ဆရာတော်ကြီးချားလ်စ်ဘိုက လူကုန်ကူးမှုဆိုင်ရာ ကြေညာချက်ထုတ်ပြန်

70-b

မြန်မာ လူငယ်များကိုကယ်တင်ပါ။ လူကုန်ကူးမှု ခေတ်သစ်ကျွန်စနစ်

လူကုန်ကူးမှုဟာ အားနည်းတဲ့ လူသန်းပေါင်းများစွာ အတွက်ငရဲဖြစ် တယ်။ နှစ်စဉ်နှစ်တိုင်း လူတစ်သန်းနီးပါး လူကုန်ကူးမှု ကိုခံရပြီး အမျိူးသမီး ၄၀၀,၀၀၀ နီးပါးဟာလည်း လိင်ပိုင်းဆိုင်ရာရဲ့ အတင်းအကြပ် ကျွန်ဖြစ်ကြ ရတယ်။ ခေတ်သစ် ကျွန်စနစ်ဟာ ကမ္ဘာကြီးအတွက် ရှက်စရာဖြစ်ပြီး ကမ္ဘာပေါ်မှာ ဆင်းရဲသားများအတွက် အရှေ့တောင်အာရှဟာ အဆိုးဝါးဆုံး ဖြစ်တယ်။ စစ်ဖြစ်ပွားမှုများ ဖြစ်ပေါ်နေတဲ့နိုင်ငံများနဲ့ ဆင်းရဲတဲ့အတွက် မိမိတို့ရဲ့သားသမီးများ ကိုငွေကြေးလောဘစီအပ်နှံံကြရတယ်။

ဒီနေရာမှာ မူးယဇ်ဆေးဝါးသခင်ကြီးတွေရဲ့ ကိုယ်ကျိုးအတွက် လာအို၊ မြန်မာနဲ့ ကမ္ဘောဒီးယားနိုင်ငံ အစိုးရတွေကိုတောင် ကြိုးကိုင်ပြီး လူကုန်ကူးနေကြတယ်။ မြန်မာနိုင်ငံဟာ မိမိတို့ရဲ့သားသမီးများကို စွန့်စားစေတဲ့ သမိုင်းဆိုးကို ကမ္ဘာတဝှမ်းလုံး ကသိကြတယ်။ ကျွန်ုပ်တို့တိုင်းပြည်ဟာ မတည်မကျ ဖြစ်နေ တဲ့တိုင်းပြည်ဖြစ်တယ်။ ပြည်သူပြည်သားများကို ဒုက္ခအခက်အခဲရစေပြီး နှလုံးသားကင်းမဲ့တဲ့၊ တိုးတက်ဖွံံ့ဖြိုးဖို့ဆန္ဒမရှိတဲ့ အာဏာစနစ်ရဲ့လက်အောက် မှာနှစ်ပေါင်းခြောက်ဆယ်တိုင် နေထိုင်ခဲ့ရတဲ့ ကန္တာရဖြစ်တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်ခန့်က လူသုံးသန်းဟာ လုံခြုံမှုမရှိတဲ့ အတင်းအဓ္မမ ခိုလှုံစေခိုင်းခြင်း များခံခဲ့ကြရတယ်။ ကျွန်ုပ်တို့ရဲ့လူငယ်တွေဟာ ဆင်းရဲခြင်း၊ စစ်ဖြစ်ပွားမှု၊ ညှင်းပန်းနှိပ်စက်ခြင်း၊ ပညာရေးချို့တဲ့မှုများနဲ့ အလုပ်လက်မဲ့ဖြစ် ခြင်းများကို ရင်ဆိုင်ကြရတယ်။ ကျွန်ုပ်တို့ရဲ့လူပေါင်း သုံးသန်းကျော်ဟာ မိမိတို့ရဲ့ မိသားစု၊ အိမ်ယာများမှဝေးကွာခဲ့ရတယ်။ အမျိုးသမီးပေါင်းများစွာ ဟာလည်းပဲ အိမ်နီးချင်းနိုင်ငံများမှာ ကျွန်ုပ်တို့မသိနိုင်တဲ့ နေရာတွေမှာ ညှိုးနွမ်းခဲ့ကြရတယ်။

လူကုန်ကူးသူများတွေက ကျွန်ုပ်တို့ရဲ့ရိုးသားသဘောကောင်းတဲ့ မြန်မာလူငယ်များကို အသုံးပြုခြင်းဟာ အကြီးမားဆုံးသော စီးပွားရေး လုပ်ငန်း ဖြစ်တယ်။ သူတို့ကို ကုန်ပစ္စည်းလိုပဲ ရောင်းချကြတယ်။ တရားဝင်စာရွက် စာတမ်းမရှိတဲ့ အလုပ်သမားများအဖြစ် မလေးရှားမှာ အပင်စိုက်ပျိုးဖို့၊ ထိုင်းနိုင်ငံမှာ လခအနည်းငယ်သာပေးပြီး အလုပ်များစွာလုပ်ရတဲ့ အစေခံများ၊ တရုတ်နဲ့ ထိုင်းနိုင်ငံများမှာ လိင်မှုဖျော်ဖြေမှုများရဲ့ ဓားစာခံများအဖြစ် အသုံးချ ခံရခြင်း၊ သူဌေးများရဲ့ ယာယီမယားများအဖြစ် အချို့အိမ်နီးချင်း နိုင်ငံများမှာ အသုံးပြုခံရခြင်း၊ ကလေးများ ထုတ်လုပ်သူများ အဖြစ်အသုံးချ ခံရပြီး၊ ထုတ်လုပ်ပြီးသောအခါ အသုံးမဝင်သော အရာပစ္စည်းလို စွန့်ပစ်ခံရတယ်။ လူပေါင်းရာနဲ့ချီပြီး မိမိတို့အိမ်စီကို ခန္ဓာနဲ့ ဝိညာဉ်ပါ ပျက်စီးပြီးပြန်လာ ကြတယ်။ ကျွန်ုပ်တို့ရဲ့ သားသမီးများဟာ ခိုးထွက်ကြပြီး အန္တရာယ် ရှိတဲ့နေ ရာ တွေကိုကျော်ဖြတ်ရင်း အသက်ဆုံးရှုံး ခဲ့ကြတယ်။ လူမသိရှင်မကြား နေရာ များမှာ မြှုပ်နှံခြင်းကိုခံခဲ့ကြရတယ်။ အခုလည်းဆက်လက် ဖြစ်နေတယ်။ ဘာကြောင့်လဲ။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းကပဲ မြန်မာအစိုးရဟာ ဒီပြသနာတွေကို စိတ်ဝင်စားခဲ့တယ်။ မြန်မာအစိုးရရဲ့လျစ်လျူရှုမှု ကို နိုင်ငံတစ်ကာအဖွဲ့အစည်း ကလည်း ကဲ့ရဲ့ရှုံ့ချခဲ့ကြတယ်။ အစိုးရ တာဝန်ရှိသူများပါ ဒီလူကုန်းကူးမှုမှာ ပါဝင်ပူးပေါင်းမှု ရှိတယ်လို့တောင် ရှုံ့ချခဲ့ကြတယ်။ လူ့အခွင့် အရေးအဖွဲ့ အစည်းများကပင် စစ်အစိုးရရဲ့ မတရားစေခိုင်းမှုများ၊ လူကုန်ကူး မှုများကို တားစီးမှုမရှိဟု စွပ်စွဲခဲ့ကြတယ်။ တာဝန်ကင်းမဲ့စွာ နေခဲ့ကြတယ်။ နိုင်ငံ အတွင်းမှာ ဒီအချက်တွေကို လုပ်ဆောင်မှု မရှိခြင်းဟာ ကျွနု်ပ်တို့အတွက် ဝမ်းနည်းဖွယ်ရာဖြစ်တယ်။ နိုင်ငံတွင်းမှာတောင် လူကုန်ကူးမှု ပိုမိုဖြစ်ပွား လျှက်ရှိတယ်။ မိန်းကလေးအများစုဟာ စက်ရုံများနဲ့ စိုက်ပျိုးရေးလုပ်ကိုင်ဖို့ မြို့အစွန်းများသို့သွားတယ်။ လိင်မှုပိုင်းဆိုင်ရာ အသုံးခံများအဖြစ် အချို့နေရာ များမှာအသုံးချခံကြရတယ်။ စစ်တပ်နဲ့ ပြည်နယ်များကြား အရှုတ်အထွေး များကြောင့် မြန်မာအမျိုးသမီးများရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့ ပျက်ကွက် ခဲ့တယ်။

ရိုးသားသိမ်မွေ့လှတဲ့ မြန်မာတို့ရဲ့သဘာဝကို အလွဲသုံးစားခံခဲ့ရတယ်။ ယောင်္ကျားလေးများက ကျွန်အဖြစ်အသုံးချခံရပြီး၊ အမျိုးသမီးများက လိင် အတွက်အသုံးချခံရတယ်။ ဒီအချက်ဟာ နယ်စပ်မြို့များမှာ အများဆုံးဖြစ်ပွား နေတယ်။ နယ်စပ်သာသနာများမှ ကချင်ဆရာတော် သုံးပါးရဲ့ ကြီးမားတဲ့ သတိပေးလှုံ့ဆော်ချက်ဟာ လူငယ်များစွာကို အစုလိုက်အပြုံလိုက် သတ်ဖြတ် ခြင်းအပေါ် ရေငုံနှုတ်ပိတ်နေခြင်း၊ စစ်ပွဲများမှာ ဓားစာခံ ဖြစ်ရခြင်း၊ မူးယစ် ဆေးဝါးနဲ့ လူကုန်ကူမှုများ ဖြစ်တယ်။

မြန်မာနိုင်ငံသစ်မှာ ပြည်နယ်တည်ဆောက်မှု၊ နိုင်ငံရေးတည်ဆောက် မှုနဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှု အချက်များစီ သို့ လျှောက်လှမ်းနေကြတယ်။ ကျွန်ုပ်တို့ဟာ ပြည်နယ်များရဲ့ ကြိုးစား မှုနဲ့ သဘောတူညီမှုများကို နွေးထွေးစွာ ကြိုဆိုလျှက်ရှိပါတယ်။ ဒါပေမဲ့ အခက်အခဲများစွာ ရှိနေတဲ့သူများ၊ လူ့ဂုဏ်သိက္ခာကို ထိန်းသိမ်းပေးရန်၊ အခြေခံပညာရေး နဲ့ သေချာတဲ့ အနာဂါတ်ကို ဆောက်တည်ဖို့ မပေးနိုင်ရင် နိုင်ငံရဲ့အခြေခံတာဝန် ပျက်ပြားမှု သာဖြစ်တယ်။ အရင်းရှင်ဝါဒ တိုးတက်လာမှုဟာ ချမ်းသာသူများကို ပိုမို ကြွယ်ဝစေပြီး ဆင်းရဲသားများကို ပိုမိုဆင်းရဲစေတယ်။ မြေယာပိုင်ဆိုင်မှုကို လျစ်လျူရှုခြင်း၊ ပြုလုပ်နေကျဥပဒေများဟာ ဆင်းရဲသားများအတွက် ပိုမိုဒုက္ခ အခက်အခဲများ ဖြစ်စေတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးဟာ အိပ်မက်တစ်ခု သာဖြစ်တယ်။

ကျွန်ုပ်အနေနဲ့ နိုင်ငံရေးခေါင်းဆောင်များ၊ အဖွဲ့အစည်းခေါင်းဆောင် များနဲ့ သာသနာ့ခေါင်းဆောင်များအား လူသားတို့ကို ခြိမ်းခြောက်နေတဲ့ ဒီလူကုန်ကူးမှုတိုက်ပွဲများမှာ စတင်ပါဝင်ကြရန် တိုက်တွန်းပါတယ်။ အဖွဲ့ အစည်းများ၊ ဂိုဏ်းဂဏများနဲ့ ယုံကြည်ခြင်းကို အခြေခံတဲ့အဖွဲ့အစည်း များဟာ ဒီအချက်များအပေါ် စိတ်ဝင်စားမှုများရှိဖို့လိုအပ်ြပီး နယ်စပ်ဒေသ များနဲ့ လေယာဉ်ကွင်းများ ထိန်းချုပ်မှုများမှာ ပါဝင်လုပ်ကိုင်သင့်ပါတယ်။ ပြန်လာသူများနဲ့ ဒုက္ခသည်များဟာ ပြန်လည်နေရာ ရရှိရန်နဲ့ စောင့်ရှောက်မှု များ အထူးလိုအပ်ပါတယ်။

လက်ရှိအစိုးရရဲ့ လုပ်ဆောင်ချက်များကို ကျွန်ုပ်တို့ အသိအမှတ်ပြု ပါတယ်။ သို့သော် ထိုအရာများဟာ မလုံလောက်သေး ပါ။ ထောင်ပေါင်းများ စွာသော မြန်မာအမျိုးသမီးများဟာ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံစီ လိင်မှုကိစ္စ ရဲ့ကျွန်အဖြစ်ရောင်းချ ခံနေရတယ်လို့ အစီရင်ခံစာများမှာ တွေ့ရှိရတယ်။ နိုင်ငံသစ်ကဲ့သို့ မြန်မာနိုင်ငံဟာ နယ်စပ်ဒေသများမှာ လုံခြုံမှုများ၊ ILO ရဲ့ လမ်းညွှန်ချက်များအတိုင်း နိုင်ငံသားများအပေါ် တရားမျှတစွာဆက်ဆံခြင်း၊ အမျိုးသမီးများကို လိင်ရဲ့ကျွန်အဖြစ်မှ ကယ်တင်ခြင်းများအားဖြင့် အိမ်နီးချင်း နိုင်ငံများကို အသိတရား ပေးစေလိုပါတယ်။

 

ယနေ့ ကျွန်ုပ်တို့လူမျိုးနဲ့ နိုင်ငံဟာ နယ်စပ်ဒေသများမှာ အမျိုးသမီး များအား မတရားပြုခြင်းနဲ့ ပက်သက်ပြီး အမှန်တကယ်ရှက်ရပါတယ်။ တရုတ်နိုင်ငံရဲ့ ကလေးတစ်ယောက်သာယူရသော မူဝါဒဟာ ယောင်္ကျား သန်းပေါင်းများစွာ ကို အမျိုးသမီးမရှိသူများ၊ အဓိပ္ပယ်မဲ့သော အိမ်ထောင်ရေး ဘဝ ကိုဖြစ်စေတယ်။ ဒီအချက်ဟာ လက်ရှိအခြေအနေမှာ လူကုန်ကူးမှုများကို ဖြစ်ပေါ်စေတဲ့ အချက်များမှာ အလွန်ရွံရှာဖွယ်ကောင်းတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ စစ်ပြေးဒုက္ခ သည်၊ အတွေ့အကြုံမရှိတဲ့ အမျိုးသမီးများဟာ လူကုန်ကူးသူ များရဲ့ ဝယ်ယူမှုကိုခံရပြီး အိမ်ဖော်အလုပ်ကို ရမည်ဟူသော ကတိများနဲ့ လိမ်လည်မှုကိုခံရပြီး တရုတ်နယ်စပ် ဒေသများမှာ ရောင်းစားခံကြရတယ်။ သူတို့တွေဟာ တရုတ်နိုင်ငံ ရဲ့ ဝေးလံတဲ့နေရာတွေမှာ ပို့ခံရပြီး မိမိတို့ဆန္ဒ မပါဘဲ ကလေးများ မွေးထုတ်ပေးရန် တရုတ်အသက်ကြီးသူများနဲ့ မသန်းစွမ်းသော ယောင်္ကျားများရဲ့ အတင်းအကြပ် မတရားပြုမှုကို ခံကြတယ်။ တစ်ချို့အမျိုးသမီးများဟာ အခြားသောယောင်္ကျားများထံသို့ တစ်ဆင့်ပြန်လည် ရောင်းစားခံရတယ်။ မကြာခဏ မိခင်ထံမှကလေးကိုယူပြီး လက်ဗလာနှင့် ပြန်လွှတ်ရုံမျှမက အချို့ကိစ္စများမှာ အန္တရာယ်ရှိတဲ့ အခြေအနေများနဲ့ပင် ပြန်လွှတ်လိုက်ကြတယ်။

 

ကျွန်ုပ်အနေနဲ့ မြန်မာစစ်သား ငါးသိန်းခန့်ရှိတဲ့တပ်မတော်နဲ့ အစိုးရကို တိုက်တွန်းလိုသည်မှာ မိမိတို့ရဲ့ဆန္ဒမပါဘဲ တရုတ်နယ်စပ်မှာ တပ်မတော် သားများနဲ့ လက်ထပ်ခြင်းကို ရပ်တန့်ရန်နဲ့ ဖြစ်နိုင်လျှင် ပြန်လည် ပို့ဆောင် ပေးဖို့ဖြစ်ပါတယ်။
ပြသနာရဲ့ အရင်းအမြစ်များကို ရှာဖွေခြင်းဖြင့် ဆင်းရဲသားမြန်မာ လူငယ်များရဲ့ဂုဏ်သိက္ခာ ကို မြှင့်တင်ပေးကြ ရန် မြန်မာအစိုးရကို တိုက်တွန်း လိုပါတယ်။ တရားမျှတတဲ့ တိုးတက်မှုနည်းလမ်းများ၊ ပညာရေးအဆင့် မြှင့်တင်ပေးခြင်းများ၊ လူသန်းပေါင်းများစွာအတွက် အလုပ်အခွင့်အရေး များပေးခြင်းများအားဖြင့် ကြိုတင်ကာကွယ်ခြင်းများ ပြုလုပ်ရန်လို အပ်ပါတယ်။ ဒီတိုင်းပြည်ကို ချမ်းသာတဲ့ လူအနည်းစုအတွက်သာ မဟုတ်ဘဲ လူတိုင်း အတွက်အခွင့်အရေးရှိတဲ့ တိုင်းပြည် အဖြစ်ပြုလုပ်ပါ။ ကျွနု်ပ်တို့ဟာ နိုင်ငံ တစ်ကာရဲ့ အသိပေးချက်များကို အတည်ပြုရန် အစိုးရကိုတိုက်တွန်း လိုပါ တယ်။ နှလုံးသားမဲ့တဲ့ အကြမ်းဖက်မှုများကြောင့် အပြစ်မဲ့သောလူငယ် သန်းပေါင်းများစွာရဲ့ ငရဲကိုပယ်ဖျက်ရန် အသင်းတော်အနေနဲ့ အစိုးရ၏ အားထုတ်မှုများမှာ အကြွင်းမဲ့ပါဝင်လုပ်ဆောင်သွားမယ်လို့ ဂတိပြုပါတယ်။ As Archbishop Silvano Tomasi, Holy See Permanent Observer at the United Nations ရဲ့ Geneva မှာ ပေးတဲ့မိန့်ခွန်းမှာ ကျွန်ုပ်တို့ဟာ လက်ရှိလူ့အဖွဲ့အစည်းရဲ့ ခန္ဓာမှာမြင်နေရတဲ့ဒဏ်ရာ တွေကို တိတ်တိတ်စိတ်စိတ် မနေနိုင်ဖို့နဲ့ စိတ်ကောင်းနှလုံးကောင်း ရှိတဲ့သူတွေက ဒီအရာတွေက တော်လောက်ပြီလို့ အော်ဟစ်ဖို့ လှုံ့ဆော် ဖို့လိုတယ်။ ရဟန်းမင်းကြီးကလည်း ဒီကြောက်စရာကောင်းတဲ့ကျွန်ပြုမှု တွေရှိတဲ့ ယနေ့ခေတ်ကို အခွင့်အရေးရတိုင်း ထုတ်ဖော်ကြေငြာလေ့ရှိတယ်။ ဘာသာရေးခေါင်းဆောင်ကြီးများနဲ့လည်း ယုံကြည်ခြင်းတိုးတက်ဖို့၊ လူ့တန်ဖိုး မြှင့်တင် ဖို့၊ ခေတ်သစ်ကျွန်စနစ် ပပျောက်ဖို့နဲ့ လူကုန်ကူးမှုတွေ အမြဲတမ်း ပပျောက်ဖို့ ပူးပေါင်းဆောင်ရွက်တယ်။

ဤမြန်မာနိုင်ငံသည် ခေတ်သစ်ကျွန်စနစ်ကို ဖျက်သိမ်းခြင်းအားဖြင့် လွတ်လပ်ခြင်း၏ အာရုံဦးကိုပေါ်ထွက်စေပါ။

1832  Views
Previous: မြစ်ကြီးနား ကက်သလစ်ဆရာတော်ကြီး ဖရန်စစ်ဒေါတန်နှင့်တွေ့ဆုံမေးမြန်းခန်း
Next: ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က လက်ထပ်ထိမ်းမြားခြင်းကို တရားမဝင်ဖြစ်စေသည့်လုပ်ထုံးလုပ်နည်းကို လေ့လာမည့် အထူးကော်မရှင်တစ်ခုကို ဖွဲ့စည်း