေမြောင်းကိုတူးပြီး ဘေဇေတာတောင်၏ အနောက်ဖက်မှ ခြားထားပေးသော ကျောက်ပေါ်တွင် အနက်ပေ ၃၀၊ အကျယ် ၁၆၅ ပေကျယ်သော ရေမြောင်းကိုတူးပြီး တည်ဆောက်ထားခြင်း ဖြစ်သည်။

ဗညအသအ့ငအန (အန်တိုထိသေ)- အနေ်္တာသိမြို့တွင်နေထိုင်သူတစ်ယောက်၏အမည်

ဗညအသအ့ငအန (အန်တိုထိသေ) ဟူသောဝေါဟာရသည် အနေ်္တာသိမြို့တွင်နေထိုင်သူတစ်ယောက်၏ နာမည်ဖြစ်သည် (ရာဇဝင်ချုပ်ပဌမစောင် ၁၁း၂၈၊ ၁၂း၃)။

ဗညလငူ (အန်ဗီလ်)- အန်ဗီလ်

ဗညလငူ (အန်ဗီလ်)- အန်ဗီလ်ဟူသော ဝေါဟာရသည် ဟေဘရူးဘာသာစကားဖြစ်ပြီး အဓိပ်္ပါယ်မှာ ရိုက်နှိပ်ခြင်းဟု အနက်ရသည် (ဟေရှာယ ၄၁း၇)။

ဗစန (အာပယ်)- တိရစ်္ဆာန်တစ်မျိုး၏အမည်

ဗစန (အာပယ်) ဟူသော ဝေါဟာရသည် မျောက်အမျိုးထဲက မျောက်တစ်မျိုး၏တိရစ်္ဆာန်အမည် ဖြစ်သည် (ဓမ်္မရာဇဝင် တတိယစောင် ၁၀း၂၂၊ ရာဇဝင်ဒုတိယစောင် ၉း၂၁)။ ၎င်းမျောက်အမျိုးအစားသည် အိန္ဒိယနိုင်ငံ၊ ဆောလမုန်နှင့် ဟီရမ်တောင်ခြေများမှ သယ်ဆောင်လာခြင်း ဖြစ်ပြီး ဟေဘရူးလူမျိုးများက ၎င်းမျောက်ကို ““ကောပ်”” ဟု ခေါ်သကဲ့သို့ ဂရိလူမျိုးများကမူ ““ကေပေါ့စ်”” ဟုခေါ်သည်။ ၎င်းအခေါ်အဝေါ်နှစ်မျိုးစလုံးသည် မျောက်တစ်ကောင်အား အိန္ဒိယလူမျိုး၊  တာမီလ်စကားဖြင့် မှည့်ထားသော အမည် ဖြစ်သည်။ ၎င်း ““အပေ”” ဟူသော တိရစ်္ဆာန်အမျိုးအစားတစ်ခုကိုမျှ ပါလက်စတိုင်းဒေသတွင်လည်းကောင်း၊ ၎င်းဒေသ၏အနီးတစ်ဝိုက်တွင်လည်းကောင်း မတွေ့ရပေ။

ဗစနူူနျ (အာပက်လက်)- ခရစ်ယာန်တစ်ဦး၏အမည်

ဗစနူူနျ (အာပက်လက်) ဟူသော ဝေါဟာရသည် ရောမမြို့တွင် ရှိသော ခရစ်ယာန်တစ်ဦး၏အမည် ဖြစ်သည်။ ၎င်း အာပက်လက်ကို ရဟန်္တာပေါလူးက နှုတ်ဆက်တော်မူသည်။ ထို့အပြင် အာပက်လက်သည် ခရစ်တော် ၏တပည့်အစစ် အမှန် ဖြစ်တော်မူသည် (ရောမ ၁၆း၁၀)။

ဗစ့မျေခေ့ငအနျ (အဖာဆာစိုက်စ်)- ကုမ်္ပဏီအမည်

ဗစ့မျေခေ့ငအနျ (အဖာဆာစိုက်စ်) ဟူသော ဝေါဟာရသည် အာဆီရိမ်ဘုရင်ကက ဆာမာရီယားနယ်တွင် တည်ထားသော နယ်ချဲ့သမားတို့၏ ကုမ်္ပဏ္ဍီအမည် ဖြစ်သည် (ဧဇရမှတ်စာ ၅း၆၊ ၆း၆)။

ဗစ့မျေငအနျ (အဖာစိုက်စ်)- လူမျိုးတစ်မျိုးအမည်

ဗစ့မျေငအနျ (အဖာစိုက်စ်) ဟူသော ဝေါဟာရသည် ဆာမာရီယားနယ်သို့ ရွှေ့ပြောင်းခံရသော လူမျိုးတစ်မျိုး၏ အမည် (ဧဇရမှတ်စာ ၄း၉) ဖြစ်သကဲ့သို့ အာဆီရိမ်ဘုရင်ကက ဆာမာရီယားနယ်တွင် တည်ထားသော နယ်ချဲ့သမားတို့၏ ကုမ်္ပဏ္ဍီအမည်လည်း ဖြစ်နိုင်သည်။

ဗစ့ငု (အဖိခ်)- မြို့အမည်

ဗစ့ငု (အဖိခ်) ဟူသော ဝေါဟာရသည် အရှဲလူမျိုး၏မြို့အမည် (တရားသူကြီး ၁း၃၁၊ ယောရှု ၁၃း၄၊ ၁၉း၃၀) ဖြစ်သည်။ ၎င်းမြို့သည် ဆီးရီးယားလူမျိုးအဖရိုဒိုက်ကို ကိုးကွယ်သောအခွင့်အရေးကို အသုံးပြုသည့်မြင်ကွင်းလည်း ဖြစ်သည်။ ပျက်စီးသွားသောအံ့ဖွယ်ရာဗိမာန်တော်အပိုင်းအစများသည် ဂျေဘယ်လ၏ အရှေ့ဘက် (၁၂) မိုင်အကွာတွင် တည်ရှိသော အဒိုနိမြစ် (ယခုအခါ နာအီဘရာဟင်ဟု အမည်ပြောင်း မှည့်ထားသည်) ၏ အရင်းအမြစ် နားတွင်တည်ရှိ သော စိမ်းကားသည့် တောရိုင်းနှင့်လှပသော လွင်ပြင်လက်ဘနွန်၏ အနောက်မြောက်ရှိတောင်စောင်းများပေါ်တွင် မြင်တွေ့နေရသည်။ (၂) အဖိခ်မြို့သည်  ဂျယ်ဇရီလ်နားရှိ အီစကာလူမျိုး၏ မြို့လည်း ဖြစ်သည် (ပထမဓမ်္မရာဇဝင် ၄း၁၊ ၂၉း၁)။ (၃) အဖိခ်မြို့သည် အီစ်္စရေးလူမျိုးတို့က တိုက်ခိုက်သိမ်းပိုက်ခြင်းခံရသော ဘင်ဟာဒါမြို့ (တတိယဓမ်္မရာဇဝင်  ၂၀း၂၆၊ ၃၀၊ စတုတ်္ထဓမ်္မရာဇဝင် ၁၃း၁၇) နားရှိတွင် ရှိသော ဂျော်ဒန်အရှေ့ဖက်၊ မြေပြန့်သောနေရာရှိ၊ ဒမတ်စကုမြို့မှ ပါလက်စတိုင်းသို့ သွားသောလမ်းပေါ်တွင် တည်ရှိသော မြို့ဖြစ်သည်။ ၎င်းမြို့သည် ယခုအခါ တီဖက်ရီအိုင်တစ်ဖက်ကမ်း၊ ဂါလီလဲပင်လယ်၏အရှေ့ဖက် ၆မိုင်တွင် တည်ရှိသော ခေတ်မှီဖိခ်မြို့ ဖြစ်သည်ဟု ပြောဆိုကြပါသည်။

ဗစသခေူပဈန (အပိုကလစ်) – ဗျာဒိတ်တော်ကျမ်း

ဗစသခေူပဈန (အပိုကလစ်) ဟူသော ဝေါဟာရသည် ဂရိဘာသာစကား ဖြစ်ပြီး ၎င်းဝေါဟာရ၏အနက်မှာ ဗျာဒိတ်တော်ကျမ်းစာအုပ်ကို ဆိုလိုခြင်း ဖြစ်သည်။

ဗစသခမပစ့ေ (အပိုခရစ်ဖျား) – ကျမ်းပယ်စာအုပ်များ

ဗစသခမပစ့ေ (အပိုခရစ်ဖျား) ဟူသောဝေါဟာရသည် ကျမ်းပယ်စာအုပ်များကို ခေါ်ဆိုခြင်း ဖြစ်သည်။ ၎င်းကျမ်းပယ် စာအုပ်များသည် လာတင်း ဗူလ်ဂိတ်ဘာသာဖြင့် ပြန်ဆိုထားသော  ဇာစ်မြစ်မစစ်သော ဓမ်္မဟောင်းကျမ်းများ ဖြစ်ပြီး ၁၆ ရာစု၌မူ ၎င်းကျမ်းစာအုပ်များမှ နာမည်ကြီးသော ဘာသာပြန်ဆိုမှုများကို ပြုလုပ်ပြီး နောက်ဆက်တွဲထားသော ကျမ်းစာအုပ် ဖြစ်သည်။ သို့သော် ၎င်းစာအုပ်ထဲ၌ ဘုရားသခင်၏ဗျာဒိတ်တော် တစ်စုံတရာ ပါဝင်သည်ဟု မမှတ်ယူ ထားကြပေ။ (၁) ၎င်းကျမ်းများကို သမ်္မာသစ်ကျမ်းရေး ဆရာများက တစ်ခါမျှ ကိုးကားထားခြင်း မပြုပေ။ ခရစ်တော်ဘုရား နှင့် အရှင်မြတ်၏တမန်တော်များက မိမိတို့၏အခွင့် အာဏာဖြင့် သာမန်ဂျူးလူမျိုးများ၏ကျမ်းစာကိုသာ အတည်ပြုတော်မူ ခဲ့ကြသည်။ ၎င်းသာမန်ဂျူးလူမျိုးတို့၏ကျမ်းစာသည် လက်ရှိမိမိတို့ အသုံးပြုနေသော သမ်္မာကျမ်းစာနှင့် အားလုံးအတူတူ ပင် ဖြစ်သည်။ (၂) ၎င်းကျမ်းစာအုပ်သည်  ဂရိဘာသာစကားဖြင့် မာလာခိအုပ်စိုးသော တိတ်ဆိတ်သော ကာလ၌ ရေးသားခဲ့ကြပြီးနောက် မြတ်စွာဘုရားသခင်ထံတော်မှ နှုတ်နှင့်တိုက်ရိုက်အမိန့်တော်ထုတ်ပြန်ခြင်းများသည် ခရစ်ယာန် ဘာသာထွန်းကားသည့်အချိန် ပြတ်တောက်ခဲ့သည်။ (၃) ၎င်းစာအုပ်၌ ပါဝင်သောအစိတ်အပိုင်းများသည် သမ်္မာကျမ်း စာအုပ်၏အစိတ်အပိုင်းတစ်ခုမျှ မပါဝင်ပေ။ ဓမ်္မဟောင်းကျမ်းတွင် ၁၄ အုပ်ပါဝင်ပြီး ၎င်း ၁၄ အုပ်ထဲက အဓိကစာအုပ်များ မှာ မာက်္ကဘီ၊ ဧဇရ၊ ပညာပါရမီ၊ အက်စတာ၊ ဘာရု၊ အယ်ကလေဆီယားတိကု၊ တိုဘိယားနှင့် ဂျူဒိကျမ်း တို့ ဖြစ်ကြသည်။ ဓမ်္မသစ်ကျမ်းပယ်စာအုပ်တွင်မူ ရှည်လျားသော စာပေများစွာ ပါဝင်ပြီး ၎င်းအရေးအသားများသည် တမန်တော်လက်ထဲမှ ဆင်းသက်လာသည်ဟူသော လက်္ခဏာ တစ်ခုမျှ မရှိသောကြောင့် ပစ်ပယ်ထားကြသည်။

ဗစသူူသညငေ (အပိုလိုနီယား) – မာဆီဒိုးနီယားပြည်ထဲက မြို့တစ်မြို့၏အမည်

ဗစသူူသညငေ (အပိုလိုနီယား) ဟူသောဝေါဟာရသည် အမ်ဖီပိုလစ်နှင့်သက်ဆလောနိကားမြို့အကြား ၃၆ မိုင်အကွာ၌ တည်ရှိသော မာဆီဒိုးနီယားပြည်ရှိ မြို့တစ်ခု၏အမည် ဖြစ်သည်။ ပေါလူးနှင့်ဆီလတ်တို့သည် သက်ဆလောနိကမြို့သို့ သွားကြသော အခါ ၎င်းမြို့မှတဆင့် ဖြတ်သန်းသွားကြရသည် (တမန်တော် ၁ရး၁)။

ဗစသူူသျ (အပိုလို(စ်)) – ဂျူးလူမျိုးတစ်ဦး၏အမည် (အာပိုလို)

ဗစသူူသျ (အာပိုလို) ဟူသောဝေါဟာရသည် အလက်ဇန်္ဒားမြို့တွင် မွေးဖွားသော ဂျူးလူမျိုး၊ အမျိုးသားတစ်ဦး၏ အမည် ဖြစ်ပြီး တရားဟောရာတွင် ကျော်ကြားသူနှင့်အဟောအပြော ကောင်းသူ ဖြစ်သည် (တမန်တော် ၁၈း၂၄)။ သူသည် ဧဖက်မြို့သို့ အေဒီ ၄၉ ခုနှစ်တွင် ရောက်ရှိလာပြီး ယေဇူးခရစ်တော်ဘုရားသည် မက်ဆီးယားဖြစ်တော်မူသည်ကို မသိသေးသော်လည်း တရားဇရပ်၌ ခရစ်တော်ဘုရားအကြောင်းကို ရဲရဲတင်းတင်း ဟောကြားသူ ဖြစ်သည် (တမန် တော် ၁၈း၂၆)။ အကွီလာနှင့် ပရီဆီလာတို့နှစ်ဦးက အဖဘုရားသခင်၏ လမ်းစဉ်သွန်သင်ချက်နှင့်အညီ ခရစ်တော်ဘုရား အကြောင်းကို ပိုသိနိုင်ရန်အတွက် ပိုကောင်းအောင် သူ့ကို သွန်သင်ပေးကြသည်။ ထို့နောက် သူသည် ကော်ရိန့်မြို့ သို့ ဆက်သွားပြီး ၎င်းမြို့တွင် ပေါလူးနှင့် တွေ့ဆုံကြသည် (တမန်တော် ၁၈း၂၇၊ ၁၉း၁)။ ၎င်းနေရာ၌ ပေါလူး မျိုးကြဲခဲ့သော သာသနာပြုလုပ်ငန်းများကို ဆက်လက်ရေလောင်းကြည့်ရှုတော်မူရာ (၁ ကော်ရိန့် ၁း၁၂) လူမြောက်များစွာကို ခရစ်တော် ဘုရားထံသို့ ပို့ဆောင် ရရှိတော်မူသည်။ သူ၏တပည့်များက သူ့အပေါ် သံယောဇဉ် ရှိလာကြသည် (၁ကော်ရိန့် ၃း၄-၇၊ ၂၂)။ ပေါလူးက ကော်ရိန့်အမျိုးသားတို့ထံ ပေးပို့သော ပထမသြဝါဒစာစောင်ကို ရေးသားချိန်တွင် အာပိုလိုသည် ပေါလူးနှင့်အတူ ဧဖက်မြို့တွင် အတူရှိနေရာ၊ ပေါလူးက တိတုထံသို့ရေးသားသောစာစောင်၌ အာပိုလိုကို ရည်ညွန်း ထားသည် (တိတု ၃း၁၃)။ တချို့ကလည်း အာပိုလိုသည် ဟေဗြဲအမျိုးသားတို့ထံရေးသားသောစာစောင်ကို ရေးသားသူ ဖြစ်သည်ဟု အခြေအမြစ် မရှိ ပြောဆိုသူများလည်း ရှိကြသည်။

ဗစသူူပသည (အပိုလိယမ်) – ဖျက်ဆီးသူ

ဗစသူူပသည (အပိုလိယမ်) ဟူသောဝေါဟာရသည် ဖျက်ဆီးသူဟု အနက်ရသည်။ ကျိုင်းကောင်များက ကိုယ်စားပြုထား သော ကောင်းကင်တမန်တော်များအဖွဲ့၏ ဘုရင်အား ပေးထားသော အမည်နာမ ဖြစ်သည်။ ၎င်းအမည်သည် ဟေဗြေဦး ဘာသာစကားဖြင့် အာဘက်ဒွန်ဟု ခေါ်ပြီး ဂရိဘာသာစကားဖြင့် အပိုလိယမ်ဟု ခေါ်တွင်လေ၏ (ဗျာဒိတ်တော် ၉း၁၁)။

ဗစသျအူန (အာပေါဆလ်) – တမန်တော်ကြီး

ဗစသျအူန (အာပေါဆလ်) ဟူသောဝေါဟာရသည် တမန်တော်ကြီးဟု အနက်ရသည်။ တမန်တော်ကြီးဟူသော ဝေါဟာရ သည် သံတမန်၊ သတင်းစကားသယ်ဆောင်သူ၊ စေလွှတ်ခြင်းခံရသူဟု အနက်ရသည်။ ဤဝေါဟာရကို ခမည်းတော်ဘုရား မြတ်က သားတော်ယေဇူးဘုရားအား စေလွှတ်ရာတွင် တကြိမ် ရည်ညွန်းထားသည်ကို တွေ့ရသည် (ဟေဗြေ ၃း၁၊ ယောဟန် ၂၀း၂၁)။ သို့သော် သာသနာတော်က သာသနာပြုလုပ်ငန်းနှင့်စပ်လျဉ်းပြီး တာဝန်အပ်နှင်းထားသော တပည့်တော်များတွင် အသုံးများပြီး ခရစ်တော်ဘုရားရှင်၏နှုတ်ထွက်စကားတော်မြတ်ကို ဖြန့်ဝေရန်အတွက် ဖိတ်ခေါ် ခြင်းခံကြရသော တပည့်တော်ကြီး (၁၂) ပါးတို့အား ရည်ညွန်းထားခြင်း ဖြစ်သည် (မာတေဦး ၁၀း၁-၅၊ မာကု ၃း၁၄၊ ၆း၇၊ လုကား ၆း၁၃၊ ၉း၁)။ တမန်တော်ကြီးများနှင့်ပတ်သက်ပြီး ကျွန်ုပ်တို့တွင် စာရင်းလေးခု ရှိကာ ၎င်းတို့မှာ မာတေဦး ၁၀း၂-၄၊ မာကု ၃း၁၆၊ လုကား ၅း၁၄ နှင့် တမန်တော် ၁း၁၃)။ ယေဇူးခရစ်တော်ဘုရားက သူတို့အား ကောင်းကင်နိုင်ငံ တော်၏သော့များကို ပေးတော်မူပြီး အရှင်မြတ်၏ဝိညာဉ်တော်ဘုရား၏ကျေးဇူးတော်ဖြင့် သူတို့ကို အသင်းတော်ကို တည်ထောင်သူများနှင့်အုပ်ချုပ်သူများအဖြစ် ဖြစ်စေတော်မူသည် (ယောဟန်၁၄း၁၆၊ ၁၇၊ ၂၆၊ ၁၅း၂၆-၂၇၊ ၁၆း၇-၁၅)။ သူတို့သည် အသင်းတော်ကို ကိုယ်စားပြုကြသောကြောင့် ခရစ်တော်ဘုရားက သူတို့အား လူသတ်္တဝါအပေါင်းတို့ ကို ခရစ်တော်ဘုရား၏သတင်းကောင်းကို ဟောကြားခွင့် ပေးတော်မူသည် (မာတေဦး ၂၈း၁၈-၂၀)။ ခရစ်တော်ယေဇူး သည် ရှင်ပြန်ထမြောက်ပြီးနောက်၊ သူတို့ကို ဆက်သွယ်တော်မူပြီး အရှင်မြတ်၏ကတိတော်အတိုင်း မိမိတို့၏တာဝန်များကို လုပ်ဆောင်နိုင်ရန်အတွက် ထူးခြားသော ကျေးဇူးတော်များကို သူတို့အား ပေးတော်မူသည် (တမန်တော် ၂း၄၊ ၁ ကော် ရင့် ၂း၁၆၊ ၂း၇၊ ၁၀၊ ၁၃၊ ၂ ကော်ရိန့် ၅း၂၀၊ ၁ ကော်ရိန့် ၁၁း၂)။ တမန်တော် (၁၂) ပါးထဲမှ ယုဒအစ်္စကရုသည် နတ်ဆိုး၏ဖြားယောင်းသွေးဆောင်ခြင်းကို ခံရပြီးနောက် သူ့နေရာတွင် မာသိယကို အစားထိုးလိုက်ကြသည် (တမန်တော် ၁း၂၆)။ ထို့နောက် တာဆုမြို့သား ပေါလူးကိုလည်း တမန်တော်ကြီးများ၏ စာရင်းထဲတွင် ထည့်သွင်းလိုက်ကြသည် (တမန်တော် ၉း၃-၂၀၊ ၂၀း၄၊ ၂၆း၁၅-၁၈၊ ၁ တိမောသီ ၁း၁၂၊ ၂း၇၊ ၂ တိမောသီ ၁း၁၁)။ ရှင်လုကာသည် တမန်တော်ကြီး များထဲမှ ပီတာ၊ ယောဟန်နှင့် ယာကုပ်နှစ်ဦးတို့အကြောင်းကို အနည်းငယ်ရေးထားရုံမှတပါး တခြားသော တမန်တော်ကြီး များ၏ စစ်မှန်သော ရင်းမြစ်ကို မည်သူမျှ မသိရှိကြပေ။ အသက်ပိုကြီးသော ယာကုပ်သည် တရားတော်အတွက် အသတ်ခံရ ပြီး (တမန်တော် ၁၂း၂) နောက် အသက်ပိုငယ်သော ယာကုပ်သည် အရေဖျားမလှီးသော တမန်တော်ပေါလူးက ဂျူးလူမျိုး မဟုတ်သူများထံသို့ တရားလိုက်လံဟောကြားရာတွင် ဂျေရုစလင်မြို့၌ နေထိုင်တော်မူသည် (ဂါလားဆီယာ ၂ း ၈)။ တမန်တော်ကြီး ဖြစ်သူများ၏ တမူထူးသော လက်္ခဏာများမှာ (၁) တမန်တော်တို့သည် ယေဇူး ခရစ်တော်ကို မြင်ဖူးကြရပြီး မိမိတို့ကိုယ်တိုင် သိတော်မူသော အသိတရားမှ ခရစ်တော်ဘုရား၏ရှင်ပြန်ထမြောက်ခြင်းနှင့် ခရစ်တော်ဘုရားကို သက်သေ ခံနိုင်ကြရမည် (ယောဟန် ၁၅း၂၇၊ တမန်တော် ၁း၂၁-၂၂၊ ၁ ကော်ရိန့် ၉း၁၊ တမန်တော် ၂၂း၁၄-၁၅)။ (၂) သူတို့ကို ခရစ်တော်ယေဇူးက ၎င်းလုပ်ငန်းသို့ တိုက်ရိုက်ခေါ်ယူခြင်း ခံကြရသူ ဖြစ်ကြရမည် (လုကာ ၆း၁၃၊ ဂါလာဆီးယား ၁း၁)။ (၃) သူတို့သည် မှားယွင်းမှုကင်းစွာဖြင့် နှိုးဆော်လမ်းပြခြင်းကို ခံကြရပြီး အမှားများကို တန်ပြန်တိုက်ဖျက်ရာတွင် အပြောအဆို၊ အနေအထိုင်အားဖြင့် အများပြည်သူကို သွန်သင်ရာတွင် မမှားယွင်းသူ ဖြစ်ကြရမည် (ယောဟန် ၁၄း၂၆၊ ၁၆း၁၃၊ ၁ သက်ဆာလောနိကား ၂း၁၃)။ (၃) တမန်တော်ဖြစ်သူများသည် တန်ခိုးလက်္ခဏာကို ပြုလုပ်နိုင်ရသည် (ရှင်မာကု ၁၆း၂၀၊ တမန်တော် ၂း၄၃၊ ၁ ကော်ရိန့် ၁၂း၈-၁၁)။

ဗစသအ့နခမေပ (အာပိုတိကရီ) – ရနံ့မွှေး

ဗစသအ့နခမေပ (အာပိုတိကရီ) – ရနံ့မွှေး ဟူသောဝေါဟာရသည် ခေတ်သစ်အသုံးအနှုန်းတွင်မူ အမွေးအကြိုင်ဟု သုံးထားသည် (ထွက်မြောက်ရာ ၃၀း၂၅၊ ၃ရး၂၉၊ ယေဇကျေလ ၁၀း၁)။ သန့်ရှင်းသော ဆီများနှင့်လိမ်းဆီများသည် တာဝန်ထမ်းဆောင်ရန် အတွက် အရည်အချင်းပြည့်မှီသော ရဟန်းများအတွက် ပြင်ဆင်ထားလေ့ရှိသည်။ ဟေဗြေလူမျိုး တို့၏ အမျိုးသမီးအများကိန်းကို ဖော်ပြရာတွင် ““မုန့်ဖုတ်သမား (ဝါ) မုန့်သည်”” ဟု သုံးထားသည် (ပထမဓမ်္မရာဇဝင် ၈ း ၁၃)။

ဗစစမေနူ (အာပရဲလ်) – အဝတ်အစား

ဗစစမေနူ (အာပရဲလ်) – အဝတ်အစားဟူသောဝေါဟာရသည် ဓမ်္မဟောင်းခေတ်က အမျိုးသားနှင့်အမျိုးသမီးများသည် အဝတ်အစားကို သီးခြားသတ်မှတ်ပြီး ဝတ်ဆင်ခဲ့ကြသည်။ ““မိန်းမသည် ယောင်္ကျားအဝတ်ကို မဝတ်ရ။ ယောင်္ကျား သည်လည်း မိန်းမအဝတ်ကို မဝတ်ရ။ ထိုသို့ဝတ်သောသူရှိသမျှတို့ကို သင်၏ဘုရားသခင်ထာဝရဘုရားသည် စက်ဆုပ် ရွံ့ရှာတော်မူ၏ (တရားဟောရာကျမ်း ၂၂ း ၅)””။ အမျိုးသား သို့မဟုတ် အမျိုးသမီးတစ်ဦးဦးက အတွင်းခံအဝတ်အစား ကို ဝတ်ဆင်လျှင် မိမိကိုယ်ကို ““ကိုယ်တုံးလုံး”” ဟု အော်ရသည်။ ““အဝတ်တော်ကိုလည်း ချွတ်၍၊ ဆာမူအဲလ်ရှေ့မှာ ထိုအတူ ပရောဖက်ပြုလျက်၊ အဝတ်မပါဘဲ တနေ့နှင့်တစ်ည လဲလျက်နေ၏။ ထို့ကြောင့် ဆောလုသည်လည်း ပရောဖက်တို့၌ ပါသလောဟု ဆိုလေ့ရှိကြ၏။ ပထမဓမ်္မရာဇဝင် ၁၉ း ၂၄””။ ““အဝတ်မရှိအချည်းအစည်းလှည့်လည်၍ မွတ်သိပ်လျက်၊ သူတပါးကောက်လှိုင်းကို ထမ်းရ၏ (ယောဘ ၂၄ း ၁၀၊ ဟေရှာယ ၂၀ း ၂)””။ ရာထူးကြီးသူများသည်  အတွင်းခံအဝတ်အစားများကို နှစ်ထပ် ဝတ်ဆင်ကြရပြီး အပေါ်ဆုံးက အဝတ်အစားကို အပေါ်ယံဝတ်ရုံဟု ခေါ်သည် (ယောဘ ၁ း ၂၀)””။ ဘောင်းဘီရှည်ကိုမူ ရဟန်းတော်များကသာ ဝတ်ဆင်ရသည်။ အမျိုးသားနှင့်အမျိုးသမီးတို့သည် ခေါင်းပေါင်းကို ဝတ်ဆင်ကြရသည်။ ဘုရင်နှင့်မူးမတ်တို့သည် ပွဲလမ်းသဘင်များတွင် ဈေးကြီးလှသော အဝတ်တန်ဆာ များကို ဝတ်ဆင်ကြသည် (ကမ်္ဘာဦး ၄၅ း ၂၂၊ အက်စတာ ၄ း ၄၊ ၆ း ၈ – ၁၁၊ ပထမဓမ်္မရာဇဝင် ၁၈ း ၄၊ စတုတ်္ထရာဇဝင် ၅ း ၅၊ ၁၀ း ၂၂)။ ပရောဖက်များနှင့်တရားကျင့်သူများသည် ကြမ်းတမ်းသောဝတ်ရုံကို ဝတ်ဆင်ကြသည် (ဟေရှာယ ၂၀ း ၂၊ ဇာခရိ ၁၃ း ၄၊ မာတေဦး ၃ း၄)။

ဗစစနေူ (အာပီးလ်) – အယူခံဝင်ခြင်း

ဗစစနေူ (အာပီးလ်) – အသနားခံခြင်း ဟူသောဝေါဟာရသည် လက်အောက်ငယ်သားက မိမိ၏အထက်လူကြီးကို အသနားခံရာတွင် အသုံးပြုသော အသုံးအနှုန်းဖြစ်သည်။ မိုးဇက်သည် သဲကန်္တာရကို ဖြတ်ကျော်စဉ်တွင် မိမိ၏လူမျိုး တော်များက တရားစွဲဆိုခံရသူက တရားသူကြီးထံသို့ အသနားခံနိုင်ရန်အတွက် တရားရုံးများကို ဖွဲ့စည်းပေးခဲ့သည် (ထွက်မြောက်ရာ ၁၈ း ၁၃-၂၆)””။ ““မိုးဇက်သည် ယောက်္ခမ၏စကားကို နားထောင်၍ စကားရှိသည့်အတိုင်းပြုလျက်၊ တတ်စွမ်းနိုင်သော သူတို့ကို အီစ်္စရေး အမျိုးထဲက ရွေးကောက်၍ လူတထောင်အုပ်၊ တရာအုပ်၊ ငါးဆယ်အုပ်၊ တဆယ်အုပ် အသီးသီးခေါင်းအရာ၌ ခန့်ထားလေ၏။ ထိုသူတို့သည် ခပ်သိမ်းသောအချိန်၌ လူတို့ကို တရားစီရင်ကြ၏။ ခက်သော အမှု၌ မိုးဇက်၏ အယူကို ခံကြ၏။ လွယ်သောအမှုကို အလိုလို စီရင်ကြ၏။ (ထွက်မြောက်ရာ ၁၈ း ၂၄ – ၂၆)””

ရောမလူမျိုးတို့၏ ဥပဒေကို ကြည့်လျှင် စိတ်ဝင်စားစရာကောင်းသော အယူခံဝင်ခြင်းကား၊ ပေါလူးသည် မိမိအပေါ် စွပ်စွဲထား သောအမှုများအပေါ် ချမှတ်လိုက်သော ဖက်စတုစ်ဘုရင်၏ ဆုံးဖြတ်ချက်ကို မကျေနပ်သောကြောင့် ရောမဘုရင် ဖြစ်သော ဆီဆာဘုရင်ထံသို့ အယူခံဝင်ခြင်း အဖြစ်အပျက်ပင် ဖြစ်သည် (တမန်တော် ၂၅ း ၁၁ – ၁၂၊ ၂၁ -၂၅)။ ပေါလူးသည် ဤအဖြစ် အပျက်တွင်မူ မိမိ၏ရောမနိုင်ငံသားဖြစ်ခြင်းကို အခွင့် အရေးကို အသုံးချပြီး တရားစွဲဆိုခြင်းမှ လွတ်မြောက်အောင် အယူခံအောင် မြင်ခဲ့လေသည်။

ဗစစ့ငေ (အာဖိယား) – တိုးပွားလာခြင်း၊ ကောလော်ဆဲမြို့တွင် နေထိုင်သော ခရစ်ယာန်အမျိုးသမီး၏ အမည်

ဗစစ့ငေ (အာဖိယား) ဟူသောဝေါဟာရသည် တိုးပွားလာခြင်းဟု အနက်ရသည့်အပြင်၊ ကောလော်ဆဲမြို့တွင် နေထိုင် သော ခရစ်ယာန်အမျိုးသမီး၏ အမည်လည်း ဖြစ်သည် (ဖိလေမုန် ၁ း ၂)။ သူမသည် ဖိလေမုန်၏ ဇနီး ဖြစ်နိုင်ဖွယ် ရှိသည်ဟု ထင်ကြေးပေးကြသည်။

ဗစစငင ၤသမကာ (အာပီဖိုရွမ်) – ဈေးအမည်၊ မြို့အမည်

ဗစစငင ၤသမကာ (အာပီဖိုရွမ်) ဟူသောဝေါဟာရသည် အပီအူးစ်မြို့တွင် ရှိသော ဈေး၏အမည် ဖြစ်သည် (တမန်တော် ၂၈ း ၁၅)။ ထို့အပြင် ၎င်းဝေါဟာရသည် ရောမမြို့မှ ဘရွမ်ဒူစီအူမ်မြို့သို့ သွားသော လမ်းပေါ်တွင် တည်ရှိသော မြို့ အမည်လည်း ဖြစ်သည်။ ၎င်းမြို့သည် ရောမမြို့မှ ၄၃ မိုင်အကွာတွင် တည်ရှိသည်။ တချို့သော ရောမမြို့ရှိခရစ်ယာန် များသည် ပေါလူးကို ၎င်းမြို့တွင် တွေ့ဆုံခဲ့ကြသည်။ ရောမခရစ်ယာန်များသည် ပေါလူးကို ၎င်းအာပီဖိုရွမ်မြို့တွင် စောင့်ဆိုင်းကြရသည်မှာ သဘာ၀ ကျပေသည်။ အကြောင်းကား၊ ၎င်းအာပီဖိုရွမ်မြို့တွင် ရောမမြို့သို့သွားသော လမ်းနှင့် တခြားနေရာသို့သွားသော လမ်းနှစ်ခု ဆုံဆည်းရာ နေရာဖြစ်သောကြောင့် ရောမခရစ်ယာန်များသည် ပေါလူးကို ၎င်းအာပီဖိုရွမ်မြို့တွင် စောင့်ဆိုင်းကြရခြင်း ဖြစ်ပေသည်။

ဗစစူန (အယ်ပါ) = ရနံ့၊ ပန်းသီး

ဗစစူန (အယ်ပါ) ဟူသောဝေါဟာရသည် ဟေဗြဲစကားအားဖြင့် ွှစေစကေ့ ဟု အနက်ရပြီး မြန်မာဘာသာဖြင့် ““ရနံ့မွှေးကြိုင်”” ဟု အနက်ရသည်။ ကျမ်းစာထဲတွင် အသုံးပြုသော ပန်းသီးသည် ပူလောင်လွန်းသော ပါလက်စတိုင်းဒေသတွင် ကောင်းမွန်စွာ စိုက်ပျိုးဖြစ်ထွန်းရန် မဖြစ်နိုင်ခြင်းကို ဆိုလိုသည်ဟု ယူဆရသည်။ ပါလက်စတိုင်းဒေသတွင် စိုက်ပျိုးပြီး တန်ဖိုးကြီးသော အပင်မျိုးကို ဖော်ပြထားသည် (ယောလ ၁း၁၂)။ ၎င်းတန်ဖိုးရှိသောအပင်၏အမည်သည် ဓမ်္မသီချင်းများတွင်လည်း ရည်ညွန်းသီဆိုကြပြီး ၎င်းအပင်သည် အပင်၏လှပမှုကြောင့် နာမည်ထင်ရှားသည် (ယောလ ၂း၃၊ ၅၊ ၈း၅)။  ၎င်းအပင်သည် အကောင်းနှင့်အဆိုးကို ခွဲခြားသိမြင်စေသော အသိတရားအပင် အဖြစ် တင်စားရန် အကြောင်းမရှိပေ။ ဒေါက်တာ ထရီစရမ်က သမ်္မာကျမ်းစာထဲတွင် ဖော်ပြထားသော ပန်းသီးသည် ဇီးချိုသီးဟု ခေါ်ဆိုသင့်သည်ဟု အကြံပြုပေးထားသည်။ ၎င်းဇီးချိုသီးအပင်သည် အမြင့်ပေ ၃၀ ရှိပြီး မွှေးကြိုင်သောရနံ့ကို ပေးစွမ်းသော အဝါရောင်ရှိသည့် အသီးကိုသီးသော အပင်ဖြစ်သည်။ မျက်စေ့ကို ဟေဗြဲဘာသာစကား တွင်မူ ငျ့သည အီရှောင်ဟု ဆိုပြီး မျက်စိထဲမှ မျက်လုံးဟု အနက်ရသည် (ပညာအလိမ်္မာကျမ်း ရး၂)။

ဗစမသည (အပရွန်) – သဖန်းရွက်များ

ဗစမသည (အပရွန်) ဟူသောဝေါဟာရသည် ကနဦးမိဘများဖြစ်ကြသော အာဒံနှင့်ဧဝတို့ စတင်ပြုလုပ် ခဲ့သော သဖန်းရွက်အဝတ် များကို ဆိုလိုသည်။ တမန်တော် ၁၉း၁၂ တွင် ““ပေါလု၏ကိုယ်ပေါ်မှ ပုဝါနှင့်ခါးပန်းများကို ဖျားနာသောသူများအပေါ်၌ တင်ခြင်း အားဖြင့် အနာရောဂါများ ပျောက်ကင်းကြပြီး နတ်ဆိုးများသည်လည်း သူတို့ထံမှ ထွက်သွားကြ၏””။

ဗဆကငူေ (အကွီလာ) – လူနာမည်

ဗဆကငူေ (အကွီလာ) ဟူသောဝေါဟာရသည် ရှေ့ဦးခရစ်ယာန်ဘာသာဝင်တစ်ဦး၏အမည် ဖြစ်ပြီး ရဟန်္တာပေါလူး၏ ကော်ရင့် မြို့သို့ ပထမအကြိမ်သွားရောက်ချိန်၌ တွေ့ဆုံသော ပွန်းတူးမြို့သား တဲချုပ်သမား၏အမည် ဖြစ်သည် (တမန်တော် ၁၈း၂)။ အကွီလာသည် မိမိ၏ဇနီးဖြစ်သူ ပရစ္စိလနှင့်အတူ အေဒီ (၅၀) ခုနှစ်၌ ဂလော်ဒီအူးဘုရင်၏ ရောမမြို့ရှိ ဂျူးလူမျိုးများကို နှင်ထုတ်သောဒီဂရီအမိန့်အရ ရောမမြို့မှ ထွက်ပြေးသွားသူ ဖြစ်သည် (တမန်တော် ၁၈း၂)။ ပေါလူးသည် သူနှင့်အတူ ကော်ရင့်မြို့သို့ ခရီးဆက်နှင်ပြီး အလုပ်ချင်းတူသောကြောင့် သူတို့နှင့်အတူ နေထိုင်ပြီး အလုပ်လုပ်လေ၏။ (၁၈) လကြာ ကော်ရင့် မြို့တွင်နေထိုင်ပြီးနောက် ပေါလူးသည် ကော်ရင့်မြို့မှ ထွက်သွားချိန်တွင် အကွီလာနှင့်ပရစ္စိလတို့ သည် ပေါလူးနှင့်အတူ ဧဖက်မြို့သို့ လိုက်သွားကြပြီး သူတို့လင်မယားသည် ဧဖက်မြို့၌ ကျန်ခဲ့ပြီး ပေါလူး သည် ဆီးရီးယားမြို့သို့ ခရီးဆက်နှင်သည် (တမန် တော် ၁၈း၁၈၊ ၂၆)။ သူတို့လင်မယားသည် ခရစ်ယာန် ဖြစ်လာကြသောအခါ ကျွန်ုပ်တို့အား အသိပေးခြင်းမရှိသော်လည်း သူတို့သည် ယေဇူးခရစ်တော်၌ ပေါလူးအား ကူညီကြသူများ ဖြစ်လာကြသည် (၁ကော်ရင့် ၁၆း၁၉)။ တဖန်သူတို့နှစ်ဦးသည် ခရစ်တော် အတွက် အလုပ်လုပ်ဆောင်ခြင်းကို စိတ်ဝင်စားကြသောကြောင့် ရောမမြို့တွင်လည်း သူတို့ကို တွေ့ကြပြန် သည် (ရောမ ၁၆း၃)။ သူတို့လင်မယားသည် ဧဖက်မြို့၌ ကာလကြည်ရှည်စွာ နေထိုင်ခဲ့ကြသည်ဟု သိရှိရသည် (၂တိမောတေ ၄း၁၉)။

ဗမဘေ (အာရဲပ်) ရန်သူကိုချောင်းမြောင်းတိုက်ခိုက်ခြင်း၊ မြို့အမည်

ဗမဘေ (အာရဲပ်) ဟူသောဝေါဟာရသည် ရန်သူကိုချောင်းမြောင်းတိုက်ခိုက်ခြင်းဟုလည်းကောင်း၊ ဂျူးဒပြည်ရှိတောင်တန်းများထဲတွင် တည်ရှိနေသော မြို့တစ်မြို့၏အမည်ဖြစ်ပြီး ယခုအခါ ၎င်းမြို့ကို ““အဲရ်ရာဘီယက် နမ-ျွဘေငပန့”” ဟု ခေါ်ဆိုပြီး ဖြစ်သည် (ယောရှုမှတ် ၁၅း၅၂)။

ဗမဘေေ့ (အာရတ်ဘတ်) လွင်ပြင်

ဗမဘေေ့ (အာရတ်ဘတ်) ဟူသောဝေါဟာရသည် လွင်ပြင်ဟု အနက်ရသည် (ဓမ်္မရာဇဝင် ၁၄း၂၅၊ ယောရှု ၃း၁၆၊ ၈း၁၄၊ ၂း၂၉၊ ၄း၇၊) ဖော်ပြသော်လည်း အာမုတ် ၆း၁၄ တွင်မူ စိုက်ပျိုးခြင်းမရှိသေးသော ““မြေရိုင်း”” ဟု သုံးနှုန်းထားသည်။ ၎င်းအသုံးအနှုန်းသည် ဂါလီလဲအိုင်မှ ပင်လယ်သေသို့စီးဆင်းလာသော ဂျော်ဒန်မြစ်၏ ခေါင်းပိုင်းချိုင့်ဝမ်းကို ဆိုလိုခြင်းဖြစ်သည်။ ၎င်းချိုင့်ဝမ်းကို ယခုအခါ အာရပ်လူမျိုးများက ““အဲလ်ခေါ”” ဟု ခေါ်ဆိုနေကြသည်။ သို့သော် အဲလ်ခေါသည် ပင်လယ်သေ၏ တောင်ဖက်ပိုင်းသို့ ၁၀ မိုင် ကျော်ပိုရှည်သည်ဟု တစ်ခါတရံတွင် ပြောဆိုနေကြသကဲ့သို့၊ ပင်လယ်နီပေါ်တွင် တည်ရှိနေသော ““အာကဘတ်ပင်လယ်ကွေ့”” ကိုလည်း ““ဝါဒီအဲလ်-အာရာဟတ်”” ဟု ခေါ်ဝေါ်ကြသည်။

753  Views
Previous: လိင်တူလက်ထပ်ခြင်းကို ဥပဒေပြုသောအင်္ဂလန်နိုင်ငံသည် ဘုရားမဲ့သော နိုင်ငံဖြစ်သည်ဟု ကာဒီနယ်ဆရာတော်ကြီး ဂျော့ပဲလ်က ဝေဖန်တော်မူ
Next: မြန်မာနိုင်ငံကိုတည်ဆောက်ရာ၌ ကက်သလစ်သာသနာတော်၏ အခန်းကဏ္ဍဆိုင်ရာဆွေးနွေးခြင်းညီလာခံ ကျင်းပပြီးစီး