ဖိလစ်ပိုင်နိုင်ငံ၏ပညာရေးရည်မှန်းချက်ဆောင်ပုဒ်တွင် ထည့်သွင်းဖော်ပြထားသော ““ဘုရားသခင်”” ဟူသော အသုံးအနှုန်း ပယ်ဖျက်ခြင်းကို ဖိလစ်ပိုင်ကက်သလစ်ဆရာတော်များက ရှုတ်ချလိုက်

007b

စက်တင်ဘာလ ၁၊ ယူကန်၊

ဖိလစ်ပိုင်ကက်သလစ်ဆရာတော်များက ဖိလစ်ပိုင်နိုင်ငံ၏ပညာရေးရည်မှန်းချက်ဆောင်ပုဒ်တွင် ထည့်သွင်းဖော်ပြ ထားသော ““ဘုရားသခင်”” ဟူသော အသုံးအနှုန်း ပယ်ဖျက်သည့် ဖိလစ်ပိုင်အစိုးရ၏ လုပ်ရပ်ကို သြဂုတ်လ ၂၉ ရက်နေ့က ရှုတ်ချလိုက်သည်။ဖိလစ်ပိုင်ကက်သလစ် ဆရာတော်များအဖွဲ့ချုပ်၏ဥကဌ၊ ဂိုဏ်းချုပ်ဆရာတော်ကြီး ဆိုကရေ တီ ဗီလေကဲစ်က ဖိလစ်ပိုင်နိုင်ငံ၏ပညာရေးရည်မှန်းချက်ဆောင်ပုဒ်သည် ရိုးအီနေသော စကားရပ်မဟုတ်ကြောင်း၊ ၎င်းဆောင်ပုဒ်သည် မူဝါဒ၏ အနက်အဓိပါယ်ကို လမ်းပြပေးနေခြင်း၊ ဆောင်ရွက်မည့်လုပ်ငန်းများကို မီးမောင်း ထိုးပေးနေခြင်းဖြစ်ကြောင်း”” ဖြင့် မီးမောင်းထိုးပြရင်း ပြောကြားလိုက်သည်။

 

ဆက်လက်ပြီးဆရာတော်ကြီးက ““ကျွန်တော်တို့က ဘုရားသခင်ကို ကြောက်ရွံ့တတ်သော ကျောင်းသူ/သားများ၏ ပုံသွင်းသင်ကြားခြင်းကို ဆက်လက် ထိန်းသိမ်းသင့်ကြောင်း၊ ကျောင်းသူ/သား များ၏ ရည်မှန်းချက်ကို မည်သည့်အခါမျှ စွန့်လွှတ်၍ မရကြောင်း”” ဖြင့် ခုခံပြောဆိုတော်မူလိုက်သည်။ ဆရာတော်ကြီးက ပညာရေးဝန်ကြီးဌာနရဲ့ ရည်မှန်းချက်နဲ့ လုပ်ငန်းစဉ်များနဲ့ တန်ဖိုးထားခြင်းဆိုင်ရာ ရပ်တည်ချက်သည် လူ့အဖွဲ့အစည်း တစ်ခုလုံးကို ပြန်လည်လန်းဆန်းစေသည့် အသက်ရှင်နေသော ပဋိညာဉ်တစ်ခုဖြစ်ကြောင်း၊ ၎င်းရည်မှန်းချက်သည် ကျွန်တော်တို့ ၏ ပြုမှုဆောင်ရွက်ပုံနဲ့ ရှုပ်ထွေး တဲ့ပြသာနာတွေကို ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ရှာဖွေရာတွင် ထိရောက်မှုရှိစေရန်နှင့်စိမ့်ဝင်စေနိုင်မယ့် လမ်းစဉ်တစ် ခု၊ ပြည်သူလူထုပြောဆိုမှုနဲ့ လူတစ်ဦးစီရဲ့ဘဝပြောင်းလဲမှုရဲ့ နည်းလမ်းဖြစ်ကြောင်း”” ဖြင့် အကျယ်တဝင့် မိန့်ကြားတော်မူသည်။

 

အင်္ဂလိပ်ဘာသာဖြင့် ဖွင့်ဆိုထားသော ဖိလစ်ပိုင်နိုင်ငံ၏ပညာရေးရည်မှန်းချက်ဆောင်ပုဒ်ကမူ၊The Department of Education decided to remove the phrase “formation of functionally literate and God-fearing Filipinos” from its vision statement after atheists and the group Filipino Freethinkers complained that the phrase is “too sectarian” for a government institution ဟု ချမှတ်ထားခဲ့သည်။ ၎င်းရည်မှန်းချက်ကို We dream of Filipinos who passionately love their country and whose values and competencies enable them to realize their full potential and contribute meaningfully to building the nation ဟု ပြန်ပြင်ထားခြင်း ဖြစ်သည်။

လွတ်လပ်စွာတွေးခေါ်သူများက ““ဘုရားသခင်ကို ချစ်မြတ်နိုးခြင်း”” ဟူသော စကားစုအသုံးအနှုန်းကို ဖိလစ်ပိုင်နိုင်ငံ၏ ပညာရေးရည်မှန်း ချက်ဆောင် ပုဒ်တွင် ထည့်သွင်းထားခြင်းသည် လောကီဆန်ခြင်းမူဝါဒ၏နိယာမကို ချိုးဖောက်ခြင်း ဖြစ် သည့်အပြင် ဘုရားသခင်ကို မယုံကြည်သူများအား ဒုတိယ လူတန်းစားအဆင့်သို့ ပို့ဆောင်ရာရောက်ကြောင်း၊ ဖိလစ်ပိုင်နိုင်ငံ၏ ဘာသာရေးနဲ့နိုင်ငံတော်အကြား သီးခြားဖြစ်နေခြင်း ကို ရှောင်လွဲ မရနိုင်ကြောင်း”” ဖြင့် ပြောဆိုကြသည်။

 

ဂိုဏ်းချုပ်ဆရာတော်ကြီး ဆိုကရေတီ ဗီလေကဲစ်က၊ ကလေးငယ်တစ်ဦးက ဘုရားသခင်ကို ချစ်ရန်၊ မျှော်လင့်ရန်နှင့် အသိ အမှတ်ပြုရသော အခွင့်အရေးကိုမူ မည်သူကမျှ မဟန့်တားနိုင်ကြောင်း၊ ဘာသာပေါင်းစုံတည်ရှိခြင်းအယူအဆ ကို လေး စားခြင်းသည် ခမည်းတော်ဘုရား၏ စိုးမိုးခြင်းကို အသိအမှတ်ပြုရန်နှင့်ဘုရားသခင်၏စောင်မကူညီတော်မူခြင်းအပေါ် ဆက်လက်ယုံကြည်နိုင်ရန်အတွက် ခရစ်ယာန်ဘာသာဝင် အများစုဖြစ်သော ဖိလစ်ပိုင်နိုင်ငံ၏လူ့အဖွဲ့အစည်းတစ်ခုလုံးမှ ဘုရားသခင်၏နာမတော်ကို ဖျောက်ပစ်၍ မရကြောင်း”” ဖြင့် သတိပေးတော်မူလိုက်သည်။

 

နောက်ဆုံးအနေဖြင့် ဆရာတော်ကြီးက ““ မြတ်စွာဘုရားသခင်ဟာ အစနဲ့အဆုံးဖြစ်တော်မူတယ်ဆိုတဲ့အကြောင်း ကို ကျောင်းသူ/သားများ အား ပြောဖို့အတွက် အပန်းမကြီးကြဖို့ လိုအပ်ကြောင်း၊ ဆရာ/မများသည် သာသနာပြု သူများဖြစ်ကြကြောင်း”” ဖြင့် ကက်သလစ်ခရစ်ယာန် ဘာသာဝင်ကျောင်းဆရာ/မများအား တိုက်တွန်းတော်မူလိုက်သည်။ ၀၀၇ ကုန်ဇမှုန်း

1699  Views
Previous: ယုံကြည်ခြင်းသည် ဒီဂရီဘွဲ့လက်မှတ်ပေါ်တွင် မမူတည်ဘဲဘုရားရှင်မြတ်ပေါ်တွင် အခြေခံကြောင်းဖြင့် ရဟန်းမင်းကြီးဖရန်စစ်က မိန့်ကြားတော်မူ
Next: ခရစ်ယာန်တစ်ဦး၏ဂုဏ်ဝိသေသသည် ဓမ္မပညာဘွဲ့များမှ ရလာခြင်းမဟုတ်ဟု ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က မိန့်ကြားတော်မူ